"အပျင်းပြေ _ ၁၃ " ( ငြီးငွေ့ခြင်း ပုံပြင် )
. . . . . တာဝန်ကျရာ တိုက်နယ်ဆေးရုံကလေးရဲ့ ဆရာဝန်အခန်းထဲကနေ ပြူတင်းပေါက်ကို ဖွင့်လိုက်တော့ . . . စိမ်းစိုစို လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးမွှေးမွှေးက ကျွန်တော့်မျက်နှာကို လာရိုက်တယ်။ လူကို လန်းဆန်းပြီး တက်ကြွသွားစေသလိုပါပဲ။ စိမ်းညို့နေတဲ့ စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . . ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်း(ထော်လာဂျီ)က တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ အလွန် စိတ်ကြည်နူးဖွယ် ပါ။ အလွန် စိတ်ချမ်းမြေ့ဖွယ် ပါ။ သဘာဝဆီမှာ ခဏပြန်ပြီးပျော်ဝင်စီးမြောမိတဲ့ လူတွေရဲ့ထုံးစံအတိုင်း ကျွန်တော့် မျက်လုံးတွေ ပြုံးနေပါလိမ့်မယ်။ ကျွန်တော်သိတယ်။ ကျွန်တော့် နှုတ်ခမ်းတွေပါ ပြုံးမနေရင်တောင် နှလုံးသားလည်း ပြုံးနေလိမ့်ဦးမယ်။ ကျွန်တော် သိပါတယ်။ ခင်ဗျားဆိုလည်း ဒီလိုနေမှာပါပဲ။
. . . . . လွန်ခဲ့တဲ့ ခုနစ်နှစ် ၊မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသရဲ့ တောင်ဘက်အကျဆုံးအပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ တိုက်နယ်ရဲ့ဆေးရုံကလေးကို ပထမဆုံးအကြိမ်ရောက်တဲ့ အခါဖြစ်တယ်။ လှမ်းမမြင်ရပေမယ့် ပင်လယ်နဲ့ သိပ်ကြီးကို နီးပါတယ်။ သဘာဝပင်လယ်လေထဲမှာ ပွဲတော်ညတွေဆို မုန့်နံ့ မီးနံ့တသင်းသင်းနဲ့ စည်ကားဖွံ့ဖြိုးတဲ့ တိုက်နယ်တစ်ခုပါ။ ခရိုင်မြို့ကြီးအထိ ကုန်းလမ်းပေါက်တော့ ယဉ်ကျေးမှုနဲ့ကုန်စည်စီးဆင်းမှုက ၀ီလီဂျစ်စီးလို့ မြန်ဆန်သွက်လက်တယ်။ တချိန်တည်းမှာပဲ မြန်မာကျေးတောရွာဓလေ့အပြည့်နဲ့ ၊ ရိုးရာယဉ်ကျေးမှုကိုတန်ဘိုးထားပြီး ဘာသာတရားကိုင်းရှိုင်းတတ်တဲ့ပင်လယ်ရွာကြီး ပါပဲ။
. . . . . သဘာဝနဲ့ တသားတည်းနေဖို့ ၊ ကျေးလက်လူထုဆီ ပျော်ဝင်ဖို့ အံခဲလှမ်းလာတဲ့ မြို့ကြီးသားတဖြစ်လဲ ဘ၀သမားဆရာဝန်ကို တိုက်နယ်ဆေးရုံက အထက်ပါအတိုင်းကြိုဆိုပါတယ်။ပထမဆုံးအထိအတွေ့ဟာ အတော် သာယာပြီး နှစ်လိုဖွယ်ရာပါပဲ။ ဆေးရုံကလေးကလည်း အသစ်ကလေးဗျ။ အသစ်နံ့တောင် မပျောက်တတ်သေးဘူး။ နေချင့်စဖွယ် . . . ။ ရေ ၊ မီး မရတာကလွဲလို့ ပေါ့လေ။
