"ဟောင်ကောင် ဆန္ဒပြပွဲ ဘယ်မှာလမ်းဆုံးမလဲ"
ဟောင်ကောင် ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး စဉ်းစားမိတာ နှစ်ခု ရှိပါတယ်။
ပထမတစ်ခုကတော့ ကျနော်တို့ဆီက ဆန္ဒထုတ်ဖော်ပွဲတွေနဲ့ပတ်သက်ပါတယ်။
အခုအစိုးသစ်လက်ထက်မှာ ကျင်းပနေတဲ့ ဆန္ဒပြပွဲတွေက tension တွေ သိပ်များတယ်လို့ ခံစားမိပါတယ်။
အရင်စစ်အစိုးရလက်ထက်တုန်းက ဆန္ဒပြပွဲတွေက tension များတယ်ဆိုတာ သဘောသဘာဝကျပါတယ်။
ဘာလို့လဲဆိုတော့ ဆန္ဒပြသူတွေက တွန်းလှန်သူတွေ ဖြစ်ပြီး တစ်ဘက်ကလည်း မိမိထိုင်ခုံကို ကိုင်လှုပ်သူတွေ အဖြစ်ရူမြင်ကာ ဖိနှိပ်သူ နေရာရောက်သွားပါတယ်။

ဒီအတွက် ဆန္ဒပြပွဲတွေဟာ အမုန်းတရား အခြေခံပြီး ရန်ဘက်နိုင်ငံရေးအသွင် ဆောင်ခဲ့ပါတယ်။
အခု ဒီမိုကရေစီကို ဖော်ဆောင်နေတဲ့ အသွင်ကူးပြောင်းရေး ကာလမှာတော့ ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ tension အရှိန်ကို ပြန်ချဖို့ လိုလာပါတယ်။
အရင်ခေတ်ဟောင်း အရိုးဆွေးအမြင်တွေဖြစ်တဲ့ တော်လှန်သူနဲ့ ဖိနှိပ်သူ ရန်ဘက်အသွင်ကို ဖျောက်ဖျက်နိုင်ရပါမယ်။
ဘာလို့လဲဆိုတော့ ဒီမိုကရေစီမှာ ကိုယ့်လိုအင်ဆန္ဒကို ချမှတ်ထားတဲ့ ဥပဒေဘောင်ထဲက စနစ်တကျ တောင်းဆိုနိုင်ခြင်း ဖြစ်ပြီး ဒီလိုတောင်းဆိုခြင်းဟာ အုပ်စိုးသူ အစိုးရ လိုကွက်ဟာကွက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးရာရောက်စေပါတယ်။
ဒီအတွက် နှစ်ဦးနှစ်ဘက်ရဲ့ ဆက်ဆံရေးဟာ ရန်ဘက်အသွင်ထက် မိတ်ဘက်အသွင် ဆောင်ဖို့ အရေးကြီးပါတယ်။
အတိုချုပ်ဆိုရရင် ဆန္ဒပြပွဲတွေဟာ မိတ်ဘက်နိုင်ငံရေး အသွင်ဆောင်ရပါမယ်။
ဆန္ဒပြပွဲတွေရဲ့ tensionတွေကို လျှော့ဖို့ဆိုရင် ပထမဆုံး ဆန္ဒပြပွဲ အသွင်သဏ္ဌန်မှာ ဖျော်ဖြေရေးဆန်ဆန် ထည့်သွင်းဖို့ လိုလာပါလိမ့်မယ်။
ဥပမာ("ဆန္ဒပြပွဲ စီတန်းလှည့်လည် ရာမှာ လူစိတ်ဝင်းစားဖွယ်ရာ အရုပ်ကြီးတွေနဲ့ ကိုယ့်လိုလားချက်တွေကို ကိုင်ဆောင်ထားတာမျိုး
စီတန်းလှည့်လယ်ရာမှာ
တီးဝိုင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားတာမျိုး)"
ဥပမာ("ဆန္ဒပြပွဲ စီတန်းလှည့်လည် ရာမှာ လူစိတ်ဝင်းစားဖွယ်ရာ အရုပ်ကြီးတွေနဲ့ ကိုယ့်လိုလားချက်တွေကို ကိုင်ဆောင်ထားတာမျိုး
စီတန်းလှည့်လယ်ရာမှာ
တီးဝိုင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားတာမျိုး)"
ဒီလို ဆန္ဒပြပွဲတွေမှာ tension ကို လျော့နိုင်ခဲ့ရင် ဆန္ဒပြသူတွေ စိတ်လက်ပေါ့ပါး မျက်နှာကြောကို လျှော့နိုင်သလို လုံခြံရေးယူသူတွေကိုလည်း စိတ်တင်းကြပ်မူ့ ပြေလျှော့သွားပါလိမ့်မယ်။
အပိုဆုအဖြစ် ဆန္ဒပြပွဲကို စိတ်ဝင်စားသူတွေ ပိုမိုများပြားလာစေမှာ ဖြစ်ပါတယ်။
