=========
မိုးယံထက်တစ်ယောက် အပြေးတစ်ပိုင်းနှင့်ပြေးသွားကာအခြေအနေကိုစေ့ငုလိုက်တော့
ဘောင်းဘီတိုနေသဖြင့်မတက်ရခြင်းဖြစ်သည်။ အဖြေကိုသိတော့ ရှည်ရှည်ဝေးဝေးရှင်း
ပြမနေတော့ပဲ မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့်ရေးထားသော ဘောင်းဘီတိုမ၀တ်ရဟူသော
စာတမ်းကိုလက်ညိုးထိုးပြလိုက်တော့ ကိုရီးယားတသိုက် ခေါင်းတညိတ်ညိတ် အိုတကေကေ
ဖြစ်သွားသည်။ ပြသနာက ဒီမှာတင်မပြီး ဘယ်လိုတက်လို့ရအောင် လုပ်မလဲဆိုသည့်ပြသနာ
ကရှိသေးသည်လေ။ ဘုရားလုံခြုံရေးအဖွဲ့ကိုမေးတော့ ပုဆိုးငှားလို့ရသည် သို့သော် ပုဆိုးနည်း
နေ၍ ဆိုင်ကသာဝယ်ရန်ပြောတော့ မိုးယံထက်တစ်ယောက်ဘာသာပြန်ပြရပြန်သည်။ ဒါကို
တော့ သူတို့မငြင်း။ မဟုတ်လဲအမှတ်တရပစ္စည်းတခုခုဝယ်ရမည်အတူတူ မြန်မာ့ရိုးရာဝတ်စုံ
ကိုဝယ်လိုက်တော့မည်ဟုဆိုသည်။
ဒီလိုဆိုတော့လဲ မဆိုးလှဟုတွေးနေစဉ်မှာပင် ပြသနာကကပ်ပါလာပြန်သည်။ ပုဆိုးတွေချိတ်ထား
တာလိုက်ကြည့်ရင်းတစ်ယောက်က ဒါလေးလိုချင်သည်ဆိုပြီးလက်ညိုးထိုးသည်က ထမီကြီးဖြစ်နေ
ပြန်သည် အပြာပေါ်မှာ အဖြူရောင်စိန်ပွင့်ပုံလေးနှင့်တော်တော်လှသည့်အဆင်ဖြစ်သောကြောင့်....
သာမန်ပုဆိုးကွက်ကျားထက် မျက်စိကျစရာဖြစ်နေလေသည်လေ။ မနည်းကိုရှင်းပြတာတောင်မရ
ယောကျာ်းလေးဝတ်လို့မရဘူးလားလို့ အထွန့်တက်နေသေးသည်။ နောက်ဆုံးစိတ်ညစ်ညစ်နှင့်
ဈေးရောင်းသည့်ကောင်မလေးဝတ်ထာ့ပုံနှင့် ဘုရားရဲဝတ်ထားပုံကို လက်ညိုးထိုးပြလိုက်တော့မှပင်
ကိစ္စပြတ်သည်။ အဲဒီတော့မှ ပုဆိုးတွေကိုစိတ်ကြိုက်ကြည့်ပြီးဝယ်ကြလေတော့သည်။ ပုဆိုးကိုဝယ်
ပြီးတော့နောက်ထပ်တမျိုးတိုးလာသည်....ဘယ်လိုဝတ်ရမလဲဆိုတာပင် သိပ်တော့မခက်လှ ပုဆိုး
ကောက်စွပ်ပြီးဝတ်ပြလိုက်သည်။ တစ်ခါဝတ်ပြသည်.. နောက်တော့ တစ်ယောက်ကို ကိုယ်တိုင်ဝတ်
ပေးလိုက်တော့ အကုန်သဘောပေါက်ပြီးလိုက်ဝတ်ကြသည်။ ကိုရီးယားတွေ ပုဆိုးဝတ်နေတာကိုကြည့်
ရင်း ပြုံးနေစဉ်မှာပင် ပုခုံးကိုတစုံတစ်ယောက်ကလက်တို့ပြီး ချော့ဂီ ချော့ဂီဟူသော ကိုရီးယားလို ဒီမှာ
ဒီမှာခေါ်သံကြောင့်လှည့်ကြည့်လိုက်တော.....

