Image may be NSFW.
Clik here to view.
Clik here to view.

"လှည်းလယ်ရှင် "
…………….
…………….
"မုတ်သုန်လေ တစ်ရေးနိုးလို့ …မိုးဦးကျခဲ့ပြန်ပြီလေ… ခုချိန်ဆို တို့လယ်တောမှာ …မိုးရေတွေလည်း ဖွေးနေရော့မယ် ….ကြာဖြူ ကြာနီ လှိုင်လှိုင်ပွင့်လို့….ကြာပန်းရနံ့တွေ သင်းနေတော့မယ်…"
ဒီအချိန်ဆို မုတ်သုန်လေ၀င်လို့ မိုးသံလေသံတွေ ကြားသင့်ပြီ။ မိုးရာသီဆိုတဲ့ အရိပ်အမြွက်မျိုး ပေးသင့်နေပြီ ထင်ပါရဲ့။ ဟုတ်တယ် တာဝန်ကျရာ ဒီအရပ်မှာဖြင့် မိုးရနံ့တွေက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိ။ ပူလိုက်တာလည်း လွန်ပါရော။
တကယ်ဆိုရင် ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ ထားဝယ်ဒိန်းသံဆိုတဲ့ ကဗျာကိုတောင် ရွတ်ဆိုသင့် ပါရဲ့လေ။
"မိုးမ၀ါပဲ ကြာလေပြီ
မိုးကီး လေကီး လာလေပြီ
မိုး..မိုး ၀ါလိုက်ပါမိုး။
အီမိုးခေါန်
မြောင်းထောင်ရအောန်။
မိုး မိုး ၀ါလိုက်ပါတော့မိုး "
မိုးကီး လေကီး လာလေပြီ
မိုး..မိုး ၀ါလိုက်ပါမိုး။
အီမိုးခေါန်
မြောင်းထောင်ရအောန်။
မိုး မိုး ၀ါလိုက်ပါတော့မိုး "
မျှော်တဲ့သူတွေလည်း မျှော်လှပြီ မိုးရယ်ဖြင့် ရွာသင့်ပြီ။ "ရွာဖို့သင့်ရာ ရပ်ဌာနမှာ ကောင်းစွာရွှေမိုး "ရွာ သင့်ပြီ။ ကျွန်တော့်အဖို့ကတော့ ဒီအချိန် ဒီရာသီဆိုရင်ဖြင့် ဟိုးငယ်ဘ၀ကို လွမ်းဆွတ်မိပါရဲ့။
ကျွန်တော်တို့ အိမ်နဲ့ တက်ရတဲ့ကျောင်းက နည်းနည်းအလှမ်းဝေးတယ်။ ကျောင်းက ပရဟိတကျောင်းနဲ့ တွဲပြီးဖွင့်ထားတဲ့ကျောင်း။ ကျောင်းဝန်းထဲမှာ သစ်ပင်ပန်းမန်တွေကလည်း ပြည့်နှက်လို့ အရိပ်အာဝါသက အေးချမ်းလှသမို့ ကလေးတွေအတွက် ဆော့ကစားဖို့က တကယ်ကို ကောင်းမွန်လှပါတယ်။
ကျောင်းရဲ့ နောက်ဘက်မှာတော့ လယ်ကွင်းပြင်ကြီးပေါ့။ ကျောင်းတက်ရာသီဖြစ်တဲ့ မိုးအစဆိုရင် စပါး ပျိုးပင်တွေက စိမ်းလဲ့လို့ လှပနေတယ်။ အဲဒီစပါးခင်းကြီးကနေ ဟိုးအဝေးကို လှမ်းမျှော်ကြည့်ပြန်ရင် မြန်မာနိုင်ငံရဲ့ အနောက်ရိုးမတောင်တန်းကြီးက မှိုင်းညို့ညို့နဲ့ ဆွဲဆောင်နေတယ်။
ကျွန်တော်တို့မြို့ရဲ့ နယ်နိမိတ်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတယ်။ "ဧရာဝတီဆိုတာ မြန်မာပြည်ရဲ့ စပါးကျီ"လို့ဆိုလေတဲ့အတိုင်း မြို့ရဲ့ ဧရိယာထက်ဝက်ကျော်ကျော်က လယ်ကွင်းတွေ၊ စပါးခင်းတွေ။ မြေဆီသြဇာက ကောင်းမွန်လှတာကြောင့် စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ နေကြာ ဘာပဲစိုက်စိုက် အပင်တွေက ဖွံ့ဖြိုး ကြီးထွားနေကြတယ်။
