"နှစ်ဘ၀စာ အဘရွှေ "
……
အဘရွှေဆိုတော့ ဒီကောင် ဖားပြီ မထင်လိုက်ပါနဲ့။(မဖားတတ်လို့ လဲ ခုထိ ဒီ level ကမတက်တာ)။ ကိုယ့်ထက် အသက်အများကြီး ကြီးလို့ အဘရွှေလို့ ခေါ်လိုက်ရခြင်းပါ။ ဟုတ်ကဲ့ မကျေနပ်သူများ ရှိကလဲ ကျွန်တော်အဘခေါ်ပေးပါ့မယ်(အေ ခ်ါခံချင်တယ်ဆိုရင်ပေါ့)။ ကျွန်တော့် အဘွားကတော့ ကွန်လွယ်ရှာပါပြီ။
လူနည်းစုထက် လူများစု မုန်းတဲ့ လူတစ်ယောက်ကို ကျွန်တော်က အားကျတယ်ဆိုတော့ လူနည်းစုထဲမှာ ကျွန်တော်ပါတယ် ဆိုရင်လည်း မမှားပေပါဘူး။ သို့သော်လည်း အားကျတယ်လို့သာ ဆိုတာပါ။ လေးစားတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ခုကျွန်တော်ပြောတဲ့ အားကျတဲ့ အချက်လေးတွေကို သဘောတူသူလည်း ရှိမယ်၊ သဘောမတူသူလည်း ရှိပါလိမ့်မယ်။ ဒါပြသနာမရှိပါဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတာကိုး..။
(၁) ပထမဆုံးတစ်ချက်ကတော့ အကြီးအကဲဖြစ်ခြင်းပါပဲ။
အကြီးအကဲတစ်ယောက်ဖြစ်ဖို့ဆိုတာ တကယ်မလွယ်လှပါဘူး။ ဖြစ်ချင်တိုင်းလည်း ဖြစ်လို့မရတာအမှန်ပါပဲ။ ဆိုပါစို့ တပ်အဆင့်နဲ့ဆိုရင် ဗိုလ်ချုပ်မှူးကြီး ဒါအကြီးဆုံး ဒီအဆင့်ကို ရရှိခဲ့တယ်။(ဘယ်လိုပဲ ရ ရပေါ့)။
ကျွန်တော် ဗိုလ်သင်တန်း (OTS) တစ်ကြိမ်ဖြေခဲ့ဖူးတယ်။ မအောင်ခဲ့ပါဘူး။ ဒါကြောင့်လဲ ရဲဘော်ဆိုတဲ့ အဆင့်ထဲမှာပဲ ရှိနေတာလဲ။ မင်းက ဗိုလ်ချစ်လို့လား မေးရင် ဟာ..သိပ်ဖြစ်ချင်တာပေါ့လို့ ပဲ ဖြေမှာပဲ။ ဟုတ်တယ်လေ..အလုပ်သမားနဲ့ အလုပ်ရှင် ..ဘယ်သူက ဘာဖြစ်ချင်သလဲ။
တပ်ထဲက အကြီးဆုံးသူတစ်ယောက်ဖြစ်သလို နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အကြီးအကဲ တစ်ယောက်ဆိုတော့ ဒါဟာ ဘယ်လောက် ကုသိုလ်အရှိန်အ၀ါလဲ။ ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိပါဘူး။
(တစ်ခုတော့ရှိတာပေါ့လေ..ခေါ င်းဆောင်ကောင်း..ခေါင်းဆောင်ဆိုးဆိုတာတော့ ရှိတာပေါ့)။
ကျွန်တော်အားကျတာက နိုင်ငံ့အကြီးအကဲ တစ်ယောက်ဖြစ်လာတဲ့ ကုသိုလ်အရှိန်အ၀ါပါပဲ။ ယခင်ကောင်းလို့ ခုကောင်းတာတဲ့။ ကျိန်းသေတာက ကျွန်တော့်မှာ ယခင် ကုသိုလ်အရှိန်က သူ့လောက် မရှိခဲ့တာအမှန်ပဲ။ ဒီတော့ ကျွန်တော်အားကျမိတာပါ။
(၂) ဒုတိယအချက်ကလည်း သိပ်တော့မကွာလှပါဘူး။ ရှေးကုသိုလ် အရှိန်အ၀ါပါပဲ။
"သွားလေရာ ခလုတ်မထိ ဆူးမညှိပါစေနဲ့ "လို့ လူကြီးသူမများက ကျွန်တော်တို့ကို ဆုတောင်းပေးခဲ့ဘူးတယ် မဟုတ်လား။
သူတို့ဘ၀ကို စဉ်းစားကြည့်..ခလုတ်ထိ ခဲ့မယ်။ ဆူးညှိခဲ့မှာပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သွားသော ခရီးအတွက် လေယာဉ်၊ ကား အဆင်သင့်(တံခါးတောင် ဖွင့်စရာမလို)၊ နင်းမဲ့ မြေက ကောဇောနီအဆင်သင့်၊ စားဖို့ဆိုရင်လည်း ကောင်းပေ့ညွှန့်ပေ့ဆိုတာ ဟာတွေက အဆင့်သင့်၊ သွားလေရာမှာရော အိမ်မှာရော အဆင်သင့်။
