Quantcast
Viewing all articles
Browse latest Browse all 1811

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၂)




ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၂)
===========
ထိုနေ့က ခါတိုင်းနေ့များလိုပင် မပါမဖြစ်ပစ္စည်းစုံအိတ်နှင့်အတူ တာဝန်ထမ်းဆောင်ရန်နေရာသို့
ရောက်ရှိနေရာချထားပြီးပြီဖြစ်သည်။ ထိုစဉ်မှာပင် ယခုတာဝန်ကာလအတွင်းအသုံးပြုရန်ုထုတ်
ပေးထားသော ဖုန်းဝင်လာပြီး ဂိတ်အ၀င်အထွက်စစ်ဆေးရန် လာရောက်မည့်မီဒီယာသမားများကို
စစ်ဆေးရန်တာဝန်ပေးလာခြေသည်။


မိုးယံထက်တစ်ယောက်တော့ စိတ်အညစ်ကြီးညစ်လေသည်။ ပေါက်တူးပေါက်ဆိုရင်သာ ပေါက်လိုက်ချင်သည်။ အဲဒီချီးထုတ်မီဒီယာသမားများနှင့်တော့ မပတ်သတ်ချင်..။ သို့သော် တာဝန်ဆိုတော့လည်း မပျက်မကွက် ကျေပွန်စွာထမ်းဆောင်ရတော့မည်ပေါ့။

ထိုနေ့က ဂိတ်မှာတာဝန်ကျနေရင် စိတ်တွေအညစ်ကြီးညစ်တော့သည်။ သံရုံးမှဝန်ထမ်းများရော ကုမ္ပဏီများမှ
လူများပါ အသီးသီး လာရောက်ကြရာ ကိုရီးယားစကားကြတော့ ရှင်းရှင်းမသိ အင်္ဂလိပ်လိုပြောတော့လဲ
ငပိသံ နှင့် ကင်မ်ချီသံ အချင်းချင်းနားမလည်။  မြန်မာလိုပြောတော့လဲ ဘာတွေပြောနေမှန်းတောင်မသိနှင့်
ချွေးတွေက တောက်တောက်ကျရင် ခေါင်းကိုသာ တဗျင်းဗျင်းကုတ်မိတော့သည်။

ညနေပိုင်းတွင်တော့ ကမ်းနားမှ စစ်တီးဝိုင်းသံကြောင့် ကိုရီးယာစစ်သင်္ဘောရောက်ရှိပြီဖြစ်ကြောင်းသိလိုက်
ရသည်။ အခြေနေကတော့နေမြဲ နာရီဝက်ခန့်အကြာတွင်တော့ ခုနကတဖွဲဖွဲဝင်လာကြသူများက တဖွဲဖွဲပြန်
ထွက်ကြပြန်သည်။ အကုန်ပြန်သွားပြီးချိန်တွင်တော့ လူလဲဂျုံးဂျုံးကြနေပြီ။ လူပင်ပန်းသည်ထက် စိတ်ပင်ပန်း
သည်က ပိုဆိုးသည်။ အဆောင်ပြန်နားရန် ပြင်လိုက်ချိန်တွင် ရောက်ရှိလာသော ရေယာဉ်များမှာ လူများ
အပြင်ထွက်မည်အသင့်ပြင်ထားပါတဲ့။

စိတ်တွေက ဂျုံးဂျုံးကြသည်။ ခုပဲရောက်သည် ခုပဲလည်မည်ဆိုတော့မလွယ်ကြောပင်။ သိပ်မကြာခင်မှာ ယာဉ်တန်းကြီးထွက်လာပြီး နောက်ပိတ်ကားနှင့်လိုက်လာသော အဖွဲ့ခေါင်း
ဆောင်က “တန်းဖြုတ်တော့ရပြီ” ဟူသော အမိန့်ရမှပင် သက်ပြင်းမောချနိုင်လေတော့သည်။ ပြီးတာနဲ့ ရေမိုးချိုး
အ၀တ်စားလဲပြီး အိပ်လိုက်တော့သည်.။ တနေကုန်ပင်ပန်းထားတော့ ခေါင်းချသည်နှင့်အိပ်ပျော်သွားသည်မှာ
နောက်နေ့မနက်ထိပင်..။

မနက်နိုးတော့ မိုးယံထက်တစ်ယောက် ကဗျာကယာရေမိုးချိုးရသည်.. ရေချိုးခန်းမရှိသည့်အတွက် အဆောင်
ပြင်မှာပင် မြက်ကိုရေဖျန်းသော ပိုက်မှရေကိုချိုးရသည်မို့ လူအ၀င်အထွက်မရှိခင် ကသုတ်ကယက် လုချိုးရ
သည်။ ထို့နောက် လိုက်ပါပို့ဆောင်မည့် ကားများရပ်ထားရာနေရာသို့ အမြန်ပြေးရသည်။ မနေ့ကအိပ်ပျော်
သွားသည်မို့ မည်သည့်ကားနှင့်လိုက်ရမည်ကို မသိသေးမဟုတ်လား။ ဆိပ်ကမ်းရောက်တော့ ကြီးမားသော
ရေယာဉ်ကြီးနှစ်စီးက အခန့်သား...။ လူတွေဘယ်လောက်တောင် ပါလဲမသိဟုတွေးရင် အဖွဲ့ခေါင်းဆောင်းစီ
သတင်းပို့လိုက်သည်။ ခဏမျှစောင့်လိုက်တော့ သူတို့အဖွဲ့လူစုံပြီ။ တာဝန်တွေခွဲတော့ ကားနံပတ် ၁၂.......။