မိုးယံထက်တစ်ယောက် ပါးစပ်ဟမသွားမိစေရန် မနည်းထိန်းလိုက်ရသည်။ ၃၆၀နတ်သမီးလေးတပါး
အလားလှလှသူမိန်းကလေး... ပန်းနုရောင်ဖျော့ဖျော့နှုတ်ခမ်း ကြီးမားသောမျက်ဆံနက် စင်းနေသော
နှာတံ ပါးအို့နီနီလေးနှစ်ဖက် ပါးပေမယ့်နက်မှောင်နေသောမျက်ခုံး ရှည်လျားနက်မှောင်သော ဆံပင်နှင့်
ဖြူဖွေးသောအသား အိုး ကြည့်နေရင်းနှင့်ပင် ငုတ်တုတ်မေ့သွားသည်။ အကယ်၍ သူမသာ စွင့်ခနဲ့မပြုံး
လိုက်လျှင် မိုးယံထက်တစ်ယောက်သေသွားနိုင်သည် အသက်ရှုဖို့မေ့နေသည်ကိုး..။ သူမအပြုံးက...
မိုးယံထက်ကို ကမ္ဘာမြေပြင်ပေါ်ပြန်ဆွဲခေါ်လာစေသည်။ ငါ့ကိုလဲကူပါဦးဆိုသော စကားနှင့်အတူအောက်
ကိုထိုးစိုက်ညွန်ပြထားသော လက်ညိုးနှစ်ချောင်းကြောင့် မျက်လုံးကလဲ လိုက် အရွေ့ မိုးယံထက်ခင်ဗျာ
ပါးစပ်ဟောင်းလောင်း... နက်ပြာရောင်ဒေါက်ဖိနပ် သွယ်လျသောခြေသလုံး ဖြောင့်စင်းသောပေါင်တံလေး
ကြောင့်တော့မဟုတ် ဇီးရိုးကွာတားထက် အနည်းငယ်သာရှည်သော ဘောင်းဘီးကြောင့်သာဖြစ်သည်။

မိုးယံထက်တစ်ယောက်ခေါင်းကို ၁၀၅ မှန်သလိုခံစားလိုက်ရသည်။ သူကူခိုင်းသည်က ထမီဝတ်ပေးရန်
ဆိုတာကိုလဲ အတတ်သိလိုက်သည်။ ဦးနှောက်ကိုစက်လည်နှုန်းမြှင့်ရင်း အဖြေကိုအမြန်ဆုံးရှာလိုက်သည်။
ဆိုင်မှမိန်းကလေးတွေကိုကူခိုင်း၍ ရသည်ပဲ။ ထိုအတွေးနှင့်မျက်လုံးက ရှာတော့ တိုးရ်ကားနှင့်အတူဝင်လာ
သော နိုင်ငံခြားသားတဖွဲ့ကြောင့် တယောက်မှမအားကြသည်ကိုတွေ့ရလေတော့ စိတ်တွေကအပုံကြီးကြ
သွားလေတော့သည်။ သူ့ကိုဘာမှမပြောပဲ ဟိုဒီကြည့်နေသော မိုးယံထက်ကိုကြည့်ရင် သူမ၏မျက်နှာလေး
မှာလဲ နေခသည့်ပန်းလို ညိုးငယ်လာလေသည်။ ထိုးကဲ့သို့သော ညိုးမျက်နှာလေးက မိုးယံထက်ကို ဓားနှင့်
ထိုးလိုက်သလိုပင်ခံစားရစေသည်.။ နောက်ဆုံးတော့စိတ်ကိုဒုံးဒုံးချလိုက်ကာ ခုနက ကိုရီးယားများဝယ်ရန်
ပြောနေသော ထမီကိုဆွဲယူရင်း ကွင်းကိုဖြန့်ပေးလိုက်တော့မျက်နှာလေးဝင်းခနဲ ထမီကို ခြေထောက်မှစွပ်
ရင် ယောကျာ်းလေးတွေလိုဝတ်ဖို့ကြိုးစားနေတော့ မိုးယံထက်မနေသာ ဈေးရောင်းနေသော ကောင်မလေး
ကိုလက်ညိုးထိုးပြလိုက်တော့ မျက်နှာလေးမဲ့သွားပြီး ခေါင်းခါပြသည်။ မ၀တ်တတ်ဆိုသည့်သဘောပေါ့။

