ပြည်သူကို စီမံခန့်ခွဲ အုပ်ချုပ်ရာမှာ လိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာ အချက်လက်တွေကို ပြင်ပက ကေ့စ်စတာဒီတွေနဲ့ ယှဉ်ပြီး ရှင်းပြရမယ်ဆိုကတည်းက ကျွန်မဟာ အိပ်မပျော်တွေဖြစ်ပြီး မနက်လင်းတော့လည်း ဂယောင်ချောက်ခြားနဲ့ နိုးလာခဲ့ပါတယ်။
ထနောင်းကန်ဘုရားသွား ပန်းကပ် အမွှေးတိုင်လှူ ညောင်ရေသွန်း ဘုရားကန်တော့ပြီး စိတ်ကြည်လင်စွာနဲ့ ပြန်လာပါတယ်။ လမ်းမှာ စန္ဒာတို့ စီနီယာ အုပ်စုနဲ့ တိုးပါတယ်။ MBAက မယ်မင်းကြီးမက ထန်းရည်နဲ့ ကြွက်ကြော်သွားဝယ်မယ် ဂျီကျပါတယ်။ အများကသဘောတူပါလေရော။ ဒါနဲ့ "ရပ်ဝယ်မယ်ဆို အဖော်လိုက်မယ် ထိုင်သောက်ရင်တော့ နေခဲ့ကြတော့လို့"ပြောပြီး လိုက်သွားပါတယ်။
ထန်းရည်က ဘယ်သူမှ မသောက်ဖူးပါဘူးးး။ သက်သက်စိတ်ရူးပေါက်နေကြတာပါ
ပုန်းချိန်မရ ရှောင်ချိန်မရနဲ့ အုပ်စုလိုက်ကြီး အမိခံရပါတော့တယ်။ ပိုဆိုးတာက ကျွန်မပါ။ ကျွန်မသည်သာ ပါချုပ်ဆီ ကတီး ကတီးးး သွားပြီး စာစစ် အမေးမြန်းခံပြီး ရုန်းကန်နေရသူလေးပါ။ လိမ္မာရေးခြားရှိပါရက်နဲ့ မသူတော်အုပ်နဲ့ ပေါင်းမိတဲ့ ခဏမှာ ဒုက္ခလှလှကြီး ရောက်တော့တာပါပဲ အဟင့် ဟင့်။ သမီးတော့ ဒီထီလာမြေမှာ ကံနိမ့်လွန်းလှပါတယ် မေမေရယ်။
အဆောင်ပြန်ရောက်တော့ စိတ်ကညစ်ညစ် လူကပျင်းပျင်းနဲ့ "မန်းလေးးး မန်းလေးးး"လို့ အော်နေတဲ့ လိုင်းကားတွေပေါ်တက်ပြီးးးး အိမ်ပြန်တော့မယ်လို့ တွေးလိုက်၊ဒီလိုစိတ် ဓါတ်ကျနေတဲ့ ရုပ်ကြီးနဲ့ မပြန်တော့ပါဘူး တွေးလိုက်နဲ့.... အဆောင်က အခန်းငယ်လေးထဲမှာပဲ ဆရာမောင်ထွန်းသူ ဘာသာပြန်ထားတဲ့ ရဲတိုက်စာအုပ်ကြီးကို စိတ်မပါဘဲ စဖတ်လိုက်ပါတယ်။သုံးလေး မျက်နှာလောက် ဖတ်ပြီးတော့ ကျွန်မသဘောပေါက် လိုက်ပါပြီ။ ဒါကအလွန်ကောင်းတဲ့ ဝတ္ထုကြီး ဆိုတာကိုပါ။ ကျွန်မက စာအုပ် ကောင်းကောင်းရပြီဆိုရင် ဒီအတိုင်း ဖြစ်ကတတ်စမ်း မဖတ်တတ်ပါဘူးးး။ ဒါနဲ့ ရေမိုးချိုး ပြင်ဆင်ဖီးလိမ်းပြီးးးး စာအုပ်ကြီးကို ကျကျနန ဖတ်ပါတော့တယ်။
ငယ်ငယ်တုန်းက ရုပ်မြင်သံကြား ကနေ မင်းသားချမ်းသာရဲ့ အကတို့၊ ရေသည်ပြဇာတ်တို့ လာရင် မေမေ့ဘက်က ဂျီးတော်တွေက ဇာတ်ပွဲ သွားကြည့်တော့မယ့် ဟန်ပန်နဲ့ ရေမိုးချိုး၊သနပ်ခါးတွေဖွေး
ရဲတိုက်ဝတ္ထုကြီးရဲ့ ဇာတ်လိုက်က ဒေါက်တာ အင်ဒရူးမေဆင်ပါ။ ဆင်းရဲချို့တဲ့ပြီး ပညာသင် ချေးငွေလေးနဲ့ ဆေးကျောင်း တက်ကာ ဆရာဝန်ဖြစ်လာခါစ ဆရာဝန် ပေါက်စလေးပါ။သူ့လခနည်းနည်းေ
