Image may be NSFW.
Clik here to view.
Clik here to view.

(၁)
"ဗွမ်း "ဒိုက်ဗင်ထိုးချလိုက်တယ်။ ဒီလို ညနေစောင်းဆိုရင် မြစ်ကမ်းခြေမှာ ရေချိုးသူတွေက စီတန်းနေပြီ။ ကျွန်တော်တို့အဖော်တစ်စုကလဲ လူကြီးတွေနဲ့အတူ လိုက်ပါပြီး မြစ်ထဲမှာ ဆော့ကစားကြတယ်။ မြစ်က နွေကာလဆို ရေခမ်းလုနီးပါးကျဆင်းတာဆိုတော့ ရေချိုးရတာ အဆင်ပြေလှတယ်။
ကျွန်တော်တို့ မြို့ဘေးကနေ ဖြတ်စီးဆင်းနေတဲ့မြစ်။ င၀န်မြစ်။ ဒီမြစ်ထဲမှာ ဘ၀မျိုးစုံ၊ အသွင်သဏ္ဍာန် မျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေကြရတယ်။ မြစ်ကမ်းပါးတွေပြိုလို့ မြို့ကို တစ်ဖက်ကမ်းပြောင်းရွှေ့ရတော့ လှေတွေ၊ စက်လှေတွေနဲ့ ဖြတ်ပြီး ကျောင်းသွား၊ ကျောင်းပြန် လုပ်ကြရတယ်။
နောက်ဆုံး မဖြစ်မနေ အိမ်တွေပြောင်းရွှေ့ရတဲ့အခါလည်း ဒီမြစ်ကို လှည်းတွေနဲ့ ဖြတ်ကျော်ပြီး ပြောင်းရွှေ့ကြရတယ်။
ဒီတော့ င၀န်မြစ်ကြီးဆိုတာ ကျွန်တော်တို့နဲ့ ငယ်ပေါင်းကြီးဖော်။ ပြီးတော့ သူက ကျွန်တော်တို့ မြို့အပြင် သူစီးဆင်းရာ နယ်ပယ်အသီးသီးထဲက ဘ၀တွေကို ရှင်သန်စီးဆင်းစေခဲ့တယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေ ကလည်း ဒီင၀န်မြစ်ကြီးကို ချစ်တဲ့စိတ်တွေက သူ့အပေါ် ပြန်လည်စီးဆင်းစေတာပါပဲလေ။
(၂)
ငယ်စဉ်က ဧရာဝတီမြစ်ကြီးအကြောင်း သင်ရတယ်။ မေခနဲ့ မေလိခ ပေါင်းစုံပြီး စတင်လာတဲ့ မြစ်ကြီး။ မြန်မာပြည်ရဲ့ ဟိုးထိပ်ဖျားကနေ အောက်ဧရာဝတီအထိ စီးဆင်းနေတဲ့မြစ်ကြီး။
စာအုပ်ထဲမှာ စာရွတ်ပြီး သင်ရတာဆိုတော့ ဧရာဝတီကို သိပ်မထိတွေ့မိဘူး။ ကိုယ့်မြို့ဘေးက ဖြတ်ပြီး စီးဆင်းနေတဲ့ င၀န်မြစ်က ဧရာဝတီမြစ်ကြီးကနေ ဖြာထွက်လာခဲ့တဲ့ မြစ်တစ်စင်းဆိုတာတောင် မသိခဲ့ဘူး။ အဲဒီလောက်အထိ။
မြေပုံသင်ခန်းစာတွေနဲ့ မြန်မာပြည်မြေပုံကြီးကို ဆွဲတဲ့အခါကြမှ သြော် ဧရာဝတီဆိုတာ တောင်ပေါ်၊ မြေ လတ်၊ မြေပြန့်တွေကို သွေးကြောတစ်ခုထဲလို စီဆင်းနေတဲ့ မြစ်ကြီးပါလားလို့ သိလိုက်ရတယ်။
ဧရာဝတီရဲ့ ဖြာထွက်လာတဲ့ မြစ်တစ်စင်းထဲမှာ ကျွန်တော်ရှင်သန်ကြီးပြင်းခဲ့ကြတယ်။ ဆော့ကစားခဲ့ကြ တယ်။ ပညာတွေဆည်းပူးဖို့၊ ကျွန်တော်တို့အိုးအိမ်တွေကို ရွှေ့ပြောင်းဖို့ ဖြတ်ကျော်ခဲ့ကြရတယ်။ ဒီမြစ်ကို အမှီပြုပြီး ကျွန်တော်တို့မြို့က လူတွေ ဘ၀၀မ်းရေးအတွက် လုပ်ကိုင်ကြရတယ်။
