ရုရှားနိုင်ငံအနေဖြင့် အက်ခါဇီးယားဒေသနှင့် ကုန်သွယ်ရေး၊ အခြားကဏ္ဍရပ်များတွင် ပူးပေါင်း ဆောင်ရွက်ရေးအတွက် အဆိုပါဒေသခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတ Vladimir Putin က ပြောကြားခဲ့ပါသည်။ ထို့အပြင် အက်ခါဇီးယားဒေသနှင့် တောင်အိုဆက်တီးယားဒေသတို့နှင့် သဘောတူချမှတ်ထားသည့် စီးပွားရေးနှင့် အခြားအဖွဲ့အစည်း ဆိုင်ရာဥပဒေများအား လေးစားလိုက်နာရန်လည်း နေတိုးအဖွဲ့ဝင်နိုင်ငံများအား သမ္မတ Putin ၏ အစိုးရအဖွဲ့က ပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံအား နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရေး ကြိုးပမ်းမှုသည် အက်ခါဇီးယားနှင့် တောင်အိုဆက်တီးယားဒေသတို့အား လွတ်လပ်သောနိုင်ငံများ အဖြစ် အသိအမှတ်ပြုရေး ရုရှားနိုင်ငံအား တွန်းအားပေးနေသကဲ့သို့ ဖြစ်နေကြောင်းလည်း ရုရှား တာဝန်ရှိသူများက သတိပေးပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာအစိုးရအဖွဲ့၏ သဘောတူခွင့်ပြုချက် မပါဘဲ အက်ခါဇီးယားအကျဉ်းထောင်မှ အကျဉ်းသားများအားလွှဲပြောင်းပေးအပ်ရေး ရုရှားနှင့် အက်ခါဇီးယား တိုက်ရိုက်သဘောတူညီမှုပြုလုပ်ခဲ့ခြင်းသည်လည်း ရုရှား-ဂျော်ဂျီယာဆက်ဆံရေး တင်းမာမှုအား ပိုမိုမြင့်တက်စေခဲ့ပါသည်။
ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်
ထို့အပြင် အဆိုပါမောင်းသူမဲ့ ကင်းထောက်လေယာဉ်အား အက်ခါဇီးယားလေတပ်၏ L-39 လေယာဉ်က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဒုတိယ၀န်ကြီးGarry Kupalbul ကလည်း အတည်ပြုပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာ နိုင်ငံကမူ ၎င်းင်းတို့၏မောင်းသူမဲ့ကင်းထောက်လေယာဉ်အား ရုရှားလေတပ်မှMIG-29တိုက်လေယာဉ်တစ်စင်းက ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပြီး ထိုသို့ပစ်ချခဲ့မှု မှတ်တမ်းတင် ဗီဒီယိုခွေအား ဧပြီလ(၂၁)ရက်နေ့တွင် ထုတ်လွှင့်ပြသခဲ့ပါသည်။ ဂျော်ဂျီယာနိုင်ငံ၏အဆိုအရ ရုရှားလေတပ်မှ MIG-29တိုက်လေယာဉ်တစ်စင်းGuadata မှ ပျံတက်လာပြီးနောက် ၎င်းင်းတို့၏ မောင်းသူမဲ့ ကင်းထောက်လေယာဉ်အား ဒုံးပျံတစ်စင်းဖြင့်ပစ်ချခဲ့ကြောင်း၊ ထို့နောက် ရုရှားနိုင်ငံ အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့ကြောင်း စွပ်စွဲပြောကြား ထားပါသည်။
ရုရှားနိုင်ငံကမူ အဆိုပါစွပ်စွဲပြောကြားချက်များအား ငြင်းဆိုခဲ့ပြီး ဂျော်ဂျီယာနိုင်ငံသည် ၁၉၉၄ ခုနှစ် မော်စကိုသဘောတူညီမှုအား ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးဇုန်များနှင့် စစ်လက်နက်ပစ္စည်းကန့်သတ်ရေးဇုန်များတွင် ကုလသမဂ္ဂ၏ခွင့်ပြုချက်မရရှိဘဲ မောင်းသူမဲ့ ကင်းထောက်လေယာဉ်များအား တပ်ဖြန့်ချထားခြင်းဖြစ်ကြောင်း၊ ထို့ပြင် အက်ခါဇီးယားနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ဖြေရှင်းဆောင်ရွက်ပေးထားမှုအား လေးစားလိုက်နာမှုမရှိခြင်း ဖြစ်ကြောင်း စွပ်စွဲပြောကြားခဲ့ပါသည်။ ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ် ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ဖြေရှင်းပေးရေး ဂျော်ဂျီယာနိုင်ငံက ကုလသမဂ္ဂသို့တင်ပြခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဧပြီလ (၂၄)ရက်နေ့၌ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အရေးပေါ်အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ပါသည်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သည် အက်ခါဇီးယား၊ အိုဆက်တီးယားအရေးကိစ္စနှင့်ပတ်သက်ပြီး ရုရှား၏ သဘောထားပြောင်းလဲရေး သို့မဟုတ် ရှေ့ဆက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေရကြောင်း ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီး Vitaya Chakin ကမူ အက်ခါဇီးယားနှင့် အိုဆက်တီးယားအပေါ်ထားရှိသည့် ရုရှားနိုင်ငံ၏သဘောထားမှာ ပြောင်းလဲသွားမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ရုရှားနိုင်ငံအနေဖြင့် ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ်အား ပစ်ချခဲ့သည်ဆိုသည်ကိုမူ ငြင်းဆိုထားပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ နေတိုးဆိုင်ရာ ရုရှား သံတမန်Dimitry Ragogav ကလည်း MIG-29 တိုက်လေယာဉ်များအား နေတိုးအဖွဲ့ဝင်နိုင်ငံများကလည်းပိုင်ဆိုင်ထားသောကြောင့် ၎င်းင်းတို့လေယာဉ်များ၏ လက်ချက်လည်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားမှုအားတုံ့ပြန်သည့်အနေဖြင့် နေတိုးအတွင်းရေးမှူးချုပ်Jeep De Hop Hopper က အက်ခါဇီးယားမှ နေတိုးအဖွဲ့ဝင်နိုင်ငံများ၏MIG-29 လေယာဉ်တစ်စင်း ပျံတက်လာပြီး ဂျော်ဂျီယာမောင်းသူမဲ့ကင်းထောက်လေယာဉ်အား ပစ်ချခဲ့သည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောကိစ္စရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၀၈ ခုနှစ် မေလအစောပိုင်းတွင် အက်ခါဇီးယားဝေဟင်ပိုင်နက်အတွင်း၌ ဂျော်ဂျီယာကင်းထောက် လေယာဉ် ၃ စင်းကျော်အား ပစ်ချခဲ့ရ ကြောင်းနှင့် ထိုသို့ အက်ခါဇီးယားဝေဟင်ပိုင်နက်အတွင်း ဂျော်ဂျီယာကင်းထောက်လေယာဉ်များ တပ်ဖြန့်ချထားမှုသည် ဂျော်ဂျီယာနိုင်ငံအနေဖြင့် အဆိုပါဒေသအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ရုရှားနှင့် အက်ခါဇီးယားနှစ်ဘက်စလုံးက စွပ်စွဲပြောကြားခဲ့ပါသည်။ သို့သော် ဂျော်ဂျီယာနိုင်ငံကမူ အဆိုပါစွပ်စွဲပြောကြားမှုများအား ငြင်းဆိုထားပြီး ထိုသို့စွပ်စွဲပြောကြားမှု သည် အက်ခါဇီးယားအနေဖြင့် ၎င်းင်းတို့နှစ်ဦးအကြား ရုရှားစစ်ဘက်၏ကြားဝင်စွက်ဖက်မှုဖြစ်ပေါ်လာ အောင် ၀ါဒဖြန့်ချိခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အက်ခါဇီးယားတွင် ရုရှား၏စစ်ရေးတည်ဆောက်မှု။ ဂျော်ဂျီယာမောင်းသူမဲ့ ကင်းထောက်လေယာဉ်ပစ်ချခံခဲ့ရပြီး
