Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

စစ်သားနဲ့ ရေဗူးပေါက်တဲ့ဇာတ်လမ်း (၄)

$
0
0

အခန်း(၄)

ရွှေမန်းတလေးတပ်မှာ ရှေ့ပြေးယာဉ်လိုက်ရင်း တပ်မ(၄၄)က Fighterဘ၀ကို တဖြေးဖြေး မေ့မေ့လာပါတယ်၊ ကားပေါ်က မဆင်းရတာများတော့ လမ်းလျှောက်ရမှာတောင် ပျင်းလာသလိုပါဘဲ၊ သည်လိုနဲ့ဇီးသီးသည်မဗျိုင်းလို တောကပေတီးစုတ်ပြတ်ဘ၀ကိုမေ့ပြီး ပရိုမီနာစစ်မင်းသားဖြစ်နေတဲ့ ကျနော်တို့ကို ဘ၀မှန်ပြန်ပို့လိုက်တာကတော့ ပြောရမယ်ဆိုရင် ဘဘကြီးဦးနေ၀င်းပါဘဲ၊


၁၉၈၇ ကနေ့တနေ့မှာ ဥက္ကဌကြီးဦးနေ၀င်း ခရီးစဉ်အတွက် ကျနော်တို့ တပ်ရင်းတခုလုံး မန်းတလေးမြို့တွင်းမှာ ဖြန့်ခွဲနေရာယူကြရပါတယ်၊ ဦးနေ၀င်းရောက်လာတဲ့နေ့ အားလုံးအဆင်ပြေပါတယ်၊ နောက်တနေ့မနက်ကျတော့ မုံရွာဖက်ကိုကားနဲ့ထွက်ပါတယ်၊ ကျနော်တို့တပ်က ယာဉ်တန်းလုံခြုံေ၇းမလိုက်ရပါဘူး၊ တခြားတပ်တတပ်က လုပ်ပါတယ်၊ ကျနော်တို့က မန်းတလေးမြို့တွင်း ဖြန့်ခွဲနေရာယူထားရပါတယ်၊

ဦးနေ၀င်းမုံရွာထွက်သွားပြီး နေ့လည်လူအင်အားစစ်၊ လက်နက်ခဲယမ်းတွေ ပြန်စုသိမ်းဖို့လုပ်ရပါတယ် အဲဒီမှာတော့ ပြသနာကစပါပြီ။ တပ်ခွဲ(၃)က ရဲဘော်တယောက်ပျောက်နေပါတယ်။ သူကိုင်တဲ့G3တလက်ပါ ပျောက်နေပါတယ်၊ ပိုဆိုးတာက သူ့သေနတ်နဲ့အတူ အီနာ၈ါ ဆိုတဲ့ G3 သေနတ်မှာတပ်ပြစ်ရတဲ့ လောင်ချာဗုံးသီး(၂)လုံးပါ အတူတူပါသွားခြင်းပါဘဲ၊

ရှေ့တန်းတပ်တွေရော ၊နောက်တန်းဌာနချုပ်ကိုရော တပ်လှန့်လို့ အဲသည်စစ်ပြေးမောင်ကို ရှာကြရပါတယ်၊ အရက်များမှုးနေသလားဆိုပြီး အရက်ဆိုင်တွေလည်းရှာကြပေါ့၊ တပ်၇င်းမှုးကြီးကတော့ ခေါင်းမီးတောက်နေပါပြီ၊ နောက် သည်လိုကြိတ်ရှာနေလို့တော့ မဖြစ်တော့ဘူးဆိုပြီး တိုင်းကိုသတင်းပို့လိုက်ရပါတော့တယ်၊ ဒုတိယမ်မိ ခေါင်းဆင်နင်းခံရတာတော့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် မန်းတလေးကပါဘဲ၊ အရင်ဆို တပ်ပြေးဘယ်လောက် ပြေးပြေး အချိန်တန်ရင်ဖမ်းမိတာမို့အထက်ဌာနက စစ်ပြေးဆိုရင် သိပ်အာရုံမလာကြပါဘူး၊ ဒါပေမဲ့ သည်တခါစစ်ပြေးကတော့ နမခတတိုင်းလုံးသာမကရန်ကုန်စစ်ရုံးချုပ်အထိပါ ကယက်ရိုက်သွားပါပြီ။