ကျောက်မီးသွေး မိုင်းတွင်းမြို့ငယ်လေးမှာ
တာဝန်ရှိတဲ့ မြို့နယ်ဆရာဝန်ကြီး ဆီတင်ပြ၊ အကြောင်းကြားပေမယ့် ဟိုကအရေးကိုမလုပ်ပါဘူးးးးဒီ
သူ့ကိုလိုက်ပါ ကူညီသူက အရက်စွဲနေပြီး လောကကြီးကို စိတ်နာကာ အကောင်းမမြင်တတ်တဲ့ ဘဝသေသလို ဖြစ်နေတဲ့ အထူးကု ဆရာဝန် တစ်ယောက်ပါ။ ဒေါက်တာအင်ဒရူး မေဆန်ကို ညဘက်ကြီး ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ဖမ်းမိသွားတယ်လို့ တွေးကြည့်လိုက်ကြရအောင်....
ဒါတွေကို သိသိကြီးနဲ့ လူ့အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ဒေါက်တာမေဆန်ဟာ သူ့ဘဝနဲ့ရင်းပြီး မိလ္လာပိုက်တွေကို မပြင်ပေးလို့ မရတော့တဲ့ အခြေအနေတစ်ခု ဖြစ်သွားအောင် သေချာ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် လူတွေမမိလိုက်တော့ မိလ္လာပိုက်တွေ မကောင်းတော့လို့ ပေါက်ကွဲတယ်လို့သာ ဆုံးဖြတ်လိုက်ရပါတယ်။ ဒီဖြစ်စဉ်ကို ဖတ်ပြီးတဲ့အခါမှာ ရဲတိုက်ဝတ္ထုကြီးကို ရင်မှာပိုက်ပြီး ကျွန်မရင်တွေတလှပ်လှပ်နဲ့ ခုန်လာပါတယ်။ ဒါဟာ ငါထင်သလို သာမာန်စာအုပ်ကောင်းတစ်အုပ်မ
ဒီဖြစ်စဉ်ကို Public Administration ရဲ့ ရှု့ထောင့်ကနေ ကြည့်လိုက်စမ်းဘာ!!!! Ethics ဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ လောကနီတိ တွေရဲ့ ပွိုင့်ကနေလည်း ကြည့်လိုက်စမ်းဘာာာ!!! စည်းမျဉ်းဥပဒေတွေ ကို စိမ်ခေါ်နေတဲ့ လုပ်ရပ်တွေ၊ ဥပဒေပြင်ပလုပ်ရပ်တွေ... ကို အထင်းသားတွေ့နေရပါပြီ။ ဒါပေမယ့် ဒီလုပ်ရပ်တွေဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်တာမဟုတ်သလို အများပြည်သူကို ဒုက္ခရောက်အောင် လုပ်တာလည်း မဟုတ်ပါဘူး။ အများပြည်သူအတွက် ကိုယ်ကျိုးမငဲ့တဲ့ လုပ်ဆောင်ချက်လည်း ဖြစ်နေပြန်ပါတယ်။ ကောင်းပြီ... ဒါဆိုရင် ဥပဒေဆိုတာ ဘာလဲ??? ဥပဒေက ဘယ်လိုအရေးယူမလဲ??? ဥပဒေအတိုင်းသာ အရေးယူမယ်ဆိုရင် လူကောင်းသူကောင်း ဆရာဝန် တစ်ယောက်ရဲ့ ဘဝ ပျက်ပြီ။ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အများအကျိုးကို ဖျက်ဆီးကာ ကိုယ်ကျိုးရှာနေတဲ့ လူတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ဥပဒေဟာ နိုင်ငံ့သားကောင်းတွေကို တကယ်ကူညီ ကာကွယ်စောင့်ရှောက် နိုင်ပါရဲ့လားးး???
