Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့

$
0
0
ချင်းတောင်မှ ပင်လယ်ဝါ ဟိုင်နမ်ဒါအို မှ ဆေးဂုံ သို့

လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုနီးပါး မတ်လနှောင်းပိုင်းက ဖြစ်၏။မင်္ဂလာဒုံလေဆိပ်မှ နေ့လည်ပိုင်း၌စတင်
ထွက်ခွါခဲ့သည့် Air China (CAAC) လေကြောင်းလိုင်းမှဘိုးရင်း(၇၃၇) ဂျက်လေယာဉ်ကြီးသည် မြောက်စူးစူးသို့ ဦးတည်လျက် မှိုင်းပြာရီညှို့မို့မို့တိမ်လွှာပြင်များ အထက်ကောင်းကင်ယံပေသုံးသောင်းကျော်အမြင့်မှပျံသန်းနေ၏။
လေယာဉ်ပေါ်အတက်မှာအဖွဲ့ခေါင်းဆောင်ဒုတိယဗိုလ်မှူးကြီးချစ်ခင်၊စစ်ဦးစီးမှူး(ပထမတန်း-ဆေး) ဒုတိယဗိုလ်မှူးကြီးခင်ဝင်းတို့ အနောက်မှကပ်တက်ခဲ့ရာ လေယာဉ်မယ်လေးတွေနေရာ
ချပေးသည့် ဦးပိုင်းထိုင်ခုံကျယ်များ၌ထိုင်
ခွင့်ရခဲ့၏။ကျွန်တော်တို့ ခရီးစဉ်မှာ စီးလုံးငှား
Charter Flight ဖြစ်သည့်အတွက် Seat No.များမပါရှိပဲအစဉ်လိုက်
တက်ထိုင်ကြခြင်းဖြစ်ရာထိုထိုင်ခုံကျယ်များကားပုံမှန်ခရီးစဉ်၌အထူးတန်း Business Class ထိုင်ခုံများဖြစ်၏။
 
ကျွန်တော်နှင့်ဗိုလ်ကြီးငွေစိုးတို့မယောင်မလည်နှင့်အဆိုပါခုံများ၌ထိုင်
ခွင့်ရခဲ့ခြင်းဖြစ်သည်။လေယာဉ်ပျံသန်းချိန်(၆)နာ
ရီခန့်ကြာသဖြင့်သက်သက်သာသာစီးခွင့်ရ၏။လမ်းခုလတ်တနေရာဂျန်ရှာဆိုသောမြို့၌ခေတ္တဆင်းသက်ပြီးလောင်
စာဆီဖြည့်တင်းသည်။ခရီးသည်များအောက်မဆင်းရပါ။၎င်းမှ ဆက်၍ထွက်ခွါခဲ့ရာဒေသစံတော်ချိန်ညကိုးနာရီခန့်
တွင် စိန့်တိုင်း မြောက်ပိုင်း တနေရာရှိ ချင်းတောင် Qingdao လေဆိပ်သို့ရောက်ရှိပါသည်။လေယာဉ်မဆင်းမီက
တည်းကပြင်ပရာသီဥတုကိုလေယာဉ်မှူးကြီးကြိုတင်ပြောကြားထားသဖြင့်အနွေးထည်တွေထုတ်ဝတ်ထားရသည်။ပြင်ပအပူချိန်မှာအနှုတ် ၂ ဒီကရီ စင်တီဂရိတ်ခန့်သာရှိသဖြင့်လေ
ယာဉ်ပေါ်ကဆင်းသည်နှင့် ရေခဲခြစ်ဖတ်များဖြင့်
မျက်နှာကို ကျုံးပက်သလိုခံစားလိုက်ရပါသည်။

