Quantcast
Viewing all articles
Browse latest Browse all 1811

အင်တက်ဘီ ရဲ့ မိုးကြိုးည

Image may be NSFW.
Clik here to view.
Htet Sweoo's photo.

အေသင်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်

ငွေရောင်တောက်ပနေသော လေယာဉ်ကြီးတစ်ီး သည် ၁၉၇၆ ဇွန်လ ၂၇ရက် နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် တွင် အေသင်လေဆိပ်မှ ပျံတက်လာသည်။ လေယာဉ်ပေါ် ရှိ ခရီးသည် ၂၄၆ ဦး တို့ သည် ပဲရစ်မြို့ သို့ ဆိုက်ရောက် ပါက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ ကို တွေးတောလျက် ရှေ့တွင် ကြုံတွေ့ ရ မည့် ကံကြမ္မာ ကို မည်သူမှကြိုမသိနိုင်။

လေယာဉ်ကား ပြင်သစ်လေကြောင်းလိုင်း ပိုင် ခရီးစဉ် ၁၃၉ Airbus A-300 လေယာဉ်ဖြစ်ပြီး ခရီးသည် ၂၄၆ ဦး အမှု ထမ်း ၁၂ဦး စုစုပေါင်း ၂၅၈ ဦးလိုက်ပါလာကာ ခရီးစဉ် အားအစ္စရေးနိုင်ငံ တဲလ် အဗစ်မြိုကမှစတင်ထွက်ခွာလာပြီး ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်ခရီးဆုံးမည်ဖြစ်သည်။လေယာဉ်ကြီးသည် အေသင်မြို့တွင်ခေတ္တ ရပ်နားပြီး ပဲရစ်မြို့သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်သည်။

အေသင်မြို့မှ ပျံတက်ပြီး ၅မိနစ်အကြာ လူရွယ် ၂ဦးရုတ်တရက်ထရပ်လိုက်သည်။ ၄င်းတို့၏ လက်ထဲတွင် လျူ ဂါ ပစ္စတိုကိုယ်စီ
ဘယ်သူမှမလှုပ်နဲ့ ကျုပ်တို့ဟာ ပါလက်စတိုင်းတော်လှန်ရေးတပ်သားတွေပဲ ဒီလေယာဉ်ကိုယ်ကျုပ်တို့ တော်လှန်အရေးအတွက် သိမ်းလိုက်ပြီ ခုခံ မယ်မကြံနဲ့ ငြိမ်ငြိမ်နေရင် ခင်ဗျားတို့အသက်ကို အာမခံတယ်

ထို့အပြင်လေယာဉ်နောက်ပိုင်းမှ အပြာရောင်စကဒ် အပြာရောင်ဘလောက်(စ်) နှင့် အမျုးသမီးတစ်ဦး ခြောက်လုံးပြူးသေနတ်ကိုင်ကာ ထလာပြန်သည်။ ဘယ်ဘက်လက်တွင် လက်ပစ်ဗုံး

စုစုပေါင်းလေယာဉ်ကို အပိုင်စီးနင်းသည့်အင်အား မှာအာရပ်အမျိုးသား ၃ဦး ဂျာမန် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦးဖြစ်သည်။

အနောက်တိုင်းဝတ်စုံ နှင့် ဂျာမန် အမျိုးသား ကလေယာဉ်မောင်း ခန်းတံခါးကိုဆွဲဖွင့် လိုက်ပီး လေယာဉ်မှုးကြီး အား

ဒီမှာဒီလေယာဉ်ကို ကျုပ်တို့ သိမ်းလိုက်ပီ လေယာဉ်ကို လစ်ဗျားနိုင်ငံ ဘန်ဂါဇီ ကိုဦးတည်ပါ ကျုပ်အမိန့်အတိုင်း တသွေမတိမ်းလုပ် ပါ

