Quantcast
Viewing all articles
Browse latest Browse all 1811

မှန်ပြောင်းလား သာကူးလား


၈၈ခုနှစ်ရန်ကုန်အထူးစစ်ဆင်ရေးဝင်နေချိန်မှာတပ်ရေးဗိုလ်ကြီးတာဝန်ထမ်းဆောင်ဖို့ တပ်ရင်းမှုးကတာဝန်
်ပေးလို့တပ်ရင်းဌာနချုပ်ရှိရာသိမ်ဇရပ်ကို ပြန်ခဲ့ရတယ်။


တပ်ရေးဗိုလ်ကြီးတာဝန်ဟာတပ်ရင်းမှုးကိုယ်စားတပ်ရင်းတစ်ရင်းလုံးရှိအရာရှိစစ်သည်မိသားစုအားလုံးရဲ့
အရေးအရာအားလုံးကိုတာဝန်ယူရတဲ့အပြင်အဆင်မသင့်ရင်ငွေကြေး အလျော်အစားနဲ့ အမှုအခင်းပါဖြစ်တတ်ပါတယ်။တခါမှမလုပ်ဖူးတော့ပိုစိုးရိမ်ရတယ်။

တပ်ရေးဗိုလ်ကြီးရဲ့ အလုပ်တစ်ခုဖြစ်တဲ့ နှစ်စဉ်လွတ်လပ်ရေးနေ့တိုင်း တပ်ရင်းတွေမှာ လွတ်လပ်ရေးသဝဏ်လွှာလုပ်ကြတဲ့ထုံးစံအတိုင်း ၁၉၈၉ခုနှစ်လွတ်လပ်ရေးနေ့ သဝဏ်လွှာထုတ်ဖို့ပြင်တော့ မိန့်ခွန်းရွေးချယ်ဖို့တပ်ရင်းမှုးဆီတင်ပြရတယ်။အရင်တုံးကဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်နေဝင်းမိန့်ခွန်းတွေနဲ့ထုတ်
်လေ့ရှိကြပေမယ့်ဒီနှစ်မှာတပ်ရင်းတော်တော်များများကလက်ရှိဗိုလ်
ချုပ်ကြီးစောမောင် မိန့် ခွန်းနဲ့ ထုတ်ဖို့ပြင်ကြတယ်။

တပ်ရင်းမှုးမှတ်ချက်က"ဘယ်သူတွေပြောင်းပြောင်း ငါကတော့ငါတို့ဗိုလ်ချုပ်ပဲ နှစ်စဉ်ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းနဲ့ပဲထုတ်"လို့ညွှန်ကြားတာနဲ့ စာပေဗိမ္မာန်ထုတ် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ စာအုပ်ကို်ဝယ်ထားရတော့တယ်။ 

၁၉၉၀ လွတ်လပ်ရေးသဝဏ်လွှာတိုင်းမှာတော့ တပ်ရင်းအားလုံးနီးပါး ဗိုလ်ချုပ်ကြီးစောမောင်မိန့်ခွန်း ကောက်နုတ်ချက်တွေနဲ့ ထုတ်လာပြီးကျွန်တော်တို့တပ်ရင်းကတော့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းကောက်နုတ်ချက်နဲ့ပဲထွက်လာပါတယ်။

အဲဒီအချိန်ကဒေါ်အောင်ဆန်းစုကြည် အပေါ်လက်မခံသူတွေက ကုလားအုပ်မစုကြည်လို့ ရင့်ရင့်သီးသီးခေါ်
ကြချိန်မှာ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည်လို့ လေးလေးစားစားသုံးနှုံးပါတယ်။ ဒါကိုမကြိုက်တဲ့ အထက်အရာရှိကြီးတစ်ချို့ရဲ့ နှိပ်ကွပ်မှုကိုတပ်ရင်းမှုးနဲ့ တပ်ရေးဗိုလ်ကြီးဖြစ်တဲ့ ကျွန်တော်တို့တော်တော်ခံရပါတယ်။

၂၀၁၀ရွေးကောက်ပွဲအစိုးရတက်လာပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာချိန်မှာတော့ တစ်ချိန်က
ကုလားအုပ်မစုကြည်လို့ ရင့်ရင့်သီးသီး ခေါ်ခဲ့ကြသူတွေက အံတီစုအမေစုလို့  ပြောင်းခေါ်နေချိန်မှာ ကျွန်တော်တို့က အရင်အတိုင်း ဒေါ်အောင်ဆန်းစုကြည် လို့ပဲခေါ်ဝေါ်သုံးစွဲနေဆဲပါ။ 

တစ်နေ့ကတပ်ရင်းမှုးဆီ သွားကန်တော့ရင်း အဲဒီအကြောင်းတွေ ပြန်ပြောင်းပြောမိကြရင်း မှန်ပြောင်းလားသာကူးလား
ပြောရင်းရယ်မိကြသေးတယ်။

ကျွန်တော်က တစ်ခုပိုပြောမိတာကတော့ အရင်ကဒေါ်အောင်ဆန်းစုကြည် ကို ရင့်ရင့်သီးသီးခေါ်ခဲ့ပြီးအခု မှ အံတီစု အမေစု ခေါ်နေသူတွေကို ဒီမိုဘက်တော်သားဆိုသူတွေက ချီးကျူးနေကြပြီး ဒီမိုကရေစီကို လေးစားလို့ လုပ်နည်းလုပ်ဟန်လွဲချော်နေတာ တွေထောက်ပြဝေဖန်တဲ့ ကျွန်တော်တို့ကိုတော့ စစ်ခွေး စစ်လော်ဘီ ဆိုပြီး
နှိပ်ကွပ်နေပြန်ပြီဆိုတော့ တပ်ရင်းမှုးက "ငါတို့လွတ်လပ်ရေးသဝဏ်လွှာထုတ်တုံးကနှိပ်ကွပ်ခံခဲ့ရသလိုပေါ့ကွာ" တဲ့။


U Thaung Aye


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>