ကျွန်တော်ဆိုရင် တစ်လလုံးလုပ်မှ ဒီလခ လေးရတာ။ ဒီလခလေးရမှ ထမင်းစားရတာလေ။ တချို့ဆို ထမင်းတစ်လုတ်၊ အ၀တ်တစ်ဆင်စာအတွက် ဘယ်လောက်ရုန်းကန်ရသလဲ။
ဒါကလဲ အတိတ်က ကုသိုလ်ကြောင့် ရတာမဟုတ်ဘူးလို့ ပြောနိုင်သလား။ ဒီလို နေနိုင်ဖို့၊ စားနိုင်ဖို့ ဆိုတာ တော်ရုံဘုန်းကံနဲ့ မလွယ်လှဘူးလေ။
ဒီတော့ ကျွန်တော်အားကျမိတာပေါ့။ သွားမယ်ဟေ့ဆိုရင် အဆင်သင့်၊ စားမယ်ဟေ့ ဆိုရင်လဲ အဆင်သင့်ဆိုတဲ့ ဘ၀ ကျွန်တော်ကတော့ လိုချင်မိတာပါပဲ။ ( အင်း…မသန့်ရှင်းတဲ့ နေရာ၊ မသန့်ရှင်းတဲ့ အစာ တို့ကတော့ မယူ၊ မနေ၊ မစားဘူးကွ..လို့ ကြွေးကြော်ကြဦးမယ်မဟုတ်လား ၊ ကျွန်တော်ကတော့ ပုထုဇဉ်ပီပီ နေချင်၊ စားချင်တယ်ဗျာ)
(၃) ဆိုးတဲ့အချက်ကတော့ သိပြီးမို့ မပြောတော့ပါဘူး။ ဒါကိုလည်း ကျွန်တော် အားမကျပါဘူး။
အဲ အားကျတဲ့ နောက်တစ်ချက်က လှူချင်တိုင်း လှူနိုင်တာပါပဲ။ မစင်ကြယ်တဲ့ ၀တ္ထုနဲ့ လှူတာ ကုသိုလ်ပေး အကျိုးပေးသန်ချင်မှ သန်ပါလိမ့်မယ်။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်ပီပီ လှူတဲ့အချိန်လေး တော့ ကုသိုလ်စိတ်လေးတော့ ဖြစ်နေမိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ ဒီကုသိုလ်စိတ်လေးက ထပ်ပြီး သူ့ကိုအကျိုးပေးနေမှာ မဟုတ်ဘူးလား။
ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်၊ စိန်ဖူးတော်တင် လှူကြတာကို မြန်မာ့အသံကနေ ကျွန်တော်ကြည့်ရတယ်။ မှတ်မှတ်ရရ ဦးခင်ညွှန့်က တစ်ခါတည်း သူ့လက်စွပ်ကို ချွတ်ပြီး လှူလိုက်တာ တွေ့မြင်လိုက်ရတာ။
သြော် ..ကျွန်တော်လည်း လှူချင်စိတ်က တဖွားဖွားပေါ်မိလိုက်တယ်။
ခုဆိုကြည့်လေ..မရှိလို့မလှူ ..မလှူလို့မရှိတဲ့ မဟုတ်လား။ လှူခဲ့ကြလို့ ရှိနေကြတယ်၊ ရှိခဲ့ကြတယ်။ ရှိလို့လဲ ထပ်လှူကြတယ်။ ကျွန်တော်အဖို့မှာကား အလှူနည်းခဲ့လို့ အရှိနည်းနေတယ်။ အရှိနည်းနေလို့ အလှူမနည်းအောင် မနည်းကြိုးစားနေရတယ်။ ညောင်စေ့လောက် လှူပြီး ညောင်ပင်ကြီးလောက်ရတယ်၊ ညောင်ပင်ကြီးလောက်လှူပြီး ညောင်စေ့လောက်ရတယ်ပဲ ပြောပြော။ ကျွန်တော်ကတော့ ညောင်ပင်ကြီးလောက်လှူပစ်လို က်ချင်တာပါပဲ။
ဒီတော့ကား..လှူဒါန်းမှုကုသို လ်တော်တွေအတွက် ကျွန်တော်အားကျမိလိုက်ပါတယ် ။
(၄) နောက်ဆုံးတစ်ချက်ကတော့ နှစ်များစွာ နိုင်ငံတော်ကို အုပ်ချုပ်နိုင်ခြင်းပါပဲ။