. . . . . စိတ်ချမ်းမြေ့စွာနဲ့ ခုတင်ပေါ်လှဲချလိုက်တဲ့အချိန်မှာတင် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ ကျွတ်ဆူကျွတ်ဆူအသံတွေကြောင့် ပြန်နိုးလာတော့ ညနေတောင် တော်တော်စောင်းသွားပေါ့ဗျာ။လူနာတွေရယ် ၊ လူနာရှင်တွေရယ် ၊ ရွာခံ ရပ်မိရပ်ဖတွေရော ၊ ဥက္ကဌ ဘာညာစုံလို့ပဲ . . . ကျွန်တော့် လာနှုတ်ဆက်ကြတယ်။ ကျေးလက်ဆရာဝန်ဘ၀အစကို ကျေနပ်နှစ်သိမ့်မိသေးတော့ဗျာ။ သူတို့တွေပြန်သွားတော့ ပြတင်းပေါက်ကို ကျွန်တော်သွားဖွင့်တယ်။
. . . . . စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . .( မနက်က နေရာတော့ မဟုတ်တော့ပါ ၊ နေရာပြောင်းလိုက်ပြီ ) ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်းက တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ မနက်နဲ့ ညနေပဲ ကွာသွားတယ်။ ဆည်းဆာရောင်ထဲက ရှုခင်း . . . သိပ်လှပါကလား။ . . . ပြတင်းပေါက်ကို ပိတ်ပြီး ထမင်းစားဖို့ ကျွန်တော်ထွက်ခဲ့တယ်။
. . . . . နောက်တစ်နေ့မနက်လင်းလို့ နိုးတယ်ဆိုရင် အရင်ဆုံးကျွန်တော်လုပ်ဖြစ်တဲ့အလုပ်က ပြတင်းပေါက်တံခါးကို သွားဖွင့်ခြင်းပဲ။ ဖွင့်လိုက်တာနဲ့ . . . လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးမွှေးမွှေးက ကျွန်တော့်မျက်နှာကို လာရိုက် . . ။ စပါးပင်စိမ်းစိမ်းတွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်ခွ နေကြ ၊ ကျွဲ ငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးပဲ . . ။ . . . အင် . . ဒိန်းဒေါင်း မရှိပါကလား။ တွေးလို့မှ မဆုံးသေးခင် . . ကိုဒိန်းဒေါင်းက သူ့လက်ယပ်ခေါ်လိုက်သလို တဒုန်းဒုန်းနဲ့ မောင်းချလာပါရော . . ။ အင်း . . . ကျေးလက်ရှုခင်းလေး ပြည့်စုံသွားပါပေါ့လို့ တွေးရင်း ပြတင်းပေါက်ကို မျက်နှာလွှဲပြီး သွားတိုက်ဖို့ပြင်ရတယ်။
. . . . . ဒီစာလုံးတွေကို သုံးခါဖတ်လိုက်ရတဲ့ ခင်ဗျားတော့ ဘယ့်နှယ်နေမယ် မသိဘူး။ သုံးခါဆက်တိုက်ကြည့်လိုက်ရတဲ့ ကျွန်တော်တော့ . . . အင်း . . . ၊ . . ခင်ဗျား နောက်တစ်ခေါက်ဖတ်ချင်သေးလား။
