ကျနော် တပ်ထဲ နေတဲ့အခါကပါ။ဘူးသီးတောင် ခမရ. ၃၅၃ မှာတော်တော်ကြာပါတယ်။အဲသည်တပ်မှာ နေရင်းကျနော့်တပ်ခွဲက တပ်သားဌေးဝင်း ( အမည်ရင်းပါဘဲ) ဟာခွင့်ပြန်ရင်းခွင့်လွန်ပျက်ကွက်ဖြစ်ပြီး တပ်ကနေစစ်ပြေးကြေငြာလိုက်တယ်။ကျနော်လဲ တာဝန်တွေကများတော့ မေ့မေ့လျှော့လျှော့နဲ့အချိန်တွေကြာသွားခဲ့ပါတယ်။နောက်တော့ ကျနော် တပ်မ ၇၇ လက်အောက်ခံ ခမ၇.၈ ကိုပြောင်းသွားတယ်။ခမရ.၈ မှာစစ်ဆင်ရေးထွက်တော့ ကရင်ပြည်နယ်ကိုသွားရပါတယ်။ဘားအံ..လှိုင်းဘွဲ ..ပိုင်ကျုံ..နော်တရာတောင်ကို တက်...တာလေ ကတဆင့်ပွိုင့်၁၂၄၈ ဘက်ကိုသွားခဲ့ရတယ်။၁၂၄၈ ကDKBA စခန်းပါ..KNU ကဝင်တိုက်ပြီးကျသွားလို့ KNUကဆက်မနေဘဲ ပြန်ဆင်းသွားတော့ တမခ ၇၇ ကတစ်ဗျူဟာနဲ့ ၂ရင်း၊ခလရ ၂၈ ကယာယီတပ်ခွဲမှူး ဗိုလ်မှူး(ယခုတပ်မမှူးဖြစ်နေပါပြီ)တစိဦးဦးစီးတပ်ခွဲတစ်ခွဲနဲ့ စခန်းဆောက်ရင်း နောက်ထပ်အတီုက်မခံရ အောင်လှုပ်ရှားတာဝန်ဆောင်ရွကရပါတယ်။
ရှေ့တန်းစစ်ဆင်ရေးမှာ.စစ်ဆင်ရေးအထမ်းသမားအဖြစ် ရဲဘက်ထောင်သားတွေကိုအသုံးပြုရပါတယ်။အဲသည်မှာ.ဇတ်လမ်းစတာပါဘဲ။အရင်တပ်ကနေလွှဲယူတဲ့စစ်ဆင်ရေး ရဲဘက်တွေထဲမှာ..ကျနော့်အရင် တပ်ကစစ်ပြေးဖြစ်သွားတဲ့တပ်သားဌေးဝင်း ရဲဘက်နဲ့ပါလာတယ်။သူကလာနှုတ်ဆက်တော့ ကျနော်အံ့သြသွားပြီး ဘယ်လိုဖြစ်တာလဲ မေးကြည့်မှ စစ်ပြေးမှု့နဲ့ ထောင်ကျလာကြောင်း..အခုရဲဘက်ဖြစ်နေကြောင်းသိရတယ်။ကျနော်လဲ ကိုယ့်တပ်ခွဲမှာ.ခေါ်ထားပြီးစစ်ဆင်ရေး.၄.လလုံးလုံးအရင်ကရဲဘော် အခုရဲဘက် တပည့်နဲ့ အတူထပ်နေခဲ့ရတယ်။ကျနော်တို့ တပ်စစ်ဆင်ရေးပြီးတော့ ဌေးဝင်းကပြစ်ဒဏ်မပြီးသေးဘူး..ဒါကြောင့်နောက်ထပ်တပ် ကိုထပ်လွှဲခဲ့ရပြန်တယ်။လွှဲခဲ့တဲ့ တပ်ခွဲမှူးကိုတော့ ကိုယ့်တပည့်ပါ..ကြည့်ပါ.စောင့်ရှောက်ပါ မှာခဲ့ရတပေါ့။ဘာလိုလဲ မေးကြည့်တော့ စောင်တွေလိုတယ်ဆိုလို့ရှိတဲ့စောင်တွေ ပေးခဲ့ရတယ်။လွှတ်ရက်ကလဲနီးတော့ လွတ်ရင်ပဲခူးကတပ်ကို ဝင်ခဲ့ဖို့မှာခဲ့တယ်။တပ်သားဌေးဝင်း လိုပြစ်ဒဏ်ကျ ရဲဘက်တွေ အများကြီးပါပါ တယ်။
