Image may be NSFW.
Clik here to view.
Clik here to view.

ကြိုက်သမှ သိပ်ကြိုက်။
တခြားမထင်ပါနဲ့။ ဒီကနေ့ ကြားသိရတဲ့သတင်းတချို့ကို သဘောကျလို့ပါ။
ပထမဆုံးက- “ရှမ်းပြည်နယ်အတွင်းငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်”ဆိုတဲ့ခေါင်း စဉ်နဲ့ ကြေးမုံသတင်းစာမှာတွေ့လိုက်ရလို့။
ပထမဆုံးက- “ရှမ်းပြည်နယ်အတွင်းငြိမ်းချမ်းစွာစုပေါင်းဆန္ဒထုတ်ဖော်”ဆိုတဲ့ခေါင်း စဉ်နဲ့ ကြေးမုံသတင်းစာမှာတွေ့လိုက်ရလို့။
အဲဒီသတင်းအရ လွန်ခဲ့တဲ့ဒီဇင်ဘာ(၂၄)ရက်နေ့က ရှမ်းပြည်(မြောက်ပိုင်း) သီပေါမြို. နယ်မှာ ဒေသခံရှမ်းတိုင်းရင်းသားအင်အား(၁၀၇၀)၊ တောင်ကြီးမြို့ပေါ်မှာပအို့ဝ်းတိုင်းရင်း သား(၂၀၀၀)၊ နမ့်ဆန်မြို့မှာ ပလောင်တိုင်းရင်းသား(၁၁၀၀)။
တခါ-(၂၆)ရက်နေ့က “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ဟိုပန်မြို့မှာ ဒေသခံနေထိုင်သူအင်အား (၂၀၀၀)၊ (၂၇)ရက်နေ့ကလည်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့မှာဒေသ ခံကိုးကန့်တိုင်းရင်းသား(၁၇၀၀)ကျော်-စသည်တို့က သူတို့လိုလားချက်တွေဖော်ပြထားတဲ့ ဆိုင်းဘုတ်ပိုစတာတွေကိုင်ဆောင်ကြွေးကျော်ပြီး အသီးသီးစီတန်းလှည့်လည် ဆန္ဒထုတ်ဖော် ပြသခဲ့ကြသတဲ့။
ဒီလိုလှည့်လည် ဆန္ဒပြဘို့အတွက်လည်းသက်ဆိုင်ရာကနေကြိုတင်ခွင့်ပြုချက်ယူခဲ့ကြသတဲ့။ လိုချင်တာတွေကိုဟောပြောရှင်းပြတောင်းဆိုကြပြီးတဲ့နောက် အေးချမ်းစွာပြီးဆုံးသွားခဲ့သတဲ့။
Image may be NSFW.
Clik here to view.
Clik here to view.

