ယောက်ျားတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်
=-=-=-=-=-=-=-=-=-=-=-=-=- =-=-=
ကျွန်တော် မရေးတော့ဘူးလို့ အကြိမ်ကြိမ်ဆုံးဖြတ်မိပါတယ် ..။ ကျွန်တော့်မှာ ငဲ့စရာမျက်နှာတွေရှိနေတယ်.. ။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်ရေးဖြစ်ပါတယ်..။ ဒါဟာ တကယ်မဟုတ်တဲ့ ဒဏ္ဍာရီ ဇာတ်လမ်းတစ်ပုဒ်မဟုတ်သလို.. ရင်ထဲမှာ ဆတ်ဆတ်ခါ အောက်မေ့နေတဲ့ တကယ် အဖြစ်အပျက်တစ်ခုကို ဖွင့်ဟ ဝန်ခံခြင်းတစ်ခုပေါ့လေ...။
ကျွန်တော်နဲ့သူမ ၂၀၁၀ နှစ်ကုန် ၂၀၁၁ နှစ်ဆန်းပိုင်းလောက်မှာ စတွေ့ခဲ့တယ်..။ ပွင့်ပွင့်လင်းလင်းပြောရရင် သူမနဲ့ ကျွန်တော်ဟာ ရင်းနှီးတဲ့သဘောမျိုးမှာ မရှိခဲ့ဘူး.။ မြင်ဖူးရုံသာ မြင်ဖူးခဲ့တာမျိုးပေါ့..။ ဒါပေမယ့် သူမဟာ တစ်ခြားလူတွေကို ကူညီတတ်တာကိုတော့ ကျွန်တော်သိထားတယ်..။ ဒါပေမယ့်လည်း ကျွန်တော်ကတော့ သူ့အကူအညီမလိုဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်ထားခဲ့တယ်လေ..။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်လို့ပဲ ဆိုရမလား..။
ကျွန်တော်ပြင်ဦးလွင်ပြန်ရောက်ပြီး သိပ်မကြာခင် ပုဂ္ဂိုလ်တစ်ယောက်က ကျွန်တော်သူမ အကူအညီ ယူမှ ဖြစ်မယ်လို့ ပြောတယ်..။ ကျွန်တော် မယုံကြည်ပါဘူး.။
“ ဟုတ်ရဲ့လားဗျာ..”
ကျွန်တော် အထပ်ထပ်အခါခါ ပြန်မေးမိတယ်..။
ကျန်းမာသန်စွမ်းပြီး အရွယ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ မာန ဆိုပေမယ့် တစ်ချိန်က ကျွန်တော့်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို နောင်တနဲ့ အတူ သတိရမိတယ်..။ နောက်ဆုံးတော့ ကျွန်တော်လက်ခံလိုက်ရတယ်လေ. .။
“ ဟုတ်ကဲ့ဆရာ.. ကျွန်တော် အဲဒီနေ့ လာခဲ့ပါ့မယ်...”
ကျွန်တော်သူမနဲ့ ပထမဆုံးအကြိမ်ပတ်သတ်ဖြစ်ခဲ့ တယ်...။ အစပိုင်းမှာတော့ သူမရဲ့ ဆက်ဆံပုံတွေ အေးစက်စက်နိုင်သလို၊ ကျွန်တော်နဲ့လည်း အဆင်မပြေခဲ့တာအမှန်ပါ..။ ကျွန်တော် သူမနဲ့ တကယ်ပဲ အဆင်မပြေခဲ့ပါဘူး..။
အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော့်စိတ်တွေ ပြောင်းလဲလာတာကတော့ အမှန်ပါ..။ တစ်ခါတစ်ရံတော့ သူမကို သတိရနေတတ်တယ်..။ သူမ မရှိတဲ့အချိန်တွေဆို ဟာတာတာ ဖြစ်နေတတ်တာမျိုးပေါ့..။
ဒါပေမယ့် ကျွန်တော် သူမကို မချစ်ဘူး..။ သူမ ကျွန်တော်နဲ့ အတူရှိနေတဲ့အတွက် ကျွန်တော့်ကို တစ်ခြားသူတွေက သူမဆီက အကူအညီယူနေရသူ အဖြစ်အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြမှာကို ကျွန်တော်ကြောက်တယ်..။ ဖြစ်နိုင်ရင် ကျွန်တော် သူမအနားမှာ မ နေချင်ဘူး.။ သူမကို ကျွန်တော် မုန်းလည်းမုန်းတယ်.။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော် သူမကို တောင့်တ မိတယ်.။ ဒါပေမယ့် စွဲလန်းနေတာမျိုးလည်း မဟုတ်ဘူး..။
