Quantcast
Channel: ဘ၀ခြေရာ
Viewing all articles
Browse latest Browse all 1811

ရေမြေခြားလျှက် ကျောက်ဆူးနှစ်လက် အပိုင်း(၁၂)

$
0
0

====================

ထိုနေ့မနက်ကလည်း အရင်ရက်တွေကလို စောစောစီးစီးနိုးနေသော်လည်း အိပ်ယာကမထမိ....။
ဒီနေ့ကစပြီး သူမနှင့်ခွဲရတော့မည်ဆိုသည့် အသိတွေက သူ့နှလုံးသားကို အပ်ဖျားနှင့်တဆစ်ဆစ်
ထိုးနေသလိုပင်။ တသက်လုံး အချစ်ဆိုတာကို အယုံအကြည်မရှိခဲ့သော သူ့အတွက် အချစ်ဆိုတာ
ကိုထိပ်တိုက်တွေ့ချိန်တွင် အချစ်နတ်ဘုရားများ၏ ကျိန်စာပါထည့်သွင်း ပေးလိုက်သည်လားဟု
ထင်မှတ်မှားချင်စရာ...။ ဟန်မြစ်နှင့် ဧရာဝတီမြစ် အတူပေါင်းဆုံစီးဆင်းဖို့ စဉ်းစားမိနေသောသူ
အဖြစ် နောက်ဆုံး သမုဒ္ဒရာခြင်းပင် မတူလေသည်ကို သိသိနဲ့ချစ်မိနေသော သူ့အဖြစ်ကတော့
ကြေကွဲခြင်းနှင့်သာ အဆုံးသတ်မည်ဆိုတာ သူသိနေသည်လေ...။ အနည်းဆုံးတော့ သူမနှင့်
ပျော်ရွှင်ခဲ့သော နေ့ရက်ကလေးကို ရင်ထဲမှာ သိမ်းထားရင်း နောက်ဆုံးထွက်သက်ထိချစ်နေ
နိုင်ရေးကိုသာ စဉ်းစားရတော့သည်။


ဒီနေ့အတွက်ဝတ်စုံက ယူနီဖောင်းအဖြူဖြစ်လေသည့်အတွက် ယူနီဖောင်းကို သေချာပြန်ပြင်
လိုက်သည်။ ရေမိုးအသေအချာချိုးပြီး အကောင်းဆုံးအတောက်ပဆုံးဖြစ်အောင်ပြင်ဆင်သည်။
အနည်းဆုံးတော့ သူမအတွက် ယံ ဟူသည့် မြန်မာ တဦးကိုတိုက်ဆိုင်မှုရှိတိုင်း သတိရလျှင်
သူ့အတွက် ကျေနပ်နေပါပြီ။ တန်းနောက်ရှိသည့်အချိန်ကလွဲလို့ မှန်ကိုမကြည့်တတ်သော သူ
မှန်ရှေ့တွင်ကြာမြင့်စွာရပ်၍ စိတ်တိုင်းကျပြင်ဆင်နေမိသည်။ အတတ်နိုင်ဆုံး စမတ်ကျသည်
ထက်ကျအောင် ပြင်နေမိသည်။ စိတ်တိုင်းမကျသည်က ပခုံးပေါ်ကဒေါက်..။ နက်မှောင်နေ.
သော အနက်ရောင်ကတ္တီပါဒေါက်ပေါ်က ရွှေရောင်အပွင့်တွေက အရောင်လွင့်နေပြီ။ ဂွမ်းတစ
ကိုယူ၍ ဖိပွတ်ကြည့်တော့လဲ အရောင်ကလက်မလာ။ သက်ပြင်းကိုသာ ချလိုက်မိသည်..။
အော် အရာရာပြည့်စုံနေအောင် ပြင်ဆင်ခြင်ပါသည်ဆိုမှ လိုအပ်ချက်တွေက ရှိနေသးသည်။
ထိုစဉ် ဒေါက်ကိုကိုင်ကာ ငိုင်နေသော သူမျက်နှာရှေ့ကို ဒေါက်တစုံဝင်လာသည်။ ရွှေပွင့်တွေ
ကလဲ ဖိတ်ဖိတ်တောက်လျက်..။ မော့ကြည့်တော့ ကိုဇေယျာမင်း.....။ သူဝတ်နေသောဒေါက်
ကိုချွတ်ပြီးပေးခြင်းဖြစ်သည်။ အမြဲတမ်းအပွင့်တွေ ခါးပတ်တွေ ဖိတ်ဖိတ်တောက်နေအောင်
ဝတ်လေ့ရှိသော သူ့စီနီယာ သူ့လက်ထဲမှ အရောင်မွဲနေသာအပွင့်နှင့်ဒေါက်ကိုယူပြီး လဲလိုက်
ခြင်းဖြစ်သည်။

"အကို.."

