Quantcast
Viewing all articles
Browse latest Browse all 1811

ဘ၀ရဲ့ပါးပြင်

Image may be NSFW.
Clik here to view.
" ဘ၀ရဲ့ပါးပြင် " ………………   မှန်ရှေ့မှာ မျက်နှာပြင်ကိုကြည့်လိုက်တော့ ပြည့်တင်းတင်း ရှိသေးတံ ပါးပြင်နှစ်ဖက်ကို တွေ့ရ တယ်။ ပါးပြင်နှစ်ဖက်ပေါ်မှာ ဘ၀ရဲ့ဖြတ်သန်းမှု အရိပ်လက္ခဏာတွေကို ခပ်ပါးပါးမြင်တွေ့ရတယ်။   သြော် ပါးပြင်..ပါးပြင်။ တကယ်တော့ လူတစ်ဦး မွေးဖွားလာပြီဆိုရင်ဖြင့် ပါးပြင်နှစ်ဖက်ကိုတော့ ပိုင်ဆိုင်ရခဲ့သည် မဟုတ်ပါလား။  ဟောဒီ ပါးပြင် နှစ်ဖက်ဟာဆိုလျှင်ဖြင့် အပြုံးတွေနှင့်လည်း ထိတွေ့ခဲ့ဘူးသလို မျက်ရည်စတွေလည်း လှိမ့်ဆင်းခြင်းကို တွေ့ထိခဲ့ရပြီ။  လောကဓံရဲ့ တံပိုးလှိုင်းတို့က ပါးရည်ပြင်ပေါ်မှာ ဖြတ် ကျော်ရင့်သန်စေခဲ့ပြီ။   ပါးပြင်တွေဟာ လူ့ဘ၀ရဲ့ အရိပ်အငွေ့တွေ၊ ဓလေ့စရိုက်တွေ၊ လူသားတစ်ယောက်ရဲ့ ရှင်သန်ကြီးပြင်းမှု အစိတ်အပိုင်းတွေ၊ စိတ်ဖြူဖြူတွေ၊ စိတ်အမည်းအပုပ်တွေကိုလည်း ဖော်ညွှန်းနေတယ်။   ငယ်ငယ်က အဖေ၊ အမေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမတွေက တရွှတ် ရွှတ် နမ်းခံရဘူးတဲ့ ပါးပြင်။ အဲဒီ ပါးပြင်ကတော့ နွေးထွေးလှတဲ့ မိသားစုအငွေ့အသက်တွေ ထုံမွှမ်းနေလေရဲ့။     မျက်လုံးလေးအမှိတ်မှာ ရွှတ်ခနဲ ခိုးနမ်းလိုက်တဲ့ ပါးပြင်ပေါ်မှာလည်း သမုဒယချစ်ခြင်းတို့က စီးဆင်းနေ မှာပါ။ ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲသော သစ္စာတရားတို့ကို အဲဒီပါးပြင်တွေလည်း သက်သေအရာ တည်စေမှာပါပဲလေ။   လောကရဲ့ကြီးမားလှတဲ့ ဖြူစင်လှတဲ့ မိဘမေတ္တာတွေစိမ့်ဝင်နေတဲ့ အနမ်းတို့ဖြင့် ကိုယ့်သားသမီးရဲ့ ပါးပြင်ကို မွှေးကြူလိုက်တယ်ဆိုရင်ပဲ မိဘနဲ့ သားသမီးမှာ မေတ္တာတရားတို့ ကူးလူးဆက်နွယ်နေတော့တယ်။   ရှင်သန်လှုပ်ရှားရာ ဘ၀ထဲမှာ အောင်မြင်တွေကို ပိုင်ဆိုင်ဆွတ်ခူးမိတဲ့အခါ ဂုဏ်ပြုအနမ်းတွေကို ဒီပါးပြင် နှစ်ဖက်က လက်ခံရရှိခဲ့သလို ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါလည်း ဒီပါးပြင်ပေါ်မှာ မျက်ရည်စတစ်ချို့ ဖြတ်သန်း စီးဆင်းရခဲ့တာပါပဲ။   ပါးပြင်ထက်က သနပ်ခါးရနံ့တွေဟာ မြန်မာတွေရဲ့ ချစ်စရာရိုးရာဓလေ့ရနံ့ကို ပေးသလို တောင်ပေါ် ဒေသက ပါးအို့နီနီလေးတွေနဲ့ တိုင်းရင်းသူတွေကလည်း ရိုးသားပွင့်လင်းလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးဖော်ရွေမှုတို့ကို ပြသလို့နေပါတယ်။   တစ်ခါတခါတော့ ပါးပြင်ဟာ အသွင်ကိုလိုက်လို့ ပြောင်းလဲရတယ်။  ပါးပြင်ဟာ ရှက်လို့ ပန်းနုရောင်သွေး ပြောင်းလဲတတ်သလို ဒေါသတွေငယ်ထိပ်တက်လာတဲ့အခါ နီရဲနေတဲ့ ပါးပြင်အဖြစ်လည်း တွေ့မြင်ရမှာပါ။   ချစ်စရာ့အပြုံးတွေကို ပိုင်ဆိုင်ရတဲ့ ပါးပြင်တွေရှိသလို မလိုတမာလိုသကာလို မတည်မငြိမ်ဖြစ်နေတဲ့ ပါးပြင်တွေလည်း ရှိလေရဲ့။  သဘာဝအလှတရားတို့နဲ့ လှပနေတဲ့ပါးပြင်ကို တစ်ခါတလေ အရောင်ချယ်သမှုတွေ တွေ့ရမှာပါ။  ရနံ့မျိုးစုံရဲ့ အနံ့တွေကိုလည်း ထွေးပွေ့ကြရမှာပါ။   ငြင်းပယ်ခြင်း၊ စော်ကားခံရခြင်းတွေနဲ့ ပါးပြင်ကို ကြမ်းတမ်းစွာ ရိုက်ခတ်ခံရနိုင်သလို၊ ရန်ပွဲတွေ၊ နိုင့်ထက် ကလူပြုမူမှုတွေနဲ့ ထိုးနက်ခြင်းကိုလဲ ဒီပါးပြင်နှစ်ဖက်က ခံကြရပါသေးတယ်။ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်းတွေ ကြောင့် ပါးပြင်ဟာ ကုတ်ခြစ်ခြင်းလဲ ခံရနိုင်ပါတယ်။   မတုန်လှုပ်တော့တဲ့ ပါးပြင်တွေ၊ ကြောက်ရွံ့နေတဲ့ ပါးပြင်တွေ၊ ထီမထင်တော့တဲ့ ပါးပြင်တွေ၊ မချစ်မမုန်း တော့တဲ့ပါးပြင်တွေ..စိတ်ဝင်စားစရာကောင်းလှတဲ့ပါးပြင်တွေ။   ပါးပြင်မှာ စိတ်ရဲ့အရောင်တွေလဲ မြင်ရတယ်။  ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေမြင်ရတယ်။  ချစ်ခြင်း၊ မုန်း ခြင်းမြင်ရတယ်။  ပါးပြင်မှာ ဘ၀အရောင်တွေ မြင်ရတယ်။   လူတစ်ဦး ပါးပြင်နှစ်ဖက်က မထူးဆန်းလှပါဘူး။  ဒါပေမဲ့ အဲဒီပါးပြင်တွေရဲ့ သမိုင်းကတော့ ရသမျိုးစုံ ပေးနေလေရဲ့။    သြော်…ပါးပြင်..ပါးပြင်..အမှားတွေကိုပြင်ဖို့…မဖောက်မပြန်ဓမ္မအမှန်တရားတွေကို မြင်ဖို့ ဘ၀ရဲ့ပါးပြင် တွေကို ကိုယ်တိုင် ဆင်ချင်ကြည့်ရအောင်လေ။  **************  မောင်ပိုင် ၂၇-၁၁-၂၀၁၄။
မှန်ရှေ့မှာ မျက်နှာပြင်ကိုကြည့်လိုက်တော့ ပြည့်တင်းတင်း ရှိသေးတံ ပါးပြင်နှစ်ဖက်ကို တွေ့ရ တယ်။ ပါးပြင်နှစ်ဖက်ပေါ်မှာ ဘ၀ရဲ့ဖြတ်သန်းမှု အရိပ်လက္ခဏာတွေကို ခပ်ပါးပါးမြင်တွေ့ရတယ်။