တပ်ရင်းမှုးလည်း သတင်းထိန်ချန်ပြီး လျှို့လျှို့ဝှက်ဝှက်မရှာရဲသလို၊ တိုင်းမှုးကလည်း သည်သတင်းကို မထိန်ချန်ဝန့်ပါဘူး၊ ချက်ချင်းကိုဘဲ ကကကြည်းကို သတင်းပို့လိုက်ရပါတော့တယ်၊ ဒါသာမန်စစ်ပြေးမှုအဖြစ် သုံးသပ်လို့မရတော့ပါဘူး၊ မတော်လို့ မနက်ဖြန်ဦးနေ၀င်းယာဉ်တန်း စစ်ကိုင်းကပြန်လာတဲ့အခါမှာ။ အဲသည်စစ်ပြေးက သေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်မယ်၊ အီနာဂါနဲ့ပစ်ခတ်မယ် -ဆိုတဲ့တွေးခေါ်မှုက လူကြီးတွေအားလုံး ခေါင်းထဲရောက်သွားဟန်တူပါတယ်၊

တကယ်လည်း စဉ်းစားထားရတော့မဲ့ အကြီးမားဆုံး လုံခြုံရေးကျိုးပေါက်မှုကြီးဖြစ်သွားနိုင်ပါတယ်၊ ဒါနဲ့ တပ်ရင်းမှုးကိုတော့ ရအောင်ပြန်ရှာဖမ်းဖို့ ညွှန်ကြားချက်ပေးလိုက်ပြီးတဲ့အခါမှာတော့ အထက်ဌာနတွေကလည်း မနက်ဖြန်မှာ ကားနဲ့ပြန်လာမယ်ဆိုတဲ့ ဦီးနေ၀င်းကို ရဟတ်ယာဉ်နဲ့ဘဲ စစ်ကိုင်းကနေပြန်ခေါ်လာမယ် နန်တွင်းထဲ ရဟတ်ယာဉ်တိုက်ရိုက်ဆင်းခိုင်းမယ်၊ သည်လိုစီစဉ်ကြရပါတော့တယ်၊ တပ်ရင်းမှုးကြီးစစ်ကြောင်းကို စိတ်ပျက်လက်ပျက်ပြန်လာတော့ ကျနော်တို့သတင်းအတော်စုဆောင်းပြီးနေပါပြီ။  သည်ရဲဘော်ဟာ ကျနော်တို့တပ်ကို မကြာခင်ကမှ ရောက်လာတဲ့ တပ်သားသစ်တယောက်ဖြစ်ကြောင်း၊ သူ့မိဘများလိပ်စာက ကျောက်ဆည်နဲ့သဲတောကြားက ရွာလေးတရွာကဖြစ်ကြောင်းသိရပါတယ်၊ နောက် မန်းတလေးက ကားတွေကိုစုံစမ်းချက်အရ စစ်ယူနီဖောင်းနဲ့ သေနတ်လွယ်ထားတဲ့ ရဲဘော်တယောက် ကျောက်ဆည်လိုင်းကားပေါ် တက်သွားကြောင်းသိရလို့ အဲ့သည်ကားနံပတ်ကို စုံစမ်းပြီး ယာဉ်နောက်လိုက်နဲ့တွေ့လိုက်တဲ့အခါမှာ ကျောက်ဆည်ဂိတ်မှာ ဆင်းသွားကြောင်း မြင်းလှည်းဌားနေတာတွေ့ရကြောင်း သတင်းတွေရခဲ့ပါတယ်၊