"ရတယ်ညီ....။ကို ဒီတနေ့လောက် နည်းနည်းထေသွားလို့ ဘာမှမဖြစ်ပါဘူးကွာ"

"ကျေးဇူးအကိုကြီး"

"ရပါတယ်ကွာ အမေ့သားခြင်း..ကျောက်ဆူးခြင်းပဲ ဒါတွေမလိုပါဘူး...ဒါပေမယ့်"

"ဒါပေမယ့် ဘာဖြစ်လဲ အကို ရပါတယ်အကို ပြောပါ"

"ငါ့ညီ မင်းဒီနေ့ပြီးရင် သူ့ကိုမေ့ပစ်ဖို့ကြိုးစားလိုက်ပါကွာ... မင်းဘ၀ကိုထိခိုက်လိမ့်မယ်"

"ဟင်းးးးးးးး"

"ကို စေတနာနဲ့ပြောတာပါကွာ"

"ကျွန်တော်နားလည်ပါတယ်... ဒါပေမယ့် မေ့ပစ်ဖို့ဆိုတာက"

"အေးပါကွာ အကိုနားလည်ပါတယ် လုပ်လုပ်ညီ ကိုရေသွားချိုးလိုက်ဦးမယ်"

ထထွက်သွားသော ကိုဇေယျာမင်းကိုကြည့်ရင်း သက်ပြင်းမောတချက်သာချမိတော့သည်။
ဒေါက်ကိုသေချာတပ်ပြီးတော့ ယူနီဖောင်းကိုသေချာပြန်စစ်လိုက်သည်။ အိုကေ ရပြီ........။
မနက်စာစားချင်စိတ်လဲ မရှိတော့သဖြင့် ကမ်းနားသို့သာဆင်းသွားလိုက်တော့သည်။ သူတို့တွေ
ကတော့ ပစ္စည်းတော်တော်များများတောင်သိမ်းနေလေပြီ။ ကမ်းပေါ်က တာဝန်ကျတဲကတော့
မသိမ်းသေး...။ တာဝန်ကျနေသောအဖွဲ့မှာ Ying ရဲ့ အခန်းဖော် ချွဲ...။ သူကိုမြင်တော့ ပြုံးပြပြီး
လက်မထောင်ပြသည်။ Ying လိုက်မည်ဆိုသော သဘောလား..။ အဲဒါဆိုရင်တော့ မဆိုးလှ။
ကားတွေခွဲတော့ ကားနံပါတ်(၁)...။ လီ က လှမ်းမေးသဖြင့် ပြောပြလိုက်သည်။ သူမလိုက်မည်
ပေါ့။ ကိုရီးယားတွေလဲ တန်းစီကားခွဲပြီးတော့ သက်ဆိုင်ရာကားတွေဆီ အသီးသီးလျောက်လာ
ကြသည်။ သူ့ကားကို ထိပ်ဆုံးက လျှောက်လာသူက Ying..။ ကားပေါ်ရောက်တော့ သူ့ဘေးဝင်
ထိုင်သည်။ပြုံးပြလိုက်သော်လည်း ခွဲရမည်ဆိုသောအတွေးကြောင့် အသက်မပါလှ..။