ထိုချိန်မှာပင် ဘုရားရဲက လမ်းလျှောက်စကားပြောစက်တလုံးကမ်းပေးလာသဖြင့်လှမ်းယူလိုက်တော့
ခုနက ပုဆိုးဝတ်ပေးလိုက်သော ကိုရီးယာတဖွဲ့ ပုဆိုးကွင်းလိုက်ကျွတ်ကျသဖြင့် ပွဲဆူနေကြောင်းလှမ်း
ပြောနေသော အသံကိုကြားရသည်။ သူ့အတွက်အချိန်ကအရေးကြီးနေလေပြီ။ အိုင်ကွန်ကိုခါးကြားထိုး
လိုက်ပြီး သူမကို စိတ်မရှိပါနဲ့ ကိုယ်တိုင်ပဲဝတ်ပေးပါရစေဆိုတော့ ခေါင်းလေးငုံ့သွားပြီး ခေါင်းတချက်ဆတ်
ပြသည် ၀တ်ပါဆိုတဲ့သဘောပေါ့။ မိုးယံထက်ထမိစကိုကိုင်ရင်းသူမနောက်သို့ လှမ်းဝင်လိုက်သည်။

သူမကိုထမီဝတ်ပေးဖို့ကြိုးစားတော့ နောက်မှအသာသိုင်းဖက်ထားသလိုမျိုးဖြစ်နေသဖြင့် မိုးယံထက်ရင်
ဘတ်ကြီးတခုလုံးကား တံမြက်စည်းအမြောက်ကြီးပစ်နေသလို တဒိန်းဒိန်းနှင့်ခုန်နေလေတော့သည်။
အယောင်ယောင်အမှားမှားနှင့် ထမီကိုခေါက်ချိုးခေါက်ချလိုက်တော့ တော်တော်တင်းသွား၍ထင့် ထမီဝတ်
ပေးနေသောလက်ကို လှမ်းကိုင်လိုက်သည့် တဒင်္ဂ.. မိုးယံထက်အတွက်တော့ ဓာတ်လိုက်သွားသလိုလို
အိမ်မြောင်ဥပဲမြိုချလိုက်မိသလိုလိုနှင့် တုန်တုန်ရင်ရင်ကြီးဖြစ်သွားသည်။ စိတ်ကိုမနည်းထိန်းရင်း ထမီကို
ဝတ်ပေးလိုက်ရသည်။ ထိုအချိန်တွင်မှနောက်ကိုလှည့်လာပြီး ခါးကလေးချိုးချကာ ခိုမားဝေါ်တဲ့ ကျေးဇူးတင်
တယ်ပေါ့။ အို သူမမျက်နှာလေးတစ်ခုလုံးနီထွေးနေပါလား...။ အေးလေ ယောက်ျားရင့်မာကြီးသူတောင်ဒီ
လောက်ဖြစ်နေရင် သူမဘယ်လိုခံစားရမလဲဆိုတာနားလည်ပါသည်။ သွားကြစို့လို့ပြောပြီး ဓာတ်လှေကား
ရှိရာသို့ပြေးရသည်။ မဟုတ်ရင်ဝိုင်းကြည့်ရင်း ပြံးစိစိလုံးနေသော မျက်နှာပေးတွေအောက်မှာ အရည်ပျော်
ကျသွားနိုင်သည်။ ဓာတ်လှေကားထဲကြတော့လဲ ဓာတ်လှေကားမောင်းသူနှင့်သူတို့နှစ်ယောက်ထဲ.....။