အရင်ရက်တွေတုန်းက ကျွန်မဟာ ပါချုပ်ကို တွေ့ပြီး ကေ့စ်စတာဒီတွေနဲ့ ယှဉ်ပြီး ရှင်းပြရမယ့်ရက်ချိန်းနေ့ ရောက်မှာကို တွေးတွေးပြီး ကမ္ဘာ့ဝန်ရိုးစွန်းတစ်နေရာကိ
ကျွန်မလည်း ဆရာကြီးနဲ့ တွေ့တဲ့အချိန်မှာ ဝမ်းသာအားရစွာဖြင့် ကျွန်မရဲ့ အဆိုင်းမန့်ပေပါကို ရှင်းလင်းဖတ်ကြားပါတော့တယ်.
ဒီတော့ မားကတ်တင်း မန်နေဂျာတစ်ယောက်က မိမိကုန်စည်ကို အရောင်းမြှင့်တင်တဲ့အခါမှာ အသုံးပြုတဲ့ အရောင်းမြှင့်တင်ရေး ဗျူဟာမျိုးတွေသုံးပြီး နော်မေးတစ်ပါစပတ်တစ်ဟာ အပေါ်ယံမှာ ထင်သာမြင်သာ မရှိပေမယ့် ကိုယ်တွင်းကလီစာတွေကဲ့သို့ အတွင်းကျပြီး သိပ်ကို အရေးကြီးကြောင်းကို ဆရာကြီး လက်ခံလာအောင် မဲဆွယ်စည်းရုံးပါတယ်။ ဆရာကြီးအားသန်နေတဲ့ စတွက်ချယ် ပါစပတ်တစ်ဟာ အပေါ်ယံ အပြင်ပန်း သိပ်ဆန်လွန်းကြောင်း ခပ်ပါးပါး ဝေဖန်ပါတယ်။ များများလည်း မဝေဖန်ရဲဘူးလေ အဟီးးး။
ဂျပန်နိုင်ငံက ဒေါက်တာဘွဲ့ ယူထားတဲ့ ပါချုပ်ကြီးကလည်း အံတိုနီယိုပါပဲ။ ကျွန်မရဲ့ မားကတ်တင်း ပညာလောက်ကို မဖြုံပါဘူးးး။ စတွက်ချယ်ပါစပတ်တစ်ရဲ့ ထင်သာမြင်သာရှိမှုတွေ၊ ခိုင်မာ အားကောင်းမှုတွေ၊ စည်းမျဉ်းဥပဒေအသွင် အခိုင်အမာဖော်ဆောင်လို့ ရတာတွေ၊ လက်တွေ့ကျပြီး အငြင်းပွားနိုင်ခြေ နည်းပါးတာတွေကို ထောက်ပြပါတယ်။ ပြီးတော့ နော်မေးတစ် ပွိုင့်ရဲ့ အချက်အလက်တွေထဲက Value ဆိုတာကို ဒက်ဖနေးရှင်း တစ်ခုထက်ပိုပြီး ဘယ်လိုဖွင့်ဆိုမလဲ?? Public Administration ရဲ့ပွိုင့်ကနေ တက်လာမယ့် ပြဿနာတစ်ရပ်ကို လက်တွေ့ကျကျ ဘယ်လိုဝေဖန် စစ်ဆေးမှာလဲ???? လို့မေးပါတယ်။
"ဘယ်လိုဝေဖန် စစ်ဆေးမလဲ ဆိုတာ မသိပေမယ့် လူတစ်ယောက်ရဲ့ ရင်ထဲ နှလုံးသားထဲမှာ ရှိနေမယ့် သူတန်ဖိုးထားတဲ့ ဒီ ဗဲလူး ဆိုတာကို မျက်ကွယ်ပြုရင်တော့ ပြဿနာအကြီးကြီး ရှိနေပါတယ်။ ဘာလို့လည်းဆိုတော့ ဗဲလူး ဆိုတာထဲမှာ ယုံကြည်မှုဆိုတာလည်း ပါနေပါတယ်။ ဥပမာ... အစ္စရေး မော့ဆက်အတွက် သူလျိုလုပ်ပေးနေတဲ့ အီဂျစ်က ရဲမှူးကြီး တစ်ယောက်ကို ဖော်ထုတ်ဖမ်းဆီးမိချိန်မှာ အားလုံးအံ့သြသွားခဲ့ရပါတယ်။
"ဒါဆိုရင် မော့ဆက်က ဘယ်လိုသိမ်းသွင်းလိုက်တာလဲ?