ဟ… အုပ်ချုပ်နိုင်မှာပေါ့..လက် နက်ရှိတာကိုး..လို့ ဆိုစရာရှိပါတယ်။ လက်နက်ရှိတိုင်း အုပ်ချုပ်နိုင်ရင် ကျွန်တော်တို့ ကျွန်ဘ၀က လွှတ်မြောက်နိုင်မယ် မထင်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေ အင်္ဂလိပ်ထက်၊ ဂျပန် ထက်လက်နက် သာခဲ့လို့လား။
ဟုတ်တယ်လေ..ဒီလိုအုပ်ချုပ်နိုင်တာ တော်တော်အကြံဥာဏ်ကြီးခဲ့လို့ ပဲ။ အုပ်ချုပ်ခဲ့စဉ်ကာလ သေချာ စဉ်းစားကြည့်ရင် တော်တော်အကွက်ကျကျ ဆောင်ရွက်ခဲ့တာတွေ့ရမယ်။
ဟော..ခုမအုပ်ချုပ်ပဲ..နေတာေ တာင် အကွက်ကို စိ လို့မဟုတ်လား။ ပြင်/ဖျက်/ ဖြည့် ဖို့အတွက် ဘယ်လောက်ခက်နေသလဲ။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြီး ဆောင်ရွက်ထားဖို့ ဥာဏ်ကြီးရှင်ဂရင်းနစ်တင်ဖို့တောင် ကောင်းရဲ့မဟုတ်လား။
လိမ်မယ်ဆိုလည်း ပိပိရိရိလိမ်လို့ ဆိုတယ်မဟုတ်ပါလား။ ဘယ်လောက်ပိရိသလဲ။ ဘယ်လောက်သေသပ်သလဲ။ ပြီးတော့ ဘယ်လောက်အုပ်ချုပ်နိုင်စွမ်းရှိသလဲ။ ပြီးတော့ ဘယ်လောက်တောင် အာဏာရှိခဲ့သလဲ။
ဒီတော့ အကွက်ကျကျ စီမံအုပ်ချုပ်နိုင်တဲ့ ဥာဏ်ကို အားကျမိတာပါ။ အာဏာကြီးခဲ့တာကို အားကျမိတာပေါ့။
ဒါတွေကိုရေးတော့ အဇာတသတ်ဆရာတင်မှားပြီလို့ ဆိုကြမှာပါပဲ။ ဘယ်သို့ပင်ဆိုစေ ကျွန်တော်ကတော့ အားကျမိတဲ့ အချက်တွေထဲမှာ အားကျနိုင်လောက်တဲ့အထိ ဖြစ်နိင်အောင် ကြိုးစား သွားရမှာပါပဲ။
သံသရာဆိုတာ အရှည်ကြီးလေ။ ကျိန်းသေတာက ဒီတစ်ဘ၀နဲ့ ပြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးလို့ ထင်ပါတယ်။ ဒီတော့ သံသရာမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်မိတာပါ။ ဒီလို ကောင်းကောင်းနေ၊ ကောင်းကောင်းစားနိုင်ဖို့ ကုသိုလ်စိတ်နဲ့ လှူရမယ်၊ ပေးကမ်းရမယ်။ ကုသိုလ်အမှုတွေ ပြုရမယ်။ ပြီးတော့မှ နိဗ္ဗာန်ကို ရည်မှန်းကြတာမဟုတ်လား။ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့အဖြစ် စိတ်သန့်သန့်မွန်မွန်လှူကြ၊ ကုသိုလ်ပြုကြ၊ ပါရမီဖြည့်ကြတာတော့ အကောင်းဆုံးပေါ့။
ရှေးကကောင်းလို့ ခုကောင်းတယ် မဟုတ်လား။ ခုကောင်းနေချိန်မှာ ဆက်ကောင်းအောင် ကြိုးစားဖို့ အဘက သင်ပေးတယ်။ ခုကောင်းမှလည်း နောင်ကောင်းအောင် အဘက ပြသွားတယ်။ ခုမကောင်းရင် နောင်မကောင်းတာက ကျိန်းသေလို့ သက်သေပြနေရဲ့မဟုတ်လား။ (ကြည့်လေ..သေပြီဆိုရင်တောင် ရဲရဲ မသေ၀ံ့ မပြ၀ံ့တဲ့ အခြေအနေမျိုးမဟုတ်လား…ကိုယ့်အလှည့် ရဲရဲသေဖို့ ပြနေတာလေ)။
ဒီတော့ ရှေးဘ၀ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ယခုဘ၀ ကောင်းခြင်း၊ ဆိုးခြင်းကို ပြသခဲ့တဲ့ နှစ်ဘ၀စာ အဘရွှေထဲက ကျွန်တော်အားကျမိတဲ့အချက်လေးများ ဖြစ်ပါကြောင်း..။
(ဝေဖန်အကြံပြုသူများအား…အထူးကျေးဇူးတင်မည်ဖြစ်ပါကြောင်း..)