. . . . . အလုပ်တွေပြီးလို့ ညနေစောင်းတော့ ကျွန်တော့်အခန်းလေးထဲပြန်ရောက်လာ။ ရေချိုးမယ်ပြင်တုန်း . . ခဏအားလို့ ပျင်းတော့ ပြတင်းပေါက်ဆီ လျှောက်သွား . . ။ ဖွင့်မယ်ပြင်တော့ ဘာတွေ့ရမလဲဆိုတာ ကျွန်တော်သိနေပြီလေ . . ။ ကျွန်တော့်လက်က တုန့်သွားပြီး ပြန်လှည့်မိတယ်။ တခြားဖွင့်စရာ စဉ်းစားတော့ ဘာမှမရှိ။ တီဗွီ မရှိ ၊ ကက်ဆက် မရှိ ၊ ရေဒီယို မရှိ ၊ ရှိလည်း မီးမရှိ . . ၊ စာအုပ် လေး ငါး အုပ် ရှိပါရဲ့ . . ။ ဒီအချိန်မှာ စာအုပ်ဖတ်ချင်တာမျိုးမှ မဟုတ်ပဲ။ ခင်ဗျားဖြစ်ဖြစ် ၊ ကျွန်တော်ဖြစ်ဖြစ်ပေါ့ . . အလုပ်ကပြန်လာတဲ့ အချိန် ၊ ဆိုင်ရာဝပ်ကျင်းလေးထဲမှာ ဖိအားတချို့ကို ဝေမျှဖြေလျှော့ပေးနိုင်မယ့်ဂီတသံလေးဖြစ်ဖြစ် ၊ တီဗွီ သတင်း ရေဒီယိုသတင်းသံလေးဖြစ်ဖြစ် ၊ "ညောင်"လို့ အော်လိုက်တဲ့ ကြောင်သံလေးပဲ ဖြစ်ဖြစ်ပေါ့ . . ။ အဲဒါမျိုး တစ်ခုခု . . ဘာမှ မရှိ။ ၀န်ထမ်း သုံးလေးယောက်ကလည်း ပြန်ကုန်ပြီ။ လူနာဆောင်နဲ့လည်း လှမ်းတော့ ကျွန်တော့် အခန်းလေး ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်လွန်းတယ်။ ကွန်ကရစ်တောသားတဖြစ်လဲ ကျွန်တော့်အတွက် ကျေးလက်ရဲ့ ရိုက်ခတ်မှုက ဒဏ်ဖြစ်စေသလိုပါပဲ။ လူသံ ၊ ခွေးသံ ဘာသံမှ မရှိတဲ့အဆုံးမှာ ဘဲသံ"ဂတ် ဂတ်"က တော်ဦးမယ်လို့ တွေးပြီး ကျွန်တော် ပြတင်းပေါက်ကို သွားဖွင့်တယ်။
. . . . . ဟုတ်တယ် . . ဘဲတွေက "ဂတ် ဂတ် ဂတ်"လို့မြည်ပြီး ဆီးကြိုကြတယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာအတိုင်း တာဘောင်ရိုးကို ကျော်လို့ ခွလို့ပေါ့။ ကျန်တာတွေက . . . ( ခင်ဗျားလည်း ဖတ်ရမယ်နော် ၊ ကျွန်တော်လည်း ရေးရတာပဲ ) . . စပါးပင်တွေ လေယူရာ တိမ်းလို့ ယိမ်းလို့ ၊ ကျွဲတွေက ရွှံ့ထဲမှာ စိမ်နေ ၊ ဟိုဗျိုင်းနှစ်ကောင်က . . အင်း အခုတော့ တစ်ကောင်ပဲ ရှိပါရဲ့ . . သူလည်း ညောင်းသင့်ပါပြီ . . ဒီတစ်ကောင်ကတော့ မညောင်းသေး . . မထုံတတ်ထေးပဲ။ ဒိန်းဒေါင်း . . ။ ဟိုမှာ လာနေပါပြီ ခင်ဗျား . . ။ အောင်မယ် လက်တောင်မြှောက်ပြလိုက်သေး . . ။ အမှန်က တစ်ဖက်လယ်ကွင်းထဲက အသိကို လှမ်းနှုတ်ဆက်တာ ဖြစ်ပါလိမ့်မယ်။ ရုတ်တရက်တော့ ကျွန်တော့်စိတ်ထဲ ဖျဉ်းခနဲဖြစ်သွားပြီး ပြတင်းပေါက်ကနေလှည့်ထွက်ခဲ့မိတယ်။ . . . အဲဒီညက ပြတင်းပေါက်မပိတ်ပဲ ကျွန်တော်အိပ်မိတယ်။
. . . . . အိပ်မက်ထဲမှာ သမ္မတရုံလည်းရောက်ပါရဲ့။ ဂျေဒိုးနတ်လည်းရောက် ၊ ညဘက် တရုတ်တန်းလည်းရောက်။ လက်ဘက်ရည်ဆိုင်ထဲ ဘောပွဲလည်း ၀င်ကြည့်ခဲ့ရသေး ၊ ရည်းစားလေးနဲ့လည်း ပြန်တွေ့ရသေး။
. . . . . မနက်လင်းလို့ အိပ်ယာက ငုတ်တုတ်ထထိုင်တော့ ပြတင်းပေါက်ပွင့်နေတာတွေ့ရတယ်။ ကျွန်တော်ဟာ အိပ်မက်ကလေးတွေပြန်စဉ်းစားရင်း ပြတင်းပေါက်ကို ထိုင်ငေးနေမိပါတယ်။ နယ်ကို၊ တောကို မသွားချင်ဘူးလို့ ခဏခဏပြောတတ်တဲ့ ရန်ကုန်သားသူငယ်ချင်းတချို့ရဲ့ မျက်နှာတွေကို ပြတင်းပေါက်ကတဆင့် ကျွန်တော်မြင်လိုက်ရသလိုပဲ။မဟုတ်ဘူးဗျား . . . ပြတင်းပေါက်တဆင့် ကျွန်တော်မြင်နေရတာက တဒုန်းဒုန်းနဲ့ ၀င်လာတဲ့ ဒိန်းဒေါင်းကြီးပဲ။ ကျွန်တော် ခုတင်ပေါ်က ကမန်းကတန်းထဆင်းပြီး ပြတင်းပေါက်ဆီသွားတယ်။
. . . . . ပြတင်းတံခါးကို ဆွဲပိတ်လိုက်ပါတယ်။ ( ထပ်မရေးတော့ပါဘူး . . မကြောက်နဲ့ ) ဒါပေမယ့် လယ်ကွင်းထဲက စပါးပင်တွေကိုရော ၊ ဘဲတွေကိုရော ၊ ကျွဲတွေကိုရော ၊ ဗျိုင်းတွေကိုပါ ကျွန်တော်မြင်ဖြစ်အောင် မြင်ခဲ့ရသေးတယ်။ ဗျိုင်းကလည်း နှစ်ကောင် ပြန်ဖြစ်နေပြီ ခင်ဗျ။ သူတို့မို့ မပျင်းနိုင် ၊ မညောင်းနိုင်လေတယ်။
. . . . . ပြတင်းပေါက်ကို ကျွန်တော်ဘယ်တော့မှ ပြန်မဖွင့်တော့ပါ။
. . . . . တာဝန်ပြီးလို့ ကျွန်တော်ပြန်ပြောင်းရွှေ့ရတော့ ရွာကို နိုင်သလောက်နှုတ်ဆက်ခဲ့ပါတယ်။ ပြတင်းပေါက်ရှေ့ကို ကျွန်တော် တစ်ခါပြန်ရပ်ဖြစ်တယ်။ ဖွင့်မယ်လို့ လုပ်တယ်။ မဖွင့်တာကြာပြီမို့လို့ တချို့မြင်ကွင်းတွေ ပြောင်းသွားလောက်ပြီလို့ ကျွန်တော်တွေးမိတယ်။ ဒါပေမယ့် ကျွန်တော့်မှတ်ဥာဏ်ထဲမှာ ဒီပြတင်းပေါက်ကို ဒီအတိုင်းလေးပဲ ဆက်ရှိနေစေချင်တာနဲ့ ကျွန်တော်မဖွင့်တော့ဘူး။ ကျွန်တော့်ဦးနှောက်ထဲမှာ အဲဒီပြတင်းပေါက်ဟာ ခုထိ ပိတ်ထားပေမယ့် သူ့ကိုဖြတ်ပြီး သူ့ရှေ့ကမြင်ကွင်းတွေကိုလည်း ခုထိကျွန်တော်မြင်နေရတုန်းပဲ။ ။