ပြီးတော့ ရဲတိုက်ဝတ္ထုကြီးထဲက ဒေါက်တာအင်ဒရူးမေဆန်ဟာ ဇာတ်သိမ်းပိုင်းနားမှာ ဆရာဝန်တစ်ယောက် လိုက်နာရမယ့် စည်းကမ်းဥပဒေကို ဖောက်ဖျက်မိလို့ အရေးယူခံရပါတယ်။ စတွက်ချယ်ပါစပတ်တစ်ရဲ့ ရှုထောင့်ကနေ ကြည့်ရင် သေချာပေါက် ဆေးကုသခွင့် လိုင်စင် သိမ်းခံရတော့မှာပါ။ ဒါပေမယ့် ဒေါက်တာဟာ သူ့လူနာမေရီဆိုတဲ့ ကလေးမလေး အသက်ရှင်ဖို့ လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အပြင် တကယ်လည်း ပြန်လည်ကျန်းမာ အသက်ရှင်လာတဲ့ ကလေးမလေးက သူရဲ့ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ မှန်ကန်ကြောင်းနဲ့ ခေတ်မီဆေးကုသမှုတွေနဲ့ မျက်ခြေပြတ်နေတဲ့ ဆေးလောကသားအများစုကသာ မှားနေကြောင်း ပြနိုင်တဲ့ သက်သေဖြစ်ခဲ့ပါတယ်။ ဒေါက်တာက ခေတ်မမီတော့တဲ့ ဆေးကုသမှုပုံစံတွေ။ခေတ်နဲ့မေ
ကျွန်မပြောသမျှကို စဉ်းစားရင်း ငြိမ်သက်နေတဲ့ ဆရာကြီးကို.... "ဒါနဲ့စကားမစပ် ဆြာကြီးရှေ့က ကျောင်းမဂ္ဂဇင်းထဲမှာ သမီးရေးထားတဲ့ 'ရှင်သန်နေဆဲအတွေးပုံရိပ်မျ
ဒီpaper တင်နေတာနဲ့ တပြိုင်နက်မှာ ကျွန်မလည်း စာတမ်းကြီးကို ဆီမီနာနှစ်ကြိမ်ပေးပြီး လက်စသတ်ဖို့ လုပ်နေပါပြီ။ ဆူပါဗိုက်စာ ဆရာမကြီးက ထုံတုံတုံ အတတ အူကြောင်ကြောင် လုပ်တတ်တဲ့ ကျွန်မကို စိတ်ရှည်ရှည်ထားပြီး ရှင်းပြရင် သူလိုချင်တဲ့ ပုံစံဝင်အောင် လုပ်နိုင်မှန်း သိလာတော့ အဆူအငေါက်လျှော့ပြီး ပျော့လာပါတယ်။ သူအားတဲ့အချိန်တိုင်း သူ့ရုံးခန်းထဲခေါ်ပြီး သူ မနှစ်သက်တဲ့ အချက်အလက်နဲ့ အရေးအသားတွေ၊ ကျွန်မရဲ့ ပေါက်ကရလေးဆယ် အတွေးနဲ့ အရေးတွေကို ပြင်ပေးပါတယ်။ သူလိုချင်တဲ့ ပုံစံကို သေသေချာချာ ရှင်းပြပြီး သူရှေ့တင် အပြီးထိုင်ရေးခိုင်း ပါတယ်။အာဆီယံ နိုင်ငံတွေရဲ့ ဘောဂဗေဒဆိုင်ရာ စာတမ်းကြီးက အချက်အလက် ဒေတာတွေ အပြည့်အစုံနဲ့ အေးဆေးလွယ်ကူစွာ ပြီးဆုံး သွားပါတော့တယ်။
ဆရာကြီးက သူ့ရုံးခန်းထဲဝင်လာပြီး နောက်ထပ် ဘာခေါင်းစဉ်နဲ့ ပေပါထပ်တင် ရအုံးမလဲလို့ အူကြောင်ကြားနဲ့ လာမေးတဲ့ ကျွန်မကို မေးခွန်းတစ်ခု မေးပါတယ်။ "နေထက်ထက်အောင်... ညည်းတင်ခဲ့တဲ့ အဆိုင်းမန့်ပေပါအတွက် အမှတ်ဘယ်လောက် လိုချင်သလဲ??"