င၀န်မြစ်ခေါ် ပုသိမ်မြစ်ကလဲ မြို့ရဲ့ ဘေးကနေ ဖြတ်သန်းစီးဆင်းနေတော့ ရေဆိုတာ ပိုလို့လျှံတက် နေတယ်။ မြစ်ကျိုးအင်း၊ အိုင်တွေကလဲ ဖြစ်ထွန်းနေတော့ ငါး၊ ငါးပိကလဲ အလျှံပယ်ပါပဲ။ ဒီတော့ မြို့ခံလူတွေက လယ်၊ ကိုင်း၊ အင်းအိုင် လုပ်ကြတယ်။ သင်ဖြူးဖျာ၊ အိုးလုပ်ငန်းလုပ်ကြတယ်။
င၀န်မြစ်ခေါ် ပုသိမ်မြစ်ကလဲ မြို့ရဲ့ ဘေးကနေ ဖြတ်သန်းစီးဆင်းနေတော့ ရေဆိုတာ ပိုလို့လျှံတက် နေတယ်။ မြစ်ကျိုးအင်း၊ အိုင်တွေကလဲ ဖြစ်ထွန်းနေတော့ ငါး၊ ငါးပိကလဲ အလျှံပယ်ပါပဲ။ ဒီတော့ မြို့ခံလူတွေက လယ်၊ ကိုင်း၊ အင်းအိုင် လုပ်ကြတယ်။ သင်ဖြူးဖျာ၊ အိုးလုပ်ငန်းလုပ်ကြတယ်။
မိုးကြိုလ စပြီဆိုကတည်းက ကောင်းကင်မှာ ဘင်တပ်က ချီတက်လေပြီ။ "တအုန်းအုန်း"၊ "တဂျုန်းဂျုန်း"၊ "တဂျိမ်းဂျိမ်း"သံတွေနဲ့ မိုးပေါက်တယ်လို့ လူကြီးသူမက ဆိုကြပါတယ်။ အဲဒီလိုအချိန်ဆိုရင် လယ်လုပ်ကိုင်သူတွေ လယ်ကွင်းပြင်မှာ ကိုယ်စီရောက်ရှိနေကြပြီ။ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်လာကြတဲ့ တမျှော်တခေါ် လယ်ကွင်းပြင်ကြီးထဲမှာ လုပ်ငန်းခွင်စကြပြီ။
"ယမထာ ရွှေကြိမ်လုံးရယ်နဲ့
ထွန်တုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင်
ပျိုးခင်းကိုဝင် ကောင်းကင်က
ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း …"
စပါးစိုက်ရင် ဆန်ရမယ်။ ဆန်ရရင် ပိုက်ဆံရမယ်။ ပိုက်ဆံရရင် စား၊ ၀တ်၊ နေရေး အတွက် အဆင်ပြေ မယ်။ ဒါကတော့ ပုံမှန်လုပ်နေကြအလုပ်၊ ပုံမှန်စီးဆင်းနေမှု တစ်ခုဆိုသော်လည်း မိုးထဲ၊ ရေထဲမှာ သူတို့ရဲ့ မိတ်ဆွေ နွားတွေနဲ့ ဘ၀ကို ရုန်းကန်ကြတယ်။ ဒီလို ခွန်အားစိုက်ထုတ်ရုန်းကန်ခြင်းရဲ့ အကျိုးကျေးဇူးဟာ လယ်သမားတစ်ဦးတစ်ယောက်ရဲ့ ကိုယ်အကျိုးစီးပွားသာ ရရှိစေတာ မဟုတ်ပါဘူး။
ထွန်တုံးကိုတဲ့ ခြေတော်တင်
နွားကြန်စုံနှင်
ပျိုးခင်းကိုဝင် ကောင်းကင်က
ရွှေပိန်ညင်းရယ်
မိုးခေါ်လို့ဆင်း …"