“ကဲ ညီတို့ မင်းတို့ထဲမှာ ဘယ်သူ အီးလိုအကောာင်းဆုံးလဲ”
“ဟိုကောင် မိုးယံကောင်းတယ် စီအို”
“ဟာ ကိုဇေယျာမင်း မပို့နဲ့လေ အကိုကညီ့ထက်ကောင်းတာပေါ့”
“မဟုတ်ဘူးညီ စီအိုမေးတာ အကိုမပါဘူး အကိုက သံရုံးအဖွဲ့တာဝန်”
“ကဲပါ ညီလေး ငြင်းမနေနဲ့တော့ မိုးယံထက် ညီလေးမင်းက ကားနံပါတ်(၁)ပြောင်းလိုက် လမ်းကြောင်းက
ရွှေတိဂုံ ဗိုလ်ချုပ်ဈေး Junction square.... ၄နာရီအရောက်ပြန်လာခဲ့.။ သူတို့အဖွဲ့ကခေါင်းဆောင်ကိုသေ
ချာပြောညီ။ ဒင်နာတက်ဖို့ရှိတယ် မင်းပါတက်ရမယ်။” 
“ဟုတ်စီအို”

ကဲကားချိန်းဆိုတော့ချိန်းပေါ့..။ ဘယ်အဆင့် ဘယ်ရာထူးမှန်းမသိတဲ့သူတွေနှင့် ဆက်ဆံရမှာ ဂွကျလှသည်။
ကားပေါ်တက်နေသည်က အရပ်ဝတ်တွေနဲ့လေ။ ကားနံပတ်(၁)ပေါ်တက်လိုက်ချိန်တွင်တော့ မိုးယံထက်တစ်
ယောက်နဲနဲ အ သွားသည်။ ကားပေါ်တွင်ပါသော လူတ၀က်လောက်အမျိုးသမီးတွေလေ။ မိန်းမနှင့် မပတ်သတ်
ချင်၍ ရည်းစားပင်မထားသော မိုးယံထက်အဖို့တော့ စိတ်ညစ်ညူးစရာပင်။ မည်သို့မည်ပုံထိန်းရမည်မသိ...။
သတ်မှတ်နေရာတွင်ဝင်ထိုင်လိုက်တော့.. ကပ်ရပ်ခုံမှ တစ်ယောက်က ပြုံးပြပြီး စကားစလာသည်။

‘Hi, I'm Yang. I'm in charge of this car.’
‘Hello, I'm Moe Yan Htet but you can call me Yan. I'll escort you today.’
(ယခုနောက်ပိုင်းမှစ၍ အင်္ဂလိပ်လိုပြောသောစကားများကို မြန်မာဘာသာဖြင့်သာရေးပါတော့မည်။
မီးကျိုးမောင်းပျက်ပြောခြင်းဖြစ်သည်က တစ်ကြောင်း ဖတ်ရအစဉ်ပြေစေရန်လည်းကောင်းရည်ရွယ်
ပါသည်)
ငပိသံနှင့်ကင်ချီသံ ထိပ်တိုက်တွေ့လေပြီ။ မဆိုးတော့ မဆိုးလှ အဆင်ပြေသည်ဟုဆိုရမည်...။ ရှေ့က လမ်းရှင်း
ဆိုင်ကယ်နှင့်ဆိုတော့ သိပ်တော့ပြသနာမရှိလှ။ ရောက်မည့်အချိန်နှင့် သွားရမည့်နေရာ ပေးနိုင်မည့်အချိန်များ
ကိုတွက်ရင်း မိုးယံထက်တစ်ယောက်ခေါင်းတွေထူပူနေသည်။ သတ်မှတ်နေရာရောက်တိုင်း ဖုန်းဆက်သတင်း
ပို့ရသေးသည်။ ဘေးနားမှ ‘ယန်’ ဆိုသူကတော့ စာရွက်ထဲ တောင်ခြစ်မြောက်ခြစ်ခြစ်လိုက် ဖုန်းဆက်လိုက်....
ကားလမ်းကြောင်းကြည့်လိုက်နှင့် အလုပ်ရှုပ်နေသော သူ့ကိုကြည့်ရင်းပြုံးနေလေသည်။ လမ်းကရှုပ်သဖြင့်ရင်
တမမ.. ရွှေတိဂုံကိုတော့ရောက်ချေပြီ..။

“ယန်ရေ ဖိနပ်တွေကို ကားပေါ်မှာပဲချွတ်ခိုင်းလိုက်ပါ”
“ဘာဖြစ်လို့လဲဟင်”
“စီးသွားရင် ဘုရားပေါ်တက်တဲ့အခါ  လက်ကကိုင်ထားရတော့ အဆင်မပြေဘူး”
“အိုကေ အိုကေ ပြောလိုက်မယ်...။”

ယန် က သူ့လူတွေကိုကိုရီးယားလိုပြောရင်း ဖိနပ်များကိုချွတ်ခိုင်းလိုက်သည်။ မိုးယံထက်လဲ ဖိနပ်ကိုချွတ်
အရပ်ဝတ်ထည့်ထားသောအိတ်ကိုဆွဲကာ အ၀တ်လဲရန် အိမ်သာခန်းသို့ပြေးရချေသည်။ ဘုရားပေါ်မှာက
ယူနီဖောင်းတကားကားနင့်မသင့်တော်လေ။ အိမ်သာထဲမှထွက်လာတော့ မြင်ကွင်းကြောင့် မျက်လုံးပြူး
သွားရ၏။  ဘုရားလုံခြုံရေးများနှင့် ကိုရီးယာအဖွဲ့တဖွဲ့ စကားအချီအချဖြစ်နေလေသည်။ ထိုနေရာကိုခပ်သွက်
သွက်လေး လှမ်းရချေတော့သည်။

တခုခု အစဉ်မပြေဖြစ်က သူ့ထံတွင်တာဝန်ရှိသည်မဟုတ်လား။


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...