"ရှင်!!!တကယ်မေးတာလားးးဆရြာ
"အေးးးး"
"အာ့ဆို A+ပေးပါ ဆရာကြီး ဟီးဟီးးး"
"ဘာာာ!!! A+ လိုချင်တာလားးး အဲ့ဒါဆိုနောက်ထပ် ခြောက်လစာ ထပ်လုပ်မလားးး အဲ့ဒါဆိုပေးမယ်။"
"အွန်!!! အာ့ဆို ဘွဲ့နှင်းသဘင် ဘယ်မှီတော့ မှာလဲဆြာ။"
"အဲ့ဒါတော့ ညည်းသဘောပဲလေ။ A+လိုချင်ရင် လုပ်ပေါ့။"
"အာ့ဆိုလည်း ဆြာကြီး ပေးသင့်တယ်ထင်တဲ့ အမှတ်သာ ပေးလိုက်ပါတော့။"
"ရော့... အမှတ်စာရင်းးး ညည်းဌာနမှူးကို သွားပေးချည်။"
ပိတ်မထားတဲ့ စာအိတ်ကို ယူလာပြီး လမ်းမှာ အသာဖွင့်ကြည့်လိုက်ပါတယ် အမှတ်က B ပါ။ "ဟာာာ ဒီပေပါတစ်စောင်ထဲနဲ့ ငါ့ကို အောင်မှတ်ပေးလိုက်ပြီ!!!!! "
ဌာနမှူးက ရုံးစာတွေဘာညာ သွင်းပြီး စာရွက်တစ်ရွက်ကို ပါချုပ်လက်ထဲ ကိုယ်တိုင်ပြန်ပေးချည် ဆိုပြီးးး လွှတ်လိုက်ပါတယ်။ ဆြာကြီးက
"နေထက်ထက်အောင်.... သူများတွေက ညည်းဟာ ဒီဘွဲ့ကို ဘယ်လိုလုပ် ရလာခဲ့တာလဲလို့ မေးရင် ဟောဒီလို စာတမ်းမျိုး ပါချုပ်ဆီတင်ပြီး ရလာတာလို့ ဖြေပြီးးးထုတ်ပြလိုက် ကြားလားးး"
"ဟုတ်စ် အဲ..ဟုတ်ကဲ့ဆရာကြီးးး"
နေမင်းကြီး ဝင်သွားရင် အီးဗနင်းစတားးးးဆိုတဲ့ ဆည်းဆာကြယ်ပွင့်ကြီးတစ်ပွင်
( မက်ချင်တာ
ပြာလွင်တဲ့ မိုးကောင်းကင် အိမ်မက်တွေ။
ရွှေ့မရတဲ့
တောင်တန်းတွေ ပိတ်ကာလို့
ကိုယ့်ကိုယ်ကို ပြန်သတ်ခဲ့ရတယ်။
အနောက်တောင်မိုးစက်တွေ ရွာချသလို
အနာဂတ်ကို အရေဖျော်ချ
မျက်ဝန်းတွေမှာ ခွင့်မရှိတဲ့အခါ ရင်ဘတ်တွေထဲမှာ ရွာရန်ရာနှုန်းပြည့်
အုံ့မှိုင်းရွာကျလို့
ပြင်ဆင်ခွင့်မရလို့
စိတ်နဲ့ဖွက်ထားလိုက်တဲ့ ကိန်းသေတစ်ခုမှာ
တစ်ဘဝစာတန်ဖိုးတစ်ခုပါမယ်။
မျိုးအိမ်ဇန် credit Aung Ko Ko)