စပါးစိုက်ရင် ဆန်ရမယ်။ ဆန်ရရင် ပိုက်ဆံရမယ်။ ပိုက်ဆံရရင် စား၊ ၀တ်၊ နေရေး အတွက် အဆင်ပြေ မယ်။ ဒါကတော့ ပုံမှန်လုပ်နေကြအလုပ်၊ ပုံမှန်စီးဆင်းနေမှု တစ်ခုဆိုသော်လည်း မိုးထဲ၊ ရေထဲမှာ သူတို့ရဲ့ မိတ်ဆွေ နွားတွေနဲ့ ဘ၀ကို ရုန်းကန်ကြတယ်။ ဒီလို ခွန်အားစိုက်ထုတ်ရုန်းကန်ခြင်းရဲ့ အကျိုးကျေးဇူးဟာ လယ်သမားတစ်ဦးတစ်ယောက်ရဲ့ ကိုယ်အကျိုးစီးပွားသာ ရရှိစေတာ မဟုတ်ပါဘူး။
နိုင်ငံတော်အုပ်ချုပ်တဲ့ မင်း၊ သံဃာတော်ရှင်မြတ်တွေ၊ သူဌေးသူကြွယ်တွေ၊ သူဆင်းရဲသားတွေပါမကျန် သုံးဆောင်ခံစားကြရတာပါ။
ဟိုးတစ်ခေတ်တစ်ခါက လယ်သမားကြီးတွေက ဘယ်လောက်ပဲ ရုန်းကန်လှုပ်ရှားကြပါစေ ရရှိတဲ့အသီး အပွင့်ကိုတော့ အပြည့်အ၀မခံစားခဲ့ကြရပါဘူး။ အရင်းရှင်တွေရဲ့ ခေါင်းပုံဖြတ်မှု၊ ဈေးနိမ်မှု၊ နိုင့်ထက်ကလူပြုမှု တွေကြောင့် လယ်သမား၊ ယာသမား၊ တောင်သူတောင်သားတွေရဲ့ ဘ၀က တစ်ဝါ၀င်၊ သီတင်းကျွတ်ပြန်လဲ ထူးမခြားနားခဲ့ကြရပါဘူး။ ဆင်းရဲတွင်းကနေ ချမ်းသာမှု နှုတ်ခမ်းဝအထိကို လက်လှမ်းလို့ မမှီခဲ့ကြရပါဘူး။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာလေပြီဆိုတော့ တောသူတောင်သား၊ လယ်သမားတွေရဲ့ ဘ၀တွေက အခြေတင့်လာကြပြီလား။ ကျောမွဲကနေ ကျောပြောင်ဘ၀အထိ ဖြစ်သွားကြပြီလား။
"မြေကြီးက ရွှေသီးတဲ့ ဒို့နိုင်ငံ "တဲ့။ ကျွန်တော်တို့ အမိမြေကြီးက တကယ့်ကို ရွှေသီးတဲ့ ပြည်ကြီးပါ။ ထိုရွှေတွေကို တို့မြေကြီးက လယ်သမားတွေ၊ ယာသမားတွေ၊ ကိုင်းသမားတွေ၊ လုပ်ငန်းကိုယ်စီက အလုပ်သမား တွေက ပြည့်ပြည့်၀၀ သုံးစွဲဆင်ယင်ခွင့် ရနေကြပြီလား။ မြေကြီးက ရွှေသီးကို ဒို့ပြည်က ပြည်သူပြည်သားတွေ သုံးနိုင်ပါစေသ်ာဝ်လေ။
"ထမင်းဘယ်ကရလဲ၊ ဆိုင်ကရတာပေါ့"၊ "ဆန်ဘယ်ကရလဲ ဆန်အိုးထဲက ရတာပေါ့ "၊ "စပါးဆိုတာ ဘယ်အပင်က သီးတာလဲ၊ ဂျုံပင်ကသီး သပေါ့"။
အသံဇာတ်လမ်းခေတ်တုန်းက ဒီလိုစကားမျိုး ကြားခဲ့ဘူးတယ်။ အဲဒီအချိန်တုန်းကတော့ ဒါလေးတောင် မသိဘူးလားလို့ စိတ်ကထင်မိတယ်။ ကျွန်တော်တို့ အမိမြေကြီးက စပါးတွေ ၀င်းမှည့်အောင် သီးတဲ့နိုင်ငံကြီး၊ အရှေ့တောင်အာရှရဲ့ ဆန်အိုးလို့တောင် ဆိုခဲ့ကြမဟုတ်လား။ ဒီတော့ ကိုယ့်ပြည်၊ ကိုယ်မြေရဲ့ အဓိကအရင်း အမြစ်ဖြစ်လေတဲ့ ဆန်စပါးကို ဘယ်က ရသလဲဆိုတာ တလွှဲသိ သိတာကို မကျေမနပ်ဖြစ်မိတယ်။
