အခန်း(၃)
အခန်း(၁)မှာ ဗိုလ်ချုပ်ကြီးသူရဦးတင်ဦးရဲ့စစ်သားတွေ အမိန့်နာခံရခြင်းနဲ့ပတ်သက်တဲ့ ပြောစကားကို ဝေမျှပြီးတဲ့နောက် မှာကွယ်လွန်သွားပြီးဖြစ်တဲ့ NLD deputy chairmanအဖြစ်တာဝန်ယူခဲ့တဲ့ သီရီပျံချီ ဗိုလ်မှုးကြီးကြည်မောင် (ကွယ်လွန်)ရဲ့ နိုင်ငံတော်နှင့်စစ်မှုထမ်း ဆိုတဲ့စာအုပ်က အဆိုလေးတခုကို လည်းတင်ပြခြင်ပါတယ်၊
သည်နေရာမှာကြုံလို့ပြောပြရရင် ဘဘဦးကြည်မောင်နဲ့ကျနော်တို့၁၉၉၁လောက်ကရေကြည်အိုင်မှာ ဟိုဖက်အိမ်၊ သည်ဖက်အိမ် ကာလအတန်ကြာကြာ နေခဲ့ရပါတယ်၊ အခုNLDဗဟိုက ဦးအုန်းကြိုင်(စာရေးဆရာကြီးအောင်ဝင့်)တို့ လည်းပါတာပေါ့်၊ အဖြစ်ခြင်းမတူပေမဲ့ အထဲမှာတော့အားလုံးအတူတူပါဘဲ၊ ဘဘဦးကြည်မောင်က အင်္ဂလိပ်လို အတော်ကောင်းပါတယ်၊ ကျနော်တို့နဲ့မကြားတကြား ဟိုဖက်သည်ဖက်စကားပြောရင် ကျနော်တို့ကို ဗိုလ်လေးတွေ အင်္ဂလိပ်စာကောင်းအောင်လုပ်၊ စာများများဖတ်၊ ကျန်းမာအောင်နေသည်လိုမှာလေ့ရှိပါတယ်၊
ထားတော့… ဘဘဦးကြည်မောင်ရဲ့ စာအုပ်အခန်း(၅)စစ်မှုထမ်းတို့ဧ။် လောကနှင့်လူသားအပေါ်ရှုမြင်သုံးသပ်ပုံ ဆိုတဲ့အခန်းမှာ နိဂုံးချုပ်ဘယ်လိုသုံးသပ်ထားသလည်းဆိုရင် - “စစ်မှုထမ်းရဲ့အမြင်ကိုအနှစ်ချှုပ်လိုက်တဲ့အခါလူ့သဘာဝဟာဖောက်ပြန်တတ်ခြင်း၊ စိတ်အင်အားချည့်နှဲ့ခြင်း၊ ဆိုးညစ်ယုတ်မာခြင်းတို့အပြည့်ရှိတယ်။ လူ့အဖွဲ့အစည်းကို လူတဦးချင်းစီထက်အရေးပေးရမယ်၊ ဘယ်အရာမဆို အစီအစဉ်နဲ့ပြုလုပ်ရမယ်၊ ကိုယ့်တာဝန်သူ့တာဝန်ခွဲခြားရမယ်၊ နိုင်ငံတော်ဟာနိုင်ငံရေးအဖွဲ့အစည်းမှာ အမြင့်ဆုံးဖြစ်တယ်လို့သူယုံကြည်တယ်၊ စစ်ဆိုတာလောကမှာ ဆက်ပြီးဖြစ်နေဦးမှာဘဲလို့ သူလက်ခံထားတယ်၊ နိုင်ငံတကာဆက်ဆံရေးမှာ တိုင်းပြည်ရဲ့အင်အားဟာ တန်ခိုးလို့သူယုံကြည်တယ်၊ နိုင်ငံရဲ့လုံခြုံရေးအတွက် စစ်တပ်ကအာမခံရတယ်၊ နိုင်ငံတော်ဟာ မိမိနိုင်ငံအကျိုးသက်သက်ကိုသာ စဉ်းစားစေချင်တယ်၊ အခြားနိုင်ငံတွေအတွက် အာမခံပေးတာမျိုးကိုဆင်ခြင်စေခြင်တယ်၊ စွန့်စားတဲ့သဘောရန်လိုတဲ့သဘောကို