ကားတွေထွက်တော့ သူမခန္ဓာကိုယ်လေးက သူ့ဘက်သို့မှီထားသလိုဖြစ်နေသည်ကို သတိပြု
မိသော်လည်း တစုံတရာမပြောဖြစ်တော့....။ စိန့်မေရီကျောင်းကိုရောက်တော့ ကလေးမလေးတွေ
နှင့် သူတို့တွေ အဆင်ပြေအောင် ကြားက၀င်ပြောပေးရသည်။ အကုန်အထဲဝင်ကျတော့ ကျန်အရာရှိ
များမလိုက်သော်လည်း သူလိုက်ဝင်သွားဖြစ်သည်။ သူမမျက်နှာလေးကိုတ၀ကြည့်ချင်သည်လေ..။
ကလေးတွေနဲ့စကားတော့ မီးရထားကြီးဂျုံးဂျုံးဂျက်ဂျက်နှင့် ရွှေစွန်ညိုပေါင်းထားသော ကိုရီးယား
ကစားနည်းကို မနည်းရှင်းပြလိုက်ရသည်။ မီးရထားတွဲသလို လူတွေတွဲထားပြီ ရှေ့ဆုံးကသူက တဖက်
ကနောက်ဆုံးကလူကိုလိုက်ဖမ်းရသည်။ နှစ်ဖွဲ့တည်းဆော့တော့ ၀ိုင်းကြီးပတ်ပတ်ပြေးနေသလိုဖြစ်နေ
သဖြင့် သုံးဖွဲ့ခွဲသည်..။ထိုချိန်တွင်လူတစ်ယောက်လိုနေသဖြင့် အတင်းဝင်ပါခိုင်းရာ ၀င်ကစားရလေ
တော့သည်။ နောက်ဆုံးတွင်နေရာချထပေးသဖြင့် ဖမ်းမမိအောင် ရှောင်ရဦးတော့မည်ပေါ့..။ သူ့ကိုမိ
အောင် ဖမ်းရမည့်သူ့ကိုလှမ်းကြည့်တော့ Ying..။သူမကတော့ လျှာလေးတစ်လစ်ထုတ်ကာပြောင်ပြ
နေသည်။

ဟောစပြေးပါပြီ..။ ရှေ့ကလူနှင့်အဆက်မပြတ်အောင်ပြေးရသည်ကတခု နောက်ကလူမမိအောင်
ရှောင်ရသည်ကတခု ကလေးတွေပါပါနေသဖြင့် သူတို့မလဲအောင် ဂရုစိုက်ရသေးတာတခုဖြင့်
တော်တော်တိုင်ပတ်သည်။ အဖွဲ့လိုက်ညီညွတ်မှုမရှိလို့ကတော့ ချက်ချင်းရှုံးမည်သာ...။ ပြေးနေရင်း
မိုးယံထက်နောက်ကို Yingတို့အဖွဲ့ကမှီလုမှီခင်မှာပင် သူ့အဖွဲ့က ရှေ့ကသူကိုမိသွားသောကြောင့်
တုံ့ခနဲ့ရပ်လိုက်သည်။ နောက်ကနေ ယားခနဲ အော်သံနှင့်အတူ ကျောပေါ်အိခနဲကျလာသောအလေး
ချိန်ကြောင့် မလဲအောင်မနဲထိန်းလိုက်ရသည်။ လှည့်ကြည့်တော့ ကျောပေါ်ခုန်တက်ကာ ကျောပိုးလိုက်
သည်က Ying။ တဖွဲ့လုံးပွဲကြသွားပြီး ယန်ယင်ဆိုသည့်အသံများက ဆူညံသွားကာ ဖုန်းကင်မရာမီး
တွေက တဖြတ်ဖြတ်..။ သူမကတော့ ကျောပေါ်ကပင် လက်နှစ်ချောင်းထောင်လျက် ဓာတ်ပုံရိုက်ခံနေ
သည်မို့ သူလဲလက်မပြန်ထောင်ပြလိုက်သည်။ ကလေးတွေကလဲ တ၀ါးဝါး..။ ပြန်ဆင်းတော့ ဆောရီး
ဆိုပြီးခပ်တိုးတိုးလေးပြောသွားသေးသည်။

ပြီးတော့ ကိုရီးယာတွေက ပါလာသောဂစ်တာဖြင့် သီချင်းဆိုပြသည်။ ကလေးတွေက နားမလည်။
လိုက်ဆိုခိုင်းတော့လဲ မဆိုနိုင်..။ နောက်ဆုံး မနေနိုင်တော့သဖြင့် ကလေးတွေကိုမေးတော့ အသက်
နည်းနည်းကြီးသော ကလေးမလေးက သီချင်းစာအုပ်တွေတော့ရှိသည်တဲ့..သွားယူခိုင်းတော့ယူလာ
တာက ဆိုတေး၏ မီးအိမ်ရှင်စီးရီး။ ဂစ်တာတီးပေးသော သူကို သီချင်းစာအုပ်ထိုးပြပြီး သီချင်းအလိုက်
ကိုဆိုပြတော့ လိုက်တီးသည်အဆင်မပြေ။ ဒါနဲ့ စာသားတွေကိုလက်ထောက်ပြီး ဆိုပြတော့မှာအဆင်
ပြေသည်။ ပြီးတော့ ကလေးတွေနဲ့ ဆိုကြပြန်သည်..။ ဆိုနေသောအချိန်တွင် Ying ကအနားရောက်
လာပြီး