ချင်းတောင်ခေါ်ကျင်းတောင် Qingdao ကိုယခင်ကစင်တာအို Tsingtao ဟုခေါ် ခဲ့သည်။တောင်ကုန်းဒေသဖြစ်၍ ရာသီဥတုအေးမြသည်။ဘီယာနှင့် အရက်ချက်စက်ရုံများရှိပြီး ချင်းတောင်ဘီယာသည် ကမ္ဘာတွင်နာမည်ကြီးသည်။လေဆိပ်မှကျွန်တော်တို့တည်းခိုရမည့်ဟွေဟိုင်းဟိုတယ်သို့နာရီဝက်ခန့်ကားစီးရ၏။ ဟိုတယ်မှာဌာနပိုင်အဆောက်အဦးတခုကိုပြန်လည်မွမ်းမံထားဟန်တူ၏။ကြယ်သုံးပွင့်အဆင့်ဟု ဆိုသော်လည်းအနည်းငယ်ဟောင်းနွမ်းနေသည်။ရာသီဥတု အေးလွန်းသဖြင့် လေဆိပ်ကကြိုလာသည့်ကားပေါ်မှာသာမကဟိုတယ်၌
ပါ အပူပေးစက်များ ဖွင့်ထားပေး၏။နောက်နေ့မှာသူတို့ဆီကဌာန အစီအစဉ်ဖြင့်ကျွန်တော်တို့ကို ချင်းတောင်မြို့ဝန်းကျင် ရှိဈေးများ၊ ကုန်တိုက်များ၊အမှတ်(၁)ရေချိုးဆိပ် No.1 Bathing Beach နှင့်ငါးလေးတောင် Small fishMt. တောင်ကုန်းဒေသ တို့ကို လိုက်ပြ၏။ချန်ကေရှိတ် တရုတ်(တိုင်ပေ)သို့ ထွက်မပြေးမီ နောက်ဆုံးပုန်းခို ခဲ့ရာ
တောင်ကုန်းထက်ကရဲတိုက်ဆန်ဆန်အိမ်ကြီးကိုလည်းတွေ့ရ၏။ထိုနေရာမှ အနောက်ဖက်ရှိပင်လယ်ပြင်ကြီးကိုလှမ်းမျှော်ငေးမောရင်း ကိုရီးယားကျွန်းဆွယ် ရှိရာဘက်သို့ ငေးကြည့်ရ၏။ကျွန်တော်တို့အဖို့ရာသီဥတုကအတော်ပင်အေးနေသော်လည်းသူတို့အတွက်ကတော့နွေဦးရာသီ Spring ရောက်လာပြီဖြစ်၍ပင်လယ်ကမ်းခြေရှိအမှတ်
(၁)ရေချိုးဆိပ်၌နံနက်စောစောမှာပင်ရေကူးဝတ်စုံများဖြင့်ရေချိုးဖို့ပြင်ဆင်နေကြလေသည်။
နောက်တနေ့မှစ၍ကျွန်တော်တို့မောင်းနှင်ရမည့် ရန်(ဝ၃၇)အမျိုးအစားSubmarine Chaser ရေယာဉ်တွေရှိရာချင်းတောင်ဆိပ်ကမ်းသို့သွားရောက်ပြီးရေယာဉ်များကို စစ်ဆေးလက်ခံရ၏။ 
 
ရက်သတ္တပတ် အကြာတွင်ရေယာဉ်လက်ခံသည့်ကိစ္စများပြီးစီးပြီဖြစ်၍ကျွန်တော်တို့ ဟိုတယ်မှာ မနေရတော့ပဲ သင်္ဘောများ ပေါ်သို့ပြောင်းရွှေ့ ခဲ့ရတော့သည်။ သင်္ဘောပေါ်ရောက်ချိန်ကစ၍ ကျွန်တော်တို့ စားဖို့သောက်ဖို့ ၏ ကိုယ့်အစီအစဉ်နှင့်ကိုယ် ဈေးဝယ်ကြရ၏။နေ့စဉ်နံနက်ခုနှစ်နာရီ မှာဈေးဝယ်ဖို့ တောင်းအေ့စ်ကားတစီးသက်ဆိုင်ရာကစေလွှတ်ပေး၏။ဈေးဝယ်ရာ၌ အခက်အခဲမရှိစေရန် သူတို့ဆီက အရာရှိ မစ္စတာဝမ်ဒါယင်း၊နှင့်ဟူကျင်းရီတို့ကိုကျွန်တော်တို့နှင့်ထည့်ပေးပါသည်။ ချင်းတောင်နံနက်ဈေးကကမ်းနားဘက်မှာရှိပြီးအတော်ကြီး၏။ဈေးမှာအကာမရှိသော်လည်း အလင်းပေါက် အမိုးစိမ်းစိမ်းကြီးများ မိုးထားသဖြင့် လင်းထိန်နေ၏။ အသားတန်း၊ငါးတန်း၊သစ်သီးဝလံတန်း၊ ဂျုံနှင့်ဆန်တန်း၊ကုန်ခြောက်တန်းကြီးများသီးသန့်ရှိပြီးရောင်းသူဝယ်သူတို့ဖြင့်စည်ကားလှ၏။ဟင်းသီးဟင်းရွက်များမှာလတ်ဆတ်လှ
သည့်ပြင်အမိုးစိမ်းကြီးများကြောင့်ပို၍စိမ်းစိုနေသည်ထင်ရ၏။