တပ်ရင်းမှုးနဲ့ တပ်ကအင်အားစုတစု ကျောက်ဆည်ကို ချက်ချင်းလိုက်ရပါတယ်။ ညနေစောင်းလို့ အမှောင်တောင် အတော်ချဉ်းနေပါပြီ၊ မြင်းလှည်းသမားဆီမှာ မေးမြန်းစုံစမ်ပြိးတဲ့အခါမှာတော့ အမှောင်ကိုအကာအကွယ်ပြုလို့ စစ်ပြေးမောင်ရှိရာကို ချီိတက်ရပါတော့တယ်၊ သူ့လက်ထဲမှာ သေနတ်ပါသွားတဲ့အတွက် ပေါ့လို့တော့မရတော့ပါဘူး၊ တကယ့်ကို စစ်နည်းဗျူဟာ မြောက်ချီတက်ရပါတော့တယ်၊ ညသန်းခေါင်လောက်မှာတော့ သူရှိနေတဲ့ အိမ်ကို ၀ိုင်းပတ်ပိတ်ဆို့လို့ သကောင့်သားကို အိပ်ပျော်နေစဉ်တုံးမှာဘဲ ပြန်ဖမ်းမိလိုက်ပါတော့တယ်၊ တကယ်တော့ ဘာစစ်အတွေ့အကြုံမှမရှိသေးတဲ့ တပ်သားသစ်လေးဖြစ်နေတာက ကျနော်တို့ကံကောင်းသွားတာပါ၊

သည်မောင့်ကို စစ်ဆေးတဲ့အခါမှာ ဦးနေ၀င်းကိုပစ်ဖို့ခတ်ဖို့ဆိုတာ သတိတောင်မရပါဘူး၊ အခုသူလာတည်းနေတဲ့ရွာမှာ သူ့ရည်းစားကောင်မလေးကို သေနတ်နဲ့ယူနီဖောင်းနဲ့ကြွားခြင်တာရယ် နောက်တဆင့်တက်လို့ သည်သေနတ်နဲ့ တနယ်တကျေးပြေးမယ်၊ အဲသည်မှာဒါးပြတိုက်မယ်၊ ငွေရလာရင် သူ့ကောင်မလေးကိုလက်ထပ်ပြီး ခေါ်သွားမယ်၊ အဲ့သည်လို တော်တော်ပိန်းတဲ့အတွေးအခေါ်နဲ့ပါ၊ သူပိန်းမပိန်း ကျနော်တို့မှာ အတော်အလုပ်ရှုပ်၊ တပ်ရင်းမှုးကြီးခင်ဗျာလည်း ပြုတ်ပါပြီဆိုပြီး စိတ်ဆင်းရဲ၊
အခုတော့ လက်မတင်လေး သည်စစ်ပြေးမောင်ကိုပြန်ဖမ်းမိ၊ သေနတ်ပြန်ရ၊၊ ဖမ်းမိတော့သည်မောင်က သေနတ်ကိုတစစီဖြုတ်ပြီး အိပ်ကြီးထဲထည့်ထားပြီးပြီ။ မနက်ကျတော့ အရပ်ဝတ်လေးနဲ့အိပ်ဆွဲထွက်တော့မှာ။ လက်မတင်လေးမှတကယ့်ကိုလက်မတင်လေးပါဘဲ။