ဟုတ်ပ-ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြသတယ်ဆိုတာ အဲသလိုဘဲဖြစ်ရမယ်လေဗျာ။
ကိုယ်ပြောချင်တာ၊ လိုချင်တာကို ရှင်းလင်းစွာဖော်ထုတ်ပြသရေးကအဓိက မဟုတ်ဘူးလား။ ဘာတွေမှကွန့်နေစရာ၊ တွန့်နေစရာ၊ လူးလှိမ့်/အော်ဟစ်/ငိုယို/ဆဲဆို/တိုက်ခိုက်နေစရာအ
ကြောင်းမရှိသလို ထိမ်းသိမ်းရတဲ့ ရဲတပ်ဖွဲ့အနေနဲ့လည်း ဘာမှအကြမ်းဖက်နေစရာမလိုပါဘူး။ Peace & Cool ပေါ့ဗျာ။
ကြောင်းမရှိသလို ထိမ်းသိမ်းရတဲ့ ရဲတပ်ဖွဲ့အနေနဲ့လည်း ဘာမှအကြမ်းဖက်နေစရာမလိုပါဘူး။ Peace & Cool ပေါ့ဗျာ။
အခုလို ရှမ်းပြည်ကတိုင်းရင်းသားဒေသ၀င်များရဲ့ ဒီမိုကရေစီအလေ့အကျင့်ဖော်ဆောင်မှုက မြို့ကြီးပြကြီးတွေမှာဖြစ်နေကျ ဗရမ်းဗတာနိုင်လွန်းတဲ့ အခြားသောဆန္ဒပြပွဲများနဲ့မတူ၊ တမူ ထူးကဲစွာ စည်းကမ်းကလနားပြည့်ဝလှသမို့ သူတို့တွေကို Credit ပေးလိုက်ရပါတယ်။
တခါ-သူတို့ရဲ့တောင်းဆိုချက်တွေကိုကြည့်လိုက်ဦး-
ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြီးမြောက်အောင်မြင်သည့်တိုင် ဆက်လက်ဆောင် ရွက်ပေးဘို့၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြုပြင်ပြောင်းလဲရေးကို အစိုးရကအမြန်ဆုံးဆောင် ရွက်ပေးဘို့၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးနဲ့တောင်းဆိုချက်တွေကိုအစိုးရအနေနဲ့ ဦးဆောင်ဖြည့်ဆည်း/ ဖြေရှင်းပေးဘို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသား များအားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်နိုင်ဘို့၊ နောက်ပြီး-သူတို့ တောင်းဆိုချက်တွေကိုအမြန် ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးဘို့နဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေရေးအလိုမရှိ-ဆိုတာတွေဖြစ်ပါသဗျ။ Fair Enough ပါ။
Image may be NSFW.
Clik here to view.
Clik here to view.

ကျုပ်ကတော့သူတို့တောင်းဆိုတာအားလုံးကိုလေးလေးနက်နက်ထောက်ခံပါသဗျာ။
အမှန်တကယ်သာ အပစ်အခတ်ရပ်စဲပြီးငြိမ်းချမ်းရေးရခဲ့ရင် အဲဒီဒေသတွေရဲ့ ဖွံ့ဖြိုးရေးလုပ် ငန်းတွေမှာ တတပ်တအားတောင် ပါဝင်လိုက်ချင်သေးရဲ့။ ကိုယ်တိုင် မလှုပ်ရှားနိုင်ရင်တောင် အနည်းဆုံးတော့ ကိုယ်နဲ့နီးစပ်တဲ့ပြည်ပကုမ္ပဏီတွေကို အဲဒီဒေသတွေမှာ သွားရောက်ရင်းနှီး မြှုပ်နှံကြဘို့စည်းရုံးလှုံ့ဆော်ပေးမှာပါ။ (ဒါက-တကယ်လည်းတတ်နိုင်ပါတယ်)။