လက်မှုနိုင်ငံမှ စက်မှုနိုင်ငံသို့လို့ ကြွေးကြော်သံတွေနဲ့အတူ စပါးဘယ်က သီးသလဲ၊ ဆန်ဘယ်ကရသလဲ မသိသူတွေ ပိုများလာသလို၊ ထမင်းဆိုတာ ပို့ဆွမ်းလို၊ ဆန်ဆိုတာလဲ ပူစရာမလိုတဲ့ ဘ၀တွေကလဲ ဘ၀င်ဟပ်လို့ မေ့လျော့လာကြပြီ။
ကျွန်တော့် အဘိုးအဘွားတွေ၊ အဖေအမေတွေက လယ်လုပ်ငန်း လုပ်ကိုင်ကြတာ မဟုတ်ပေမဲ့ လယ်တွေ၊ လှည်းတွေနဲ့ မစိမ်းလှပါဘူး။ ကျောင်းသွားလဲ လယ်ကွင်းပြင်တွေဖြတ်ရတယ်။ ဈေးသွားလဲ လယ် ကွင်းပြင်တွေဖြတ်ရတယ်။ စပါးပင်လေးတွေ ပျိုးထောင်ပြီး စိမ်းလဲ့လာတဲ့အချိန်၊ လေက စပါးခင်းတဲ့ ဖြတ်တိုက် သွားတဲ့အချိန်တွေ ဆိုရင်ဖြင့် လယ်ကွင်းပြင်ကြီးက တကယ့်ကို ညီညာလှပတဲ့ ယိမ်းသမတွေလိုပါပဲ။
ကျွန်တော့် အဘိုးအဘွားတွေ၊ အဖေအမေတွေက လယ်လုပ်ငန်း လုပ်ကိုင်ကြတာ မဟုတ်ပေမဲ့ လယ်တွေ၊ လှည်းတွေနဲ့ မစိမ်းလှပါဘူး။ ကျောင်းသွားလဲ လယ်ကွင်းပြင်တွေဖြတ်ရတယ်။ ဈေးသွားလဲ လယ် ကွင်းပြင်တွေဖြတ်ရတယ်။ စပါးပင်လေးတွေ ပျိုးထောင်ပြီး စိမ်းလဲ့လာတဲ့အချိန်၊ လေက စပါးခင်းတဲ့ ဖြတ်တိုက် သွားတဲ့အချိန်တွေ ဆိုရင်ဖြင့် လယ်ကွင်းပြင်ကြီးက တကယ့်ကို ညီညာလှပတဲ့ ယိမ်းသမတွေလိုပါပဲ။
လယ်ယာလုပ်ငန်းဝင်ကြပြီဆိုရင် လယ်သမားကြီးတွေနဲ့တင် ပြီးမြောက်တာမဟုတ်ပါဘူး။ လယ်သမား ကြီးတွေနဲ့အတူ လုပ်ဖော်ကိုင်ဖက်လို့ ပြောရမဲ့ နွားကြီးတွေပြီးတော့ လှည်းကြီးတွေလေပါတာပေါ့။
"လှည်းယာဉ်ကြော့ငယ်နဲ့ လိုက်ခဲ့ပါလား မြို့ကြီးသူရယ် "တဲ့။ လှည်းဆိုတာ ကျွန်တော်တို့ မြန်မာလူထု နဲ့ မစိမ်းကားလှပါဘူး။ သို့သော်လည်း ယနေ့အချိန်အခါမှာ လှည်းစီးဘူးတဲ့ လူငယ်တွေ၊ လူကြီးတွေ အဘယ်မျှ ရှိနေမလဲ။ လှည်းမစီးဘူးလို့ မြန်မာမဟုတ်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ လှည်းဆိုတာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေတစ်ခုဖြစ်သလို ကျေးဇူးရှင်ဆိုလဲ မှားမယ်မထင်ပါဘူး။
တစ်ခေတ်တစ်ခါက ကုန်စည်ရောင်းဝယ်၊ ဘုရားဖူးသွား၊ ခရီးသွားတာကအစ ဒီလှည်းယာဉ်ပဲ သုံးခဲ့ကြ ရတာမဟုတ်ပါလား။
"ခလောက်ကလေးရယ်တဲ့ …ဒိုးဒိုးဒေါင်ဒေါင်
ပျိုတို့မောင်…ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်။
နွားညီနောင်…စည်အောင်ကွဲ့ဖေကျောင်း။
မောင်နှင့်မယ် တူယှဉ်နွှဲကာမှ
ယူငင်ကာ…ချူဆင်ဆွဲပါလို့
လှည်းယဉ်နဲ့မောင်း "