ဒီတော့ ကျွန်တော်တို့က ဧရာဝတီနဲ့ မစိမ်းလှပါဘူး။ ဧရာဝတီမြစ်ကြီးက ဖြာထွက်လာတဲ့ မြစ်တွေကို ပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့တိုင်းဟာလည်း ဧရာဝတီတိုင်းဒေသကြီးပါပဲလေ။
(၃)
"လှလိုက်တာ "လို့ နှုတ်ကရွတ်ဆိုမိတယ်။ သဘာဝတရားကြီးက အဘယ်မျှတောင် ကြည့်လို့လှလိုက် ပါဘိသလဲ။ "ဟေး…ဧရာဝတီ…မင်းရဲ့အစကို ငါရပ်ပြီး မင်းရဲ့အလှကို ခံစားနေတယ်ကွ "လို့ စိတ်ထဲက ရွတ်ဆိုလိုက်တယ်။
"လှလိုက်တာ "လို့ နှုတ်ကရွတ်ဆိုမိတယ်။ သဘာဝတရားကြီးက အဘယ်မျှတောင် ကြည့်လို့လှလိုက် ပါဘိသလဲ။ "ဟေး…ဧရာဝတီ…မင်းရဲ့အစကို ငါရပ်ပြီး မင်းရဲ့အလှကို ခံစားနေတယ်ကွ "လို့ စိတ်ထဲက ရွတ်ဆိုလိုက်တယ်။
မေခနဲ့ မေလိခ ဆုံစည်းရာ မြစ်ဆုံ၊ ဧရာဝတီမြစ်ကြီးရဲ့ အစကို ကျွန်တော်ရောက်ရှိနေတာပါ။ သက္ကရာဇ် အားဖြင့် ၂၀၀၂ ခုနှစ်ပါ။ ဧရာဝတီရဲ့ ဘေးတစ်ဖက်ဆီမှာ ရှိနေတဲ့ တောတောင်အလှတွေ၊ မြစ်ဆုံဒေသရဲ့ အလှ တရားတွေကို ခုတော့ ကိုယ်တိုင်စိမ့်ဝင် ခံစားနေရပြီ။
ရေကကြည်လင်လို့နေတယ်။ ကမ်းဘေးကကျောက်စရစ်ခဲလေးတွေကလည်း တဖိတ်ဖိတ်တောက်ပလို့ နေတယ်။ မေခနဲ့ မေလိခ ပေါင်းဆုံပြီးစီးတဲ့နေရာက ၀ဲကတော့လေးသဖွယ်ဖြစ်နေပြီး အထက်ကို ပြန်စီးနေ သယောင်ထင်ရတယ်။
ကမ်းပေါ်မှာနဲ့ မြစ်ထဲမှာ စားသောက်ဆိုင်တချို့ရှိတယ်။ ဆိုင်ကလွင့်ပျံလာတဲ့ ငါးကင်အနံ့လေးတွေက လည်းမွှေးပျံ့လို့နေတာပေါ့။
ကမ်းအစပ်မှာ ရေကစားနေသူတွေ၊ ကျောက်စရစ်ခဲတွေပေါ်မှာ ၀ိုင်းဖွဲ့စားသောက်နေသူတွေ၊ အမှတ်တရဓာတ်ပုံရိုက်ကူးနေသူတွေနဲ့ မြစ်ဆုံရဲ့ သက်ဝင်ပန်းချီကားတစ်ချပ်လေးပါပဲ။
စိမ်းညို့နေတဲ့ တောတောင်အလှ၊ ကြည်လင်နေတဲ့ မြစ်ရေပြင်၊ အေးစိမ့်စိမ့်ရှိလှတဲ့ ရာသီဥတု၊ လှုပ်ရှား ရုန်းကန်နေကြတဲ့ ဒေသခံတွေနဲ့ ဧရာဝတီရဲ့အစဟာ တကယ့်ကို ကြည်လင်ချမ်းမြေ့စရာ။
အို..ဧရာဝတီ အေးချမ်းလှပါဘိတော့။
အို..ဧရာဝတီ အေးချမ်းလှပါဘိတော့။
(၄)
ရုပ်ရှင်ဆန်ဆန်ဆိုရရင်တော့ ၉ နှစ်ခန့်ကြာသော်ပေါ့။ ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံကို ဆိုင်ကယ်တွေနဲ့ သူငယ်ချင်းတစ်စု ဆန်တက်ကြတယ်။
ရုပ်ရှင်ဆန်ဆန်ဆိုရရင်တော့ ၉ နှစ်ခန့်ကြာသော်ပေါ့။ ၂၀၁၁ ခုနှစ်မှာ မြစ်ဆုံကို ဆိုင်ကယ်တွေနဲ့ သူငယ်ချင်းတစ်စု ဆန်တက်ကြတယ်။