ချုပ်တည်းစေခြင်ကြတယ်၊ စစ်ဟာနိုင်ငံရေးပေါ်လစီတို့ရဲ့လက်နက်လို့ သူသဘောတူတယ်။ and that civilian control is essential to military professionalism အဆိုကိုသူလက်ခံတယ်၊----စသည်ဖြင့် ဘဘဦးကြည်မောင်ရဲ့ အတွေးအမြင်ကိုပြောပြီးတဲ့အခါမှာ စစ်သားတွေစစ်မှုထမ်းတွေအပေါ်ရှုမြင်ပုံက သည်လိုပြောလိုက်ပါတယ်၊
စစ်မှုထမ်းအတွက် အမိန့်နာခံခြင်းဟာ အမြင့်မားဆုံး ဂုဏ်ကျက်သရေဖြစ်တယ်လို့ သူခံယူတယ်၊ အထက်ပါတို့ကို အကျဉ်းရုံးလိုက်သောအခါ စစ်မှုထမ်းသည် အဆိုးဘက်ကိုရှုမြင်ဧ။်၊ စုပေါင်းလုပ်ဆောင်လိုသည်၊ သမိုင်းတွင်စိတ်ညွတ်ဧ။်၊ ခွန်အားသမားဖြစ်ဧ။်၊ အမျိုးသားစိတ်ထက်သန်ဧ။်၊ စစ် ၀ါသနာထုံဧ။်၊ ရန်လိုသောသဘောမရှိ၊ စစ်မှုထမ်းဘ၀သည် အသုံးချခံသောဘ၀ဟုယုံကြည်ဧ။်၊ စကားအတိုချုပ်နှင့်ပင် အမှန်ကိုမြင်တတ်ဧ၊။် ဆင်ခြင်တုံတရားရှိဧ၊် ဟုဆုံးဖြတ်ရပေမည်၊ လို့ရေးသားထားတာတွေ့ရပါတယ်၊
ဘဘဦးကြည်မောင်ရဲ့ အရေးအသားတွေထဲက တခြားအချက်တွေကို အငြင်းမပွားလိုပါ။ ဝေဖန်ဆွေးနွေးလိုခြင်း လည်းမရှိပါ၊ ကျနော်ကောက်ယူလိုသောအချက်မှာ -----စစ်မှုထမ်းအတွက် အမိန့်နာခံခြင်းဟာ အမြင့်မားဆုံး ဂုဏ်ကျက်သရေဖြစ်တယ်လို့သူခံယူတယ်၊ ဆိုတဲ့အချက်ကိုဘဲ ပြောလိုခြင်းဖြစ်ပါတယ်၊ ဘဘဦးကြည်မောင် ခံယူထားသလို စစ်သားတိုင်းခံယူထားတာလည်း ဒါဘဲဖြစ်ပါတယ်၊ ဘဘဦးကြည်မောင်က BC3516 ဖြစ်ပြီး ဗိုလ်ချုပ်ကြီးသူရတင်ဦးက BC3651ဖြစ်ကြောင်း ဘဘဦးတင်ဦးရဲ့အမှာစာမှာ ဖော်ပြထားတာတွေ့ရပါတယ်၊
တကယ်တော့ စစ်သားတိုင်းဟာ ဘဘဦးကြည်မောင်၊ဘဘဦးတင်ဦး တို့ခေတ်ကနေစပြီး အခုချိန်အထိ စစ်စည်းကမ်းသည် အသက်ခန္ဓာဆိုပြီး အထက်ကပေးအပ်တဲ့အမိန့်နဲ့ တာဝန်တွေကို ကျေပွန်အောင်ဦးလည်မသုန် ထမ်းရွက်ကြရပါတယ်၊ တချို့ကပ်သပ်ပြီးပြောကြတယ်၊ အထက်ကသတ်ဆိုရင် မင်းအဖေမင်းအမေတွေ ပြန်သတ်ပါလားတဲ့၊ ဒါကတော့ တဖက်စွန်းကောက်ချက်ဆွဲတွေရဲ့အဆိုပါ၊ မသတ်ရဲရင် သေရဲအောင် လေံ့ကျင့်ထားရတာစစ်သားပါ၊ အမေကတော့ထားပါတော့ စစ်မြေပြင်မှာ ဘယ်လိုမှမကြုံတွေ့နိုင်ပါဘူး၊ အဖေနဲ့သား။ ညီနဲ့အကို ပြည်တွင်းစစ်မီးလျှံထဲမှာ တဖက်နဲ့တဖက် တိုက်ပွဲတွေကြားမှာ သူသတ်ငါသတ်နဲ့ စတေးခဲ့ရတဲ့ဇတ်လမ်းတွေရှိခဲ့ပါတယ်၊ အမိန့်နဲ့တာဝန်လည်းကျေပွန်စေချင် အဖေ့ကိုလည်းမသတ်ချင် မပစ်ချင်လို့ကိုယ့်ကိုယ်ကိုသတ်သေခဲ့ စစ်သားတွေရှိခဲ့ပါတယ်၊
ပွင့်ပွင့်လင်းလင်းပြောရရင် စစ်သားအတွက်အမိန့်မှာ သံယောဇဉ်င်္ဆိုတာမပါပါဘူး၊ တရားမတရားဝေခွဲနေဖို့ အကြောင်းတရားမရှိဘူး၊ ဒါကိုစစ်တိုက်ဖူးတဲ့သူမှ သိတာပါ၊ အမိန့်မပြောနဲ့ တဦးနဲ့တဦး တဆင့်စကား သတင်းပို့ရင်တောင် ရှေ့ကဖားတွေ့တယ်ပြောတာတောင် နောက်ကိုရောက်ရင် ရှေ့မှာကျားတွေ့နေတယ်ဆိုပြီး စကားကားတတ်တာမို့် အမိန့်မပြောနဲ့ စစ်သားဆိုတာစကားပြောရင်တောင်(်တို၊တိ၊လုံ၊လျှင်) ဆိုကြရပါတယ်၊
အဖေနဲ့သားစစ်မြေပြင်မှာ တဖက်တချက်စီ တိုက်ကြခိုက်ကြတဲ့ ဇတ်လမ်းလေးတွေထဲက အဖြစ်လေးတခုကို ကျနော်ဝတ္ထုလေးတပုဒ်ရေးဖူးပါတယ်၊ ၅၂နှစ်မြောက်တပ်မတော်နေ့မှာ သည်ဝတ္ထုလေးနဲ့ပထမဆုရဘူးပါတယ်၊ အခုပြောချင်တဲ့အကြောင်းနဲ့ တိုက်ရိုက်မသက်ဆိုင်တာရယ်၊ ၀တ္ထုကရှည်လွန်းတာရယ်ကြောင့် နောက်မှသီးခြားတင်ပြပါမယ်၊ ပြန်သတိရတဲ့ အထဲက အမွှာညီအကိုနှစ်ယောက် စစ်မြေပြင်မှာဆုံတဲ့အကြောင်းလေး ပြန်ဝေမျှခြင်ပါတယ်၊
အဖေနဲ့သားစစ်မြေပြင်မှာ တဖက်တချက်စီ တိုက်ကြခိုက်ကြတဲ့ ဇတ်လမ်းလေးတွေထဲက အဖြစ်လေးတခုကို ကျနော်ဝတ္ထုလေးတပုဒ်ရေးဖူးပါတယ်၊ ၅၂နှစ်မြောက်တပ်မတော်နေ့မှာ သည်ဝတ္ထုလေးနဲ့ပထမဆုရဘူးပါတယ်၊ အခုပြောချင်တဲ့အကြောင်းနဲ့ တိုက်ရိုက်မသက်ဆိုင်တာရယ်၊ ၀တ္ထုကရှည်လွန်းတာရယ်ကြောင့် နောက်မှသီးခြားတင်ပြပါမယ်၊ ပြန်သတိရတဲ့ အထဲက အမွှာညီအကိုနှစ်ယောက် စစ်မြေပြင်မှာဆုံတဲ့အကြောင်းလေး ပြန်ဝေမျှခြင်ပါတယ်၊