မိုးယံထက်တစ်ယောက် ဦးညွတ်လိုက်ပြီး တောင်းပန်ပါတယ် တခြားရွေးစရာမရှိလို့ပါဆိုတော့ ပြန်ပြုံးပြပြီး
ရပါတယ်လို့ပြန်ပြောရှာပါသည်။ ဓာတ်လှေခါးကဆင်း စောင်းတန်းဆုံးသည်အထိလျောက်ပြီးသည်အထိ
မိုးယံထက်တစ်ယောက် ရင်ခုန်မပြေသေး။ လမ်းလျောက်နေရတာကိုကိုယ်ခြေထောက်နဲ့ကိုခလုတ်တိုက်

ခြင်ခြင်ဖြစ်နေလေသည်။ သူမကတော့ သိပ်မထူးခြားတော့ပေ။ အေးလေ မိန်းကလေးဆိုတာက ဒါမျိုးတွေ
ကိုဟန်ဆောင်ကောင်းသည်မလား။ စောင်းတန်းအဆုံးတွင်တော့ ပုဆိုးဝတ်ကိုရီးယားတစု ပုဆိုးစွန်တောင်
ဆွဲရင်ပွဲတွေပျက်နေသည်။ အနားပြေးသွားပြီး တစ်ယောက်ခြင်းစီသေချာပြောပြတော့မှအစဉ်ပြေသွားသည်
သို့သော် ထိုကိုရီးယားအဖွဲ့ကား မိုးယံထက်အနားကမခွာတော့..။ ဘုရားကိုပတ်ရင်း ဂရုဖိုတို ရိုက်ကြတော့
မှသူမကို ခြေဆုံးခေါင်းဆုံးသေချာကြည့်မိသည်။အကျီအဖြူလက်စကလေးနှင့် အပြာရောင်ထမီတွဲဘက်
ဝတ်ထားသောသူမှက မြန်မာဆန်ဆန်လေးလှနေသည်။ အနားကဖြတ်သွားသူများကတော့ ဇက်တွေလည်
စောင်းကြည့်ရင်ကျန်ခဲ့သည်။ ပုဆိုးကပိုကရိုနှင့် နိုင်ငံခြားသားတစု မြန်မာဆန်ဆန်လေး လှနေသောနိုင်ငံခြားသူလေးနှင့် ဘောင်းဘီရှည်ရှပ်အကျီနှင့် မြန်မာလူမျိုး ကျွန်တော်တို့အဖွဲ့က အမြင်ဆန်းနေသည် မဟုတ်ပါလား။

ဘုရားဖူးလိုက် ဓာတ်ပုံရိုက်လိုက် စကားတွေဖောင်ဖွဲ့လိုက်နှင့် အချိန်ဘယ်လိုကုန်သွားသည်ကိုမသိတော့
နောက်တနေရာပြောင်းရတော့မည်လေ။ အောက်ပြန်ရောက်တော့ကားတွေကအသင့်တန်းထိုးထားတော့
သူမက ကားနံပါတ်နှစ်ပေါ်တက်သွားသည်။ မိုးယံထက်ရင်ဘတ်ကြီးတခုလုံးဟာတာတနှင့် ဘာကိုအလို
မကျလဲမသိတော့..။ ထိုစဉ်မှာပင် ယန်ဆိုသည်ပုဂ္ဂိုလ်ကာသူ့ကင်မရာကြီး မိုးယံထက်ရှေ့ထိုးပြရင်း စကား
စလာလေးတော့သည်။