ကျွန်မဘဝမှာ လိုချင်တိုင်းလည်း မရခဲ့ပါဘူး။ မျှော်မှန်းတိုင်းလည်း လွဲရပါတယ်။ ကြိုးစားတိုင်းလည်း မဖြစ်ထွန်းခဲ့ပါဘူးးး။ ဘဝမှာ စိတ်တိုင်းကျ မဖြစ်ထွန်းခဲ့သမျှအတွက် ရင်ထဲမှာ အမြဲနာကျင် ခံစားခဲ့ရပါတယ်။ အမြဲတမ်းးး ဘဝရည်မှန်းချက်တွေ ကြီးခဲ့မိတဲ့ လူတစ်ယောက်အတွက် မျှော်လင့်ချက်မဲ့သွားတဲ့အခ
"ယောနိသောမနဿီကာရ"သင့်တင့်အောင်နှလုံးသွင်း ဆင်ခြင်တယ် ဆိုတာ အပြောလွယ်သလောက် အလုပ်ရ ခက်ပါတယ်။ ဒါပေမယ့်... ဘယ်လိုပဲဖြစ်ဖြစ် ဟိုတုန်းက အလွန်မုန်းခဲ့မိတဲ့ "ကံစီမံရာ"ဆိုတဲ့စကားလုံးကို တဖြည်းဖြည်းခြင်း လက်ခံနိုင်အောင် ကြိုးစားခဲ့ရပါတယ်။ ကံ ကံ၏ အကျိုးတရားတွေကို လက်ခံနှလုံးသွင်း နိုင်ဖို့ ရှိသမျှ မာန်တွေကို လွှတ်ချခဲ့ရပါတယ်။ ငါလုပ်တိုင်း ဖြစ်ရမယ် ဆိုတဲ့ အယူအဆတွေကို ဖျောက်ပြီးးး ကိုယ့်ကိုယ်ကို ဦးချိုးပစ်ခဲ့ရပါတယ်။
သဇင်ပန်း တုန်းခါစအချိန်မှာ သဇင်ပန်းမပန်ရရင် ဘွဲ့နှင်းသဘင် မတက်ဘူးလို့ ကျွန်မက ဂျီကျပါတယ်။ ပထမဘွဲ့တုန်းကလည်း သဇင်မရှိတဲ့ဧပြီလ အချိန်မို့ သစ်ခွတွေပန်ပြီး ဘွဲ့ယူခဲ့ရတာပါ။ ဒါ့ကြောင့် သဇင်တုန်းခါစ ဆိုပေမယ့် ရှာရင်ရနိုင်သေးတဲ့ ဖေဖော်ဝါရီလ ဆိုတော့ သဇင်ပန်းကို မရ ရအောင်ဝယ်ပေးဖို့ ပူဆာရပါတယ်။ မေမေက ရန်ကုန်ထိ လှမ်းရှာခိုင်းပြီး သဇင်ပန်းတွေ ရအောင်ဝယ်ပေးခဲ့ပါတယ်။
ဖြူဖွေးပြီး အတွင်းဘက်ကျကျမှာ ဆင်စွယ်ရောင် လေးတွေပါတဲ့ ရှည်လျားကော့ညွှတ်နေတဲ့ သဇင်ခက်ကြီးတွေက ကျွန်မခေါင်းပေါ်တင်မကဘဲ အနီးဝန်းကျင်မှာပါ သင်းပျံ့ကြိုင်လှိုင် နေပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမထဲမှာ ဝင်သက်ထွက်သက်တွေ ရှူထုတ်လိုက်တိုင်း သဇင်ရနံ့တွေက ပိုပိုပြီး မွှေးမြလန်းဆန်း စေခဲ့ပါတယ်။မျှော်လင့်သလို မစွမ်းဆောင် နိုင်ခဲ့ပေမယ့် ရရှိလာတဲ့ ဒီဘွဲ့ကို ကျွန်မတကယ် တန်ဖိုးထားပြီး ဂုဏ်ယူမိပါတယ်။
ပြီးပါပြီ
နေထက်ထက်အောင်