သြော် ပါးပြင်..ပါးပြင်။ တကယ်တော့ လူတစ်ဦး မွေးဖွားလာပြီဆိုရင်ဖြင့် ပါးပြင်နှစ်ဖက်ကိုတော့ ပိုင်ဆိုင်ရခဲ့သည် မဟုတ်ပါလား။ ဟောဒီ ပါးပြင် နှစ်ဖက်ဟာဆိုလျှင်ဖြင့် အပြုံးတွေနှင့်လည်း ထိတွေ့ခဲ့ဘူးသလို မျက်ရည်စတွေလည်း လှိမ့်ဆင်းခြင်းကို တွေ့ထိခဲ့ရပြီ။ လောကဓံရဲ့ တံပိုးလှိုင်းတို့က ပါးရည်ပြင်ပေါ်မှာ ဖြတ် ကျော်ရင့်သန်စေခဲ့ပြီ။

ပါးပြင်တွေဟာ လူ့ဘ၀ရဲ့ အရိပ်အငွေ့တွေ၊ ဓလေ့စရိုက်တွေ၊ လူသားတစ်ယောက်ရဲ့ ရှင်သန်ကြီးပြင်းမှု အစိတ်အပိုင်းတွေ၊ စိတ်ဖြူဖြူတွေ၊ စိတ်အမည်းအပုပ်တွေကိုလည်း ဖော်ညွှန်းနေတယ်။

ငယ်ငယ်က အဖေ၊ အမေ၊ ဆွေမျိုးညီအစ်ကိုမောင်နှမတွေက တရွှတ် ရွှတ် နမ်းခံရဘူးတဲ့ ပါးပြင်။ အဲဒီ ပါးပြင်ကတော့ နွေးထွေးလှတဲ့ မိသားစုအငွေ့အသက်တွေ ထုံမွှမ်းနေလေရဲ့။

မျက်လုံးလေးအမှိတ်မှာ ရွှတ်ခနဲ ခိုးနမ်းလိုက်တဲ့ ပါးပြင်ပေါ်မှာလည်း သမုဒယချစ်ခြင်းတို့က စီးဆင်းနေ မှာပါ။ ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲသော သစ္စာတရားတို့ကို အဲဒီပါးပြင်တွေလည်း သက်သေအရာ တည်စေမှာပါပဲလေ။

လောကရဲ့ကြီးမားလှတဲ့ ဖြူစင်လှတဲ့ မိဘမေတ္တာတွေစိမ့်ဝင်နေတဲ့ အနမ်းတို့ဖြင့် ကိုယ့်သားသမီးရဲ့ ပါးပြင်ကို မွှေးကြူလိုက်တယ်ဆိုရင်ပဲ မိဘနဲ့ သားသမီးမှာ မေတ္တာတရားတို့ ကူးလူးဆက်နွယ်နေတော့တယ်။

ရှင်သန်လှုပ်ရှားရာ ဘ၀ထဲမှာ အောင်မြင်တွေကို ပိုင်ဆိုင်ဆွတ်ခူးမိတဲ့အခါ ဂုဏ်ပြုအနမ်းတွေကို ဒီပါးပြင် နှစ်ဖက်က လက်ခံရရှိခဲ့သလို ရှုံးနိမ့်မှုတွေနဲ့ ကြုံရတဲ့အခါလည်း ဒီပါးပြင်ပေါ်မှာ မျက်ရည်စတစ်ချို့ ဖြတ်သန်း စီးဆင်းရခဲ့တာပါပဲ။