“ယံ ယံ”
“ဗျာ မစ္စတာယန်ပြောပါ”
“ဒီမှာ ဘုရားပေါ်မှာ စုံတွဲတတွဲဗျ”
“ယန်ရယ် အဲလိုမလုပ်ရဘူးလေ ဖျက်”
“ဗျာ မစ္စတာယန်ပြောပါ”
“ဒီမှာ ဘုရားပေါ်မှာ စုံတွဲတတွဲဗျ”
“ယန်ရယ် အဲလိုမလုပ်ရဘူးလေ ဖျက်”
မိုးယံထက်တစ်ယောက် ဖျက်ပစ်ရန်ပြောသည့်စကား လမ်းတ၀က်တွင်ရပ်သွားသည်။ မရပ်ခံနိုင်ယိုးလား
ယန်ပြသည်က သူတို့နှစ်ယောက်ပုံ ထမီဝတ်ပေးစဉ်က ကျပ်သွားသဖြင့် လက်ကိုလှမ်းကိုင်စဉ် ရိုက်ထား
ခြင်းဖြစ်နေသည်လေ။သူတို့နှစ်ယောက်ပုံက တကယ့်စုံတွဲတစ်တွဲအတိုင်းလေ …..

“ဖျက်လိုက်ရမလား မစ္စတာယံ”
ရပါတယ် သဘောပါ(ပြောသာပြောလိုက်ရသည် စိတ်ထဲတွင်တော့ မဖျက်ပါစေနှင့်ဆုတောင်းနေသည်)
“ဟားဟားမဖျက်ပါဘူးဗျာ ကိုရီးယာပြန်ရောက်ရင် မြန်မာပြည်က ကာဆာနိုဗာဆိုပြီး ပြောမှာဗျာ ကင်မ်ကို
ဟိုမှာ ချစ်နေတဲ့သူတွေအများကြီးဗျ အကုန်လုံးတော့ အသဲကွဲပြီပဲ”

“ဟာာာာ”
မိုးယံထက်တစ်ယောက်ရှက်သွားသော်လည်း သူမနာမည် ကင်မ်ဆိုသည်ကိုတော့ သေချာမှတ်ထားလိုက်
မိသည်ဘာကြောင့်ရယ်တော့မသိပါ..။ ဗိုလ်ချုပ်ဈေးရောက်တော့ မိုးယံထက်တစ်ယောက် တခုခုစားရန်အိတ်ထဲက ပိုက်ဆံအိတ်ထုတ်တော့ မတွေ့။ အဆောင်တွက်ကျန်ခဲ့လေပြီး မျက်လုံးပြူးကာ ဘောင်းဘီအိတ်ထဲ ဟိုဒီနှိုက်ရှာတော့ ထောင်တန်နှစ်ရွက်ထွက်လာသည်။ နောက်ဆုံးတော့ ကော်ဖီအေးသာသောက်ရန်ဆုံးဖြတ်လိုက်ပြီး FMI အောက်ရှိ စင်ကာပူကဖေးတွင် ၀င်ထိုင်လိုက်သည်။

ကော်ဖီအေးကို တချက်နှစ်ချက်စုပ်သောက်ရင် ဖေ့စ်ဘွတ်ပေါ်က ဘော်ဒါများအနားမှာရှိနေရင် လိုက်ကျွေးကောင်းရဲ့ဟုတွေးရင်း …. ဖေ့စ်ဘွတ်ခ်ပေါ်တင်လိုက်သော်လဲ ပြောင်ချော်ချော်ကွန်းမန့်များသာ တက်လာသဖြင့် ဖုန်းပိတ်လိုက်စဉ်မှာပင် ဒီနေရာမှာပင်ထိုင်လို့ရမလားဆိုသော အသံကြောင့် မိုးယံထက်မော့ကြည့်လိုက်တော့ .....
=======================================================
(ခရီးထွက်ရမှာမို့ နောက်ပိုင်းတွေ တင်ဖို့ကြာမှဆိုတော့ များများရေးပေးလိုက်ပါတယ် အဆင်ပြေရင်ပြေသလိုတင်ပေးပါ့မယ်)