Quantcast
Viewing all articles
Browse latest Browse all 1811

ရေမြေခြားလျက် ကျောက်ဆူးနှစ်လက် အပိုင်း(၉)



====================
ညက မူးမူးနှင့်အိပ်ပျော်သွားခဲ့သော်လည်း မနက်ခင်းတွင်တော့ စောစီးစွာနိုးနေခဲ့သည်ကား
မိုးယံထက်...။ အိပ်ယာနိုးနိုးခြင်း ယူနီဖောင်းမီးပူတိုက်ခြင်း ရူးဖိနပ်ကို ပြောင်သည်ထက်ပို
ပြောင်လက်အောင် တိုက်ချွတ်ခြင်း အပွင့် ကော်လံဂျက် ခါးပတ်ခေါင်းများတိုက်ချွတ်ခြင်းများ
ကိုဇယ်ဆက်လျက် လုပ်နေမိသည်။ ယူနီဖောင်းကိစ္စပြီးတော့ အရပ်ဝတ်ကိစ္စဖက်လှည့်ရပြန်
သည်။ မြို့ထဲတွင်တနေကုန်နေမည်ဆိုပါက ယူနီဖောင်းနဲ့က အဆင်အပြေ။ အသွားအလာ
အနေအထိုင် အကုန်ဆင်ခြင်ရသည်လေ။ ခရီးဆောင်အိတ်ကိုဖွင့်၍ ပါလာသော ရှပ်အင်္ကျိများ
ကိုတစ်ထည်ခြင်းထုတ်ကြည့်နေမိသည်။ ဘယ်ဟာဝတ်ရကောင်းမလဲပေါ့..။ တကယ်တော့
များများစားစားရွေးချယ်စရာမရှိ သုံးထည်သာပါလာခဲ့သည်မဟုတ်ပါလား..။ နောက်ဆုံးနက်ပြာ
ရောင် စပို့ရှပ်ကိုသာရွေးချယ်ပြီး မီးပူထပ်တိုက်လိုက်သည်။


“ဟိတ်ကောင်... ငမိုး ဘာတွေ မိုကြွနေတာလဲကွာ အစောကြီးရှိသေးတယ်”

“ဟာအကိုကြီး ဆောရီးဗျာ နိုးသွားပြီလား”

“လဒ မင်းဖိနပ်တိုက်တုန်းကတဲက အာငွေ့ပေးတဲ့ တဟားဟား အသံကြောင်နိုးနေတာ”

“ဟီး ဆောရီးပါဗျာ”

“နေပါဦး အဲလောက်ဓာတ်ထည့်နေရအောင် ဘယ်သူက တန်းနောက်စစ်မယ်ပြောထားလို့တုန်း”

“အာအကိုကြီးကလဲ ကျွန်တော်တို့က နိုင်ငံကိုယ်စားလှယ်”

“တော်စမ်းပါကွာ လည်ချောင်းတွေဘာတွေကွဲသွားဦးမယ် လေလုံးလေးနည်းနည်းလျော့ပါကွာ”

“ဟီး ဟီး ကိုကြီးကလဲ”

“ငထေက ငထေလိုနေစမ်းပါ တသက်လုံးထေလာပြီး ခုမှ လာမတ်ချင်နေသေးတယ်”

“ဒါက အကြောင်းရှိလို့ပါ။”

“ငါသိပါတယ် ယင်ဆိုလား ခြင်ဆိုလား အဲ့ကောင်မလေးကြောင့်မလား”

“ငင် ဘယ်လိုလုပ်သိသွားတာတုန်း”

“အေယိုးယေး မင်းတညလုံးယောင်နေတာလဲ မသာရဲ့”

“ဟင် တကယ်”

“တကယ်ပေါ့မယုံရင် စီအိုနိုးလာမှမေးကြည့် မင်းယောင်တာ အကုန်လုံးနိုးတယ်”

“ဗျာ စီအိုပါသိတာလား”

“အေးပေါ့ဟ ပြောသွားသေးတယ် လေဇင်အပြန် Medical 7(စိတ်ရောဂါကုဆောင်)ပို့ရမယ်တဲ့”

“ဟီး”