ည ၀၆၀၀ နာရီနာရီတွင် ဘန်ဂါဇီ လေဆိပ်သို့ဆင်းသက် ခဲ့ပီး လစ်ဗျား တပ်မတော်မှ လေယာဉ်ကို လုံခြုံရေးယူကာ ဆီဖြည့် ပီး ၀၇၂၅ချိန်ပြန် လည်ထွက်ခွာခဲ့ပီးနံနက် ၀၄၀၀ ချိန်တွင် ယူဂန္ဒာနိုင် ငံ အင်တက်ဘီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပီး လေဆိပ်ဟောင်း အဆောက်အဦတွင် အကြမ်းဖက်သမား ၈ဦး ယူဂန္ဒာတပ်မတော်မှ အင်အား ၇၀ဖြင့် ၀ိုင်းရံစောင့်ကြပ်ကာ ခရီးသည်နှင့် အမှုထမ်း ၂၅၈ဦးအား အင်တက်ဘီ အကျဉ်း သားဘ၀သို့သွတ်သွင်းလိုက်ပါတော့သည်။

တောင်းဆိုချက်

ဇွန်လ ၂၈ ရက် တနလာင်္နေ့

လေဆိပ်ဝန်းအတွင်းသို့ Screcion အမျိုးအစား သံချပ်ကာ ၂စီး ဦးဆောင်သော စစ်ယာဉ်တန်း တရှိန်ထိုးဝင်လာသည်။ အလယ်ရှိ စစ်သုံးဂျစ်ကားပေါ် မှဆင်းလာသည်ကား မြင့်မားသောအရပ် တုတ်ခိုင်သော ကိုယ် မည်းနက်သောမဟူရာ အသားအရောင်နှင့် ပြောက်ကျားယူနီဖောင်းကို ၀တ်ဆင်ထားသော ယူဂန္ဒာစစ်ဗိုလ်ချုပ် သူကား---------------

ယူဂန္ဒာစစ်အာဏာရှင် စစ်သူကြီး အီဒီ အာမင်ပင်တည်း အာမင်သည် အကြမ်းဖက်သမားများနှင့် ဖက်လဲတကင်းနှုတ်ဆက်ပီး တန်ဆာခံများဘက်သို့ အဲပုံးတစ်ချက်ဖြင့်နှုတ်ဆက်လိုက်ပီး

ခင်ဗျားတို့ ခုလိုကျုပ်နိုင်ငံထဲဘေးမသီရန်မခ ချောချောမောမောရောက်လာတာသိပ်ဝမ်းသာပါတယ်
ခင်ဗျားတို့ နေထိုင်စဉ်အတွင်း အားလုံးအဆင်ပြေအောင် အတတ်နိုင်ဆုံးစီစဉ်ပေးပါမယ် လိုအပ်တာရှိရင်လည်းပြောပါ

ထိုနေ့မှာပင် အကြမ်းဖက်သမားများ၏တောင်းဆိုချက်ကို ယူဂန္ဒာ ရေဒီယိုမှကြေငြာပေးခဲ့သည်

အစ္စရေး ပြင်သစ် ဆွစ်ဇာလန် အနောက်ဂျာမနီ နှင့် ကင်ညာနိုင်ငံ အကျဉ်း စခန်းများတွင်အကျဉ်းချထားခံရသော ပါလက်စတိုင်း လွတ်မြောက်ရေးရဲဘော် ၅၃ ဦးအား ၂ရက်အတွင်း လွှတ်ပေးရမည်