ကျွန်တော်တို့ဈေးဝယ်နေစဉ်တလျှောက်လုံးဝမ်ဒါယင်းကခါးပိုက်နှိုက်များကိုသ
တိထားကြဖို့အင်္ဂလိပ်ဘာသာဖြင့် Beware of pick pocket ဟုမပြတ် သတိပေး၏။ဈေးဝယ်ချိန်၌ လည်း ဈေးကြီးမမိအောင်ဂရုစိုက်၍ဈေးဆစ်ပေးသဖြင့်သူ့ကိုကျေးဇူးတင်ရ၏။ ကျွန်တော်တို့အား နိုင်ငံခြားသားများဟုသိသဖြင့်ဈေးသယ်တို့က ဈေးတင်ခေါ်ကြသည်။နောက်ပိုင်း ရင်းနှီးသွားချိန်၌ သူ့ကိုကျွန်တော်တို့က ဝမ် လို့ပဲခေါ် ကြတော့၏။ 
 
တရက်ဈေးဝယ်နေစဉ် ကျွန်တော်နှင့် ကိုငွေစိုးက အသားတန်းတွေဘက်သွားကြ၏။ ဝင်းမြင့်အောင်က ဆန်ဝယ်ရန်ဆိုကာဆန်တန်းဘက်ထွက်သွား၏။ “ဝမ်”ကကျွန်တော်တို့နှင့် ပါလာပြီး“ဟူ”ကဘရွှေနှင့်အတူဝက် အူချောင်းဝယ်ရန်ကုန်ခြောက်တန်းဘက်သွား၏။ ဝင်းမြင့်အောင်နှင့်စကားပြန်ပါမသွား။သူတို့ဆီမှာကဆန်ကိုပြည်ချိန်
နှင့် မရောင်းပဲ ကတ္တား နှင့်ရောင်းခြင်း ဖြစ်၏။အသားငါးချိန်ရာ၌လည်း များလျင်ကတ္တားနှင့်ချိန်ပြီး နည်းလျင် ရိုးရိုးချိန်ခွင်ဖြင့်ချိန်၏။ သူတို့ချိန်ခွင်ကချိန်ခွက်နှစ်ခွက် မရှိပဲတခွက် သာပါ၏။ကျွန်တော်တို့နိုင်ငံရှမ်းပြည်နယ်ကအချို့ ဈေးများမှာထိုကဲ့သို့တခွက်တည်းပါသောချိန်ခွင်သုံး
သည်ကိုတွေ့ဘူး၏။ မကြာခင်ဝင်းမြင့်အောင်နှင့်ပါသွားသည့်အေးကိုကကျွန်တော်တို့အသား
ဝယ်နေသည့်ဆိုင်ကိုအပြေးတပိုင်းရောက်လာပြီး ဆန်တန်းဘက်မှာ ဝင်းမြင့်အောင်နှင့်ဆန်သည် ပြဿနာတွေတက်နေကြောင်းအမောတကော ပြောပြ၏။ကျွန်တော်တို့ အမြန်လိုက်သွားရာ ဝမ် လည်းနောက်က ပါလာ၏။ဆန်တန်းထဲ ရောက်
တော့ဝင်းမြင့်အောင်နှင့်ကျွန်တော်တို့်ဝယ်နေကြဆန်ဆိုင်ကဆိုင်ရှင်ကြီးစကားများနေကြပြီးသူတို့လူမျိုးများလည်းဝိုင်းအုံနေကြ၏။ဝမ် ကသူတို့ဘာသာဖြင့်ဝင်ရောက်ဖြေရှင်းပေး၏။ဇာတ်ပေါင်းတော့ ဝင်းမြင့်အောင် ဆန်ဝယ်စဉ်ဆိုင်ရှင်ကဝယ်ယူသည့်ကီလိုချိန်တဝက်သာချိန်ပေးပြီးပိုက်ဆံ
အပြည့်ယူသဖြင့်ဝင်းမြင့်အောင်က ဆိုင်ရှင်ကို လက်ဟန်ခြေဟန်ဖြင့်ပြန်ပြော၏။ ဆိုင်ရှင်ကသူမှန်သည်ဆိုပြီးကွိစွိကွစွစကားနှင့်ပြန်ငြင်း၏။