မိုးယံထက်တစ်ယောက်တော့ အပီအပြင်ဂျောက်ကျလေပြီ...။ နောက်ဆုံးမနက်စောစော
သြဘာသံမှမြန်မြန်လွတ်စေရန် အမြန်ဆုံးနည်းဖြင့်ရေမိုးချိုးအ၀တ်စားလဲက မနက်စာစားရန်
ဆိုင်သို့တက်သုတ်ရိုက်လစ်ရလေတော့သည်။ နောက်ဆုံးသတင်းပို့ရန်ပေးထားသောအချိန်
ကိုချိန်၍ သွားရန်စဉ်းစားထားသည်..။ ထို့မှသာ အပြောမြန်မြန်လွတ်မည်မလား။ မနက်စာအဖြစ်
ထမင်းကြော်ကိုကြက်ဥကြော်နှစ်လုံး ကွေကာအုပ်တခွက်မှာယူ၍ စားလိုက်သည်။ ဒီနေ့တနေကုန်
လိမ့်ရမှာဆိုတော့ အားရှိမှဖြစ်မည်လေ.။ကိုယ့်အတွေးနဲ့ကိုယ် ပြုံးစိစိလုပ်နေသော မိုးယံထက်ကို
ဆိုင်ထဲက လူကုန်နီးပါလောက်ဝိုင်းကြည့်နေသည်ကိုတော့ မိုးယံထက်တစ်ယောက် သတိမပြုမိပါ
စားသောက်ပြီး၍ ငွေရှင်းတော့မှသာ သတိထားမိတော့သည်။ တချက်အမ်းသွားသော်လည်း ချက်
ချင်းပြန်ထိန်းရင်း ပြန်အထွက်မှာ အကုန်လုံးကို ဟီးခနဲပြုံးပြပစ်ခဲ့လိုက်သည်။အကုန်လုံးကတော့
အူကြောင်ကြောင်နှင့် ကျန်ခဲ့လေတော့သည်။မိုးယံထက်တစ်ယောက်တံတားကိုရောက်တော့
ကားတွေအကုန်တန်းစီထား၍ လူတင်ရန်အသင့် ဖြစ်နေလေပြီ..။ အရာရှိများကို ကားတာဝန်ခွဲပေး
နေသည်ကိုတွေ့၍ အပြေးလေးလှမ်းသွားလိုက်ရသည်.။

“ဟော လာပါပြီ စားတိုင်းငမ်းတဲ့ကောင်”

“ဗျာ စီအို ဘယ်လို ဘယ်လို”

“မင်းညကအော်နေတာလေ စားတိုင်းငမ်းတွေကော ချူးခွာတာတွေကော ယင်တွေရော ခြင်တွေရော
စုံစိနေတာပဲ လခွမ်းတယ်မှ ကောင်းကောင်းကိုမအိပ်ရဘူး”

“ကန်တော့ပါစီအိုရယ် ဟီး ကျွန်တော်ဘယ်ကားလဲ”

“မသာကားဟေ့ မသာကား ခွီး နံပါတ် ၃ဟ လမ်းကြောင်းက မြို့တော်ခန်းမပဲ ပြန်မယ့်အချိန်ကျမှ လူစုံ
ပြန်ခေါ်လာရုံပဲ သွားအကုန်ကိုယ့်ကားပေါ်က ကိုယ်စောင့်နေတယ်တော့ ဟိုမှဆင်းလာနေကြပြီ”

“ဟုတ်စီအို”

အမိန့်နှင့်အဆဲကို ရောနှောနားခံပြီးတော့ မိုးယံထက်ကားစီသို့လျောက်လာလိုက်သည်။ တနေကုန်
အချိန်ရသည်မို့ အေးအေးဆေးဆေး လျောက်လည်ရမည်ဆိုတော့ ကောင်းလေစွဟုတွေးရင်းနှင့်
လီကို လိုက်ရှာရပြန်သည်။ လီကိုတွေ့တော့ လက်သုံးချောင်းထောက်ပြတော့ လက်မပြန်ထောင်ပြ
သည်။အိုကေသည်ပေါ့...။ ကားပေါ်မှာအသင့်စောင့်နေရင်း လေလေးတချွန်ချွန်နှင့် တငြိမ့်ငြိမ့်.....
ငြိမ့်ကောင်းနေတုံး ဖုန်းဝင်လာသဖြင့်ကိုင်လိုက်တော့ အဖွဲ့ခေါင်းဆောင်

“ဟုတ်ကဲ့ အမိန့်ရှိပါစီအို”

“အေးညီ အစီအစဉ်ပြောင်းတယ် အခုဆုံရပ်ကိုလာသတင်းပို့ မင်းကားပြောင်းရမယ်”

“ဗျာ စီအို ကျွန်တော်ဒီကားနဲ့လိုက်လို့မရဘူးလား”

“မရဘူး အဲ့ကားက တပွိုင့်ထဲ အရေးမကြီးဘူးဟ လာခဲ့မြန်မြန် ဟိုမှာကားပေါ်တက်နေပြီ”

“ဟုတ် စီအို ဟုတ်”

