လယ်သမားပါတီ နှင့် ပါတီဥက္ကဌ ဦးကျော်စွာစိုး ဘာလဲ၊ ဘယ်လဲ
•°•°•°•°•°•°•°•°•°•°•°•°•°
လယ်သမားဖွံ့ဖြိုးတိုးတက်ရေး
၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က စတင်တည်ထောင်ခဲ့သော လယ်သမားဖွံဖြိုးရေးပါတီသည် ပါတီသက်တမ်း ၂ နှစ် ပြည့်ခါနီးအချိန်တွင် ပါတီဝင်အင်အား ၂ သန်း နီးပါး ရှိနေပြီဖြစ်သည်။ မကွေးတိုင်း၊ စလင်းမြို့မှ ပါတီဝင်လယ်သမား ၂၁ ဦး ဖြင့် စတင်ခဲ့သော လယ်သမားပါတီသည် ဧရာဝတီတိုင်းတွင် ပြည်ခိုင်ဖြိုး၊ NLD ပါတီတို့အား ကျော်လွန်လျက် အင်အားအကောင်းဆုံးဖြစ်နေကာ မြန်မာတစ်နိုင်ငံလုံးအနေအထာ
၂၀၁၅ မတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ၌ လယ်သမားပါတီမှ ပန်းတနော်၊ ရေကြည်၊ တောင်ဒဂုံ သုံးမြို့နယ်၌သာ ယှဉ်ပြိုင်ဦးမည်ဖြစ်ပြီး ပါတီ၏ အဓိကရည်မှန်းချက်မှာ ၂၀၁၅ ရွေးကောက်ပွဲ၌သာဖြစ်ကာ ပါတီကိုယ်စားလှယ် ၁၅၀ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ မြေပြန့်ဒေသများ၌သာ ယှဉ်ပြိုင်မည်ဖြစ်ပြီး တောင်တန်းဒေသပါတီများနှင့် နယ်မြေခွဲခြားယှဉ်ပြိုင်ရေး
ဦးကျော်စွာစိုး
လယ်သမားပါတီကို ထူထောင်သူဖြစ်ပြီး ပါတီဥက္ကဌလည်း ဖြစ်သည်။ မြန်မာပြည်ပါတီအများစုကဲ့သိ
မကွေးတိုင်း စလင်းဇာတိဖြစ်ပြီး ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်သ
လယ်သမားထု နှင့် လယ်သမားပါတီ
လယ်သမားပါတီသည် လယ်သမား ၂၁ ယောက်မှ ဦးကျော်စွာစိုးအား တောင်းဆိုသောကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်ပြီး ပါတီ၏ အဓိကရည်ရွယ်ချက်မှာ လယ်သမားများအကျိုးအား ဆောင်ရွက်ရန်ဖြစ်သည်။ ပါတီ၏ ကြိုးစားမှုကြောင့် သိမ်းဆည်းခံမြေယာဧက သောင်းကျော်အား ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ လယ်သမားများအား ချေးငွေထုတ်ချေးနိုင်ရန် လယ်သမားဘဏ်ထောင်ခွင့်ကို နိုင်ငံတော်အစိုးရထံမှ လယ်သမားပါတီမှ တောင်းဆိုထားသည်။ ပါတီအာဏာရလာလျှင် လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေမှ "ကျေးရွာ၊ မြို့နယ်၊ တိုင်းနှင့် ဗဟို အဆင့်ဆင့် လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီမှ သဘောရိုးဖြင့် မှားယွင်းခဲ့သည်ရှိသော် အဆင့်ဆင့် တရားစွဲပိုင်ခွင့်မရှိ"ဟူသော အပိုဒ်အား ဖြုတ်ပစ်မည်ဟု ဦးကျော်စွာစိုးက ဆိုထားသည်။ လယ်ယာမြေစီမံခန့်ခွဲရေးကော်
ဦးကျော်စွာစိုး နှင့် ပြည်ခိုင်ဖြိုးပါတီ
လယ်သမားပါတီသည် ပြည်ခိုင်ဖြိုးပါတီ၏ အခွဲပါတီဖြစ်သည်၊ လယ်သမားပါတီသည် ပြည်ခိုင်ဖြိုးထံမှ ငွေကြေးအထောက်အပံ့ ယူထားသည်။ ဦးကျော်စွာစိုးသည် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်း၏ တူဖြစ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ ဦးကျော်စွာစိုးမှ ဤသို့ မဟုတ်ပဲ စွပ်စွဲခံရသည့်အတွက် ၎င်းကိုယ်ကို "ဆွဲကြိုးချ သတ်သေချင်စိတ်ကို ပေါက်တယ်"ဟု ဆိုသည်။ ဦးကျော်စွာစိုးမှ ၎င်းတို့ပါတီသည် ပြည်ခိုင်ဖြိုးပါတီမှ တစ်ကျပ်တစ်ပြားမှပင် ငွေကြေးအထောက်အပံ့ ယူမထားကြောင်း၊ ပြည်ခိုင်ဖြိုး၏ လက်ပွားလည်း မဟုတ်ကြောင်း၊ ပါတီကို ၎င်း၏စည်းစိမ်၊ ငွေကြေးဖြင့်သာ လည်ပတ်နေကြောင်း၊ ဂျပန်အစိုးရနှင့် ၎င်းကိုလည်း ပြည်ခိုင်ဖြိုးမှ မိတ်ဆက်ပေးခဲ့ခြင်း မဟုတ်ကြောင်း၊ ၎င်းသာ ပြည်ခိုင်ဖြိုးလူဖြစ်လျှင် ဂျပန်အစိုးရက လှည့်၍ပင် ကြည့်လိမ့်မည် မဟုတ်ကြောင်း Messenger ဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်း၌ ဖြေကြားခဲ့သည်။ ထို့ပြင် လယ်သမားပါတီ၌ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်
ဦးအောင်သိန်းလင်း၏ တူဖြစ်သည်ဟူသော ကောလဟာလကို ယင်းသို့ ဖြေရှင်းထားသည်။
"ဦးအောင်သိန်းလင်းနဲ့က ပခုက္ကူ (၁၀၁) တပ်မမှုးဘဝတည်းက သူနဲ့ခင်တာ။ ကျွန်တော်က စလင်းသား၊ စလင်းတပ်တွေကို သူကိုင်တာ။ ကျွန်တော်က မြို့မျက်နှာဖုံး၊ သူက တပ်မမှုး၊ မြို့ကိုလာရင် အိမ်မှာတည်းတယ်။ သူတို့လာတော့ ဧည့်ခံရမယ်။ အဲဒီကတည်းက ခင်တာ။ သူမြို့တော်ဝန်ဖြစ်တော့လည်း
ဦးကျော်စွာစိုး နှင့် NLD ပါတီ
ဦးကျော်စွာစိုးသည် NLD ပါတီနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော ဆက်ဆံရေးရှိသူတစ်ဦး ဖြစ်သည်။ ဖခင်ဖြစ်သူမှာ NLD လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြ
ဦးသိန်းစိန်အပေါ် အမြင်သဘောထား
ဦးကျော်စွာစိုးမှ ဦးသိန်းစိန်သည် အတတ်ညာရှင်သာ ဖြစ်သည်၊ အသိညာရှင်မဟုတ်ဟု ဆိုသည်။ အတတ်ပညာရှင်သည် ကိုယ်ပိုင်အသိမရှိပဲ ခိုင်းသလိုသာ လုပ်တတ်သူဟူသော စကားကို ဦးကျော်စွာစိုးမှ ဆိုသည်။ ဦးသိန်းစိန်သည် အကြံပေးများပြောသည့်အတိုင်း
"အခုက အကြံပေးတွေ အများကြီးထားပြီး တပည့်ပြောတာတွေ လိုက်ပြောနေတယ်။ တပည့်လိုသာ ပြောတာ၊ တပည့်ခိုင်းတာ၊ အကြံပေးတွေ ခိုင်းတာပဲ လုပ်နေတော့ ဘာလုပ်မလဲ။ သူက အသိပညာရှင် မဟုတ်ဘူး။ အတတ်ပညာရှင်။"
ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားရှိသောအမြင်
မြန်မာနိုင်ငံ၌ ယခုကဲ့သို့ ပြောရေးဆိုခွင့်ရှိလာခြင်းသ
၂၀၁၅ ရွေးကောက်ပွဲ မျှော်မှန်းချက်
၂၀၁၅ ရွေးကောက်ပွဲအတွက် ရိုးရိုးသားသားနှင့် ကြိုးကြိုးစားစား ယှဉ်ပြိုင်သွားမည်ဟု လယ်သမားပါတီဥက္ကဌ ဦးကျော်စွာစိုးက ဆိုထားသည်။ NLD ပါတီကို မဲမထည့်လိုသူများ၊ ပြည်ခိုင်ဖြိုးပါတီကို မကြိုက်သူများက ၎င်းတို့ပါတီကို မဲပေးလိမ့်မည်ဟု ဦးကျော်စွာစိုး မှ မျှော်မှန်းထားသည်။ ၎င်းတို့အခေါ် "ရွဲ့မဲ"များ ရမည်ဟု အပိုင်တွက်ထားသည်။ ပါတီကိုယ်စားလှယ်များကိုလည်
အမျိုးသားရေး
လယ်သမားပါတီ၏ စည်းရုံးရေးဗီနိုင်း၊ ပိုစတာများ၌ "အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့်လယ်သမားပါတ
Myo Min Thant
https://www.facebook.com/photo.php?fbid=326870347481348&set=a.130002760501442.27313.100004751555043&type=1&theater မှကူးယူဖော်ပြပါသည်။