ဘေး ဆိုင်တွေကပါ ထိုဆိုင်ရှင် မတရားလိမ်ရောင်းနေတာ မခံချင်သဖြင့် ဝင်းမြင့်အောင်ဘက်ကနေပြီးကျီး
ကန်းများလိုဝိုင်းအာကြ၏။ထိုဆိုင်မှာယမန်နေ့တွေက ကျွန်တော်တို့ဆန်ဝယ်စဉ်၌လည်းထို ကဲ့သို့ညာရောင်းကြောင်းဘေးဆိုင်တွေက၀င်ပြော၏။ကျွန်တော်တို့ကဈေးနှုန်းသာသိသော်လည်းကတ္တားမချိန်တတ်သဖြင့်
သူချိန်ပေးသည့်ပမာဏအတိုင်းသာယူ၏။ဝင်းမြင့်အောင်ကသူပုသိမ်မှာနေစဉ်ဌာနသမဆိုင်၌ကတ္တားဖြင့်ဆန်
ချိန်နေကြဖြစ်၍ ထိုဆိုင်ရှင်လူလည်ကျသည်ကိုသိခြင်းဖြစ်၏။သူ့ကျေးဇူးနှင့်ယမန်နေ့တွေကထိုဆိုင်ရှင်ကျွန်
တော်တို့ထံမှပိုယူခဲ့သောပိုက်ဆံများကိုပါ ဝမ် ကပြန်တောင်းပေး၏။

ဈေးဝယ်လို့ပြီးတော့ ကျွန်တော်တို့က လ္ဘက်ရည်ဆိုင်ထိုင်ကြ၏။ဝမ် ကအားနာသဖြင့် ကားပေါ်က
စောင့်မည် ဆိုကာ သွားနှင့်၏။ ဆိုင်မှာ တွေ့သည့် မုန့်တွေကို လက်ညှိုးထိုးမှာစားကြ၏။သူများတွေ အငွေ့ထောင်းထောင်း ပေါက်စီ သေးသေးလေးတွေမှာစားနေကြတာတွေ့ရ၏။ကျွန်တော်တို့ကစားချင်သဖြင့်မှာရာ သူတို့က နားမလည်လို့ မှာမရ။သူများ စားနေတာသွားပြီး လက်ညှိုးထိုး ပြဖို့ကလည်းအလွန်ရိုင်းရာကျ
မည်။ နောက်ဆုံး ကျွန်တော်က ကိုငွေစိုးအား “ အကိုရေ ပေါက်စီနဲ့ တူတယ်ဗျ။ဘယ်လိုမှာရမလဲမသိဘူး”လို့ ပြောလိုက်ရာဆိုင်ရှင် အဖိုးကြီးကြားသွားပြီး “ဘောစီ၊ဘောစီ၊ အိုခေး” ဟုဆိုကာဆိုင်နောက်ဖက်ပေါင်းအိုးထဲမှ ကျွန်တော်တို့ စားချင်သည့်ပေါက်စီများလာချပေးတော့၏။
 