အက်ခါဇီးယားဒေသအနေဖြင့် လုံခြုံရေးဆိုင်ရာအာမခံချက်ရရှိ
တိုက်ပွဲ/
၁၅။ ရုရှား၏စစ်ရေးပြင်ဆင်မှုများနှင်
(က) ကော့ကေးဆပ်နယ်စပ်စစ်ပွဲ၂၀၀၈ပူးေ
ဲ(၂၀၀၈) (Cacaus Fontier ၂၀၀၈) စစ်ရေး လေ့ကျင့်ခန်းများအား တောင်ပိုင်းပြည်နယ်များ ၏ဒေသအများအပြားတွင် ဇူလိုင်လ (၅)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြုလုပ်ခဲ့ သည်။ စစ်ရေးလေ့ကျင့်မှုပြုလုပ်သည့်နယ်မြေများတွင် ချေချင်းညာ၊ မြောက်အိုဆက်တီးယား၊ အင်ဂူချီတီးယား ၊ ကာဘဒီနို ချာကီစီးယားတို့ ပါဝင်ခဲ့သည်။ ၎င်းင်း ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းတွင် အမှတ်(၅၈)တပ်မကြီး၊ အမှတ်(၄) ကြည်းတပ်၊ လေတပ်ဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအပါအ၀င် တပ်ဖွဲ့ဝင်(၈၀၀၀)၊ ယာဉ်မျိုးစုံ (၇၀၀) ကျော်နှင့် လေယာဉ်(၃၀)စီးကျော် ပါဝင်လေ့ကျင့်ခဲ့သည်။ လေ့ကျင့်ခန်း၏ ရည်ရွယ်ချက်သည် ရုရှားတပ်မတော်၊ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ လုံခြုံရေးတပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်ဖွဲ့များအကြား၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လေ့ကျင့်ရန်ဖြစ်သည်ဟု မြောက်ကော့ကေးဆပ် စစ်ဒေသကြီးမှ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ဗလာဒီမာမေစထရင်ကို က ပြောကြားခဲ့သည်။
(ခ) တောင်အိုဆက်တီးယားနှင့် အက်ခါဇီးယားတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့ အင်အား တိုးမြှင့်ခြင်း။ ဂျော်ဂျီယာက တပ်ဖွဲ့ဝင်များအား စုစည်းလျက် ရှိသောကြောင့် ရုရှားက တောင်အိုဆက်တီးယားနှင့် အက်ခါဇီးယားတို့တွင် ငြိမ်းချမ်းရေးတပ်ဖွဲ့အင်အားကို
၁၆။ ဂျော်ဂျီယာတပ်မတော်အား အမေရိကန်ကလေ့ကျင့်ပေးမှုနှင့် စစ်ရေးပြင်ဆင်မှု များ။ ဂျော်ဂျီယာတပ်မတော်သည် ၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ခေတ်မီလက်နက် တပ်ဆင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အထူးသဖြင့် အနောက်အုပ်စုလိုလားသော ဂျော်ဂျီယာသမ္မတ ဆက်ကက်ရှီဗီလီ၏ လက်ထက်တွင် ကာကွယ်ရေးအသုံးစရိတ်အား ၂၀၀၃ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း(၃၀)ရှိရာမှ ၂၀၀၇ ခုနှစ်တွင် ဒေါ်လာ တစ်ဘီလီယံအထိ တိုးမြှင့်ခဲ့ သည်။ အမေရိကန်တို့က အီရတ်စစ်ပွဲတွင် အထောက်အကူပေးနေသည့် ဂျော်ဂျီယာတပ်ဖွဲ့များကို အကြောင်းပြု၍ အထောက်အကူပေးမှုများ လုပ်ဆောင်ပေးခဲ့သည်။ ဂျော်ဂျီယာတပ်မတော်လေ့ကျင့်ရေးန
၁၇။ ဂျော်ဂျီယာတပ်မတော်၏ အမှတ်(၁၂)ကွန်မန်ဒိုခြေမြန်တပ်ရ
(ဆက်ရန်) —