လေယာဉ်အပိုင်စီးသူများနှင့် ယူဂန္ဒာစစ်သားများက တလှည့်စီစောင့်ကြပ်ကြပီး အာမင်သည် PLA အကြမ်းဖက်သမားများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းကြေငြာခဲ့သည်။အီဒီအာမင်သည် လစ်ဗျား အာဏာရှင် ကဒါဖီနှင့် မဟာမိတ်ဖြစ်ပီး အစ္စရေးနိုင်ငံ ကို ကုလသမ္မဂမှထုတ်ပစ်ရန် ကြွေးကြော်ခဲ့သော ဇီယွန် ဆန့်ကျင်ေ၇း အစ္စလမ် ဘသာဝင်ဖြစ်သည်။ ၄င်း အာဏာရယူခဲ့သည့် ၈နှစ်အတွင်း နိုင်ငံအတွင်းရှိ ခရစ်ယာန်ကိုးကွယ်သော အချိုလီနှင့် လန်ဂီ လူမျိုးစု ၂သန်းခန့်အားသတ်ဖြတ်ခဲ့သောအစွန်းရောက်အစ္စလမ် ဖြစ်သည်။

အစ္စရေးတို့ပရိယာယ်

တောင်းဆိုချက်များကို လိုက်လျောဆောင်ရွက်ပေးနိုင်ရန် အစစရေးအစိုးရမှစီစဉ်နေပြီဟု သတင်းထုတ်ပြန်ခဲ့ပီး ၁၉၅၈ ခုနှစ်က အာမင်နှင့် အစ္စရေးနိုင်ငံတွင် လေထီးသင်တန်းအတူတက်ရောက်ခဲ့ဖူးသည့် သူငယ်ချင်းဖြစ်သူ အစ္စရေးတပ်မတော်မှဗိုလ်မှူးးကြီး ဘားရတ်ဘားလက်အား အာမင်ထံသို့ ဖုန်းဖြင့် ဆက်သွယ်ညှီနှိုင်းစေသည်။ရလဒ်အနေဖြင့် ဂျူးလူမျိုးမဟုတ်သူ ဓားစာခံ ၄၇ ဦးကိုပြန်လွှတ်ပေးခဲ့ပြီး
နောက်ဆုံး အချိန် Dead Line ကိုလည်း ဇူလိုင်လ ၄ ရက် မွန်းတည့် ၁၂နာရီအထိ အချိန်စွဲထားနိုင်ခဲ့သည်။ အမှန်တကယ်ကားအစ္စရေးတို့သည် တန်ဖိုးရှိသောအချိန်တရက်အားပရိယာယ်သုံးကာဆွဲထားနိုင်ခဲ့ခြင်းဖြစ်ပေတော့သည်။

စစ်ဆင်ရေးအတွက်ပြင်ဆင်ခြင်း

ဓားစာခံများကို ကယ်ဆယ်ရေးအတွက် စစ်ဆင်ရေး အား မိုးကြိုးသွားစစ်ဆင်ရေး (Operation Thunder Bolt)ဟုသတ်မှတ်ခဲ့ပီး အစ္စရေး အစိုးရအဖွဲ့မှ စစ်ဆင်ရေးကိုအတည်ပြုပေးခဲ့သည်။စစ်ဆင်ရေးမှူးက ဗိုလ်ချုပ် ရှမ်ရ် ယွမ်း-------
စစ်ဆင်ရေးတပ်ဖွဲ့ မှူး ဒုဗိုလ်မှူးကြီး ဂျီူ ရှုအာ ရှနီသည်မူလက အင်တက်ဘီလေဆိပ် အနီး ဗစ်တိုးရီးယားရေအိုင် အတွင်းသို့ ထေီးစစ်သည်များဆင်းသက်ကာ ရော်ဘာလှေများဖြင့် ချည်းကပ်တိုက်ခိုက်ရန်ဖြစ်သော်လည်း ယူဂန္ဒာနိုင်ငံ အတွင်း မော့ဆက် သူလျှိုများ သတင်းပေးပို့ချက်အရ ရေအိုင်အတွင်း အာမင်မှ မိချောင်းများမွေးမြူထားကြောင်းသတင်းရရှိသဖြင့် အစီအစဉ်ပြောင်းလဲခဲ့ရသည်။
စစ်ဆင်ရေးတွင်ပါဝင်မည့် အဖွဲ့များ အားအောက်ပါအတိုင်းဖွဲ့စည်းခဲ့သည်-