လ္ဘက်ရည်သောက်ပြီးတော့ကားဘေးကကုန်ခြောက်ဆိုင်သို့ဝင်ပြီး ပဲငံပြာရည်အနောက်ဝင်ဝယ်ကြ
ရာဘယ်လိုမှရှင်းပြလို့မရ။ကျွန်တော်တို့ နံနက် ထမင်းကြော်ရာ အဖြူထည်ဖြစ်နေသဖြင့်ကြာညို့ ခေါ်ပဲငံပြာရည် အနောက် ဝယ်လိုခြင်းဖြစ်၏။ကျွန်တော်တို့ ဝယ်တာကြာသဖြင့် ကားပေါ်ထိုင်နေသည့် ဝမ် ကဆိုင်ထဲလိုက်လာ၏။သူ့ကို အကူအညီတောင်းပြီး ပဲငံပြာရည် မှာတော့လည်း ဆိုင်ရှင် လာပေးတာကတလွဲတွေဖြစ်
နေ၏။ပဲနို့နှင့် ပဲပုတ်စေ့ရည် စိမ်ပုလင်း တွေလာပြ၏။ကျွန်တော်တို့တွေ ဆွိုင်းဘီ(န်)း တွေ၊ ဆွိုင်း ဆော့တီးလစ်ကွစ် တွေပြောပြရာ ဝမ် က သူတို့ ဘာသာစကား ဖြင့်ရှင်းပြပေမဲ့
ဆိုင်ရှင် လာပြသည်မှာ အလွဲတွေချည်း။

ဝင်းမြင့်အောင်က“ အကိုရေ။ သူတို့ဆီမှာ ကြာညို့ မရှိဘူးနဲ့တူတယ်ဗျ ” ဟု ကျွန်တော့်အားကပ် ပြောတာဆိုင်ရှင် ကြားသွားပြီး“အိုး ကျန်းလျို့  ကျန်းလျို ၊့ ရက် ရက် ” ဆိုကာ ဆိုင်နောက်ဖက်သို့ဝင်သွားပြီးကျွန်တော်တို့လိုချင်သည့်ပဲငံပြာရည်အနောက်ပုလင်းလေးငါးပုလင်းပွေ့ယူလာတော့၏။ကားပေါ်ရောက်တော့မှဘောစီ(ပေါက်စီ)
တို့ကျန်လျို့ (ကြာညို့)တို့ ဆိုသည်မှာသူတို့ ဘာသာစကားတွေဖြစ်ကြောင်းဝမ်ကရှင်းပြရာ ကျွန်တော်တို့တဝါးဝါးရယ်ကြရပါ၏။

ဧပြီလ(၁၅)ရက်နေ့နံနက်မှာသင်္ဘောများကိုအခမ်းအနားဖြင့်လွှဲပြောင်းပေးပါသည်။လွှဲပြီးသည်နှင့်မွန်းလွဲပိုင်း၌ ကျွန်တော်တို့တွေချင်းတောင်ကနေ ရေကြောင်းခရီးဖြင့် ချက်ခြင်းပြန်လည်ထွက်ခွါကြရပါသည်။ကျွန်တော်တို့ရန်ပိုင်အောင်မှာ ဦးဆောင်သင်္ဘောဖြစ်၍ အဖွဲ့ခေါင်းဆောင် ဒုဗိုလ်မှူးကြီးချစ်ခင်လိုက်ပါပြီးဒုစစ်ရေယာဉ်မှူးဗိုလ်
မှူးစိုးဌေး၊လက်နက်အရာရှိ ဗိုလ်မှူးမြင့်နိုင်ဖြစ်သည်။ ဗိုလ်ကြီးမြင့်နွယ်(ယခု ဗိုလ်မှူးချုပ် ရလရ မှူး)က ရေကြောင်းလမ်းညွှန် အရာရှိ၊ကျွန်တော်က ထောက်ပံ့ရေးအရာရှိ၊ ဗိုလ်ကြီးအောင်ကျော်ဦး(ဆက်သွယ်ရေး)ဖြစ်၏။အင်ဂျင်နီယာဗိုလ်မှူးရဲတင့်နှင့် ဒုအင်ဂျင်နီယာဗိုလ်ကြီးအေးသန်းမြင့်တို့ဖြစ်သည်။
 