"ယံ... အဲဒီသီချင်း အဓိပ္ပာယ်ကဘာလဲ"

"အော် ကောင်လေးက ကောင်မလေးကို နင်ကငါ့ရဲ့ နတ်သမီး (Angel) နင့်ကငါ့ရဲ့ လမ်းပြကြယ်
(Pole Star) ပါလို့ ပြောထားတာ သိပ်ချစ်မိလို့ အနားကနေခွဲမသွားပါနဲ့ လို့ပြောတာ"

"အော် အဲဒီသီချင်းကို သင်ပေး"

"အမ် ဘယ်လိုသင်ပေးရမလဲ"

"သီချင်းကိုဆိုပြ ဒီကအသံထွက်ကို နုတ်လေးနဲ့လိုက်မှတ်လိုက်မယ်"

"အိုကေလေ"

သူပထမဆုံး အစအဆုံးတစ်ခေါက်ဆိုပြတော့ ဖုန်းလေးဘေးချကာ မျက်လုံးလေးဝိုင်းပြီးသေချာ
လိုက်နားထောင်နေသည်။ မိုးယံထက်တစ်ယောက်ဆိုရင်းနှင့် မုဒ်တွေဝင်လာပြီး နောက်တစ်ခေါက်
အစအဆုံးထပ်ဆိုဖြစ်တော့ "နင်ပြန်လာမယ်ဆိုငါမျှော်နေမှာ"ဟူသောအပိုဒ် "ငါ့ဘ၀ရဲ့နတ်သမီးလေး
ကမင်းပါခွဲမသွားနဲ့"ဟူသည့်အပိုဒ်တွေက မုဒ်အ၀င်ဆုံးပင်..။ ပြီးတော့ သီချင်းတစ်ကြောင်းဆိုပြလိုက်
ဘာသာပြန်ပြီးရှင်းပြလိုက် အသံထွက်တွေ တလုံးခြင်းရွတ်ပြလိုက် သူမက ဂီတာလေးနှင့်လိုက်တီး
လိုက်နှင့် လောကကြီးကပါ ခေတ္တမေ့သွားသည်။ အစအဆုံးပြီးတော့.. သူမက ဂီတာတီးပြီးဆိုကြည့်
သည်။ လိုနေတာလေးကိုနည်းနည်းပြင်လိုက် ပြန်တီးလိုက်နှင့် အစအဆုံးအိုကေသွားတော့ သူမက
တစ်ခေါက်ဆိုကြည့်သည်..။ သူမဆိုတာ ဆုံးသွားတော့ လက်ခုတ်သံတွေကျယ်လောင်စွာထွက်လာ
သဖြင့် လှည့်ကြည့်တော့ ကလေးတွေက၀ိုင်းနေသည်။ သူတို့ကိုသူတို့ ဘယ်အချိန်ထဲက၀ိုင်းကြည့်
နေမှန်းတောင်မသိလိုက်ကြ..။ဝိုင်းနေသော ကလေးတွေကို တိုးပြီး မိုးယံထက်အနားဝင်လာသူက
လီ..။ သူ့အနောက်တွင်လဲ ရွှေဘားတွေနင့် ကိုရီးယားတစ်ယောက်.။

"ယံ တခုလောက်ကူညီပါဦး"

"ပြောလေလီ ဘာကူညီရမလဲ"

"ငါတို့ဗိုလ်ချုပ်က မင်းတို့နှစ်ယောက် ဂစ်တာတီးပြီးသီချင်းဆိုနေတာကို သဘောကျလို့ မှတ်တမ်း
တင်ထားချင်လို့တဲ့ နောက်တစ်ခေါက်လောက် ဆိုပါဦး Ying ကတီး မင်းကဆိုပေါ့"

"အမ် ဖြစ်ပါ့မလား ငါ့အသံကမကောင်းဘူးနော်"

"ရပါတယ်..ဖြစ်တယ်"