၁၉၅၀ လောက်က ဗမာပြည်ကွန်မြူနစ်ပါတီ ပျဉ်းမနားဒေသ အခိုင်အမာစခန်းတခုဖြစ်တဲ့ နေကြာစခန်းတိုက်ပွဲမှာ ဖြစ်ပါတယ်၊ သည်နေကြာစခန်းကို တိုက်ရတဲ့သူကတော့ သနက(၁)က ဗိုလ်မှုးတင်ဦး (ဗိုလ်ခှုပ်ကြီးဟောင်းသူရဦးတင်ဦးပါဘဲ) ဗိုလ်မှုးတင်ဦးစစ်ကြောင်းမှာ ဗိုလ်ညိုဝင်းမောင်ဆိုတဲ့ တပ်ခွဲမှုးတယောက် ပါပါတယ်၊ သူ့မှာအမွှာညီအကို အောင်သိန်းလွင်ဆိုတဲ့ ညီလေးတယောက်ရှိပါတယ်၊ သူကကျောင်းသားကနေ တောခိုပြီးဗကပထဲမှာပါ၊ ဗိုလ်မှုးတင်ဦးတို့ရောက်တဲ့ညမှာဘဲ ကင်းစောင့်ရဲဘော်က သတင်းပို့ပါတယ်၊ သူကင်းစောင့်နေတဲ့လမ်းဖက်ကို လူတယောက်လမ်းလျှောက်လာတာ ဗိုလ်ကြီးညိုဝင်းမောင်မို့လို့ ဗိုလ်ကြီးလို့ လှမ်းခေါ်တာ သူက ကျနော့်ကို သေနတ်နဲ့ပြန်ပစ်သွားတယ်၊ ကံကောင်းလို့မထိဗျား၊ အဲ့ဒီမောင်က ဗိုလ်ကြီးညိုဝင်းမောင်နဲ့တော်တော်တူတာဗျာ----လို့သတင်းပို့ပါတယ်၊
ဗိုလ်ညိုဝင်းမောင် မျက်နှာပျက်သွားတာ ဗိုလ်မှုးတင်ဦးတွေ့လိုက်ပါတယ်၊ သည်တိုက်ပွဲမှာ အမွှာညီအကိုနှစ်ယောက် ဆုံနေပါပြီ။ နောက်နေ့ကျတော့ ဗိုလ်ညိုဝင်းမောင်က တပ်စု(၁)စုနဲ့ သူ့ညီလေးကိုဆက်သွယ်ဖို့၊ ပြန်ခေါ်ဖို့ ကြိုးစားဖို့ထွက်သွားပါတယ်၊ နောက်တိုက်ပွဲဖြစ်ပြီး ဗိုလ်ညိုဝင်းမောင် သူ့ညီလေးလက်ချက်နဲ့ကျဆုံးခဲ့ရပါတယ်၊ ညီလေးကိုအလင်းထဲပြန်ခေါ်လိုတဲ့အတွက် ဗိုလ်ညိုဝင်းမောင် အသက်ဆုံးခဲ့ရသလို၊ အောင်ပွဲရသွားတဲ့ပွဲမှာ သူ့အကိုသေဆုံးသွားပြီဆိုတာ သိတဲ့သူ့ညီလေးအောင်သိန်းလွင်ခမျာလည်း စိတ်ကောင်းနိုင်မယ်မဟုတ်ပါဘူး၊ နောက်ဆုံးတော့ ဗကပ ဗိုလ် အောင်သိန်းလွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဖြုတ်ထုတ်သတ် လမ်းစဉ်ထဲမိသွားပြီး သက်ဆိုးမရှည်ခဲ့ရှာပါဘူး၊
သည်အမွှာညီအကိုနှစ်ယောက်ရဲ့ ရင်နင့်စရာဇတ်လမ်းဟာ ပြည်တွင်းစစ်သမိုင်းမှာ ဖြစ်ရပ်မှန်အလွမ်းဇတ်တခုအဖြစ် အခုတိုင်ထင်ရှားနေဆဲပါ၊ ဒါကြောင့်ကျနော့အနေနဲ့ စစ်သားဟာ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာဘဲလို ချင်တယ်ဆိုတဲ့ ဆိုရိုးစကားသာမက မလုပ်နိုင်ရင်ထွက်၊ မထွက်နိုင်ရင်လုပ်ဆိုတဲ့ဆိုရိုးစကား၊ သတ်မှာလား၊သေမှာလားဆိုတဲ့ ဆိုရိုးစကားတွေကိုလည့်း မပျက်မကွက် ထည့်သွင်းစဉ်းစားဖို့ လိုကြောင်းတင်ပြခြင်ပါတယ်၊
(ဆက်လက်ဖော်ပြပါမည်)