သည်စစ်ပြေးမောင်ကို ပြန်ဖမ်းမိကြောင်း သေနတ်နဲ့ဗုံးသီးတွေအားလုံးပြန်ရကြောင်း မနက်မိုးမလင်းခင်မှာဘဲ ကျနော်တို့အထက်ဌာနကို သတင်းပို့နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ မနက်(၉)နာရီမှာတော့ ပါတီဥက္ကဌကြီးကို သယ်ဆောင်လာတဲ့ ရဟတ်ယာဉ်က ကျနော်တို့လုံခြုံရေးယူထားရာနေရာတွေအပေါ်က ကျော်ဖြတ်လို့ နန်းတွင်းထဲကို ဆင်းသက်သွားခဲ့တာ လှမ်းမျှော်တွေ့လိုက်ရပါတော့တယ်၊ ရဟတ်ယာဉ်သံတဖုတ်ဖုတ်၊ ကျနော်တို့ရင်မှာတဒုတဒုတ်နဲ့ပေါ့၊ ဘာဘဲဖြစ်ဖြစ် ကျနော်တို့တပ်အဖို့ လုံခြုံရေးတာဝန်မှာ အမဲစက်ထင်သွားခဲ့ရပါပြီ။ အထက်ကပေးလာမဲ့ အပြစ်ဒဏ်ကိုသာ စိုးတထင့်ထင့်နဲ့ မြော်လင့်နေခဲ့ရပါပြီ၊
သိပ်တော့မကြာပါဘူး၊ ဦးနေ၀င်းပြန်သွားပြီး ၁၀ ရက်လောက်မှာပါဘဲ ကက(ကြည်း)က အမိန်ကထွက်လာပါတယ်၊ ကျနော်တို့တပ်ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ပေးပို့လိုက်ကြောင်းနဲ့ ရွှေလီချိုင့်ဝှမ်း စစ်ဆင်ရေးခွင်ကို ၀င်ရောက်စခန်းထိုင်ရန်၊ နယ်မြေလှုပ်ရှားစိုးမိုးထိန်းသိမ်းရန် ဆိုတဲ့အမိန့်ပါဘဲ၊

ဘောလုံးသမားတယောက်လိုပြောရ၇င်တော့ ကျနော်တို့တပ်ရင်း အဌားချခံလိုက်ရပါပြီ။ တာဝန်ကျတဲ့ ကလပ်အသင်းမှာဂိုးတွေတဒိုင်းဒိုင်းသွင်းနိုင်မလား၊ ခြေမပေါ်ခြေချော် ကိုယ်တော်တွေနဲ့ ပရိသတ်မေတ္တာခံယူလို့ တန်းဆင်းဇုံထဲမှာဘဲ မျက်နှာငယ်ရလေမလား၊ ပရိုမီနာစစ်မင်းသားတွေနဲ့၊ ပန်းမပန်ရုံတမယ် နန်းဆန်ဆန် စစ်မင်းသားတွေနဲ့  ရ၅တို့၊၈၁တို့ဆိုတဲ့လက်နက်ကြီးတွေကို ရှေ့တန်းထွက်ဖို့ ကားပေါ်တင်မှ ငါတို့တပ်မှာ ဒါတွေရှိပါလား မြင်ဘူးကြတဲ့စစ်သည်တွေနဲ့၊ စစ်ပညာ reform တွေဘာတွေတောင် မလုပ်အားတော့ဘဲ ကျနော်တို့ရှေ့တန်းထွက်ခဲ့ရပါပြီ။

ဟုတ်ကဲ့ … ကျနော်တို့တပ်က စစ်သားတော့စစ်သားတွေပါဘဲ၊ တိုက်ပွဲတွေနဲ့ဝေးနေတဲ့ စစ်သားတွေပါ၊ စစ်အမြင်စစ်အတွေးနဲ့ သွေးအေးနေကြသူတွေပါ၊ ကဲ …. သည်ရေဗူးအပေါက်တွေနဲ့ဘဲ ကျနော်တို့ရေတွေဘယ်လိုခပ်ခဲ့ရသလည်း၊ ဘယ်လိုအမိန့်တွေ နာခံခဲ့ရသလည်း၊ သတ်မလား၊သေမလားဘယ်လိုကျော်ဖြတ်ခဲ့ရသလည်း-ဆိုတာတော့---------------


(နောက်နေ့ဆက်ပါမည်)


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>