Quantcast
Viewing all articles
Browse latest Browse all 1811

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၄)


===============================================
ခေါ်သံကြောင့်မော့ကြည့်လိုက်တော့ သူပုဆိုးဝတ်ပေးလိုက်သော အဖွဲ့ထဲကတစ်ယောက်။
ခေါင်းညိမ့်ပြလိုက်တော့ ၀င်ထိုင်သည်။


“ဟိုင်း ကျွန်တော် ဂျင်န် ပါ”
“ဟိုင်း ကျွန်တော်က မိုးယံထက်ပါ ယန်လို့ပဲခေါ်ပါ”
“အိုကေ ယန် ယန် အိုကေ တခုလောက်ကူညီပါ ယန်”
“ပြောပါ ငါကူညီပေးနိုင်တာဆိုရင်ကူညီပါမယ်...”
“ခုနက မင်းတို့ရိုးရာဝတ်စုံလေ အဲဒါ ငါးထည်လောက်ဝယ်ချင်လို့”
“ရပါတယ် ခဏနေသွားဝယ်တာပေါ့”
“ကျေးဇူးပါ စိတ်မရှိရင် တခုလောက်မေးပါရစေ”
“မေးပါရပါတယ်”
“မင်းရဲ့ အဆင့်ကဘာလဲဟင်”
“ဗိုလ်ကြီးပါ”
“အော် အသက်ဘယ်လောက်လဲဗျ”
“၁၈နှစ်”
“ဟမ် တကယ်”
“၁၈နှစ်ပြည့်ပြီးတာ ၇နှစ်ရှိပါပြီ”
“အော် ဟားဟား ကျွန်တော် က ၂၄ နှစ်ရှိပြီဗျ ဗိုလ်လောင်းပါ”
“အော်..”

အပြန်အလှန်ပြောရင်း အဖွဲ့ကျနေစဉ်မှာပင် ကင်မ်ဟူသော နတ်သမီးလေး အနားသို့စွေ့ခနဲ
ရောက်လာလေသည်။ ဂျင်ကိုလက်တို့တော့သူတို့ချင်း ကိုရီးယားလိုပြောနေသည် အိုနီး အိုနီး
နှင့် အသံများကြားသဖြင့် ဂျင်န်ထက်တော့ သူမကြီးပုံရသည်ဟု သတ်မှတ်ထားလိုက်သည်။
ခဏမျှပြောပြီးတော့ ဂျင်န်က ခွင့်ပြုပါဦးဟုပြောပြီးထထွက်သွားသည်။ သူနေ့ရာမှ ကင်မ်က
ဝင်ထိုင်ပြန်သည်။ ထို့နောက်ဝိုင်းကိုတချက်ကြည့်ပြီး ….
“ယံ ဘာမှမစားရသေးဘူးလား”
“မဆာသေးလို့ပါ..”
“တခုခုတော့ စားလိုက်ပါ ကျွန်မကျွေးမှာပါ ရွေတိဂုံမှာတုံးက ကူညီပေးထားတာကို ကျေးဇူးတင်
တဲ့ အနေနဲ့ပေါ့။ မှာလဲ မှာပြီးသွားပါပြီ”
“အိုကေ သဘောပဲလေ”
“အော် မိတ်ဆက်ပေးဖို့မေ့နေတာ ကျွန်မက ကင်မ်ဆွန်ယင်(Kim Seon Ying)ပါ”
“ဟုတ် ကျွန်တော်က မိုးယံထက်ပါ တွေ့ရတာဝမ်းသာပါတယ်။”
“ဒါနဲ့ ရှင်တို့ဆက်ဆံရေး အရာရှိတွေက ဘယ်လိုရွေးတာလဲ ဗော်လန်တီယာလား”
“အင်း အမိန့်နဲ့လို့ပဲပြောရမှာပဲ”
“ဒါဆို အင်္ဂလိပ်လို မပြောတတ်တဲ့သူတွေကျတော့ ဘယ်လိုလုပ်မလဲ”
“ကျွန်တော်တို့ မြန်မာရေတပ်မှာ အကုန်လုံးနီးပါက အင်္ဂလိပ်လိုပြောတတ်ပါတယ်။”(ဟီး ကြုံတုန်း ကြွားလုံးထုတ်လိုက်တာ)
“အော် ကောင်းတာပေါ့ ရှင် နိုင်ငံခြားဘယ်နှစ်ခါရောက်ပြီးပလဲ”
“မရောက်ဖူးသေးပါဘူး ကျွန်တော်က သိပ်မတော်ဘူးလေ
“အော်....”