"အိုကေကွာ အိုကေ"

ဗိုလ်ချုပ်တစ်ယောက်ကိုယ်တိုင်တောင်းဆိုခိုင်းသည်ဆိုတော့လဲ မငြင်းနိုင်တော့။ လီ ထိုးပေးလာသော
ကလစ်နှင့်မိုက်သေးသေးလေးကို တပ်လိုက်ပြီး အသံတချက်စမ်းလိုက်သည်။ အိုကေ သူမကိုလှမ်းကြည့်
တော့ လက်မထောင်ပြသည် ရပြီပေါ့။ တိုင်ပင်ရေပေးရင်း သီချင်းကိုစဆိုလိုက်သည်။ ပျော်တပြုံးပြုံးဖြစ်နေ
သော သူမမျက်နှာလေးကိုကြည့်ရင်း ဆိုဖြစ်ရာ ခံစားချက်တွေတိုက်ဆိုင်ပြီး မျက်ရည်တွေပါဝဲတက်လာသည်။
သီချင်းဆုံးတော့ ကိုရီးယားဗိုလ်ချုပ်က ဗဲရီးဂွတ်ဆိုပြီး လက်ဆွဲနှုတ်ဆက်သွားသည်။သူ့အသံခပ်ပြာပြာကို
ဘယ်လိုများကောင်းသည်ဟု ထင်သလဲဆိုတာကိုတော့ မစဉ်းစားတတ်အောင်ပင်။ ခဏနေတော့ Yingက
ကလေးမလေးတွေ ပါးပေါ်က သနပ်ခါးကိုလက်ညိုးထိုးပြကာ သူလဲလိမ်းချင်ပါသည်ဆိုသဖြင့် အကူအညီ
တောင်းကာ သနပ်ခါးအခဲတုံးနှင့်ကျောက်ပြင်တောင်းရသည်။ ပြီးတော့ကိုယ်တိုင်သွေးပြီးလိမ်းပေးဖြစ်သည်။
ဒီလိုလေး တသက်လုံးလိမ်းပေးရရင်ကောင်းမှာပဲလို တွေးရင်း မိုးယံထက်ရင်ထဲ နင့်ကနဲ..။ Ying လိမ်းပြီးတော့
အကုန်လုံးကလှသည်ဆိုပြီး ယောက်ျားရော မိန်းမပါမကျန်အကုန်လာလူးခိုင်းသဖြင့် ကလေးတွေပါ အကူအညီ
တောင်းပြီး လိမ်းပေးရပြန်တော့ သနပ်ခါးအခဲ သုံးတုံးခန့်ကုန်သွားသလို ကိုရီးယာအကုန် သနပ်ခါးဘဲကြားနှင့်
ဖြစ်ကုန်တော့သည်။Ying ကတော့ ကလေးမလေးတစ်ယောက်ကို ကိုယ်တိုင်သနပ်ခါးလိမ်းပေးနေရင်း သဘော
တွေကျနေလေသည်။

သနပ်ခါးတွေလိမ်းပြီးတော့ ကလေးတွေကို မုန့်တွေ အအေးတွေဝေဖြစ်ကြသည်။ ပြီးတော့မှ ကြာဇံကြော်
ကို နေ့လည်စာအဖြစ်စားကြသည်..။ မိုးယံထက် Ying နှင့် သူမ သနပ်ခါးလိမ်းပေးထားသော ကလေးမလေး
ကတ၀ိုင်းထိုင်ဖြစ်သည်။ ကြာဇံကြော်ကိုငုံ့စားနေသော ကလေးမလေးကိုကြည့်ရင်း သနားနေဟန်ရှိသော
Ying က …

"ယံ ငါတို့ (We)ဒီကလေးမလေးကို မွေးစားရင် ကောင်းမလား"

"အင်းကောင်းတာပေါ့ မွေးလေ ဒါပေမယ့် တခါထဲခေါ်သွားလို့ရပါ့မလား"

"အင်းဟုတ်သားပဲ လောလောဆယ် ယံခေါ်ထားလိုက်လေ ကျွန်မနောက်တခေါက်ပြန်လာပြီး လာခေါ်မယ်"
"သဘောပဲလေ"

