$ 0 0 Image may be NSFW. Clik here to view. စိန်ခေါ်မှုများကိုသာ ပြောနေမည့်အစား အောင်မြင်မှုများ အခြေခိုင်အောင် ကူညီရန် သမ္မတဦးသိန်းစိန်က ဂျွန်ကယ်ရီအား တုံ့ပြန် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxမြန်မာနိုင်ငံအတွက် စိန်ခေါ်မှုများကိုသာ အလေးထားပြောနေမည့်အစား အောင်မြင်မှုများကို အသိအမှတ်ပြုပြီး အဆိုပါ အောင်မြင်မှုများအခြေခိုင်အောင် အကူအညီပေးသင့်ကြောင်း အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဂျွန်ကယ်ရီအား သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။သမ္မတအိမ်တော်တွင် သြ ဂုတ် ၉ ရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံအ နေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းစ နိုင်ငံတိုင်း ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့သည့် အခြေအနေနှင့်နှိုင်းယှဉ်ပါက မြန်မာနိုင်ငံကပြုပြင် ပြောင်းလဲရေးကို တည်ငြိမ်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ထို့အပြင် သုံးနှစ်တာကာလအတွင်း ဒီမိုကရေစီစံနှုန်းများအ ပြည့်အ၀ ပေါ်ပေါက်အောင် အကောင်အထည်ဖော်ရန် ကန့်သတ်ချက်များရှိသည်ကို နားလည်ပေး စေလိုပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် နောက်ပြန်လှည့်ရန် မရှိဘဲ ရှေ့သို့ဆက်လက်ချီတက် နိုင်ရန် ဆုံးဖြတ်ထားကာ နိုင်ငံတကာကလည်း ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံနှင့် ဆက် ဆံရေးကောင်းမွန်စေရန် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကို သိသိသာသာ တိုးမြှင့်လုပ် ဆောင်ရန် လိုအပ်နေပြီး လူ့အခွင့်အရေးမြှင့်တင်ရေးအတွက် ဝန်ခံကတိပြုချက်များ နောက်ပြန်ဆွဲ နေသည့် အခြေအနေကို ပြင်ရန် လိုအပ်နေသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ က မြန်မာခေါင်းဆောင်များအား သတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။လာမည့်နှစ်တွင် လွတ်လပ် တရားမျှတပြီး ယုံကြည်နိုင်သည့် ရွေးကောက်ပွဲဖြစ်ပေါ်လာရန်အ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆက်လက်လုပ်ဆောင်ရန်လည်း ဂျွန်ကယ်ရီက တိုက်တွန်းသွားခဲ့သည်။လာမည့် နိုဝင်ဘာလတွင် အာဆီယံ ထိပ်သီးခေါင်းဆောင်များနှင့် တွေ့ဆုံရန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာ ရောက်ရန်ရှိပြီး ယင်းခရီးစဉ်မ တိုင်မီ အထက်ပါကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရေး ခြေလှမ်းရပ်များ လိုလားကြောင်း ဂျွန်ကယ်ရီက သမ္မတ ဦးသိန်းစိန်နှင့် မြန်မာလွှတ်တော်အမတ်များကို ရှင်းရှင်းလင်းလင်း သိသာစေခဲ့သည်ဟု အမေရိကန် အရာရှိများက ပြောဆိုသည်။သမ္မတအိုဘားမား အရှေ့အာရှ ထိပ်သီးညီလာခံသို့လာ တက်ရောက်မည်ဖြစ်သော်လည်း မြန်မာနိုင်ငံအခြေအနေများ တိုးတက်လာမှုကို မမြင်တွေ့မချင်း နှစ် ၄၀ ကြာ စစ်အစိုးရအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားနိုင်လိမ့်မည် မဟုတ်ကြောင်း အမေရိကန်အရာရှိများက ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ နှင့် တံခါးပိတ်ဆွေးနွေးပွဲမှ အချက်အလက်များကို တရားဝင် ထုတ်ဖော်ပြောဆိုခွင့်မရှိသဖြင့် အဆိုပါ အမေရိကန်အရာရှိက အ မည်မဖော်ဘဲ ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ခြားရေးဝန်ကြီးများနှင့် တွေ့ဆုံ ရာတွင် ဂျွန်ကယ်ရီက စိုးရိမ်ပူပန် ကြောင်း ပြောဆိုသွားခြင်း မရှိ သော်လည်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး အခက်အခဲများကို ကျော်လွှားနိုင်ရန် အမေရိကန်က ကူညီလုပ်ဆောင်လိုကြောင်း ပြောဆိုသွားခဲ့သည်။‘‘မြန်မာနိုင်ငံက အနာဂတ် စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေချိန်မှာ အမေရိကန်နိုင်ငံရဲ့ မိတ်ဆွေအဖြစ် ကူညီပံ့ပိုးမှုကို ရ ထားတယ်ဆိုတာကို မြန်မာပြည် သူတွေကို သိစေချင်တယ်’’ဟု ၎င်းက ပြောဆိုသွားသည်။ အိုဘားမားကလည်း မြန်မာနိုင်ငံသို့ ထပ်မံလည်ပတ်ရေးကို စိတ်အားထက်သန်နေကြောင်း လည်း ပြောဆိုသွားခဲ့သည်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၃ ခုနှစ် ဘရူနိုင်း နိုင်ငံတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးပြီးနောက် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။ဂျွန်ကယ်ရီက သြဂုတ် ၁၀ ရက်တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်သည်။ကိုးကား − အေပီYe MoeU Yaung Ni OoNla Nay Lin AungAung Chan MinKo Stan GyiYemon Soeဝင်းဇော် မိုးWun ThaWunnaphe ThawZaw Myat MinZaw Win KhaingSeaman NayminthuMin AungMyint SweSoe Hla MyintKoko YeyintJapangyi Platoon April— Image may be NSFW. Clik here to view. reading http://www.7daydaily.com/story/17944#.U-ibqaMkQTB. ကူးယူဖော်ပြသူ Kyaw Lin Nyein