ကွပ်ကဲမှုအဖွဲ့

စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်ချုပ် ရှမ်ရ်ယွန်း
လေတပ်ဖွဲ့မှူး ဗီုလ်မှူးကြီး အမီအရာလွန်
မြေပြင်တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ယိုနီ နေတန်ညာဟူး(ယခု ၀န်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟူး ၏အကို)

ချေမှုန်းရေးတပ်ဖွဲ့

ယိုနီဦးစီး A-29 အထူးချေမှုန်းရေးတပ်ဖွဲ့(ကယ်ဆယ်ရေးတပ်ဖွဲ့)

လုံခြုံရေးတပ်ဖွဲ့

ဗိုလ်မှူးကြီး မာ တင် ဗီနိုင်းဦးစီး လေထီးကွန်မင်ဒိုတပ်ဖွဲ့(လေဆိပ်ပြေးလမ်းရှင်းလင်းရေးနှင့် လေယာဉ် များ ဆီဖြည့်စဉ်လုံခြုံရေး)

ဗိုလ်မှူးကြီး ယူရီဆာဂီ ဦးစီး ဂိုလန်နီတပ်ဖွဲ့(စီ-၁၃၀ လေယာဉ်ပေါ်သို့ဓားစာခံများ တင်ဆောင်ရေးနှင့် အထွေထွေ)

ဗိုလ်မှူး ရှောမော့(ဖ)၏ ဆရာရက် မာကယ် တပ်ဖွဲ့( ယူဂန္ဒာ လေတပ်၏ MIGတိုက်လေယာဉ်များကိုဖျက်စီးရန်)

စီ-၁၃၀ ဟာကြူလီ လေယာဉ် ၃စီး
ဘိုးရင်း-၇၀၇ ဆေးရုံလေယာဉ်-၁စီး(ဆရာဝန် ၂၃ဦး )
ဘိုးရင်း-၇၀၇ ကွပ်ကဲရေးလေယာဉ်-၁စီး
F-4 Fanton တိုက်လေယာဉ်-၅စီး

ချီတက်ကြပီ

အထူးတာဝန်တပ်ဖွဲ့ကြီးသည် ရှမ်အယ်ရှိတ် လေတပ်စခန်းမှ စတင်ထွက်ခွာခဲ့ပြီးပင်လယ်နီ၏ ကောင်းကင်ထက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလမ်း ၏ အောက် ဘက်သို့ နှိမ့်ကာ ပျံသန်းလာခဲ့သည်။ ရေဒါ ဖမ်းယူနိုင်သည့် အမြင့်မှ ၃၀မီတာနှိမ့်ကာ ဆူဒန် အီဂျစ် နှင့်ဆော်ဒီ အာရေးဗျ ရေဒါများအားလွတ်အောင်ရှောင်တိမ်းနိုင်ခဲ့သည်။
ပင်လယ်နီ တောင်စွန်းသို့ရောက်လျင် တောင်ဘက်သို့ချိုးကွေ့ ကာ ဂျီဘူတီနိုင်ငံ ကိုဖြတ်ကာဆက်လက်ပျံသန်းခဲ့သည်။ ထို့နောက်ကင်ညာနိုင်ငံ နိုင်ရိုဘီ လေဆိပ်သို့ဆင်းသက် ကာဆီဖြည့်ပီး ဆက်လက်ပျံသန်းခဲ့ရာ ၂၃၀၀ နာရီတွင် အင်တက်ဘီလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

