(ဆောင်းပါးရှင် - ဖြိုးသီဟ)
ဒီနေ့ခေတ်မှာ အကျယ်လောင်ဆုံးကြားနေရတဲ့ စကားတစ်ခွန်းက Trust Building ဆိုတဲ့ ယုံကြည်မှုတည်ဆောက်ခြင်း။ နိုင်ငံရေးနယ်ပယ်မှာ အကြားရများပေမယ့် တကယ်တမ်းတော့ ယုံကြည်မှုဆိုတာဟာ လူပုဂ္ဂိုလ်တစ်ယောက်ချင်းမှသ
ဒါဆို တစ်ဖက်ရဲ့ ယုံကြည်မှုကိုရဖို့၊ အများရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်သူဖြစ်ဖို့ ဘာတွေများလိုအပ်ပါမလဲ။
(၁) ယုံကြည်မှုဟူသည် ရောမမြို့ကြီးနှင့် တူ၏။
“ရောမမြို့ကြီးကို အချိန်အကြာကြီး တည်ဆောက်ခဲ့ရပေမယ့် ဖျက်ဆီးဖို့ဆိုရင်တော့ တစ်ရက်တစ်မနက်ပဲ လိုတယ်” ဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်မှုဆိုတာဟာလည်း အချိန်ကာလကြာမြင့်စွာ၊ အဖြစ်အပျက်ပေါင်း မြောက်မြားစွာ၊ အကြောင်းအရာများစွာ ကုန်လွန်ဖြတ်သန်းပြီးမှ ရရှိလာနိုင်တာမျိုးဆိုပေမယ်
(၂) ယုံကြည်မှုဟူသည် အတင်းလုပ်ယူ၍မရ၊ ခြိမ်းခြောက်၍မရ၊ အလိုလို ဖြစ်ပေါ်လာသော စိတ်ခံစားချက်တစ်ခုဖြစ်သည်။
သူ့ရဲ့ယုံကြည်မှုကို ရချင်ပါတယ်ဆိုပြီး လက်ဆောင်ပဏ္ဏာတွေပေးလည်း မရသလို၊ တောင်းပန်၊ အသနားခံလို့လည်းမရ၊ တစ်စုံတစ်ရာနဲ့ ခြိမ်းခြောက်ရင်လည်း မရနိုင်တဲ့အရာဟာ ယုံကြည်မှုပဲဖြစ်ပါတယ်။ သူ့အလိုလို စိတ်ထဲမှာဖြစ်လာတဲ့ ခံစားချက်တစ်ခုပါ။ လုပ်ယူလို့မရပါဘူး။ အဲ့ဒီလိုခံစားချက်မျိုး ဖြစ်လာအောင်ကလည်း စကားလုံးလှလှလေးတွေပဲ သုံးနေလို့တော့ အလကားပါပဲ။ အလုပ်နဲ့ပဲ သက်သေပြကြရမှာပါ။ စကားလုံးတွေကိုပဲ နားထောင်တတ်တဲ့၊ အဟုတ်ထင်တတ်တဲ့ခေတ်က ကုန်သွားပါပြီ။
(၃) ယုံကြည်မှုရရှိရန် ရိုးသားဖို့လိုသည်။ (Honesty)
ဒီလူက သိပ်ရိုးသားတာပဲ ဆိုလို့ရှိရင် ငွေကြေးနဲ့ပတ်သက်ရင် ရိုးသားတယ်။ စကားကိုလည်း ညာမပြောတတ်ဘူးလို့ ထင်လိုက်ကြပါတယ်။ လူတစ်ယောက်ချင်း အနေနဲ့တော့ လက်ခံနိုင်ပေမယ့် အဖွဲ့အစည်းတစ်ရပ် အနေနဲ့တော့ ဒါဟာ မလုံလောက်ပါဘူး။ ယုံကြည်ထိုက်တဲ့သူဖြစ်ဖို့ လိုအပ်တဲ့ ရိုးသားမှုဟာ သတ္တိနဲ့တွဲနေတဲ့ ရိုးသားမှုပဲ ဖြစ်ပါတယ်။ ငွေကြေးနဲ့ ပတ်သက်ရင်လည်း ရိုးသားဖို့လိုသလို။ အလုပ်နဲ့ ပတ်သက်ပြီးတော့လည်း ရိုးသားရပါမယ်။ မတတ်ရင် မတတ်ကြောင်း၊ မှားသွားရင်မှားကြောင်း ၀န်ခံရဲရမယ်၊ ကိုယ့်အမြင်၊ ကိုယ့်စိတ်ကူးတွေ၊ လက်တွေ့ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကိုလည်း ရဲရဲဝံ့ဝံ့ တင်ပြရဲရပါမယ်။
