လောကကိုအလှဆင်ရာတွင် တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ခု၊
တစ်မျိုးတည်းဖြင့် မဆောင်ရွက်နိုင် ။ တူညီသောအရာ တစ်မျိုး
တည်းဖြင့်လည်း ပြည့်စုံသောအလှကို မရနိုင်။ မတူသောရောင်
စုံပန်းပွင့်များ၊ မညီသော တိမ်များ၏ ပုံသဏ္ဍန်များ၊ အဆောက်
အဦးတို့၏ အချိုးအဆစ်အမျိုးမျိုး၊ ကျေးငှက်သာရကာတို့၏ ဇီဝ
အဖုံဖုံ၊ ကွဲပြားသောဂီတအမျိုးအစား အစုံစုံ .... စသည် စသည်
တို့ဖြင့် စုစည်း ဖန်တီး ပေါင်းစပ်ကြမှသာ ပြည့်စုံသော လောက
အလှကို ရရှိနိုင်ပေမည်။
မော်တော်ကားတစ်စီး၌ မတူညီသော အစိတ်အပိုင်း များစွာဖြင့်
ဆက်စပ် ဖွဲ့စည်း တည်ဆောက် ထားရလေသည်။ ကိုယ်ထည် ၊
အင်ဂျင်၊ ကားဘီး၊ ထိန်းကျောင်းနိုင်သည့် လက်ကိုင်ဂွေ၊ စက်
သုံးဆီ ချောဆီ နှင့် မီးပိုင်း လျှပ်စစ်ပိုင်းဆိုင်ရာကရိယာ
မတူကွဲပြားမှုများဖြင့် ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်ထားမှသာ
မော်တော်ယာဉ် တစ်စီးကို ရရှိနိုင်ပေမည် ။ ထို မော်တော်ယာဉ်
မောင်းနှင်ထွက်ခွါ နိုင်ရန်အတွက်လည်း ပါဝင်ဖွဲ့စည်းထားသော
ကိုယ်ထည်ချည်း သက်သက် ၊ အင်ဂျင်ချည်း သက်သက် ၊ ဘီး
ချည်း သက်သက် ၊ စက်သုံးဆီ ချောဆီချည်း သက်သက်ဖြင့် မ
စွမ်းဆောင်နိုင်ချေ။ တစ်ခုနှင့်တစ်ခုကို ဝါယာ ခွေးသွားစိပ် မူလီ
ဝက်အူ စသည်တို့ဖြင့်ဆက်စပ်ပြီး ကိုယ်စီတာဝန်ကိုသိ၊ ကိုယ်စီ
တာဝန်ကိုကျေကြမှသာ ခရီးတစ်ခုအတွက် ရွေ့လျားမှု အစပြု
နိုင်မည်ဖြစ်သည်။
လူ၏ ရုပ်ခန္ဓာကိုယ်တွင်လည်း မျက်စေ့၊ နား၊ နှာခေါင်း၊ ပါးစပ်၊
ဦးနှောက်၊ ဝမ်းဗိုက်၊ အသည်း၊ အဆုပ်၊ နှလုံး၊ အစာအိမ်၊ အူမ
အူသိမ်၊ ကျောက်ကပ်၊ ခြေလက် အစရှိသော မတူကွဲပြားသည့်
ကိုယ်အင်္ဂါများ ပေါင်းစပ်ဖွဲ့စည်းထားပါ၏ ။ ထိုလူသားတစ်ဦးအ
သက်ရှင်လှုပ်ရှား သွားလာ နိုင်ရန်လည်း တစ်မျိုးမျိုးတည်းဖြင့်
သာ ဆောင်ရွက်၍ မရနိုင်ပေ။ လက်ချည်းသက်သက်ဖြင့် အရာ
ဝတ္ထု ပစ္စည်းများကို တည့်မတ်စွာ ကိုင်တွယ်၍မရနိုင်၊ ခြေချည်း
သက်သက်ဖြင့်လည်း လမ်းခရီးကို ဖြောင့်တန်းစွာလျှောက်လှမ်း
ရန် မလွယ်ကူ။ မျက်စေ့က ကူညီ ကြည့်ရှု တည့်မတ်ပေးရန်လို
ပေသည်။ သက်ရှင်လှုပ်ရှား ခွန်အားရရှိရန်လည်း ပါးစပ်ဖြင့်အ
စာရေစာကို စားသောက်ပေးရပါမည် ။ အစာကို စားသောက်ရာ
တွင်လည်း ပါးစပ်တစ်ခုတည်းဖြင့် မပြီးမြောက်နိုင်၊ သွားများက
သူနှင့်မဆိုင်ဟုဆိုပြီး စေ့ထားလျှင်လည်း အစာမဝင်နိုင်။ ခံတွင်း
အတွင်းရောက်ရှိလာသောအစာကို သွားများကညက်ညက်ကျေ
အောင် ဝါးပေးရမည်။ လည်ချောင်းက တာဝန်သိစွာ မျိုချပေးရ
မည်။ အစာအိမ်နှင့်အူများက သူ့တာဝန်ကိုယ့်တာဝန် တွက်ကပ်
ခြင်းမရှိစေပဲ ပိုမိုကျေညက်အောင်ပြုလုပ်ပြ