အပိုဆုအဖြစ် ဆန္ဒပြပွဲကို စိတ်ဝင်စားသူတွေ ပိုမိုများပြားလာစေမှာ ဖြစ်ပါတယ်။
အဓိက ကတော့ ရန်ဘက်နိုင်ငံရေးကနေ မိတ်ဘက်နိုင်ငံရေးကို ပြောင်းလဲဖို့ ခြေလှမ်းအစ ဖြစ်သွားနိုင်တာပါပဲ။
ဒုတိယစဉ်းစားမိတာကနေ ဟောင်ကောင်ဆန္ဒပြပွဲကနေ တရုတ်ပြည်မဆီ ဘယ်လောက်ရိုက်ခတ်သွားနိုင်မလဲ ဆိုတဲ့အချက်ပါ။
ယနေ့ စူပါပါဝါ တရုတ်ပြည်ကို တောင်ကိုးရီယားနှင့် နိုင်းယှဉ်ပြီး ထောက်ပြပြောဆိုထားတာ ရှိပါတယ်။
ဒါကတော့ တောင်ကိုးရီးယားဟာ အာဏာရှင်လက်အောက်မှာ စီးပွားရေး တစ်စုံတရာ တိုးတက်လာပါတယ်။
အဲဒီစီးပွားရေးတိုးတက်မူ့ကနေ
လူမူ့အလွှာသစ်ပေါ်လာပြီး Social Mobilization လှုပ်ရှားမူ့ဖြစ်တည်လာပြီး နိုင်ငံရေးလွတ်လပ်ခွင့် ကို ဦးတည်သွားနိုင်ခဲ့တယ်။
လက်ရှိတရုတ်ပြည်မှာတော့ တိန့်ရှောင်ပင်းလက်ထက် စီးပွားရေးကြိုးဖြည်လွှတ်မူ့နဲ့ တဟုန်တည်း တိုးတက်လာခဲ့တယ်။
ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးမူနဲ့ ကျွဲကူးရေပါ ပါလာတတ်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တနည်း ဒီမိုကရေစီအတွက် လူမူ့နိုးကြားလှုပ်ရှားမူ့
Social Mobilization
ပျောက်ဆုံးနေခဲ့တယ်။
ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးမူနဲ့ ကျွဲကူးရေပါ ပါလာတတ်တဲ့ နိုင်ငံရေးလွတ်လပ်ခွင့်တနည်း ဒီမိုကရေစီအတွက် လူမူ့နိုးကြားလှုပ်ရှားမူ့
Social Mobilization
ပျောက်ဆုံးနေခဲ့တယ်။
တကယ်တော့ ပညာရှင်တွေ ထောက်ပြပြောဆိုနေတဲ့ ဒီလူမူ့နိုးကြားလှုပ်ရှားမူ့ ပျောက်ဆုံးနေရခြင်းဟာ လက်ရှိတရုတ်ခေါင်းဆောင်တွေရဲ့ ပါးနပ်မူ့ အမြော်အမြင်ကြီးမူ့တွေနဲ့ သက်ဆိုင်တယ်လို့ ထင်ပါတယ်။
စီးပွားရေးတိုးတက်မူ့က ပေါ်ထွန်းလာတဲ့ လူလတ်တန်းစား ဓနရှင်ပေါက်စတွေကို တရုတ်ပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် နေရာပေးခဲ့ခြင်း ဖြစ်ပါတယ်။
စီးပွားရေးတိုးတက်မူ့က ပေါ်ထွန်းလာတဲ့ လူလတ်တန်းစား ဓနရှင်ပေါက်စတွေကို တရုတ်ပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် နေရာပေးခဲ့ခြင်း ဖြစ်ပါတယ်။
နိဂုံးဆိုရမယ်ဆိုရရင် ဟောင်ကောင်လှုပ်ရှားမူ့ဟာ တရုတ်ပြည်မကြီးမှာ လူမူ့နိုးကြားလှုပ်ရှားမူ့ အဖြစ် ပေါ်လာမလား
ခေါင်းဆောင်တွေရဲ့ အမြှော်အမြင်မှာပဲ ဇာတ်သိမ်းမလား
တိန့်အန်ပင် ရင်ပြင် ဒုတိယ ဖြစ်သွားမလား ဆိုတာတော့ ပိတ်ကားထက်မှာ စောင့်မျှော်ကြည့်ရူရမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်တွေရဲ့ အမြှော်အမြင်မှာပဲ ဇာတ်သိမ်းမလား
တိန့်အန်ပင် ရင်ပြင် ဒုတိယ ဖြစ်သွားမလား ဆိုတာတော့ ပိတ်ကားထက်မှာ စောင့်မျှော်ကြည့်ရူရမှာ ဖြစ်ပါတယ်။