"""" 11နှစ် 11 ကြိမ်"""'''်
ဗိုလ်ချုပ်သာ သက်ရှိထင်ရှားရှိသေးခဲ့ရင် လာမယ့် 2015 ဖေဖေါ်ဝါရီလ 13ရက်နေ့မှာ နှစ်တစ်ရာတင်းတင်း ပြည့်မှာဖြစ်ပါတယ်။
အရင် အမှောင်ကန့်လန့်ကာကြီး ဖုံးပြီး ပိတ်ပိန်းအောင် မှောင်နေဆဲကာလများတုန်းက အာဏာရှင်တို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ထိန့်လန့်စရာ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရူမြင်ပြီး သမိုင်းတစ်ခုလုံးကို အာဏာတန်ခိုးဖြင့် ကွယ်ဝှက်ထားခဲ့ပါတယ်။
၂၀၁၀အလွန် သံမဏိလက်သီးဆုပ် ဖြေလျှော့အလိုက်မှာ နှစ်အတန်ကြာ မှိန်ဖျော့ခြင်းခံထားရတဲ့ ဗိုလ်ချုပ်ဟာ ပြည်သူအားလုံးရဲ့ ရင်ထဲကို ထွန်းလင်းတောက်ပလာပြီး နှစ်တစ်ရာပြည့် အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပဖို့ ပြင်ဆင်လာကြပါတယ်။
ကျနော်တို့ FEB 13 အဖွဲလေး အဖို့တော့ ဗိုလ်ချုပ်မွေးနေ့ အခမ်းအနားကို အခုလို သံမဏိလက်သီးဆုပ် ဖြေလျှော့မှ သတိတရ ကျင်းပတာ မဟုတ်ဘဲ ဟိုအရင် အမိုက်မှောင်ဆုံး ကန့်လန့်ကာကြီး ခပ်တင်းတင်းချထားစဉ်ကတည်းက အမှတ်တရအခမ်းအနားတွေကို ကျင်းပလာခဲ့တာ 2015ဆိုရင် 11ကြိမ်တိတိ ရှိခဲ့ပါပြီ။အဲဒီလို အမှောင်မဲဆုံး ကာလတွေမှာ ဗိုလ်ချုပ်မွေးနေ့အခမ်းအနားကို ပြုလုပ်ကျင်းပနိုင်ခဲ့ခြင်း ကလည်း ကျနော်တို့ Feb13 အဖွဲ့လေးရဲ့ ရည်ရွယ်ချက်လေး မှန်ကန်တည့်မတ်ခဲ့လို့ ဖြစ်ပါတယ်။
ကျနော်တို့အဖွဲ့သား တစ်ဦးခြင်းဆီမှာ
နှစ်သက်ရာပါတီ
လေးစားရာ ပုဂ္ဂိုလ်
သဘောကျရာ မူဝါဒ အသီးသီး ကွဲပြားတာတွေ ရှိပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ အခမ်းအနားပွဲလေး ကျင်းပရာမှာတော့ ပါတီစွဲတွေ ပုဂ္ဂိုလ်စွဲ ဝါဒစွဲတွေကို မေ့ထားပြီး FEB 13ရက်နေ့မှာ ဗိုလ်ချုပ်ကျေးဇူးတွေကို ပြန်လည်အောက်မေ့မယ်။
နောက်ပြီး အဲဒီနေ့မှာပဲ မုံရွာမြို့တစ်ဝိုက်က ပရဟိတကျောင်းလေးတွေမှာ နိုင်သလောက် စွမ်းသလောက်လေး လှူဒါန်းမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲဒီရည်ရွယ်ချက်နဲ့ ပါတီစုံ ဝါဒစုံ နောက်တပ်မတော်သားတွေပါ ပါဝင်ပြီး အမှောင်မဲဆုံးကာလကြီးကို အစွဲအလမ်းကင်းကင်း ဖြတ်ကျော်ခဲ့ပါတယ်။
၂၀၁၅ နှစ်တစ်ရာအတွက် ထူးထူးခြားခြားလေး ကျင်းပရအောင် ဆိုပြီး အဖွဲ့သားတစ်ယောက်က အဆိုပြုလာပါတယ်။
ဒီအတွက် ကျနော့်တိုFEB 13အဖွဲ့က စဉ်းစားကြည့်ပါတယ်။
ဒီအတွက် ကျနော့်တိုFEB 13အဖွဲ့က စဉ်းစားကြည့်ပါတယ်။
အရင်ဆုံး ဗိုလ်ချုပ်ရဲ့ စိတ်နေသဘာဝကို လေ့လာကြည့်တဲ့အခါ ဂုဏ်ပကာသန မမက်မာတဲ့ စိတ်ကို တွေ့ရှိရပါတယ်။ဗိုလ်ချုပ်ရဲ့ စိတ်သဘာဝကို လေးစားသောအားဖြင့် နှစ်တစ်ရာမွေးနေ့မှာ ကလေးငယ်တွေကို ပိုပြီးပျော်ရွှင်လာအောင် ပြုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2015 FEB13ရက်မှာ မိဘမဲ့ကျောင်းတွေမှာ ဘတ်ဒ်ဒေးကိတ် ကလေးငယ်တွေနဲ့ အတူလှီးမယ်။
ကလေးငယ်လေးတွေနဲ့ ကျနော်တို့ ဂိမ်းလေးတွေ အတူကစားမယ်။
နောက် The villagersတီးဝိုင်းအဖွဲ့က ကလေးငယ်တွေကို ဂီတဖြင့် အားတက် ရွှင်လန်းစေမယ်။
ကျနော်တို့ FEB 13 အဖွဲ့လေးကို
ငွေအား
လူအား
အကြံဥာဏ်အား ခင်ဗျားတို့မှာ ပိုလျှံနေတာတွေနဲ့ အစစအရာရာ ကူညီနိုင်ပါတယ်။
ကျနော်တို့ လုပ်ရပ်တွေကို ကောင်းရာမွန်ရာက ဗိုလ်ချုပ်ကျေနပ်နေမယ်လို့ မျှော်လင့်မိပါတယ်။