(ယက္ခ) ရဲကြီး ။
၇-၁၅ ၊ ၈ ၊ ၁၄ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
—
. . . . . တာဝန်ကျရာ တိုက်နယ်ဆေးရုံကလေးရဲ့ ဆရာဝန်အခန်းထဲကနေ ပြူတင်းပေါက်ကို ဖွင့်လိုက်တော့ . . . စိမ်းစိုစို လယ်ကွင်းတွေကို ဖြတ်တိုက်လာတဲ့ လေအေးအေးမွှေးမွှေးက ကျွန်တော့်မျက်နှာကို လာရိုက်တယ်။ လူကို လန်းဆန်းပြီး တက်ကြွသွားစေသလိုပါပဲ။ စိမ်းညို့နေတဲ့ စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . . ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်း(ထော်လာဂျီ)က တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ အလွန် စိတ်ကြည်နူးဖွယ် ပါ။ အလွန် စိတ်ချမ်းမြေ့ဖွယ် ပါ။ သဘာဝဆီမှာ ခဏပြန်ပြီးပျော်ဝင်စီးမြောမ
. . . . . လွန်ခဲ့တဲ့ ခုနစ်နှစ် ၊မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသရဲ့ တောင်ဘက်အကျဆုံးအပိုင်းတွေထ
. . . . . သဘာဝနဲ့ တသားတည်းနေဖို့ ၊ ကျေးလက်လူထုဆီ ပျော်ဝင်ဖို့ အံခဲလှမ်းလာတဲ့ မြို့ကြီးသားတဖြစ်လဲ ဘ၀သမားဆရာဝန်ကို တိုက်နယ်ဆေးရုံက အထက်ပါအတိုင်းကြိုဆိုပါတယ်။
. . . . . စိတ်ချမ်းမြေ့စွာနဲ့ ခုတင်ပေါ်လှဲချလိုက်တဲ့အချိန
. . . . . စပါးပင်တွေက လေယူရာ ယိမ်းလို့ တိမ်းညွတ်နေ . . ၊ ဘဲအုပ်က "ဂတ် ဂတ် ဂတ်"လို့ မြည်ပြီး တာရိုးကိုကျော်လို့ ဒီဘက်ကွင်းကနေ ဟိုဘက်ကွင်းကို ကူးသွား . . ၊ ကျွဲပြောင် လေးငါးကောင်က လယ်စပ်ကနွံထဲမှာ စိမ်ပြီးဇိမ်ယူနေ . .( မနက်က နေရာတော့ မဟုတ်တော့ပါ ၊ နေရာပြောင်းလိုက်ပြီ ) ၊ တာလမ်းမပေါ်ကနေ ဒိန်းဒေါင်းက တဒိန်းဒိန်းနဲ့ ဒုန်းမောင်းသွား . . ၊ တာရိုးပေါက်က ဗျိုင်းနှစ်ကောင်က မထုံတက်ထေးနဲ့ ပုစွန်စောင့်နေ . . ။ ကျွန်တော့်ရှေ့ ပြတင်းပေါက်က မြင်ကွင်းပဲ။ မနက်နဲ့ ညနေပဲ ကွာသွားတယ်။ ဆည်းဆာရောင်ထဲက ရှုခင်း . . . သိပ်လှပါကလား။ . . . ပြတင်းပေါက်ကို ပိတ်ပြီး ထမင်းစားဖို့ ကျွန်တော်ထွက်ခဲ့တယ်။