မိုကြိုး မုန်တိုင်းကြမ်းလေပီ

ပထမဆုံး စီ-၁၃၀ လေယာဉ်သည် အင်တက်ဘီ လေဆိပ်ပြေးလမ်း ဆင်းသက်ချိန်တွင် သန်းခေါင် ယံ၂၃၀၀ နာရီ ဘိုါ်၇င်း လေယာဉ်၂စီးကားလေဆိပ်ပေါ်တွင် ပျံဝဲလျက် ပထမဆုံးစီ-၁၃၀လေယာဉ် ပြေးလမ်းပေါ်တွင်ရပ်တံ့ချိန်တွင် အီဒီအာမင်၏ စီးတော်ယာဉ်မာစီးဒီး အယောင်ဆောင်ထားသည့် မာစီဒီးယာဉ်နှင့် လန်းရိုဗာ ယာဉ် ၅စီးတို့သည် ယူဂန္ဒာစစ်ယာဉ်များ ပုံဖမ်းကာ စစ်ဆေးရေိး့တ်များသို့ဖြတ်ကျော်ဝင်ရောက်လာခဲ့သည်။ အဆောက်အဦ အနီးအရောက်တွင် အစောင့်များမှသိရှိကာစတင်ပစ်ခတ်ရန်ပြင်သဖြင့် အသံတိတ် ပစ္စတိုအသုံးပြုကာအစောင့်များကိုပစ်ခတ်ရှင်းပီးလေဆိပ်အဆောက်အဦ အတွင်းသို့ A-29 ကွန်မင်ဒိုတပ်ဖွဲ့ သည် တရကြမ်းပစ်ခတ်ဝင်ရောက်ခဲ့သည်။အငိုက်မိသွားသောရန်သူများသည် ရုတ်တရက် ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိပဲ အကြမ်းဖက်သမား ၃ဦး နေရာတွင်ပင် ချေမှုန်းခံလိုက်ရသည်။ထိုအချိန်တွင်ဒုတိယ စီ-၁၃၀ မှအပေါ့စား သံချပ်ကာယာဉ်များနှင့် လင်ရိုဗာ ကားများတရကြမ်းဆင်းသက်လာပီး လေဆိပ်အဆောက်အဦနှင့် တာဝါအား ဦးတည်တိုက်ခိုက်ခဲ့သည်။ ကွန်မင်ဒိုများသည် ဟီဘရူး ဘာသာ အင်္ဂလိပ်ဘာသာ တို့ဖြင့် ခရီးသည်များအား ၀ပ်နေရန် တရပ်စပ် အော်ဟစ်နေကြသည်။

အပြန်အလှန်ပြင်းပြင်းထန်ထန်ပစ်ခတ်စဉ် တတိယမြောက်စီ-၁၃၀ လေယာဉ်သည် ဆင်းသက်လာပီးပြေးလမ်းပေါ်တွင်စက်မရပ်ပဲအသင့်အနေအထားစောင့်နေခဲ့သည်။
ထိုအချိန်တွင် လေဆိပ်တွင် A-29 တပ်ဖွဲ့မှူး ဗိုလ်မှူးကြီးနေတန်ညာဟု အား တာဝါမှယူဂန္ဒာ လက်ဖြောင့်တပ်သားမှပစ်ခတ်မှုကြောင့်ကျဆုံးခဲ့ပီး ဗိုလ်မှူး ဘတ်ဆာမှဆက်လက်ဦးဆောင် တိုက်ခိုက်ကာ လေဆိပ်အတွင်းရှိ အကြမ်းဖက်သမားများနှင့် ယူဂန္ဒာစစ်သားများအား လက်စသိမ်းချေမှုန်းကာ ဓားစာခံများအားဆွဲထုတ်နိုင်ခဲ့သည်။

တစ်ချိန်တည်းပင် ဗိုလ်မှူး ရှာမော့၏ ကွန်မင်ဒိုများသည် လင့်ရိုဗာကားများဖြင့် ယူဂန္ဒာ လေတပ်စခန်းအတွင်းသို့ပစိခတ်ဝင်ရောက်ကာ ယူဂန္ဒာလေတပ်၏ MIG-21 တိုက်လေယာဉ် ၁၂စီးနှင့် MIG-17 တိုက်လယာဉ် ၄စီးအား Carl Gustav လောင်ချာများနှင့် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။