ယခင်ကနဲ့ မတူတော့တဲ့ အရာတွေ တော်တော်ကွဲပြားသွားကြတယ်။ မြစ်ကြီးနားမြို့စထွက်ပြီး မြစ်ဆုံ လမ်းအခွဲမှာ ကွန်ကရစ်လမ်းမကြီးကိုဖြတ်ရတယ်။ ရေကာတာစီမံကိန်း စက်ရုံတွေအကျော်မှာတော့ ဟိုးယခင်ကအတိုင်း ကျောက်စရစ်လမ်းကို ပြန်ဖြတ်ရတယ်။
ဧရာဝတီမြစ်ရိုးတစ်လျှောက်ဖောက်လုပ်ထားတဲ့လမ်းရဲ့ မြင်ကွင်းဟာ ကွာခြားသွားပြီ။ လမ်းရဲ့ တစ်ဖက် မြစ်တစ်ဖက်ကမ်းကို အကြည့်မှာတော့ စိမ်းညို့နေတဲ့ တောတောင်ဟာ အပြစ်သားတွေ အချုပ်ကျလို့ ခေါင်းမှာ လေးကွက်ကြားရိတ်ခံရတဲ့ ဆံပင်တွေလို ကွက်တိကွက်ကြားဖြစ်လို့နေတယ်။
တောတောင်အနံ့က မြေသယ်ယာဉ်ကြီးတွေ၊ မြေတူးယာဉ်ကြီးတွေရဲ့ တူးဆွအား၊ ကုတ်ခြစ်အားတွေ ကြောင့် မြေနံ့ ဖုန်မှုန့်အနံ့တို့က လွင့်စင်ထွက်နေတယ်။
မြစ်ဆုံကို ခြေအချ ကမ်းစပ်က ကျောက်စရစ်ခဲတို့က ရွံ့နွံအရောင်နဲ့ မွဲခြောက်ခြောက်ဖြစ်နေတယ်။ မေခနဲ့ မေလိခရဲ့ စီးဆင်းနေပုံက စိတ်မပါသလိုထင်မိတယ်။ ဧရာဝတီမြစ်ကြီးရဲ့ စတင်ရာ မြစ်ရေအလျဉ်ဟာ နောက်ကျိလို့နေပြီလေ။
တစ်ဖက်ကမ်းမှာလဲ စက်ရုံတွေလား၊ အိမ်ယာတွေလားတော့ မသိဘူး အိမ်ခြေတချို့ကို မြင်ရတယ်။ တောင်ကုန်းကြီးကတော့ ခေါင်းပြောင်ပြောင်ပေါ့။
သြော်..လွမ်းလိုက်တာ လွန်ခဲ့သော နှစ်တွေဆီက ဧရာဝတီကို လွမ်းလိုက်တာ။
အေးချမ်းကြည်လင်နေတဲ့ ဧရာဝတီကို မြင်မိပါဘိ။
ကျွန်တော်တို့ ဧရာဝတီရေနောက်အောင် ဧရာဝတီထဲ ဘာတွေထည့်လို့ စီးဆင်းစေခဲ့တာလဲ။
(၅)
ကြည့်စမ်း…တစ်ဖက်ကမ်းက စစ်ကိုင်းတောင်ရိုးနောက်ခံထားလို့ ဧရာဝတီရဲ့အလှဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိလိုက်ပါဘိလဲ။ စစ်ကိုင်းတံတားကနေအဖြတ် ဧရာဝတီရဲ့ ကျောပေါ်မှာ လူသားတွေရဲ့ ဘ၀တွေကိုမြင်တွေ့ရတယ်။
ကြည့်စမ်း…တစ်ဖက်ကမ်းက စစ်ကိုင်းတောင်ရိုးနောက်ခံထားလို့ ဧရာဝတီရဲ့အလှဟာ ဘယ်လောက် ကျက်သရေမင်္ဂလာရှိလိုက်ပါဘိလဲ။ စစ်ကိုင်းတံတားကနေအဖြတ် ဧရာဝတီရဲ့ ကျောပေါ်မှာ လူသားတွေရဲ့ ဘ၀တွေကိုမြင်တွေ့ရတယ်။
စား၊ ၀တ်၊ နေရေး ဆိုတဲ့ လူသားဓမ္မတာတွေအတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့အပြင် သံသရ၀ဲသြဃ အတွင်းမှာ တပေပေရှည်လျားစေတဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ လှုပ်ရှားနေကြတဲ့ လူမှုဘ၀တွေကို ဧရာဝတီနဲ့ တွဲလို့ မြင်ရတယ်။