နောက်ပိုင်း သူမနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုးတက်မှု ရှိလာတယ်.။ သူမ ကျွန်တော်နဲ့ အတူရှိနေမှ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိလာတယ်.။ သူမ မရှိတဲ့ ရက်တွေဆိုရင် ကျွန်တော် သူမကိုလွမ်းနေမိတယ်..။ စာသင်ချိန်တိုင်းမှာတောင် သူမကို တမ်းတနေတဲ့ အခြေအနေ ထိရောက်လာတယ်..။ သူမမရှိရင် ကျွန်တော် ကမ္ဘာကြီးမှောင်မိုက်နေတဲ့ အခြေအနေမျိုးဖြစ်လာမှာကို စိုးရိမ်နေမိတယ်လေ...။
ရင်နာဖို့ကောင်းတဲ့ နေ့ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး..။ ကျွန်တော်တို့ တောအုပ်ထဲမှာ ကဗျာရွတ်ကြတဲ့နေ့က သူမ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တယ်..။ ပြီးတော့ သူမ အမှတ်မထင် ပျောက်ဆုံးသွားခဲ့တယ်..။ ကျွန်တော်တို့ အားလုံး သူ့ကို ပြန်ရှာခဲ့ကြတယ်..။ သူမကို ကျွန်တော် ပြန်တွေ့တဲ့အခါ.. ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က သူမဘဝကို ရက်ရက်စက်စက် နင်းခြေသွားပြီ..။
ကံကြမ္မာဆိုတာကလည်း ပြောရခက်ပါတယ်..။ တစ်ခါတစ်ရံ လောကကြီးဟာ သိပ်ပြီးစိတ်နာဖို့ ကောင်းတယ်..။ သူမ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာလားလို့ ပြန်တွေးမိတယ်..။ တကယ်တော့ သူမကို ဂရုမစိုက်ခဲ့တဲ့ ကျွန်တော့် အပြစ်ပဲ ဆိုတာ သေသေချာချာ သိလိုက်ရတဲ့နောက်မှာ ကျွန်တော် နောင်တအကြီးအကျယ်ရမိတယ်..။ ကျွန်တော် အခု သူမကို တမ်းတနေရပြီ..။ သူမ မရှိတဲ့အခါ မနေတတ်သလို၊ ရင်ထဲမှာဟာတာတာ ဖြစ်နေရပြီ..။ သူမ ဘယ်မှာလဲ သူမ ပြန်လာဦးမှာလား..။
သေချာတာကတော့ ကျွန်တော် သူမမရှိပဲ ရပ်တည်နိုင်ဖို့ တကယ်ပဲ မလွယ်တော့ပါဘူး..။
ဟုတ်တယ်.. ကျွန်တော် သူမကို ရှုံးနိမ့်သွားပြီ...။
ဗျာ .. သူမက ဘယ်သူလဲ ဟုတ်လား..။
အာ.. သူမ ဆိုတာ ကျွန်တော့်ရဲ့ ချစ်လှစွာသော အဝေးကြည့်မျက်မှန်လေးပေါ့ဗျာ..။ ကဗျာရွတ်ပွဲနေ့မှာ ဘယ်သူတက်နင်းသွားမှန်းမသိပဲ .. ကွဲသွားလို့ အခု ငုတ်တုတ်မေ့နေရတာပါဆို
~မိုးသက်ဦးလွင်~
=-=-=-=-=-=-=-=-=-=-=-=-=-
ကျွန်တော် မရေးတော့ဘူးလို့ အကြိမ်ကြိမ်ဆုံးဖြတ်မိပါတယ်
ကျွန်တော်နဲ့သူမ ၂၀၁၀ နှစ်ကုန် ၂၀၁၁ နှစ်ဆန်းပိုင်းလောက်မှာ စတွေ့ခဲ့တယ်..။ ပွင့်ပွင့်လင်းလင်းပြောရရင်
ကျွန်တော်ပြင်ဦးလွင်ပြန်ရေ
“ ဟုတ်ရဲ့လားဗျာ..”
ကျွန်တော် အထပ်ထပ်အခါခါ ပြန်မေးမိတယ်..။
ကျန်းမာသန်စွမ်းပြီး အရွယ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ရဲ့ မာန ဆိုပေမယ့် တစ်ချိန်က ကျွန်တော့်လုပ်ခဲ့တဲ့ အလုပ်တွေအတွက် ပြန်ပေးဆပ်ရတယ်ဆိုတာကို နောင်တနဲ့ အတူ သတိရမိတယ်..။ နောက်ဆုံးတော့ ကျွန်တော်လက်ခံလိုက်ရတယ်လေ.
“ ဟုတ်ကဲ့ဆရာ.. ကျွန်တော် အဲဒီနေ့ လာခဲ့ပါ့မယ်...”
