Quantcast
Viewing all articles
Browse latest Browse all 1811

သောင်းကျန်းမှုနှိမ်နင်းရေးသုံး တိုက်လေယာဉ်များ(အပိုင်း-၁)



၂၀ ရာစုကာလများအတွင်းစစ်ဘက်ဆိုင်ရာ အယူအဆများ အတွေးအခေါ် များပြောင်းလဲလာသည်နှင့် အညီ စစ်ဆင်မှု အတတ်ပညာများသည် လည်း စစ်ပွဲပုံသဏ္ဍန်များပေါ် လိုက်ကာအဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှစတင်ကာလေကြောင်းအရေးသာမှု သည် စစ်ပွဲ၏အဆုံးအဖြတ်တစ်ခု ဖြစ်လာခဲ့ပါသည်။ 

စစ်အေးတိုက်ပွဲကာလနှင့် စစ်အေးတိုက်ပွဲလွန်ကာလများတွင် အင်အားကြီးနိုင်ငံများသည် လေကြောင်းစိုမိုးမှု အတွက် လေတပ်များ အပြိုင်အဆိုင် တည်ဆောက်ခြင်း နည်းပညာများ အပြိုင်အဆိုင်ရှာဖွေခဲ့သလို ခေတ်သစ် စစ်ပွဲများတွင် လည်း လေတပ်ဖွဲ့အများ၏ အရေးပါမှုမှာ ထိပ်တန်းတွင်ရှိကြောင်းကို ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ ကိုဆိုဗိုစစ်ပွဲ ၂၀၀၃ အီ၇တ်စစ်ပွဲများတွင် ထင်၇ှားစွာပြဆိုခဲ့ပြီးဖြစ်ပါသည်။

၂၀၀၁ ခုနှစ်အာဖဂန်စစ်ပွဲတွင် တာလီဘန်အစိုးရအား လွယ်လင့်တကူ ဖြုတ်ချနိုင်ခဲ့သော်လည်း နောက်ပိုင်းကြုံတွေ့လာခဲ့ရသည့် ပြောက်ကျားစစ်သွေးကြွ တို့ အားရင်ဆိုင်လာရချိန်တွင် အရေိကန်တို့၏ ပြောက်ကျားစစ်သောင်းကျန်းမှု နှိမ်နင်း ရေးအပေါ် ရှုမြင်သုံးသပ်ချက် ပြောင်းလဲလာခဲ့သည်။ တောင်ကြားများ ဥမင်များအတွင်း မှပြောက်ကျား များအားနှိမ်နင်းရေးအတွက် အမေရိကန်တို့ ၏ သမရိုးကျ ခေတ်မီစစ်လက်နက် များသည် တန်ဖိုးကြီးမားလွန်းခြင်း ကုန်ကျစရိတ်များပြားလွန်းခြင်းတို့ကြောင့် ကုန်ကျစရိတ်သက်သာပီး ထိရောက်မှု ရှိသော သောင်းကျန်းမှုနှိမ်နင်းရေး လေယာဉ်များအပေါ် အာရုံကျလာခဲ့ပါသည်။
ယခုဆောင်းပါးတွင် ကမ္ဘာတပ်မတော်များတွင် အသုံးပြုလျက်ရှိသောနာမည်ကျော် COIN တိုက်လေယာဉ်များအားတင်ပြသွားပါမည်။

COIN တိုက်လေယာဉ်များအားစတင်အသုံးပြု ခဲ့သည်မှာ၁၉၂၀ မှ၁၉၃၀ ကြားကာလများအတွင်း အီသရိုးပီးယား နှင့် အီရတ်စစ်မြေပြင်များတွင် စတင်အသုံးပြုခဲ့ ပါသည်။အဓိကအသုံးပြုသည်မှာ ကင်းထောက်ခြင်းနှင့် ရန်သူ့ အုပ်စုငယ်များအားပိုင်းဖြတ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။၁၉၅၀ ပြည့်လွန်နှစ်များအတွင်းဖြစ်ပွားခဲ့သော အယ်ဂျီးရီးယားပြည်တွင်းစစ်အတွင်း Piasaki H-12 အပေါ့စား သယ်ပို့လေယာဉ် တွင်စက်သေနတ်များ Rocket Launcher များတပ်ဆင်ကာ သယ်ပို့တာဝန် ကင်းထောက်တာဝန် ချေမှုန်းရေးတာဝန်များ တပြိုင်နက်ထမ်းဆောင်ခဲ့သည်။ဗီယက်နမ်စစ်ပွဲကာလအတွင်းတွင် အမေရိကန်တို့သည် DouglasA-1 Skyraider COIN လေယာဉ်များအားကျယ်ပြန့်စွာသုံးစွဲခဲ့ကြပါသည်။ မြန်မာ့တပ်မတော်အနေဖြင့်လည်း ပြည်တွင်းစစ်ပွဲများအတွင်း Pilatus PC-7 PC-9 အမောင်းသင်လေယာဉ်များ နှင့် PC-6 အပေါ့စားသယ်/ပို့လေယာဉ်များတွင် လက်နက်တပ်ဆင်ကာ COIN အဖြစ်ထိထိရောက်ရောက်အသုံးပြု ခဲ့ကြသည်။