ဒုတိယသင်္ဘော ရန်ဝင်းအောင်၏ စစ်ရေယာဉ်မှူးဗိုလ်မှူးကြည်ဝင်းနှင့်ဒုစစ်ရေယာဉ်မှူးဗိုလ်မှူးဥာဏ်ထွန်း (ယခုနိုင်ငံတော်ဒုတိယသမ္မတ)ဖြစ်ပါသည်။ တတိယသင်္ဘောရန်အေးအောင် စစ်ရေယာဉ်မှူးကဗိုလ်မှူးကျော်ဝင်းနှင့်ဒုစစ်ရေယာဉ်မှူးဗိုလ်မှူးသူရသက်ဆွေ(ယခုကာကွယ်ရေးဦးစီးချုပ်-ရေ)တို့ဖြစ်ကြပါသည်။စစ်ရေယာဉ်ရန်ဇွဲအောင်၏စစ်ရေယာဉ်မှူးမှာဗိုလ်မှူးစိန်ထွန်းဖြစ်ပြီးဒုစစ်
ရေယာဉ်မှူးကဗိုလ်မှူးဝင်းရှိန်(ယခုဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး)ဖြစ်သည်။ကျန်သင်္ဘော
အင်ဂျင်နီယာများမှာ ဗိုလ်မှူးကြည်စိုးဗိုလ်မှူးခင်မောင်ရီနှင့် ဗိုလ်မှူးမြင့်ထွန်းတို့ဖြစ်ပါသည်။ ကျွန်တော်တို့အပြန်ခရီးအတွက်ခရီးစဉ်စီမံချက်ကိုတော့ ဗိုလ်မှူးဥာဏ်ထွန်းကတာဝန်ယူရေးဆွဲခဲ့ပါသည်။
သင်္ဘောများအပြန်ခရီးစဉ်၌ သူတို့ ရေပိုင်နက်ဆုံးသည်ထိသူတို့ဘက်မှရေကြောင်းပြ၊ဆက်သွယ်ရေးနှင့် 
အင်ဂျင်နီယာအရာရှိများ ကျွန်တော်တို့နှင့် လိုက်ပါကြမည်ဖြစ်ပြီးဘာသာပြန် အဖြစ် ဗိုလ်ကြီး ဝမ်ဒါယင်း လိုက်ပါမည်ဖြစ်သည်။ ပထမပိုင်းမှာ ဝမ် ကပျော်နေ၏။ကျွန်တော်တို့ ချင်းတောင်ကထွက်ခွါပြီးပင်လယ်ဝါ Yellow sea ကိုဖြတ်ရ၏။ 
 
သင်္ဘောများအတန်းလိုက်ပုံပြု(၁) ဖြင့်မောင်းလာစဉ်ပဲ့စင်ပေါ်မှသူတို့ဆက်သွယ်ရေးအရာရှိ၏ “ စွတ်အ၊
စန်းအ၊ရိ အာဂျောင်” ရေယာဉ် အမှတ်သုံး နှင့်လေး၊ရေယာဉ် အမှတ်(၁) ခေါ်နေတယ်ဟု အဓိပ္ပာယ်ရသောဆက်သွယ်သံများမကြာခနကြားရပြီးရေယာဉ်များနှင့်စက်မကြီးများအခြေအနေကိုပြောဆိုကြ၏။နှစ်ရက်ခန့်ခုတ်မောင်း ခဲ့ပြီးရှန် ဟိုင်းအလွန်၌ ရေကြောင်းလမ်းညွှန်အရာရှိနှင့်ဆက်သွယ်ရေး အရာရှိများဆင်းသွားကြပါသည်။
အင်ဂျင်နီယာနှင့် ဝမ် တို့ ဆက်လက်လိုက်ပါရမည် ဆိုသောအခါဝမ်တယောက်မျက်နှာပျက်လာ၏။ သူ့အဖော်တွေဆင်းသွားကြပြီမှုတ်လား။အင်ဂျင်နီယာကလည်းစက်ခန်းထဲမှာအနေများသဖြင့်သူနှင့်သိတ်မတွေ့ရတော့
သူအားငယ်လာဟန်တူ၏။
 