ကျွန်တော်သူမနဲ့ ပထမဆုံးအကြိမ်ပတ်သတ်ဖြစ်ခဲ့
အချိန်တွေကြာလာတာနဲ့အမျှ ကျွန်တော့်စိတ်တွေ ပြောင်းလဲလာတာကတော့ အမှန်ပါ..။ တစ်ခါတစ်ရံတော့ သူမကို သတိရနေတတ်တယ်..။ သူမ မရှိတဲ့အချိန်တွေဆို ဟာတာတာ ဖြစ်နေတတ်တာမျိုးပေါ့..။
ဒါပေမယ့် ကျွန်တော် သူမကို မချစ်ဘူး..။ သူမ ကျွန်တော်နဲ့ အတူရှိနေတဲ့အတွက် ကျွန်တော့်ကို တစ်ခြားသူတွေက သူမဆီက အကူအညီယူနေရသူ အဖြစ်အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြမှာကို ကျွန်တော်ကြောက်တယ်..။ ဖြစ်နိုင်ရင် ကျွန်တော် သူမအနားမှာ မ နေချင်ဘူး.။ သူမကို ကျွန်တော် မုန်းလည်းမုန်းတယ်.။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော် သူမကို တောင့်တ မိတယ်.။ ဒါပေမယ့် စွဲလန်းနေတာမျိုးလည်း မဟုတ်ဘူး..။
နောက်ပိုင်း သူမနဲ့ ဆက်ဆံရေးအခြေအနေတွေ တိုးတက်မှု ရှိလာတယ်.။ သူမ ကျွန်တော်နဲ့ အတူရှိနေမှ ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိလာတယ်.။ သူမ မရှိတဲ့ ရက်တွေဆိုရင် ကျွန်တော် သူမကိုလွမ်းနေမိတယ်..။ စာသင်ချိန်တိုင်းမှာတောင် သူမကို တမ်းတနေတဲ့ အခြေအနေ ထိရောက်လာတယ်..။ သူမမရှိရင် ကျွန်တော် ကမ္ဘာကြီးမှောင်မိုက်နေတဲ့ အခြေအနေမျိုးဖြစ်လာမှာကို စိုးရိမ်နေမိတယ်လေ...။
ရင်နာဖို့ကောင်းတဲ့ နေ့ကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး..။ ကျွန်တော်တို့ တောအုပ်ထဲမှာ ကဗျာရွတ်ကြတဲ့နေ့က သူမ ကျွန်တော့်ဘေးမှာ ရှိနေခဲ့တယ်..။ ပြီးတော့ သူမ အမှတ်မထင် ပျောက်ဆုံးသွားခဲ့တယ်..။ ကျွန်တော်တို့ အားလုံး သူ့ကို ပြန်ရှာခဲ့ကြတယ်..။ သူမကို ကျွန်တော် ပြန်တွေ့တဲ့အခါ.. ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်က သူမဘဝကို ရက်ရက်စက်စက် နင်းခြေသွားပြီ..။
ကံကြမ္မာဆိုတာကလည်း ပြောရခက်ပါတယ်..။ တစ်ခါတစ်ရံ လောကကြီးဟာ သိပ်ပြီးစိတ်နာဖို့ ကောင်းတယ်..။ သူမ ကျွန်တော့်ကို သစ္စာဖောက်ခဲ့တာလားလို့ ပြန်တွေးမိတယ်..။ တကယ်တော့ သူမကို ဂရုမစိုက်ခဲ့တဲ့ ကျွန်တော့် အပြစ်ပဲ ဆိုတာ သေသေချာချာ သိလိုက်ရတဲ့နောက်မှာ ကျွန်တော် နောင်တအကြီးအကျယ်ရမိတယ်..။ ကျွန်တော် အခု သူမကို တမ်းတနေရပြီ..။ သူမ မရှိတဲ့အခါ မနေတတ်သလို၊ ရင်ထဲမှာဟာတာတာ ဖြစ်နေရပြီ..။ သူမ ဘယ်မှာလဲ သူမ ပြန်လာဦးမှာလား..။
သေချာတာကတော့ ကျွန်တော် သူမမရှိပဲ ရပ်တည်နိုင်ဖို့ တကယ်ပဲ မလွယ်တော့ပါဘူး..။
ဟုတ်တယ်.. ကျွန်တော် သူမကို ရှုံးနိမ့်သွားပြီ...။
ဗျာ .. သူမက ဘယ်သူလဲ ဟုတ်လား..။
အာ.. သူမ ဆိုတာ ကျွန်တော့်ရဲ့ ချစ်လှစွာသော အဝေးကြည့်မျက်မှန်လေးပေါ့ဗျ
~မိုးသက်ဦးလွင်~