သေလိုက်ပါတော့ကွယ်လို့တိုးတိုးလေးကျိန်ဆဲရင်း ကားပေါ်ကပြေးဆင်းရသည်။ ကားတံခါးဝတွင်
ကား Ying နှင့်ထိပ်တိုက်..။ကားပြောင်းခိုင်းလို့ဆိုသည့် စကားကိုအမြန်လုပြောရင် ပြေးရလေသည်
စီအိုထံရောက်တော့ မနေ့ကလမ်းကြောင်းအတိုင်းပတ်ရမည်တဲ့ ရှေ့ကထွက်နှင့်တဲ့..။ ဘာမှပြန်ပြော
မနေတော့ပဲ လက်ညိုးထိုးပြသည့်ကားပေါ်ပြေးတက်လိုက်ရသည်။ သူရောက်သည်နှင့် ကားကတန်း
ထွက်လေတော့သည်။ ရှေ့ဆုံးခုံတွင်မိန့်မိန့်ကြီးထိုင်နေတာက ကွန်မန်ဒါ(ဒုမှူးကြီး)ယန်။ တွေ့ပြန်ပြီ
နော်ဟု ပြောပြီး လက်ကမ်းပေးတော့ လက်ဆွဲနှုတ်ဆက်ရင်း သူ့ဘေးဝင်ထိုင်လိုက်သည်။ မိုးယံထက်
တစ်ယောက် စိတ်တွေကချုံးချုံးကျ...။ ရွှေတိဂုံရောက်သည်အထိဘာမှမပြောနိုင် ငိုင်တိငိုင်တိုင်နှင့်
ဖြစ်နေလေတော့သည်။ ဘေးနားက ကွန်မန်ဒါယန် ပြောတာတွေလဲကြားတချက်မကြားတချက်....

ဘုရားရောက်တော့မှ နဲနဲပုံမှန်ပြန်ဖြစ်သွားသည်။ မဖြစ်လို့ကမရ တာဝန်ဆိုတာကြီးက ခေါင်းပေါ်ရောက်
လာသည်မလား..။ ဘုရားရဲကတော့ သူ့ကိုမှတ်မိနေသည်။နောက်တစ်ခေါက်လာပြန်ပြီပေါ့လို့ပြောရင်း
နှုတ်ဆက်သည်။ ဘုရားကိုပတ်တော့လဲ ကွန်မန်ဒါယန်နှင့်သာ သူကတော့ဘာမှမသိ. သူ့ကင်မရာကြီး
နှင့် တဖန်းဖန်း ဟိုရိုက်ဒီရိုက်လုပ်နေသည်။ ပြီးတော့ဖုန်းတလုံးနှင့် ဟိုဆက်လိုက် ဒီဆက်လိုက် လုပ်နေ
ပြန်သည်။ အရေးထဲ သူအဖွဲ့ကတစ်ယောက်က ဗြဟ္မာရုပ်ကြီးနားတွင် ကိုးယို့ကားယာလုပ်ပြီး ဓာတ်ပုံရိုက်
နေသဖြင့် လိုက်တားရသေးသည်။ ဒီနေ့ကတော့ ပြသဒါးလားမသိဟုတွေးရင် ဘုရားတွင်ရေသက်စေ
သပ္ပယ်ကာ အညံများပျောက်ပါစေကြောင်းဆုတောင်းမိသည်..။ ဘုရားပေါ်ကဆင်းတော့ ဗိုလ်ချုပ်ဈေး
ကွန်မန်ဒါယန်က ဗိုလ်ချုပ်ဈေးတွင် နာရီဝက်သာ အချိန်ပေးပြီး မြို့တော်ခန်းမတွင် အခြေပြုရန်ပြောလာ
သဖြင့် နည်းနည်းပျော်သွားသော်လဲ ၁၁နာရီခန့်ရှိပြီမို့ သူမနှင့်မဆုံနိုင်လောက်တော့မှန်း သူသိနေသည်
လေ။

မြို့တော်ခန်းမရှေ့ရောက်တော့ သတ်မှတ်ချိန်အရောက်ပြန်လာရန် ကွန်မန်ဒါယန်ကနေတဆင့်ပြောပြီး
အောက်ကိုမဆင်းတော့ပဲ ကားပေါ်တွက်သာထိုင်၍ အင်တာနက်သုံးနေလိုက်သည်။ ခါတိုင်းဆိုဘယ်
လောက်စိတ်ညစ်ညစ် အွန်လိုင်းပေါ်ကဘော်ဒါတွေနှင့် ဟီးလေးဟားလေး လုပ်လိုက်သည်နှင့်ပျော်
သွားတတ်သော်လည်း ခုတော့ဟာတာတာကြီးဖြစ်နေကာ ဘာကိုမှအလိုမကျ..အရေးထဲ ၈၁ စာမိ
သွားသော ခွေးသူတောင်းစားများအတွက် ဆွမ်းကျွေးဆိုတာကြီးမြင်လိုက်ရသဖြင့်ဒေါသကထွက်ရ
သေးသည်။ ဘာတွေလုပ်လုပ် အစဉ်မပြေသဖြင့် စိတ်ပြေလက်ပျောက် လမ်းဆင်းလျှောက်ရန်ကြံ
ပြီး ဖုန်းကိုပိတ်ပြီးထထွက်မယ်လုပ်တော့ ကားရှေ့တွင်မြင်လိုက်ရသည်မြင်ကွင်းက မိုးယံထက်၏
ရင်ဘတ်ကိုဝုန်းခနဲပြေးဆောင့်သည်။ သူမက သူမက........။
=====================================
Top of Form



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...