မိုးယံထက်တစ်ယောက် ခေါင်းတော့ နဲနဲရှုပ်သွားသည်။ သူမပြောသည့် We ဆိုသည့် စကားလုံးက သူတို့
ကိုရီးယာတွေကို ဆိုလိုတာလား သူ့နှင့် Ying ကိုဆိုလိုတာလားဆိုတာကို စဉ်းစားမရ..။ သူမပြောပုံက သူနှင့်
အတူ မွေးစားမည့်ပုံစံမျိုးပေါက်နေသည်လေ။ သိပ်ကြာကြာစဉ်းစားချိန်မရ.. ကလေးမလေးနှင့်တစ်ယောက်
ခြင်းတွဲကာ ဓာတ်ပုံရိုက်ဖြစ်သည်။ Ying နှင့်ကလေးမလေးကို မိုးယံထက်က သူ့ဖုန်းနှင့် ဓာတ်ပုံရိုက်ပေးသလို
မိုးယံထက်နှင့်ကလေးမလေးကို Ying ကသူမဖုန်းနှင့်ဓာတ်ပုံရိုက်ပေးသည်။ သို့သော်လည်း ဘာကြောင်းမှန်း
မသိပဲ ပုံတွေမလဲဖြစ်..။ စားသောက်ပြီးခဏနေတော့ သူတို့ပြန်ဖြစ်ကြတော့သည်။ အပြန်လမ်းတစ်လျှောက်
လုံး မိုးယံထက်တစ်ယောက် မျက်ရည်မကျမိစေရန် မနည်းထိန်းနေရသည်။ ကမ်းနားပြန်ရောက်တော့ သင်္ဘော
ကထွက်ရန်အသင့်ဖြစ်နေလေပြီ..။ မိုးယံထက်ကပေါ်ကအရင်ဆင်းလိုက်ပြီး ဆင်းလာသူများကို တစ်ယောက်
ခြင်း လက်ဆွဲနှုတ်ဆက်ကာ အမြဲတမ်းကြိုဆိုနေကြောင်းပြောရသည်။ ကျန်သူများက တာဝန်အရဖြစ်သော်လည်း
Ying ကိုတော့..

"Ying ပြန်လာလည်နော် မြန်မာနိုင်ငံက အမြဲတမ်းကြိုဆိုနေပါတယ်"

"ဒါဆို ယံကရောဟင် "

"ကျွန်တော်ကလဲ ကြိုဆိုပါတယ် Ying"

"ယံ ကျွန်မရှင့်ကို သတိရနေမှာပါ။ သေချာပေါက်ပြန်လာခဲ့မယ်"

(I'll miss you. I'll be come back for sure)

"Ying""Ying"

စကားပြောနေတုန်းမျက်ရည်တွေဝဲတက်လာပြီး စကားပြောပြီးပြီးခြင်း ချာခနဲလှည့်ပြေးသွားသော သူမကိုလိုက်ခေါ်
သော်လည်း လှည်မကြည့်တော့ သင်္ဘောပေါ်သို့တန်းတက်သွားလေတော့သည်။ သင်္ဘောကတော့ထွက်ရန်ပြင်နေပြီ
သင်္ဘောအပြင်ဘက်တွင် လက်ပြနှုတ်ဆက်ရန် တန်းစီနေသော သူများထဲတွင်သူမကို လိုက်ရှာသော်လည်းမတွေ့...
ခဏနေတော့ ကိုရီးယားသံအမတ်နှင့်အဖွဲ့ရောက်လာပြီး သင်္ဘောပေါ်တက်သွားသည်။

မိုးယံထက်တို့လည်းနှုတ်ဆက်ရန်အတွက် စစ်တီးဝိုင်းအဖွဲ့တွေကိုနေရာချပေးခြင်း အရာရှိစစ်သည်များကို နေရာချပေးခြင်းဖြင့် အလုပ်နည်းနည်းရှုပ်သွားသည်.။ ခဏနေတော့ ကိုရီးယားသံအမတ်ကြီး ပြန်ဆင်းလာလေပြီ..သူတို့ထွက်ခွာတော့မည်။

ကြိုးတွေစဖြုတ်ချိန်တွင်တော့ စစ်တီးဝိုင်းအဖွဲ့၏ Auld Lang Syne တေးသွားအလိုက်က ဒိန်းခနဲထွက်လာလေသည်။ မိုးယံထက်တစ်ယောက်နှုတ်ဆက်ရန် တန်းစီနေရာယူထားရာမှ မျက်ရည်မထိန်းနိုင်တော့ပဲ မျက်ရည်တွေလိမ့်ခနဲ ပြိုဆင်းလာသည်။

