ဆေးတပ်သားဝင်းနိုင်သည် တပ်ရင်းမှူးအား အမှောင်ထဲတွင်ပင် လိုက်ရှာနေမိသည်။
ကဆာနလီတောင်ကြောကြီး တလျောက် လက်နက်ကြီးများ အဆက်မပြတ်ကျရောက်ပေါက်ကွဲလျက်ရှိသဖြင့် သွားလာရန်မလွယ်ကူလှ။
ဝင်းနိုင်သည်ဆက်သွယ်ရေးမြောင်းအနိုင်းပြေးလာရာမှ ရှေ့တွင် ဘန်ကာတစ်လုံးပြိုကျနေသည်ကိုတွေ့၇သည်။
သစ်လုံးများကြားမှ ခြေထောက်တစ်ဖက်ထိုးထွက်နေသည်မြင်ရသဖြင့် သစ်လုံးများအား ဖယ်ရှားရာ တသက်မမေံနိုင်သောမြင်ကွင်းအားတွေ့လိုက်ရသည်။သွေးအိုင်ထဲမှ လေးစားရပါ
သောတပ်ရင်းမှူး တပ်ရင်းမှူး---တပ်ရင်းမှူးး ငိုချမိသည်။
ဝင်းနိုင် စိတ်ကိုတည်ငြိမ်အောင်စုစည်းသည် ဘာလုပ်ရမည်ကိုစဉ်းစားသည်။
တပ်ရင်းမှူးအလောင်းကိုပြန်လည်ဖုံးအုပ်လိုက်ပီး
ထောက်လှမ်းရေးအရာရှိဗိုလ်သိန်းသန်းရှိရာကျောက်တောင်ကုန်းသို့ အပြေးအလွှားပင်
ဟေ့ ---၀င်းနိုင် ဘာဖြစ်တာလဲ တပ်ရင်းမှူးရော
ဗိုလ်ကြီးဗိုလ်ကြီး တပ်ရင်းမှူး တပ်ရင်းမှူး------------------------------------
အေးငါသိပီ ကျန်တဲ့ရဲဘော်တွေသိလား ---
မသိသေးဘူးဗိုလ်ကြီးကျွန်တော်တစ်ယောက်ပဲသိတယ်
မင်းသွားတော့ ငါဆင်းလိုက်လာခဲ့မယ်
ဗိုလ်သိန်းသန်းသည် ပွီုင့်ကုန်းအားတပ်စု တပ်ကြပ်ကြီးတင်ထွန်းထံသို့ လွဲပြောင်းပေးခဲ့ပြီး
ချက်ချင်းပင်စစ်ကြောင်းရုံးသို့ ပြန်ဆင်းလာခဲ့သည်။
ထို့နောက်စက်ဖြင့် မဲသဝေါပင်မကုန်းမှစစ်ကြောင်း(၂) စစ်ကြောင်းမှူး ဗိုလ်မှူး ထွန်းမြင့်ထံတင်ပြရာ
လောလောဆယ်မင်းပဲထိန်းထားဦးသိန်းသန်း ငါတို့လဲဝိုင်းခ့နေရတယ် ငါတွက်လို့ရရင်မင်းတို့ဆီတက်လာခဲ့မယ်
ထိုအချိန်မှာ ရန်သူ့ဖြတ်တော်မှုခံထားရသောစစ်ကူ ခလရ(၇၅) စစ်ကြောင်း(၂)နှင့် တပ်ခွဲ(၃)ခွဲသည် ရန်သူဖောက်ထွင်းကာကဆာနလီတောင်ကြောကြီး ပေါ်သိုကရောက်ရှိလာချေပီ
ခလရ(၇၆) သည် စစ်ကူနှင့်ပူးပေါင်းမိသဖြင့် အင်အား ၄၀၀ကျော်ဖြစ်သွားချေပီသို့သော်လည်းရန်သူ့အင်အားနှင့်မယှဉ်သာ။
ရန်သူ့ တိုက်စစ်သည် နံနက် ၇နာရီတွင် လျော့ကျသွားသည် စစ်သည်များခေတ္တအနားရကြသည်။