Peaceful Demonstration ဆိုလို့ ကြုံတုန်းပြောရရင်၊ ၁၉၉၄-ခုနှစ် နှစ်လည်လောက်က အမေ ရိကန်နိုင်ငံကိုရောက်တုန်းရောက်ခိုက် ၀ါရှင်တန်ဒီစ်ီမြို့ရှိ သမ္မတ အိမ်ဖြူတော်ကိုအသွား အဲဒီရှေ့အရောက်မှာ ဆန္ဒပြနေတဲ့လူမည်းတဦးကိုဆုံခဲ့ပါတယ်။(ကျုပ်နဲ့အတူ သံအမတ်ကြီးဦးသောင်းလည်းပါပါတယ်)
သူက Ray-Ban နေကာမျက်မှန်အနက်ကိုစတိုင်ကျကျတပ်ထားပြီး Dream-Bed ခပ်ကြီးကြီး ထဲမှာလှဲနေရင်း သူ့ဘေးမှာဖွင့်ထားတဲ့ ကက်ဆက်ထဲက Hip-Hop သီချင်းတွေကို စည်းချက် ကျကျ ခေါင်းတခါခါနဲ့လှုပ်ရွနားထောင်နေပါတယ်။
တခါ-သူ့ထိုင်ခုံဘေးမှာလည်း စားပွဲခုံအသေးတလုံးချထားပြီးအဲဒီအပေါ်မှာ ကိတ်မုန့်၊ ပေါင် မုန့်၊ ထောပတ်၊ စတော်ဘယ်ရီယို၊ နို့မှုန့်၊ ကော်ဖီမှုန့်၊ ရေသန့်ဘူး၊ ဓာတ်ဗူး၊ ပန်းကန်လုံးအစုံ အလင်တင်ထားလေရဲ့။
ကျုပ်ကသူ့သူ့နားကပ်ပြီး- ဒီမှာဆရာကြီး၊ ခင်ဗျားဘာလုပ်နေတာလည်းဆိုတော့ဆန္ဒပြနေတာ တဲ့။ ဘာအတွက်လည်းဆိုတော့၊ သူ့နောက်ဖက်မှာထောင်ထားတဲ့ဆိုင်းဘုတ်ကပ်ပြားကို လက် မနဲ့ညွှန်ပြရင်း မင်းဖာသာမင်း-ဖတ်သာကြည့်တဲ့။
ကျုပ်ကြည့်လိုက်တော့ အဲဒီမှာရေးထားတာက(ဗမာလိုဆိုရင်) လစာတိုးမြှင့်ရရှိရေး၊ ဒို့အရေး-ဆိုဘဲ။
ဒါနဲ့-သူ့ကိုထပ်မေးကြည့်တယ်-
"ခင်ဗျားက အခုလစာဘယ်လောက်ရလို့ ဘယ်လောက် ထပ်တောင်းချင်ရတာတုန်း။ ခင်ဗျားကြည့်ရတာ အိုကေနေတဲ့ပုံပါဘဲ"-ဆိုတော့-
"ငါက အခု တစ်လကိုဒေါ်လာ(ရ၀၀၀)လောက်ဘဲရတယ်၊ လိုချင်တာကအနည်းဆုံးတစ်
သောင်းလောက်လိုချင်တာ။ ငါ့မှာ ခလေး ၅ယောက်တောင်ရှိတယ်လေ၊ မလောက်ငဘူးကွ"-တဲ့။
သောင်းလောက်လိုချင်တာ။ ငါ့မှာ ခလေး ၅ယောက်တောင်ရှိတယ်လေ၊ မလောက်ငဘူးကွ"-တဲ့။
ကျုပ်က- "ဟာ-ခင်ဗျားကလည်းလွန်တာပေါ့။ ခလေးတွေ နင်းကန်စွတ်ယူထားတာကိုး၊ ခင်ဗျား မလောက်ငတာက-အစိုးရနဲ့သိပ်မဆိုင်ဘူးထင်တယ်"-လို့ပြောတော့၊ သူက ဘာပြန်ပြောတယ် မှတ်လဲ၊
"အေး- ငါ့ခလေးတွေကိုငါနဲ့ငါ့မိန်းမကမွေးထားတာမှန်တယ်။ ဒါပေမဲ့သူတို့ အားလုံးက အမေရိကန်နိုင်ငံသားတွေလေ။ ဒါကြောင့်- ဒီနိုင်ငံသားအားလုံးနဲ့ပါတ်သက်ရင် ငါနဲ့ငါ့မိန်းမ ထက် အမေရိကန်အစိုးရကပိုပြီး တာဝန်ရှိတယ်ကွ"-တဲ့လေ။ မှတ်သားလောက်ပါရဲ့ဗျာ။