ပါးပြင်ထက်က သနပ်ခါးရနံ့တွေဟာ မြန်မာတွေရဲ့ ချစ်စရာရိုးရာဓလေ့ရနံ့ကို ပေးသလို တောင်ပေါ် ဒေသက ပါးအို့နီနီလေးတွေနဲ့ တိုင်းရင်းသူတွေကလည်း ရိုးသားပွင့်လင်းလှတဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးဖော်ရွေမှုတို့ကို ပြသလို့နေပါတယ်။

တစ်ခါတခါတော့ ပါးပြင်ဟာ အသွင်ကိုလိုက်လို့ ပြောင်းလဲရတယ်။ ပါးပြင်ဟာ ရှက်လို့ ပန်းနုရောင်သွေး ပြောင်းလဲတတ်သလို ဒေါသတွေငယ်ထိပ်တက်လာတဲ့အခါ နီရဲနေတဲ့ ပါးပြင်အဖြစ်လည်း တွေ့မြင်ရမှာပါ။

ချစ်စရာ့အပြုံးတွေကို ပိုင်ဆိုင်ရတဲ့ ပါးပြင်တွေရှိသလို မလိုတမာလိုသကာလို မတည်မငြိမ်ဖြစ်နေတဲ့ ပါးပြင်တွေလည်း ရှိလေရဲ့။ သဘာဝအလှတရားတို့နဲ့ လှပနေတဲ့ပါးပြင်ကို တစ်ခါတလေ အရောင်ချယ်သမှုတွေ တွေ့ရမှာပါ။ ရနံ့မျိုးစုံရဲ့ အနံ့တွေကိုလည်း ထွေးပွေ့ကြရမှာပါ။

ငြင်းပယ်ခြင်း၊ စော်ကားခံရခြင်းတွေနဲ့ ပါးပြင်ကို ကြမ်းတမ်းစွာ ရိုက်ခတ်ခံရနိုင်သလို၊ ရန်ပွဲတွေ၊ နိုင့်ထက် ကလူပြုမူမှုတွေနဲ့ ထိုးနက်ခြင်းကိုလဲ ဒီပါးပြင်နှစ်ဖက်က ခံကြရပါသေးတယ်။ ကြောက်ရွံ့ခြင်း၊ မုန်းတီးခြင်းတွေ ကြောင့် ပါးပြင်ဟာ ကုတ်ခြစ်ခြင်းလဲ ခံရနိုင်ပါတယ်။

မတုန်လှုပ်တော့တဲ့ ပါးပြင်တွေ၊ ကြောက်ရွံ့နေတဲ့ ပါးပြင်တွေ၊ ထီမထင်တော့တဲ့ ပါးပြင်တွေ၊ မချစ်မမုန်း တော့တဲ့ပါးပြင်တွေ..စိတ်ဝင်စားစရာကောင်းလှတဲ့ပါးပြင်တွေ။

ပါးပြင်မှာ စိတ်ရဲ့အရောင်တွေလဲ မြင်ရတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားတွေမြင်ရတယ်။ ချစ်ခြင်း၊ မုန်း ခြင်းမြင်ရတယ်။ ပါးပြင်မှာ ဘ၀အရောင်တွေ မြင်ရတယ်။

လူတစ်ဦး ပါးပြင်နှစ်ဖက်က မထူးဆန်းလှပါဘူး။ ဒါပေမဲ့ အဲဒီပါးပြင်တွေရဲ့ သမိုင်းကတော့ ရသမျိုးစုံ ပေးနေလေရဲ့။
သြော်…ပါးပြင်..ပါးပြင်..အမှားတွေကိုပြင်ဖို့…မဖောက်မပြန်ဓမ္မအမှန်တရားတွေကို မြင်ဖို့ ဘ၀ရဲ့ပါးပြင် တွေကို ကိုယ်တိုင် ဆင်ချင်ကြည့်ရအောင်လေ။
**************

မောင်ပိုင်
၂၇-၁၁-၂၀၁၄။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>