********
မောင်ပိုင်
၁၀-၁-၂၀၁၅။
(စာမရေးဖြစ်တာကြာပြီ ၂၀၁၅ ကို
အဘရွှေနဲ့ စဖွင့်လိုက်တယ်..ဒန် ..တန့်..တန့်)
……
အဘရွှေဆိုတော့ ဒီကောင် ဖားပြီ မထင်လိုက်ပါနဲ့။(မဖားတတ်လို
လူနည်းစုထက် လူများစု မုန်းတဲ့ လူတစ်ယောက်ကို ကျွန်တော်က အားကျတယ်ဆိုတော့ လူနည်းစုထဲမှာ ကျွန်တော်ပါတယ် ဆိုရင်လည်း မမှားပေပါဘူး။ သို့သော်လည်း အားကျတယ်လို့သာ ဆိုတာပါ။ လေးစားတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ခုကျွန်တော်ပြောတဲ့ အားကျတဲ့ အချက်လေးတွေကို သဘောတူသူလည်း ရှိမယ်၊ သဘောမတူသူလည်း ရှိပါလိမ့်မယ်။ ဒါပြသနာမရှိပါဘူး။ လွတ်လပ်စွာ ကွဲလွဲခွင့် ရှိတာကိုး..။
(၁) ပထမဆုံးတစ်ချက်ကတော့ အကြီးအကဲဖြစ်ခြင်းပါပဲ။
အကြီးအကဲတစ်ယောက်ဖြစ်ဖို့ဆု
ကျွန်တော် ဗိုလ်သင်တန်း (OTS) တစ်ကြိမ်ဖြေခဲ့ဖူးတယ်။ မအောင်ခဲ့ပါဘူး။ ဒါကြောင့်လဲ ရဲဘော်ဆိုတဲ့ အဆင့်ထဲမှာပဲ ရှိနေတာလဲ။ မင်းက ဗိုလ်ချစ်လို့လား မေးရင် ဟာ..သိပ်ဖြစ်ချင်တာပေါ့လို့
တပ်ထဲက အကြီးဆုံးသူတစ်ယောက်ဖြစ်သလု
(တစ်ခုတော့ရှိတာပေါ့လေ..ခေါ
ကျွန်တော်အားကျတာက နိုင်ငံ့အကြီးအကဲ တစ်ယောက်ဖြစ်လာတဲ့ ကုသိုလ်အရှိန်အ၀ါပါပဲ။ ယခင်ကောင်းလို့ ခုကောင်းတာတဲ့။ ကျိန်းသေတာက ကျွန်တော့်မှာ ယခင် ကုသိုလ်အရှိန်က သူ့လောက် မရှိခဲ့တာအမှန်ပဲ။ ဒီတော့ ကျွန်တော်အားကျမိတာပါ။
(၂) ဒုတိယအချက်ကလည်း သိပ်တော့မကွာလှပါဘူး။ ရှေးကုသိုလ် အရှိန်အ၀ါပါပဲ။
"သွားလေရာ ခလုတ်မထိ ဆူးမညှိပါစေနဲ့ "လို့ လူကြီးသူမများက ကျွန်တော်တို့ကို ဆုတောင်းပေးခဲ့ဘူးတယ် မဟုတ်လား။
သူတို့ဘ၀ကို စဉ်းစားကြည့်..ခလုတ်ထိ ခဲ့မယ်။ ဆူးညှိခဲ့မှာပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ သွားသော ခရီးအတွက် လေယာဉ်၊ ကား အဆင်သင့်(တံခါးတောင် ဖွင့်စရာမလို)၊ နင်းမဲ့ မြေက ကောဇောနီအဆင်သင့်၊ စားဖို့ဆိုရင်လည်း ကောင်းပေ့ညွှန့်ပေ့ဆိုတာ ဟာတွေက အဆင့်သင့်၊ သွားလေရာမှာရော အိမ်မှာရော အဆင်သင့်။