ထားလိုက်ပါတော့။ နောက်ထပ်သဘောကျတဲ့သတင်းတခုက- လာမဲ့ဇန်န၀ါရီလ(၄) ရက်နေ့ (လွတ်လပ်ရေးနေ့) မှာကျင်းပပြုလုပ်မဲ့ ဗိုလ်ရှုခံအခမ်းအနားကို ငြိမ်းချမ်း ရေးဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၃)ဖွဲ့တက်ရောက်ကြမဲ့သတင်းပါ။
အဲဒီအဖွဲ့တွေကတော့ KNU၊ KNU/ KNLA (PC)၊ DKBA၊ ABSDF၊ NMSP၊ UWSA၊ NDAA၊ SSPP/SSA၊ RCSS/SSA၊ PNLO၊ ALP၊ NSCN-k (နာဂအမျိုး သားဆိုရှယ် လစ်ကောင်စီ-ခပ်ပလန်)တို့ဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်ကြမှာ ဖြစ်သတဲ့။ ဒါကိုလည်းလှိုက်လှဲစွာကြိုဆိုပါတယ်ဗျာ။
ဒီလိုစုစုစည်းစည်းလေးမြင်တွေ့ရမှာကတော့ မင်္ဂလာတပါးဆိုရင်လည်းမမှားပါဘူး။သူတို့တ
တွေ ဘာရည်ရွယ်ချက်နဲ့တက်လို့ ဘာတွေဘဲပြောပြောပြော၊ ကောင်းသော Attending ပါ။
တွေ ဘာရည်ရွယ်ချက်နဲ့တက်လို့ ဘာတွေဘဲပြောပြောပြော၊ ကောင်းသော Attending ပါ။
အဲဒီအထဲက KNU အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းပြောသွားတဲ့ စကားလုံး
လေးတွေကတော့ ကျုပ်နဲ့တသဘောထဲပါဘဲ။ သူက-
လေးတွေကတော့ ကျုပ်နဲ့တသဘောထဲပါဘဲ။ သူက-
‘‘လွတ်လပ်ရေးရတယ်ဆိုတာ လူတချို့အတွက်ရခဲ့တာမဟုတ်ဘူး။ အားလုံးအတွက် ရခဲ့တာ၊ ဒါကြောင့် တိုင်းရင်းသားအားလုံးနဲ့ဆိုင်တယ်။ ပင်လုံမှာလက်မှတ်ရေးထိုးခဲ့ရာမှာ တိုင်းရင်း သားခေါင်းဆောင်တွေလည်းပါခဲ့တယ်’’-တဲ့လေ။
Very True and Great ပါ။
Image may be NSFW.
Clik here to view.![Lay Lwin's photo.]()
Clik here to view.

ကျုပ်အရင်က(အရင်Post တွေထဲတုန်းက) အမြဲပြောခဲ့တယ်မို့လား-
“ဒီတိုင်းပြည်က တိုင်းရင်းသားအားလုံးနဲ့ဆိုင်သလို ပိုင်လည်းပိုင်ကြပါတယ်-ဒါကြောင့် ကျုပ်တို့အချင်းချင်း ဘယ်သောအခါမှ စစ်တိုက်စရာမလိုခဲ့ပါဘူး”-လို့လေ။
သူပြောခဲ့တဲ့စကားလုံးအတွက် ဖဒိုစောကွယ်ထူးဝင်းကိုလေးစားမိသလို ကျေးဇူးလည်းတင် တယ်။ Really Thank You ဗျာ။ တကယ်ပါ။
တချိန်တည်းမှာဆုလည်းတောင်းပေးလိုက်ပါတယ်။ အမှန်တကယ်ငြိမ်းချမ်းရေးကြီး အမြန်ဆုံး ရရှိကြပါစေ၊ မြန်မာနိုင်ငံတ၀ှမ်းရှိ တိုင်းရင်းသားများအားလုံး တိုးတက်ဖြစ်ထွန်းကြပါစေလို့ဗျာ။
(၆၇-နှစ်မြောက်လွပ်လပ်ရေးနေ့အမှတ်တရ)
(လေးလွင်)