ဒီနေ့ခေတ်ဟာ ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီ ခိုင်မာအားကောင်းဖို့ မဖြစ်မနေ လိုအပ်တာကတော့ Open Society လို့ခေါ်တဲ့ ပွင့်လင်းတဲ့၊ အကြောက်တရားကင်းတဲ့ လူ့အဖွဲ့အစည်း တစ်ရပ်ပါပဲ။ အဲဒီလို အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့၊ ပွင့်ပွင့်လင်းလင်း ပြောကြ၊ ဆွေးနွေးနိုင်ကြဖို့ဆိုရင် ခေါင်းဆောင်တွေ၊ အကြီးအကဲတွေအနေနဲ့လည်း အဖြစ်မှန်ကို ရင်ဆိုင်ရဲတဲ့သတ္တိ၊ အမှားကို အပြစ်မတင်ဘဲ ၀ိုင်းဝန်းအဖြေရှာတတ်တဲ့ အလေ့အကျင့်တွေ လိုအပ်ပါမယ်။ ဒါမှလည်း အကြောက်တရားကင်းကင်းနဲ့ အမှန်ကိုအမှန်အတိုင်း ပြောရဲလုပ်ရဲ ရိုးသားရဲတဲ့သူတွေကို ရမှာပါ။
၎။ ယုံကြည်မှုရရန် အပြောနဲ့ အလုပ်ညီဖို့ လိုသည်။ (Actions are consistent with words)
ဆိုခဲစေ မြဲစေဆိုတဲ့ စကားလိုပါပဲ။ ယုံကြည်ထိုက်တဲ့သူ ဖြစ်ချင်ရင် စကားတည်ဖို့လည်း အရေးကြီးပါတယ်။ စကားကိုတော့ အမှန်အတိုင်း ပြောပါရဲ့၊ ပြောပြီးရင် ပြောတဲ့အတိုင်းမလုပ်ဘူး။ ကိုယ့်စကား ကိုယ်တာဝန်မယူဘဲ စကားကို အလွယ်ပြောမယ်၊ အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေမယ်ဆိုရင်တော့ တစ်ဖက်လူရဲ့ ယုံကြည်မှုကို မရနိုင်ပါဘူး။ လူလေးစားခြင်းကိုလည်း မခံရပါဘူး။ ကိုယ့်ပါးစပ်ကထွက်တဲ့ စကားကို တန်ဖိုးထားသူ၊ ကိုယ်ထုတ်တဲ့ စည်းကမ်းကို ကိုယ်လေးစားလိုက်နာသူ၊ ကိုယ့်ရဲ့နှုတ်ကတိကို စာချုပ်စာတမ်းတစ်ခုလို လေးစားတဲ့သူများသာ ယုံကြည်ထိုက်တဲ့သူများ ဖြစ်ပါတယ်။
၅။ ယုံကြည်မှုရှိရန် အရည်အသွေးမြင့်ဖို့လိုသည်။ (Competency)
အခုမှ ဘွဲ့ရတဲ့ ဆရာဝန်နဲ့ ဘွဲ့တွေအများကြီး အတွေ့အကြုံတွေ အများကြီးရှိထားတဲ့ ဆရာဝန်နှစ်ယောက်မှာ ဘယ်သူ့လက်ထဲ ကိုယ့်အသက် အပ်ချင်ပါသလဲ၊ အပ်ရဲပါသလဲ။ တကယ်တော့ မေးစရာတောင် မလိုတဲ့မေးခွန်းပါ။
စွမ်းဆောင်ရည်ပြည့်ဝမှုပဲ ဖြစ်ပါတယ်။ SAK လို့ အတိုကောက် ပြောလေ့ရှိကြတဲ့ Skill (အတတ်ပညာ)၊ Knowledge (အသိပညာ) နဲ့ Attitude (ခံယူချက်) အပိုင်းသုံးပိုင်းလုံးမှာ ပေမီတန်းမီဖြစ်ဖို့ လိုပါမယ်။ ပညာခေတ်လို့ ပြောနေကြတဲ့အချိန်မှာ ပညာပြည့်ဝဖို့ လိုတယ်ဆိုတာကတော့ အထွေအထူး