ချက် ဗရာ -------ချက်ဗရာ

ဟီဘရူးဘာသာစကားဖြင့် အချက်ပေးပီး ခရီးသည်များအား ပြေးလမ်းပေါ်တွင် အသင့်စက်နှိုးထားသော စီ-၁၃၀ လေယာဉ်များတွင်တင်ဆောင်ကာ ၂၃၅၃ နာရီတွင်လေယာဉ်အားလုံး ထွက်ခွာနိုင်ခဲ့ပီး နောက်တရက်တွင် ရှမ်အယ်ရှိတ် လေတပ်စခန်းသို့ ချောမွေ့စွပြန်လည်ရောက်ရှိခဲ့သည်။စစ်ဆင်ရေးတွင် ဗိုလ်မှူးကြီး နေတန်ညာဟု အပါအ၀င်ခရီးသည် ၃ဦး ပေါင်း ၄ဦးကျဆုံးခဲ့ပီး ခရီးသည် ၅ဦး ကွန်မန်ဒို ၄ဦး ဒဏ်ရာရခဲ့ပီး ခရီးသည် ၂၀၇ဦးကယ်တင်နိုင်ခဲ့သည်။ ရန်သူ အကြမ်းဖက်သမား ၈ဦး ယူဂန္ဒာစစ်သား ၇၀ ကျဆုံးခဲ့ပီး တိုက်လေယာဉ် ၁၆စီးမြေပြင်ပေါ်တွင် ဖျက်ဆီးနိုင်ခဲ့သည်။ စစ်ဆင်ရေးတစ်ခုလုံး ၅၃မိနစ်သာကြာမြင့်ပီး အလွန်တိကျလျင်မြန်သော ရှားရှားပါးပါးစစ်ဆင်ရေးတစ်ရပ်ဖြစ်ခဲ့ပါသည်။

မိုးကြိုးလိုပြက် လျှပ်လိုလင်း

မိုားကိုးသွားစစ်ဆင်ရေးသည် ကမ္ဘာ့စစ်သမိုင်းတွင်အထူးတပ်ဖွဲ့ များ၏ အရေးပါမှု ကို မှတ်ကျောက်တင်ခဲ့သောစစ်ဆင်ရေးတစ်ရပ်လည်းဖြစ်ပါသည်။သတင်းစုံစွာရယူမှု လှည့်ဖျားနိုင်မှု လေ့ကျင့်သားပြည့်ဝမှုနှင့် အမျိုးထိလျင် မချိအောင်နာသည့် အစ္စရေးတို့၏ စိတ်ဓာတ်ကိုမီးမောင်းထိုးပြသောပွဲလည်းဖြစ်ပါသည်။ စစ်သည်များထဲတွင်မြေပြင်တပ်ဖွဲ့ မှူး မှူးကြီးနေတန်ညာဟု ရဲဝင့်စွာ ဦးဆောင်တိုက်ခိုက်ခဲ့ပီး ၄င်း တစ်ဦးတည်းသာကျဆုံးခဲ့ခြင်းက အစ္စရေးအရာရှိတိုက၏ ခေါင်းဆောင်မှု အရည်အချင်းကို ပြသနေခြင်းလည်းဖြစ်ပါသည်။ အဆိုပါစစ်ဆင်ရေးကိုနမူနာယူ ကာအစ္စရေးတပ်ဖွဲ့ များ၏ Professional ပီသမှု အမျိုးချစ်စိတ်နှင့် အရည်အသွေး ကိုကျွန်ုပ်တို့အနေဖြင့် များစွာအတုယူသင့်ကြောင်းစေတနာရည်ကာတိုက်တွန်းအပ်ပါသည်။

(ကြယ်နီ) —

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...