Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ဒီကနေ့ မြန်မာပြည်

$
0
0

မြန်မာပြည်ကိုလာကြတဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေကို အရင်ကတွေ. ဆုံတိုင်းရှင်းပြဖိတ်ခေါ်ခဲ့ပါတယ်။ မြန်မာပြည်ဆိုတာအကျယ်ကြီး။ မြန်မာမှာမြေ ရှိတယ်၊ လူ.လုပ်အားတွေရှိတယ်၊ သယံဇာတတွေပေါတယ်ပေါ့။ Vast Land with plenty of Labour & Natural Resources ပေါ့။ အင်္ဂလိပ်လိုလဲအတော် တတ်ကြ တယ်ပေါ့။ နည်းပညာနဲ. ရင်းနှီးငွေ Technology & Money မရှိလို.၊ အပြင်က ယူလာပြီး ရင်းနှီးမြှုပ်နှံကြပါ။ အလုပ်ဖြစ်ကြမှာပါ၊ကြီးပွားကြမှာပါ။ သမ္မတကြီး က လည်း အမြဲတမ်းဖိတ်ခေါ်နေပါတယ်လို.လေ။


ဟော-အခုတော့ အဲ့လိုဟုတ်တော့ဘူး။ ဘာဆိုဘာမှမရှိတော့ဘူး။။ Land မရှိ (ရှိတဲ့Land တွေကလည်းခရိုနီပိုင်)၊ Labourမရှိ(ရှိတဲ့Labour ကလည်းပြဿ နာရှာ)၊ Resources depleted, Technology-No၊ Money- နိမ်းဟဲ ( လူနည်းစုဆီမှာ ဘဲငွေတွေသွားစုနေတယ်)။ All gone with the wind ။ ဘာဆိုဘာမှကို တကယ် မရှိတော့တာ။ မဆလခေတ်တခေတ်လုံး၊ မစားရက်မသောက်ရက် ဆဲဆိုဝေဖန် ခံ ၊မွေးထားစုထားခဲ့တဲ့ သယံဇာတ ကြက်ကလေးတွေ တချီထဲရိုက်ချက်စားသောက် ပစ်လိုက်ကြတာ ကုန်ပါရောလား။

ပြည်ပကရင်းနှီးမြှုပ်နှံလိုသူတွေက Technology and money ယူလာပြီး တိုင်းဒေ သကြီးနဲ.ပြည်နယ် တွေကိုသွားဒေသဖွံ.ဖြိုးရေးလုပ်ဘို.စီးပွားရေးလုပ်ကိုင်လိုကြပေ မဲ့ သက်ဆိုင်ရာဒေသအစိုးရတွေရဲ.လက်ထဲမှာဘာဆုံးဖြတ်ပိုင်ခွင့်မှမရှိ(ထောက် ခံရုံသာထောက်ခံနိုင်)။ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့တချို.၀န်ကြီးဌာနတွေရဲ.တုံ.ပြန် မှု ကျတော့လည်း ဝေတေတေ၀ါးတားတား။ မပြတ်မသားနဲ.။ လိုတမျိုးမလိုတမျိုး။ ကိုယ်ကျိုးမပါရင်၊ ကိုယ့်အမျိုးမှမပါရင်၊ ဘာမှအားမထည့်။

နောက်ဆုံးကျတော့ ကက်ဘိနက်ကခွင့်မပြုသလိုလို၊ သမ္မတရုံးကဘဲဖြတ်ချ သလိုလိုတွေ အသံလွှင့်ပြီး “မူနဲ.မကိုက်ညီလို.ခွင့်မပြု” ဆိုတဲ့စာလုံးတလုံးဘဲရေးတတ်တော့တယ်။ ဥပမာ- ဟိုတနေ.က မြန်မာပြည်မှာအရင်ကမရှိသေးတဲ့၊ ဟယ်လီကော်ပတာတွေပြေးဆွဲဘို. လုပ်တဲ့ Air-Taxi Project အပေါ် ပစ္စလက်ခတ် တာဝန်မဲ့ငြင်းပယ်လိုက်တာကို ကြည့်ပါလား။ Very Pessimistic mind-set ပါဘဲ။ တိုင်းပြည်တိုးတက်ဘို.ထက် တတိယwave ၊ စတုတ္ထwave မှာ Survive ဖြစ်ပြီးပါသွားဘို.သာအဓိကဖြစ်ပုံရပါ တယ်။ အလုပ်မရှုပ်မပြုတ်မူပေါ့။