ပထမပိုင်းမှာကျွန်တော်တို့ နှင့် ထမင်းလာစားသော်လည်းခပ်စပ်စပ်ဆီပြန်ဟင်းတွေကို
သူကြိုက်ဟန်မတူ။ဝတ္တရားကျေ “ ဗဲရီးဂွတ်၊ဗဲရီးဂွတ် ” ဟုဆိုနေရသော်လည်း မျက်နှာကြီးတခုလုံးနီရဲကာချွေးတွေပြန်နေပြီး နောက်ပိုင်း ကျွန်တော်တို့နှင့်လာမစားတော့။ မီးဖိုက ရေနွေးကို တောင်းကာသူယူလာသည့်အသင့်စား ခေါက်ဆွဲခြောက်ဘူးများကိုသာစားတော့၏။ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ဗိုလ်မှူးကြီးချစ်ခင်ကိုယ်တိုင်ခေါ်ခိုင်းမှ
အားနာပြီး တခါတရံသာလာစားတော့သည်။စားတော့လည်း တို့ကနန်း ဆိတ်ကနန်းသာ။သည်ကြားထဲ တောင်တ၏ရုတ်ပင်လယ်ပြင်၌ရာသီဥတု ဆိုးပြီးလှိုင်းကြီးနေသဖြင့် ဝမ်တယောက် seasickness ရပြီးအန်နေတာကိုတွေ့ရသည်။နောက်သုံးရက်ခန့်အကြာ မကာအိုအနီးရှိကျန်ဂျင်း Zhanjiang မြို့အဝင်ပင်လယ်ဝ၌ ပင်ကျောက်ချရပ်
နားပြီးဆီရေများဖြည့်တင်းရ၏။ရေယာဉ်များအနက်တစီးစက်အနည်းငယ်ချို့ ယွင်းသွားသဖြင့်ပြင်ဆင်ကြရသေးသည်။