သို့သော် တဖြည်းဖြည်းတိုးလာသောရန်သူ့ခြေကုပ်များသည်၁၀ကိုက်ခန့်အကွာသို့ရောက်ရှိနေချေပီ
နှစ်ဖက်စစ်သည်များအပြန်အလှန်အော်ဆဲနေသံမျာားကြားနေရသည်။
နှစ်ဖက်စစ်မျက်နှာကြားနယ်မြေတွင် မမြှုပ်နှံနိုင်သော အလောင်းများ၏ အနံ့ ကားပြင်းထန်လှသည်သို့သော်ဂရုမစိုက်နိုင်အား သူ့အသက်ကိုယ့် အသက်လုသောပွဲမို့ ကျန်သည်ကားအရေးမကြီးတော့
စစ်ကြောင်း(၂)မှူးဗိုလ်မှူး ထွန်းမြင့်သည် နံနက်၉နာရီတွင် ကဆာနလီတောင်ကြောပေါ်သိုကရောက်ရှိလာကာ ခလရ(၇၆)၏ ကွပ်ကဲမှုကိုလွှဲပြောင်းယူလိုက်သည်။ခလရ(၇၅)စစ်ကြောင်း(၂) မှူး ဗိုလ်မှူးခင်စိုးသည် ဗိုလ်မှူးထွန်းမြင့်နှင့်ညှိနှိုင်းကာ အထိနာလျက်ရှိသော ပွိုင့်ကုန်းရှိ တပ်ကြပ်ကြီးတင်ထွန်းတပ်စိတ်အား တပ်ခွဲ(၁)ခွဲဖြင့်အင်အားဖြည့်စေသည်။
အောက်တိုဘာ၆ရက်နေ့တစ်နေ့လုံး လက်နက်ကြီးမျိုးစုံဖြင့်ပစ်ခတ်လျက်ရှိရာ ဘန်ကာများအားလုံး ပြိုကျကုန်သည်။ သစ်ပင်တစ်ပင်မှမရှိတော့ ကဆာနလီသည်ထယ်ထိုးထားသောတလင်းပြင်ကဲ့သို့ ဖြစ်နေချေပီ
မိမိအကျဆုံးကားများပြားလှသည် ၆ရက်နေ့၁ရက်ထဲ စစ်သည် ၅ဦးကျသည် ၁၂ဦးဒဏ်ရာရသည်။
၇ရက်နေ့ နံနက်ခင်းများသည် မိုးဖွဲများဖြင့် နေ့သစ်ကိုစတင်သည်။ ရန်သူ့လက်နက်ကြီးပစ်ခတ်သံများရုတ်တရက် ရပ်တံ့သွားသည်။ စစ်သည်များအံ့သြသွားသည် ပစ်ကျင်းများကြားမှခေါင်းပြူကြည့်ကြရာ မင်္ဂလာရှိလှသောမြင်ကွင်းတစ်ရပ်မြင်လိုက်ရသည်။
၎င်းကား
မင်္ဂလာဒုံလေတပ်တပ်စခန်းဌာနချုပ်အမှတ် (၁) တိုက်ခိုက်ရေးအုပ်မှ PC-9 တိုက်လေယာဉ်၎ စီး
တစ်စီးပီးတစီးထိုးဆင်းလာသည်။ တောင်ပံ့များစီမှ စက်သေနတ်မီးတန်းများ
ရနသူ့လက်နက်ကြီး နေရာများဆီသို့ကြဲချလိုက်သောကလပ်စတာဗုံးများပေါက်ကွဲမှု
ရဲဘော်များ ၀မ်းသာအားရဟစ်ကြွေးကြသည်။ ကသူကကြသည်။
သို့သော်ကြီးမားသောအတားအဆီးကာရာသီဥတု ကန့်သတ်ချက်ကြောင့်တိုက်လေယာဉ်များ ၏ တိုက်ခိုက်မှုသည်စွမ်းအားပြည့်မရ
မည်သို့ပင်ဆိုစေ စစ်သည်များ စိတ်ဓာတ်တဟုန်ထိုးမြင့်မားလာသလို ရန်သူတိုက်စစ်သည်လည်းတန့်သွားသည်ကိုငြင်းမရ
ကြယ်နီ
(ဆက်ရန်)