COIN တိုက်လေယာဉ်များအတွက် အဓိကထမ်းဆောင်ရသောတာဝန်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) ထောက်လှမ်းရေးအချက်အလက်စုဆောင်းခြင်း၊ ကင်းထောက်ခြင်း၊ရှာဖွေချေမှုန်းခြင်း
(ခ)စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများ( ၀ါဒဖြန့်စာရွက် စာတမ်းများကြဲချခြင်း၊ ရေဒီယိုထုတ်လွှင့်မှု ဆောငိရွက်ခြင်း)
(ဂ)မြေပြင် အပျော့ပစ်မှတ်(လူ /နေအိမ်/ကင်းစခန်း) များအားတိုက်ခိုက်ခြင်း)

ယနေ့ထင်ရှားသော COIN များအကြောင်းတင်ပြသွားပါမည်-

Embraer EMB 314 Super Tunaco

ဘရာဇီးနိုင်ငံမှထုတ်လုပ်ခဲ့ပီး ထင်ရှားသော COIN တိုက်လေယာဉ် ဖြစ်ပါသည် ၁၉၉၉ ခုနှစ်တွင်စတင်ထုတ်လုပ်ခဲံပီး ဘရာဇီး ကိုလံဘီယာ အီကွေဒေါ ချီလီအစရှိသောနိုင်ငံများတွင်အသုံးပြု လျက်ရှိပါသည်။အာဖဂန်စစ်ပွဲနှောင်းပိုင်းကာလများတွင် အမရေိကန်တို့ ၀ယ်ယူရန် ထည့်သွင်းစဉ်းစားခဲ့သည်အထိနာမည်ကျော်ခဲ့သော တိုက်လေယာဉ်ဖြစ်သည်။မြင့်မားသော Airframe သက်တမ်းရှိပီး သက်တမ်းမှာ ၁၈၀၀၀ နာရီပျံသန်းချိန်အထိဖြစ်သည်။လက်နက်အလေးချိန် ၃၃၀၀ ပေါင်ထိချိတ်ဆွဲပျံသန်းနိုင်ပီး ကယ်ဗလာသံချပ်ကာအကာအကွယ် တပ်ဆင်ထားပါသည်။ လက်နက်များအနေဖြင့် ၂၀မမ စက်အမြောက် ၁လက်MK 81 ဗုံး Piranha ဝေဟင်မှဝေဟင်ပစ်ဒုံး BLG-252 Cluster ဗုံးများ LAU-68 A ရော့ကတ်များတပ်ဆင်ထားပါသည်။ ညကြည့် စနစ်တပ်ဆင်ထားသော ပိုင်းလော့ ဦးဆောင်း ကွန်ယက်ချိတ်ဆက်မှုစနစ်အနီအောက်ရောင်ခြည်စနစ်သုံး ထောက်လှမ်းရေးကင်မရာ ဒုံးပျံပစ်ခတ်မှု သတိပေးစနစ် နှင့် Zero-Zero Ejection Seat များတပ်ဆင်ထားရှိပါသည်။တန်ဖိုးအားဖြင့် ဒေါ်လာ ၉သန်းသာတန်ကြေးရှိပီး ပြင်ဆင်စရိတ်မှာ စစ်ဆင်ရေးပျံသန်းချိန် ၁နာရီအတွက် ၅၀၀ဒေါ်လာသာရှိသဖြင့် ပြည်တွင်းစစ်ဖြစ်ပွားနေသောနိုင်ငံများတတိယနိုင်ငံအများအတွက်အထူးပင်သင့်တော်သည့် COIN ပင်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)

(ကြယ်နီ)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>