ဝမ်ကသူမကြာခင် ပြန် ရတော့မည်ဟုတွေးပျော်နေ၏။သူတို့ ရေပိုင်နက် အဆုံးနား သို့ရောက်နေလေပြီ။သူ့ကိုလည်းကိုယ်ချင်းစာပါသည်။ကိုယ့်အမိမြေ၊မိခင်ရင်ခွင်နဲ့ဝေးသောနေရာမှာမည်သူမျှကြာရှည်မနေလိုပါ။ကျွန်
တော်တို့ပင်တာဝန်တွေကြားမှအိမ်လွမ်းဝေဒနာကိုစတင်ခံစားနေကြရပြီ။ဝမ် ကသေချာပေါက်ပြန်ရတော့မည်ဆိုပြီးသူ့လက်ကျန်ခေါက်ဆွဲဘူးအချို့ ကိုကျွန်တော်တို့အားဝေငှပေးနေ၏။ညနေပိုင်းသင်္ဘောဦးပိုင်း Forecastle ၌
ဝမ် တယောက်ခေါက်ဆွဲပြုတ်စားရင်းအနောက်ဖက် တောင်တရုတ်ပင်လယ်ထဲသို့ ဝင်လုဆဲပုဇွန်ဆီရောင်နေလုံးကြီးကိုငေးမောကြည့်နေ၏။ထိုစဉ်သူ့အနားသို့ကျွန်တော်တို့သင်္ဘောကအင်ဂျင်နီယာကိုရဲတင့်နှင့်ဆက်သွယ်ရေး
ကိုအောင်ကျော်ဦး(ကုလားကြီး)တို့စာရွက်ပိုင်းလေးတခုကိုကိုင်ကာ မယောင်မလည်ချဉ်းကပ်လာကြ၏။ကိုရဲတင့်ကဟန်ပါပါ ချောင်းတချက် အရင်ဟန့်လိုက်ရင်း “ဟဲလိုး ဝမ်၊ အိုင်အမ် ဗဲရီး ဆောရီး ” ဟုဆိုကာစာရွက်ပိုင်းလေးကိုထိုးပေး၏။ စာပါအကြောင်းအရာမှာလိုအပ်ချက်အရကျွန်တော်တို့ခရီးဆုံးထိ ဝမ် လိုက်ပါရန်နှင့်အင်ဂျင်နီယာ
ကျန်ခဲ့ရန်ခရီးစဉ်ဆုံးမှ ဝမ် က လေယာဉ်ဖြင့်ပြန်လာရမည်ဖြစ်ကြောင်းဖော်ပြ ထား၏။ မူလကပြုံးယောင်သမ်းနေသည့်ဝမ့်မျက်နှာတွင် အပျော်ရိပ်များပျောက်ဆုံးသွားပြီး တိုက်ကြက်ဖကြီးဒေါသဖြစ်သလိုရဲရဲနီလာပါ၏။ထို့နောက်
I hate noodle ဟုကျယ်လောင်စွာ အော်ဟစ်ကာ စားလက်စခေါက်ဆွဲဘူးကို ပင်လယ်ထဲ ပစ်ပေါက်ချလိုက်ပြီးသူ့အခန်းထဲသို့ဒေါသတကြီးပြေးဆင်းသွားတော့၏။ထိုအခါမှ
ကိုရဲတင့်က“ ညီလေးရေ၊ကိုယ်တို့အနောက်လွန်သွားပြီထင်တယ် ”  ဟုဆိုကာကြေးနန်းကိုသူနှင့်ကိုအောင်ကျော်ဦးတို့တိုင်ပင်ရေးသားခဲ့ကြောင်း ရှင်းပြ၏။ 
 
ကံအားလျော်စွာထိုည၌ ဝမ်နှင့် အင်ဂျင်နီယာတို့နောက်တနေ့တွင်ကျန်ဂျင်းဆိပ်ကမ်းမှာဆင်းကြရမည့်
အကြောင်းအမှန်တကယ်ကြေးနန်းဝင်လာ၏။သူ့အခန်းကိုဘယ်သူမှဖွင့်ခိုင်း၍မရပဲတလခန့်သူနှင့်အတူဈေးဝယ်
ရင်းခင်မင်နေသည့်ကျွန်တော်ကသွားခေါ်ပြီးအကျိုးအကြောင်း ပြောပြတော့မှ ပြန်ပြုံးနိုင် တော့၏။နောက်နေ့နံနက်စောစောသူတို့ကိုလာခေါ်သည့် ဖယ်ရီဘုတ်ရောက်ချိန်မှာတော့ ဝမ်တယောက်စီအိုကြီးကိုဖက်ပြီးချုံးပွဲချ၍ငိုပါတော့သည်။ကျွန်တော်တို့ သင်္ဘောတစင်းလုံးလည်း အဖွဲ့ခေါင်းဆောင်ကစ၍ မည်သူမျှစိတ်မကောင်းကြပါ။

ဖယ်ရီဘုတ် ခွါသွားချိန်မှာ ကျွန်တော့်ကို လက်ဟန်ခြေဟန်ဖြင့် သူ့ထံ စာရေးဘို့ အချက်ပြ နေသေးသည်။ကျွန်တော်တို့ သင်္ဘောများ ကျောက်နှုတ်ပြီး ဆက်လက်ထွက်ခွါခဲ့ကြရာ ဝမ် လိုက်ပါသွားသည့်ဖယ်ရီဘုတ်လေးမှာမကြာမီ၌တဖြည်းဖြည်းဝေး၍ဝေး၍မှေးမှိန်ပျောက်ကွယ်သွား တော့၏။
 
Kyine Lian's photo.
Kyine Lian's photo.
Kyine Lian's photo.

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>