ပြောရမယ်ဆိုရင်-လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ဒေါ်အောင်ဆန်းစုကြည်နဲ. အ မှတ်မထင်ဆုံဆည်းမိလို. တနယ်ထဲသားချင်းမိတ်ဆက်ကြရာမှာ ကျနော်က တပ်ထဲ ကလာကြောင်း၊ နိုင်ငံရေးမလုပ်ကြောင်း၊ နိုင်ငံတိုးတက်ရေးအတွက်စီးပွားရေးသာတဖက်တလမ်းလုပ်ကြောင်းပြောတဲ့အခါ သူကမေးတယ် “အလုပ်အကိုင်ကော အဆင်ပြေရဲ.လား”တဲ.။ ကျနော်ကမပြေပါဘူးဗျာလို.ဖြေတော့ “ အင်း-ရှင်တို.လို တပ်ကလူတောင်အဆင်မပြေရင်၊ကျမတို.အရပ်သားတွေအဖို. မစဉ်းစားဝန်.စရာ ဘဲ”တဲ့လေ။ အေးပေါ့ဗျာ။ နောက်တခါထပ်ဆုံရင်တော့ “အမရေ.၊ အရင်ထက်ပိုဆိုး လာ သဗျ”လို.တောင် ဆိုရတော့မယ်ထင်ပါတယ်။

တိုးတက်တဲ့သူများတိုင်းပြည်တွေမှာတော့ စီးပွားရေးလုပ်ငန်းတခုလုပ်ဘို.ဆိုရင် ပထမဦးဆုံးအကောင်းမြင်ဝါဒလက်ကိုင်ထားပြီးOptimistic View နဲ.သုံးသပ်၊ အကြံပြုလေ့ရှိပါတယ်။ “ခွင့်မပြု”ဆိုတဲ့စကားလုံးအစား “ဘယ်လိုဆိုရင်ခွင့်ပြုနိုင်ပါ တယ်”လို. နည်းလမ်းနဲ.တကွ Option ဖော်ပြပြန်ကြားလေ့ရှိပါတယ်။တခါ-ဒီမှာ လို တစ်လ၊ကိုးသီတင်းအချိန်စောင့်ရတာမျိုးမရှိ၊ အချိန်တိုအတွင်းပြန်ကြားလေ့ရှိပါတယ်။

ကျနော်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ဟောင်ကောင်နဲ.ဂျပန်မှာဆိုရင် အစိုးရဌာန/ ၀န် ကြီးဌာနတခုကိုတင်ပြတဲ့ကိစ္စ၊ ၄၈ နာရီအတွင်း Yes, No, Wait တခုခုအကြောင်း ပြန်ရပါတယ်။အကြောင်းမပြန်ရင် အဲဒီသက်ဆိုင်ရာဌာန/၀န်ကြီးဌာနကိုတရား စွဲနိုင်အောင်ဥပဒေပြဌာန်းပေးထားပါတယ်။ ဒီလိုနဲ. တရုပ်အစိုးရပိုင် “ဆင်ဟွာ (Xiang Hua) သတင်းဌာန”ကို Mr Martin Lee ဦးဆောင်တဲ့ Democratic Party ကတရားစွဲတဲ့အခါ အမှုမရင်ဆိုင်နိုင်လို. တရုပ်အစိုးရက သူ.အယ်ဒီတာချုပ် Chief Editor ကိုပြန်ခေါ်လိုက်ရပါတယ်။

အမေရိကန်မှာတော့ ပြည်ပက Any Investor ဘာလုပ်ချင်ချင်၊ လူထုအတွက်အကျိုး ရှိမယ်၊ အလုပ်အကိုင်သစ်ဖန်တီးပေးမယ်ဆိုရင် သက်ဆိုင်ရာ State Governorေ တွက Welcome လုပ်တဲ့အပြင် အရင်းအနှီးလိုအပ်ရင်တောင် ငွေချေးပေးသတဲ့။ ကျနော်သိသလောက် အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရင်းနှီးမြှုပ်နှံပြီးအမေရိကန် လူမျိုးအနဲဆုံး ၇ ဦးကိုအလုပ်ခန်.ထားခဲ့ရင် US Citizen by Investment Program နဲ.နိုင်ငံသားခံခွင့်တောင်ပေးထားပါသေးတယ်။

ဒီတော့ ကျနော်တို.ရဲ. ဘာမှများများစားစားမကျန်တော့တဲ့တိုင်းပြည်အခြေအနေမှာ မြန်မာပြည်ကြီး အမှန်တကယ်တိုးတက်စေချင်တဲ့စေတနာသဒ္ဒါစိတ် ကလေးများ ကျန်နေကြသေးတယ်ဆိုရင်တော့ အထက်ကပြောခဲ့တဲ့ Pessimistic mind-set ရှိနေတဲ့ ပုဂ္ဂိုလ်မျိုးတွေ ထိပ်တန်းအာဏာပိုင်နေရာမှာ ရှိနေသရွေ. မလွယ်ကူလှသေးကြောင်းပါခင်ဗျား။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>