ပြောနေစဉ်မှာပင် မှာထားသော မုန့်များရောက်လာသဖြင့် ၀ါးတီးဘက်ကို ကိစ္စလှည့်ရသည်။
ပေါင်းမုန့်မီးကင် ငါးသေတ္တာညှပ်နှင့် ကြက်ဥကာကျက်နှစ်လုံး။ မ၀ရင်တောင် အီမှာသေချာ
သည်။ မိုးယံထက်တစ်ယောက်ကတော့ မုန့်တကိုက်စားလိုက် သူမမျက်နှာလေး ခိုးကြည့်လိုက်
နှင့် ခါတိုင်း ထမင်းသုံးပန်ကန်လောက် စားရမှ တင်းတိမ်သော သူဗိုက်က ပေါင်မုန့်နှစ်ချပ်နှင့်
ပင်ပြည့်သွားသလို ခံစားရသည်။ တချက်တွင်တော့ သူမက ပြန်အကြည့်နှင့်တိုက်ဆိုင်ရာ
အကြည့်ခြင်းဆုံသွားသည်။ သူမမျက်နှာလေးရဲခနဲဖြစ်သွားပြီး မျက်လွှာချသွားသည်။ပြီးတော့
ခေါင်းပြန်မော့လာပြီး ….

“ဘာလို့စိုက်ကြည့်နေတာလဲဟင် တခုခုပေနေလို့လား”
“အင်း နှုတ်ခမ်းထောင့်မှာ..”
“ဘယ်နားမှာလဲ”
“ဒီနားလေ”
“ရှိသေးလား”
“ဆောရီးနော် ဒီမှာ”
“အို”

အရှက်ပြေနှင့် လွန်စွာမှသေးငယ်သော ပေါင်မုန့်စ လေးကိုပြောလိုက်မိသည်။ သူမဖယ်ဖြစ်ဖို့ကြိုး
စားတော့နေရမမှန် ကိုယ့်မျက်နှာပေါ်ထောက်ပြ၍ သူဖယ်ကြည့်တော့လဲ မပျောက်သဖြင့် ကိုယ်
တိုင်ဖယ်ပေးလိုက်တော့ မျက်နှာကလေးရဲသွားပြီး ခေါင်းငုံ့သွားပြန်သည်။ မိုးယံထက်တစ်ယောက်
သူမကိုကြည့်ရင်း ကြည့်ရင်း စိတ်မချင့်မရဲဖြစ်လာသည်။ ရင်ဘတ်ထဲမှာလဲ ပြည့်ကျပ်လာကာ....
တလှပ်လှပ်နှင့်..။ သူမကိုချစ်စကားပြောပစ်လိုက်ချင်စိတ်က တားမရဆီးမရ...။ စိတ်ထဲမှာတော့
ရုပ်ရှင်ထဲကလို နှစ်ကိုယ်ခွဲ…

“ဟိတ်ကောင် မင်းတာဝန်ထမ်းဆောင်နေတာလေ။ မင်းပြောလိုက်လို့ ဟိုကစိတ်ဆိုးပြီး အထက်လူ
ကြီးသွားတိုင်တော့ ပြသနာတက်ကုန်မှာပေါ့”
“ဘာဖြစ်လဲကွာ ယောကျာ်းလေးက မိန်းကလေးကို ချစ်တယ်ပြောတာ ဘာဖြစ်တုန်း တိုင်တော့လဲ
ခံလိုက်ပေါ့ကွာ”
“ဘယ်ဖြစ်မလဲကွ မင်းတစ်ယောက်ထဲ နာမည်ပျက်မှာမဟုတ်ဘူးကွ မြန်မာနိုင်ငံပါနာမည်ပျက်မှာကွ”
“ဘာဆိုင်လဲကွာ ဒါက တစ်ကိုယ်ခြင်းကိစ္စ ပြီးတော့ အချစ်ရေးကိစ္စဘာမှမဆိုင်ဘူး”
“မပြောသင့်ဘူးနော်”
“ပြောသင့်တယ်”
“မပြောသင့်ဘူး”
“ပြောကွာ ပြော”

တဖြည်းဖြည်းနှင့် မပြောသင့်ဘူးဆိုသည့်စကားက တိုးတိတ်ပျောက်ကွယ်သွားပြီး ပြောကွာပြောဟူသော
အသံကသာ ပို၍ကျယ်လောင်လာတော့သည်။ နောက်ဆုံးမိုးယံထက်တစ်ယောက် စိတ်ကိုဒုံးဒုံးချလိုက်ပြီ့း
ပြောမည်ဟု ဆုံးဖြတ်လိုက်လေသည်။ ဟုတ်သည်ပြောမည်။ ထို့နောက်သူမ မျက်နှာမော့အလာကို စေ့စေ့
ကြည့်၍ တလုံးခြင်းပြောချလိုက်သည်။

“နင့်ကိုငါအရမ်းချစ်တယ် Ying”
========================================================

Po Sei Don Npg


Top of Form



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>