Myanmar NAVY added 5 new photos.
“ပြည်တွင်းထုတ်စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနား ကျင်းပခြင်း”
ယနေ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက် နေ့လည် ၁း၃၀ အချိန်တွင် သံလျင်တပ်နယ်ရှိ ရေတပ်ဆိပ်ခံတံတား၌ ပြည်တွင်းထုတ် Stealth Frigate စစ်ရေယာဉ်-ကျန်စစ်သား နှင့် အမြန်သွားကင်းလှည့်တိုက်ခိုက်ရေးရေယာဉ် (Torpedo) တို့၏ တပ်တော်ဝင်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖော်ပြပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ပြီး တပ်မတော်အရာရှိကြီးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊စစ်သည် မိသားစုများလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
တပ်မတော်(ရေ)မှ ကိုယ်တိုင်တည်ဆောက်ခဲ့သော စစ်ရေယာဉ်-ကျန်စစ်သားသည် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ရေချခဲ့ပြီး ရေယာဉ် Design မှာ မူလစမ်းသပ် အောင်မြင်ထားသည့် ပထမအစီး F-11 အပေါ်တွင် အခြေခံ၍ Stealth နည်းပညာကို ဆန်းသစ်တီထွင် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ တပ်မတော်(ရေ)၏ ပထမဆုံး Stealth နည်းပညာ အစပျိုးခြင်းဖြစ်၍ သိသာထင်ရှားသော မှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ရမည် ဖြစ်ပါသည်။
ဖော်ပြပါစစ်ရေယာဉ်တွင် Multirole ဆောင်ရွက်နိုင်ရန် ရေပေါ်၊ရေအောက်၊လေကြောင်းရန် နှင့် အီလက်ထရောနစ် စစ်ဆင်ရေး Capability ရှိသည့် လက်နက်ပစ္စည်းနှင့်စနစ်များ နှင့် သာမန် Combat System ထက် အဖက်ဖက်က အလေးသာသော Integrated Combat System တပ်ဆင်ထားဖွယ် ရှိပါသည်။ (၁၂၀/၁၈၀)ကီလိုမီတာအထိ ပစ်ခတ်နိုင်သော ဒုံးပျံများ၊ မြန်နူန်းမြင့် အမြောက်များ၊ CIWS များ၊ ရေငုပ်သင်္ဘောပစ်ဒုံးများ၊ Active/Passive EW စနစ်များ၊ OTH Target (မိုးကုပ်စက်ဝိုင်းလွန်ပစ်မှတ်) များအပါအဝင် ရေပြင်၊ရေအောက် နှင့် ဝေဟင် ပစ်မှတ်များကို ထောက်လှမ်းနိုင်မည့် အဆင့်မြင့်အာရုံခံစနစ်များ ပါဝင်မည်ဟုလည်း ခန့်မှန်းရသည်။ထူးခြားချက်မှာ ရေယာဉ်၏ အနောက်ပိုင်းတွင် Heli Deck နှင့် Hanger ပါရှိသဖြင့် ASW / SAR / OTHT အထောက်အကူပြု ရဟတ်ယာဉ် တင်ဆောင်နိုင်မည့် အနေအထား ဖြစ်ပါသည်။
Torpedo Boat မှာ ရေယာဉ်ကိုယ်ထည်အား Aluminium ဖြင့် တည်ဆောက်ထားပြီး အမြန်နူန်း ရေမိုင်(၄၀)ကျော်အထိ မောင်းနှင်နိုင်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မြန်မာ့ရေပြင်ပိုင်နက်ကို ကာကွယ်စောင့်ရှောက်ရန် ခေတ်မီဓါးနှစ်စင်း ထပ်မံပေါ်ထွက်လာခဲ့ပြီဖြစ်၍ (၆၇)နှစ်မြောက် တပ်မတော်(ရေ)နေ့သည် ပို၍အဓိပ္ပါယ် လေးနက်စေကြောင်း ဖော်ပြအပ်ပါသည်။
မောင်ဝါဆို(Myanmar Navy)
မှတ်ချက်။ ဓါတ်ပုံများပေးပို့ပေးသော Fan မိတ်ဆွေ Ko Zaw Zaw နှင့် Ko Sea Lion အား အထူးကျေးဇူးတင်ပါသည်။