အဟာရဓါတ် ဗီတာမင်ဓါတ်များကို စုပ်ယူပေးရမည်။ သွေးလွှတ်
ကြောနှင့် သွေးပြန်ကြောများက လိုအပ်သည့် အဟာရဓါတ်များ
ကို ခန္ဓာကိုယ်အစိတ်အပိုင်းများသ
စွန့်ပစ် ပစ္စည်းများကို ပြန်လည်သယ်ဆောင် သန့်စင်ပေးခြင်းတို့
ကို အလိုက်သိစွာ လုပ်ဆောင်ပေးခြင်း စသည်ဖြင့် မတူကွဲပြား
သည့် အစိတ်အပိုင်းတစ်ခုချင်းစီက တစ်မျိုးနှင့်တစ်မျိုးတွက်က
တွေဝေခြင်း မရှိပဲ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်မှသာ
ခန္ဓာကိုယ်တစ်ခု အသက်ရှင်လှုပ်ရှားနိုင်ပေမည
တိုင်းပြည်တစ်ပြည် တည်တံ့ခိုင်မြဲ ၊ တိုးတက်ဖွံ့ဖြိုးဖို့ ကြိုးစားကြ
သည်ဆိုရာတွင်လည်း ငါမှ၊ ငါ့လူမျိုးမှ၊ ငါ့အဖွဲ့အစည်းမှ ဆိုသည့်
တူရာ တစ်မျိုးတည်းဖြင့်သာ မစွမ်းဆောင်နိုင်သည်ကို သတိပြုမိ
ကြရန်လိုပါသည်။ မတူညီသော အင်အားစု အတွေးအခေါ် အယူ
အဆ တီထွင်ကြံဆမှု ကြိုးပမ်းစွမ်းဆောင်မှုတို့
ထုတ်ကြရပေမည်။
မော်တော်ကားရွေ့လျှားရန် အစိတ်အပိုင်းများ တစ်ခုနှင့်တစ်ခုကို
ဝါယာ ခွေးသွားစိပ် မူလီ ဝက်အူတို့ဖြင့် ချိတ်ဆက်ပေးသလို တစ်
ဦးနှင့်တစ်ဖွဲ့တို့ကို ယုံကြည်မှု၊ နားလည်မှု၊ ကျင့်ဝတ်သိက္ခာစောင့်
စည်းမှုတို့ဖြင့် ဆက်သွယ်ဆက်စပ် ညှိနှိုင်း ဆောင်ရွက်ရပေမည်။
လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဥပမာပြု၍ ငါမှငါ ၊ ငါ့အဖွဲ့အ
စည်းမှ ငါ့အဖွဲ့အစည်း ၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုသော လွန်ကဲသည့်
အတ္တနှင့် တွေဝေ တွက်ကပ်မှုမျိုးကို ဘေးဖယ်ကာ တက်ညီလက်
ညီ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းဆောင်ရွက်ကြပါမှ လိုရာခရီး
ဦးတည်ရာခရီးဖြစ်သည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး
သော လူ့ဘောင်သစ်တစ်ခုသို့ အရောက်လှမ်းနိုင်မည် ဟု မြင်မိပါ
သည်။
ခရီးတစ်ခုရောက်ရှိဖို့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းဖြင့်
မဆောင်ရွက်နိုင်ပါ ။ တစ်သင်းတစ်ဖွဲ့ တစ်မျိုးတစ်သား တည်းဖြင့်
လည်း မစွမ်းဆောင်နိုင်ပါ။
မတူကွဲပြားမှုများဖြင့်သာ ရှေ့သို့ လှမ်းနိုင်မည်ဖြစ်ပါသည်။
တစ်စိတ်တစ်ဝမ်းတည်း ညီညွတ်ကြရန်သာ လိုပါသည်။
တစ်ယောက်ပေါ်တစ်ယောက် နင်းကျော် တက်လျှောက်သွားရန်
ထက် တစ်ဦးကိုတစ်ဦး ဖေးကူလက်တွဲသွားရန်သာ လိုပါသည်။
အပြစ်ဖို့ ရန်လိုခြင်းထက် ယုံကြည် နားလည်ပေးဖို့၊ စောင့်စည်းရ
မည့် ကျင့်ဝတ် သိက္ခာများကို ထိန်းသိမ်းတတ်ကြရန်သာ လိုအပ်
ပါသည်။
မတူကွဲပြားမှုများမှ "ညီညွတ်ခြင်း "စွမ်းအင်ကို ဖေါ်ထုတ်စုစည်း
၍ မြန်မာပြည်ကို ရှေ့သို့ ရောက်အောင် မောင်းနှင်နိုင်ကြစေရန်
စိတ်ရည်သန်လျှက်...........
(ေ န လ မ င်း ၊ ၂ ၀ ၁ ၄ နို ဝ င် ဘာ ၂ ၅ )