ပြောစရာတောင် မလိုပါဘူး။ ဘယ်လောက်ပဲ ရိုးသားပါတယ် ပြောပြော၊ စိတ်ကောင်းရှိပါတယ်ဆိုဆို အရည်အချင်းမရှိရင်၊ စွမ်းဆောင်ရည်ညံ့ဖျင်းရင် အောင်မြင်ဖို့ မလွယ်ပါဘူး။ လူတွေရဲ့ ယုံကြည်မှုကို မရရှိလို့ပါ။ လူတော်လူကောင်းလား၊ လူကောင်းလူတော်လား မငြင်းလိုပေမယ့် ကောင်းနေရုံနဲ့တော့ မရဘူး၊ တော်ဖို့ပါ လိုတယ်ဆိုတာကို ပြောချင်တာပါ။
၆။ ယုံကြည်မှုရရန် တစ်သမတ်တည်းရှိဖို့လိုသည်။ (Consistency)
ကောက်ရိုးမီး စိတ်ဓာတ်ပိုင်ရှင်များဟာ လူတွေရဲ့ ယုံကြည်ကိုးစားခြင်းကို မရနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ရပ်တွေ၊ အားထုတ်မှုတွေ ခံယူချက်တွေဟာ တစ်သမတ်တည်း စွဲမြဲခိုင်မာနေဖို့ လိုပါမယ်။ ပြောင်းလွယ်ပြင်လွယ် ဖြစ်တာနဲ့ လူများတဲ့ဘက်လိုက်တာဟာ မတူပါဘူး။ ယုံကြည်ချက် စွဲမြဲခိုင်မာတာနဲ့ မှားမှန်းသိသိကြီးနဲ့ ဆက်လက်ဆုပ်ကိုင်ထားတာကိုလည်
ပြောခဲ့ပြီးတဲ့ အရည်အသွေးတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဥပမာတစ်ခုကို ပြပါဆိုရင်တော့ အဲဒါဟာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပါပဲ။
တိုင်းပြည်အကျိုးကလွဲလို့ ကိုယ်ကျိုးနည်းနည်းမှ မရှာခဲ့တာ။ အရှိကိုအရှိအတိုင်း ခပ်ဘွင်းဘွင်း ပြောတတ်တာ။ တစ်နှစ်အတွင်း လွတ်လပ်ရေးရစေ့မယ်ဆိုပြီး တကယ်လည်းဖြစ်အောင် လုပ်ပြခဲ့တာ။ အသက်အရွယ်နဲ့မှမလိုက်၊ အများလက်ဖျားခါလောက်အောင် တော်လွန်းခဲ့တာတွေက ပြည်သူအများရဲ့ တစ်ခဲနက် ယုံကြည်ထောက်ခံမှုကို ရရှိစေခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း ကျွန်တော်တို့ပြည်သူတွေ ဗိုလ်ချုပ်ကို တသသရှိနေကြရဆဲ မဟုတ်လား။ ဗိုလ်ချုပ်ဓာတ်ပုံကို အိမ်ရှေ့ခန်းမှာ ချိတ်ထားရုံနဲ့တင် မလုံလောက်ဘဲ၊ ဗိုလ်ချုပ်လို အများက ယုံကြည်အားကိုးရတဲ့သူဖြစ်အေ
အားလုံးပဲ ယုံကြည်မှုနဲ့ ထိုက်တန်သူများ ဖြစ်ကြပါစေ ရည်သန်လျက်။ ။
((၆၇) နှစ်မြောက် အာဇာနည်နေ့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုရှေ့တွင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများအား တွေ့ရစဉ်)
https://www.facebook.com/ElevenMediaGroup/photos/a.211329105571387.50706.114803668557265/710396308997995/?type=1&theater မှ ကူးယူဖော်ပြပါသည်။