ပျိုတို့မောင်…ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင်။
နွားညီနောင်…စည်အောင်ကွဲ့ဖေကျောင်း။
မောင်နှင့်မယ် တူယှဉ်နွှဲကာမှ
ယူငင်ကာ…ချူဆင်ဆွဲပါလို့
လှည်းယဉ်နဲ့မောင်း "
"အမေဆိုဆဲ … ၀ါဆိုပွဲ
လှည်းကလေးနဲ့ သွားရအောင်
ကုက္ကိုပင် မြန်မြန်ခုတ်ပါ့
လှည်းလုပ်ရအောင် "
လှည်းကလေးနဲ့ သွားရအောင်
ကုက္ကိုပင် မြန်မြန်ခုတ်ပါ့
လှည်းလုပ်ရအောင် "
ချစ်စရာကောင်းလှတဲ့ ကဗျာတေးတွေ။ မြန်မာ့ဓလေ့ သရုပ်သကန်တွေပေါ့။ ဒီဓလေ့တွေနဲ့အတူ ကပ်ပါလာတဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီမှု၊ စာနာနားလည်တတ်မှု၊ ဒါန၊ သီလ၊ ဘာဝနာစတဲ့ လူ့ယဉ်ကျေးမှု တွေကိုပါ မြင်သိစေပါတယ်။ ခံစားရမိစေပါတယ်။ ဒါတွေပျောက်ကွယ် စိတ်သုဉ်းပြီဆိုရင်တော့ ကျွန်တော်တို့ အမိမြေကြီး ပျောက်ဆုံးတော့မှာ အမှန်ပါပဲ။
လှည်းရယ်၊ နွားရယ်၊ လယ်ရယ်ဆိုတာက မြန်မာလူထုအတွက် မစိမ်းလှသလို လယ်သမားကြီးတွေကို ကျေးဇူးရှင်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ စားသုံးနိုင်ဖို့ လုပ်ကိုင်ကြတဲ့ လယ်သမားကြီးတွေဆိုတာ တကယ့်ကို ကျေးဇူးတင်စရာ ကောင်းလှတဲ့ ကျေးဇူးရှင်ကြီးတွေပါ။ သူတို့အကျိုးစီးပွားအတွက် သူတို့လုပ်ကိုင် ကြတာ ကျေးဇူးတင်စရာမလိုဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ပစ်ပယ်ထားရင်တော့ ကျွန်တော်တို့အတွက် ကပ်ဘေးတစ်ခု ဆိုက်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။
ဒီတော့ လှည်းကို ချစ်ရမယ်၊ လယ်ကိုချစ်ရမယ် ထို့အတူ ကျွန်တော်တို့ရဲ့ ထမင်းရှင် လယ်သမားတွေ ကိုလည်း ချစ်ဖို့လိုပါလိမ့်မယ်။ သြော် ကျွန်တော်တို့ တန်ဖိုးထားတတ်ဖို့လိုပါလိမ့်မယ်လေ။
လယ်ဆိုတာ မြန်မာရဲ့ ဆန်အိုးဖြစ်သလို လယ်သမားဆိုတာ ဆန်အိုးထဲ ဆန်ဖြည့်ပေးတဲ့သူပါ။ လယ် မပျောက်သမျှ လယ်သမားမပျောက်ဘူး။ လယ်သမားမပျောက်သမျှလဲ လယ်မပျောက်နိုင်ပါဘူး။ ဘယ်လောက်ပဲ စက်မှုနိုင်ငံတည်ထောင်တယ်ပဲဆိုဆို လယ်နှင့်အတူ နွားနှင့်လှည်းဆိုတာ တွဲလျက်ယှဉ်လျက် ပါနေဦးမှာပဲ မဟုတ်ပါလား။
ကျွန်တော်တို့ နှလုံးသားမှာလဲ လှည်းရယ်၊ လယ်ရယ်၊ ကျေးဇူးရှင် လယ်သမားကြီးတွေက စိမ့်ဝင် စီးဆင်းနေဦးမှာပဲလေ။
***********
မောင်ပိုင်
၂၂-၆-၂၀၁၄
၂၂-၆-၂၀၁၄