သူ့အတွက် Auld Lang Syne သီချင်းဖြင့် ဒုတိယအကြိမ် မျက်ရည်ကျခြင်းပင်။ ပထမတစ်ခေါက်က သူကျောင်းဆင်း
ချိန် "စစ်တက္ကသိုလ် ကျောင်းဆင်းတပ်ရင်းအား အလေးပြု"ဟူသောအမိန့်သံနှင့်အတူ ငါနှင့်အမိကျောင်းတော်ကြီးခွဲရ
တော့မှာပါလားဆိုသည့်စိတ်ကြောင့် ဒီတခါကတော့ "ရီပေ့ ပေးစလု"ဟူသည့် ကိုရီးယား စစ်မိန့်သံနှင့်အတူ Yingနှင့်
ခွဲရပြီဆိုသော စိတ်ကြောင့်လေ...။

တဖြည်းဖြည်းနှင့်ဝေးကွာသွားသော ကိုရီးယားစစ်သင်္ဘောကြီးက မြင်ကွင်းထဲမှာ မျက်ရည်တွေကြောင့် ဝေး၀ါးနေသည်။

သင်္ဘောနောက်ကထွက်နေသော ရေလှိုင်းများက သူ့နှလုံးသားကို တတိတိတိုက်စားနေသလိုပင်။ တချိန်ကတော့.ဒီလိုသင်္ဘောနောက်က ရေလှိုင်းတွေဆိုတာ မိုးယံထက်အတွက် အလှဆုံးမြင်ကွင်းဖြစ်ခဲ့သော်လည်း ဒီတကြိမ်ကတော့....။

သူဘယ်လောက်တောင် လက်ပြနေမိလဲမသိ.။ ကိုဇေယျာမင်း၏ "လက်ချလိုက်တော့ မင်းတစ်ယောက်ပဲ ကျန်တော့တယ်"ဟူသော စကားကြားမှလက်ချဖြစ်သည်။ မျက်ရည်တွေကိုသုတ်လိုက်ရင်း နောက်ဆုံးအကြိမ်အဖြစ်တကြိမ်လက်ပြလိုက်သည်။ ပြီးတော့ ကျန်သူများနှင့်အတူ တန်းဖြုတ်ရင်း အိပ်ဆောင်ဘက်ဆီသို့ဦးတည်လိုက်သည်။

"ကိုကြီး ကိုဇေ"

"ဟေ..ညီ"

"သင်္ဘောပေါ်မှာ ညီ့အတွက်အရေးကြီးတဲ့ ပစ္စည်းပါသွားတယ်"

"ဟေ ဘာလဲ ဘာလဲ"

"အသည်းနှလုံး"

"ဟာကွာ အလန့်တကြား....လာနောက်နေသေးတယ်"

"မနောက်..."

"ဗိုလ်ကြီး ဗိုလ်ကြီး"

"ဗျာ... အော် စကားပြန်ကြီး ပြော ဘာကိတ်"

"ဗိုလ်ကြီးတို့အထဲက ယံ ဆိုတဲ့တစ်ယောက်က ဘယ်သူလဲ"

"ကျွန်တော်ပါ မိုးယံထက်ပါ"

"အော် အတော်ပဲ ဒါဆို ကျွန်တော် သံအမတ်ကြီးနဲ့ သင်္ဘောပေါ်တက်တုန်း က Kim Seon Ying ဆိုတဲ့ကောင်မလေးကဗိုလ်ကြီးအတွက် ဒီဗူးလေးရယ် ဒီစာလေးရယ်ပေးခိုင်းလိုက်လို့"

"ဟုတ် ကျေးဇူးပဲ" 

သူမပေးလိုက်သည်က ပန်းနုရောင်စာအိတ်လေးတအိတ်နှင့် ပါကင်ပေပါဖြင့်ထုပ်ထားသော လေးထောင့်ဗူးလေးတဗူး.....

စာကိုအရင်ထုတ်ဖတ်လိုက်တော့ မိုးယံထက်တယောက် ယူကျုံးမရ အားခနဲအော်ဟစ်လိုက်မိသည်။ စာထဲမှရေးထားသည်က..........။

=================
Top of Form



Po Sei Don Npg

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>