ကျနော်တပ်ကို ပြန်ရောက်ကြပြီး စုဖွဲ့လေ့ကျင့်နေချိန်မှာ..သုံးဘီးကားတစ်စီးနဲ့ အင်းကျီ မပါတဲ့ လူ ၅ ယောက်အိမ်ကိုရောက်လာတယ်။သေချာကြည့်မှ ကျနော့်တပည့်ဌေးဝင်းနဲ့အပေါင်းအပါတွေ..အင်းကျီတွေ မေးကြည့်တော့ ထောင်ကပြစ်ဒဏ်ပြီးလို့လွှတ်လိုက်တော့ ဘားအံကနေ အပြန်လက်မှတ်ဘဲပေးလိုက်တာ။ဘာမှ မပေးလိုက်တော့ ဗိုလ်ကြီးဆီအကူညီလာတောင်းတာလို့ပြောပါတယ်..အင်းကျီတွေကိုမေးကြည့်တော့ သုံးဘီးဌားခပေးစရာမရှိလို့ ပဲခူးတံတားထိပ်ကအဟောင်းဆိုင်မှာရောင်းခဲ့တယ်လို့သိရတာ။
ကျနော်လဲ..ရေ ချိုးခိုင်း ရှိတဲ့ အ၀တ်တွေထုတ်ပေး..ထမင်းကျွေးပြီး တပည့်တွေ ခရီးဆက်နိုင်အောင်အကူ ညီပေးရတာပေါ့...သည်တပ်က အရာရှိ စစ်သည်တွေနဲ့ ရဲဘက်ဘ၀နဲ့ ခင်လာကြတော့ လိုက်နှုတ်ဆက်ကြ... လမ်းစရိတ်ထောက်ပံ့ကြနဲ့
ဝိုင်းကူညီပေးကြပါတယ်။သူတို့လဲ သူတို့ဇာတိ ဧရာဝတီ တိုင်းဘက်ကိုပြန်သွားခဲ့ကြပါတယ်။ နာဂစ်ထဲများ ပါသွားသလားတော့ မသိပါဘူး..အဲသည်နောက်ပိုင်းအဆက်သွယ်လဲ မရတော့ပါဘူး။
ကျနော်လဲ တပ်တွေ ပြောင်း တပ်ကထွက်..သည်နေ့အထိပါဘဲ....။
ဆိုလိုချင်တာက စစ်သားဆိုတာ..စစ်တပ်ထဲမှာ ပြစ်မှု့ကျူးလွန်ရင် ပြစ်ဒဏ်ခံရမှာဘဲ။
ပြစ်ဒဏ်ခံ ရ ရင်စစ်သားဆိုပြီး ဘယ်သူမှ မညှာပါဘူး တန်းတူပါဘဲ..ရဲဘက်ထောင်သားဘဝ မျိုးကိုဆိုလိုတာပါ။
အရင်က စစ်သား အခုထောင်သား...ဒါကိုကျနော်တို့စစ်သားတွေမခွဲခြားဘူး..အရင်ကတပည့်..အခုလဲ တပည့်ပါဘဲ။
အားကိုး အားထားစရာ...အချင်းချင်းဘဲ မြင်မိတယ်...စောင်တောင်းယူတာ..အင်းကျီချွတ်ရောင်းပြီး ဆရာဆီအရောက်လာတာ....။
တစ်တပ်ထဲခြင်း မဟုတ်လဲ စစ်သားဖြစ်ခဲ့တဲ့သူခြင်း ဘယ်သူမှ မမေ့ဘူး..ခမရ.၈ ကအရာရှိ စစ်သည်တွေ လမ်းစရိတ် ကူညီပေးကြတာ။
ဒါကြောင့်...ဘယ်ချိန်..ဘယ်နေရာ..ဘယ်ဘဝရောက်ရောက်...ဘယ်သူခွဲခွဲ တို့မကွဲ..အမြဲ စည်းလုံးမည်။
အားလုံးကိုလေးစားစွာဖြင့်..
.နိုင်လင်း..။