. . . . . နောက်တစ်နေ့မနက်လင်းလို့ နိုးတယ်ဆိုရင် အရင်ဆုံးကျွန်တော်လုပ်ဖြစ်တ
. . . . . ဒီစာလုံးတွေကို သုံးခါဖတ်လိုက်ရတဲ့ ခင်ဗျားတော့ ဘယ့်နှယ်နေမယ် မသိဘူး။ သုံးခါဆက်တိုက်ကြည့်လိုက်ရတ
. . . . . အလုပ်တွေပြီးလို့ ညနေစောင်းတော့ ကျွန်တော့်အခန်းလေးထဲပြန်ရေ
. . . . . ဟုတ်တယ် . . ဘဲတွေက "ဂတ် ဂတ် ဂတ်"လို့မြည်ပြီး ဆီးကြိုကြတယ်။ သူတို့ရဲ့ လုပ်ငန်းဆောင်တာအတိုင်း တာဘောင်ရိုးကို ကျော်လို့ ခွလို့ပေါ့။ ကျန်တာတွေက . . . ( ခင်ဗျားလည်း ဖတ်ရမယ်နော် ၊ ကျွန်တော်လည်း ရေးရတာပဲ ) . . စပါးပင်တွေ လေယူရာ တိမ်းလို့ ယိမ်းလို့ ၊ ကျွဲတွေက ရွှံ့ထဲမှာ စိမ်နေ ၊ ဟိုဗျိုင်းနှစ်ကောင်က . . အင်း အခုတော့ တစ်ကောင်ပဲ ရှိပါရဲ့ . . သူလည်း ညောင်းသင့်ပါပြီ . . ဒီတစ်ကောင်ကတော့ မညောင်းသေး . . မထုံတတ်ထေးပဲ။ ဒိန်းဒေါင်း . . ။ ဟိုမှာ လာနေပါပြီ ခင်ဗျား . . ။ အောင်မယ် လက်တောင်မြှောက်ပြလိုက်သေး . . ။ အမှန်က တစ်ဖက်လယ်ကွင်းထဲက အသိကို လှမ်းနှုတ်ဆက်တာ ဖြစ်ပါလိမ့်မယ်။ ရုတ်တရက်တော့ ကျွန်တော့်စိတ်ထဲ ဖျဉ်းခနဲဖြစ်သွားပြီး ပြတင်းပေါက်ကနေလှည့်ထွက်ခဲ့
. . . . . အိပ်မက်ထဲမှာ သမ္မတရုံလည်းရောက်ပါရဲ့။ ဂျေဒိုးနတ်လည်းရောက် ၊ ညဘက် တရုတ်တန်းလည်းရောက်။ လက်ဘက်ရည်ဆိုင်ထဲ ဘောပွဲလည်း ၀င်ကြည့်ခဲ့ရသေး ၊ ရည်းစားလေးနဲ့လည်း ပြန်တွေ့ရသေး။
. . . . . မနက်လင်းလို့ အိပ်ယာက ငုတ်တုတ်ထထိုင်တော့ ပြတင်းပေါက်ပွင့်နေတာတွေ့ရတ
. . . . . ပြတင်းတံခါးကို ဆွဲပိတ်လိုက်ပါတယ်။ ( ထပ်မရေးတော့ပါဘူး . . မကြောက်နဲ့ ) ဒါပေမယ့် လယ်ကွင်းထဲက စပါးပင်တွေကိုရော ၊ ဘဲတွေကိုရော ၊ ကျွဲတွေကိုရော ၊ ဗျိုင်းတွေကိုပါ ကျွန်တော်မြင်ဖြစ်အောင် မြင်ခဲ့ရသေးတယ်။ ဗျိုင်းကလည်း နှစ်ကောင် ပြန်ဖြစ်နေပြီ ခင်ဗျ။ သူတို့မို့ မပျင်းနိုင် ၊ မညောင်းနိုင်လေတယ်။
. . . . . ပြတင်းပေါက်ကို ကျွန်တော်ဘယ်တော့မှ ပြန်မဖွင့်တော့ပါ။
. . . . . တာဝန်ပြီးလို့ ကျွန်တော်ပြန်ပြောင်းရွှေ့ရေ
(ယက္ခ) ရဲကြီး ။
၇-၁၅ ၊ ၈ ၊ ၁၄ ။
https://www.facebook.com/
https://www.facebook.com/
http://