ဧရာဝတီနဲ့ သံသရာရှည်လျားသွားလာနေတဲ့ ပုထုဇဉ်လူသားတွေနဲ့ပဲ မြင်ရတာမဟုတ်ဘူးလေ။ သံသရာစက်ကို အမှန်ဖြတ်စေတဲ့ သစ္စာတရားတွေကိုမြင်သိနိုင်တဲ့ ဗုဒ္ဓတရားတော်တွေ၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီပုတိုးတော်တွေ၊ သာသနိကအဆောက်အအုံတွေကိုလဲ ဒီဧရာဝတီနဲ့အတူ မြင်တွေ့ရတာပါပဲလေ။
ဧရာဝတီဟာ ဓမ္မ၊ အဓမ္မကို မြင်နိုင်စွမ်းရှိအောင် ပါရမီဖြည့်နေတယ်ဆိုတာ ပံ့ပိုးပေးနေတယ်ဆိုတာ ဟာဖြင့် ကျွန်တော်အတွေးက လွန်လေမှာလားလေ။
(၆)
ရာဇ၀င်အဆက်ဆက်၊ သမိုင်းအဆက်ဆက်မှာ မြန်မာ့သမိုင်းမှာ ထွန်းပြောင်နေတဲ့ မင်းမြတ်နော်ရတာ၊ ကျန်စစ်မင်းတို့ရဲ့ နန်းတည်ရာ၊ ကျွန်တော်တို့ရဲ့ ပထမမြန်မာနိုင်ငံတော်ရဲ့ ပုဂံ။
ရာဇ၀င်အဆက်ဆက်၊ သမိုင်းအဆက်ဆက်မှာ မြန်မာ့သမိုင်းမှာ ထွန်းပြောင်နေတဲ့ မင်းမြတ်နော်ရတာ၊ ကျန်စစ်မင်းတို့ရဲ့ နန်းတည်ရာ၊ ကျွန်တော်တို့ရဲ့ ပထမမြန်မာနိုင်ငံတော်ရဲ့ ပုဂံ။
ဟော..ရာဇ၀င် သူရဲကောင်းတို့နဲ့အတူ ကျွန်တော်တို့ ဧရာဝတီကြီးကလည်း ပါဝင်လို့ နေပါပကောလား။ လောကနန္ဒာဘုရင်းရင်ပြင်ထက်က မြင်တွေ့ရတဲ့ ဧရာဝတီ၊ တန်ကြည့်တောင် စွယ်တော်မြတ်ဆီက မြင်တွေ့ရ တဲ့ဧရာဝတီဟာ အားတွေ၊ မာန်တွေနဲ့ စီးဆင်းလို့ နေပါရောလား။
(၇)
မြန်မာပြည်မြေပုံကို ဆွဲကြည့်ပါ။ အားမာန်တွေနဲ့ လှမ်းတက်နေတဲ့ လူသားတစ်ဦး အသွင်သဏ္ဍာန်ကို တွေ့မြင်ရမှာပါ။
မြန်မာပြည်မြေပုံကို ဆွဲကြည့်ပါ။ အားမာန်တွေနဲ့ လှမ်းတက်နေတဲ့ လူသားတစ်ဦး အသွင်သဏ္ဍာန်ကို တွေ့မြင်ရမှာပါ။
အဲဒီလူသားတစ်ဦးနဲ့ တူလှတဲ့ အမိမြန်ပြည်ကြီးမှာ ဧရာဝတီက အဓိကသွေးကြောကြီးသဖွယ် တည်ရှိ နေတာလေ။ ခေါင်းကနေ၊ ခြေအဆုံးပေါ့။
အင်း သွေးကြောကြီးက တစ်ခါတခါမသိုးမသန့်ဖြစ်တော့ အသက်ရှူရကြပ်တာပေါ့လေ။ ဧရာဝတီကြီး သွေးလေမှန်ပါစေ။
မြန်မာပြည်အတွက် ဘုရားပေးတဲ့ မြစ်ကြီးတစ်စင်း သက်တော်ရာကျော်ရှည်ပါစေသော်ဝ်လေ။
သြော် ကျွန်တော့် နှလုံးသား၊ ကျွန်တော့် ဦးနှောက်တို့ ဧရာဝတီထဲ စီးဝင်နေခဲ့တာပါလေ။
***************
မောင်ပိုင်
၂၉-၁၁-၂၀၁၄ ရက်နေ့ရေး
၁-၁၂-၂၀၁၄ ရက်နေ့ပြီး။
၂၉-၁၁-၂၀၁၄ ရက်နေ့ရေး
၁-၁၂-၂၀၁၄ ရက်နေ့ပြီး။