ကျွန်တော်ဆိုရင် တစ်လလုံးလုပ်မှ ဒီလခ လေးရတာ။ ဒီလခလေးရမှ ထမင်းစားရတာလေ။ တချို့ဆို ထမင်းတစ်လုတ်၊ အ၀တ်တစ်ဆင်စာအတွက် ဘယ်လောက်ရုန်းကန်ရသလဲ။
ဒါကလဲ အတိတ်က ကုသိုလ်ကြောင့် ရတာမဟုတ်ဘူးလို့ ပြောနိုင်သလား။ ဒီလို နေနိုင်ဖို့၊ စားနိုင်ဖို့ ဆိုတာ တော်ရုံဘုန်းကံနဲ့ မလွယ်လှဘူးလေ။
ဒီတော့ ကျွန်တော်အားကျမိတာပေါ့။ သွားမယ်ဟေ့ဆိုရင် အဆင်သင့်၊ စားမယ်ဟေ့ ဆိုရင်လဲ အဆင်သင့်ဆိုတဲ့ ဘ၀ ကျွန်တော်ကတော့ လိုချင်မိတာပါပဲ။ ( အင်း…မသန့်ရှင်းတဲ့ နေရာ၊ မသန့်ရှင်းတဲ့ အစာ တို့ကတော့ မယူ၊ မနေ၊ မစားဘူးကွ..လို့ ကြွေးကြော်ကြဦးမယ်မဟုတ်လား
(၃) ဆိုးတဲ့အချက်ကတော့ သိပြီးမို့ မပြောတော့ပါဘူး။ ဒါကိုလည်း ကျွန်တော် အားမကျပါဘူး။
အဲ အားကျတဲ့ နောက်တစ်ချက်က လှူချင်တိုင်း လှူနိုင်တာပါပဲ။ မစင်ကြယ်တဲ့ ၀တ္ထုနဲ့ လှူတာ ကုသိုလ်ပေး အကျိုးပေးသန်ချင်မှ သန်ပါလိမ့်မယ်။ သို့သော်လည်း ဗုဒ္ဓဘာသာဝင်ပီပီ လှူတဲ့အချိန်လေး တော့ ကုသိုလ်စိတ်လေးတော့ ဖြစ်နေမိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီတော့ ဒီကုသိုလ်စိတ်လေးက ထပ်ပြီး သူ့ကိုအကျိုးပေးနေမှာ မဟုတ်ဘူးလား။
ရွှေတိဂုံစေတီတော်မြတ်ကြီး ထီးတော်တင်၊ စိန်ဖူးတော်တင် လှူကြတာကို မြန်မာ့အသံကနေ ကျွန်တော်ကြည့်ရတယ်။ မှတ်မှတ်ရရ ဦးခင်ညွှန့်က တစ်ခါတည်း သူ့လက်စွပ်ကို ချွတ်ပြီး လှူလိုက်တာ တွေ့မြင်လိုက်ရတာ။
သြော် ..ကျွန်တော်လည်း လှူချင်စိတ်က တဖွားဖွားပေါ်မိလိုက်တယ်။
ခုဆိုကြည့်လေ..မရှိလို့မလှူ
ဒီတော့ကား..လှူဒါန်းမှုကုသို
(၄) နောက်ဆုံးတစ်ချက်ကတော့ နှစ်များစွာ နိုင်ငံတော်ကို အုပ်ချုပ်နိုင်ခြင်းပါပဲ။
ဟ… အုပ်ချုပ်နိုင်မှာပေါ့..လက်
ဟုတ်တယ်လေ..ဒီလိုအုပ်ချုပ်န
ဟော..ခုမအုပ်ချုပ်ပဲ..နေတာေ
လိမ်မယ်ဆိုလည်း ပိပိရိရိလိမ်လို့ ဆိုတယ်မဟုတ်ပါလား။ ဘယ်လောက်ပိရိသလဲ။ ဘယ်လောက်သေသပ်သလဲ။ ပြီးတော့ ဘယ်လောက်အုပ်ချုပ်နိုင်စွမ်
ဒီတော့ အကွက်ကျကျ စီမံအုပ်ချုပ်နိုင်တဲ့ ဥာဏ်ကို အားကျမိတာပါ။ အာဏာကြီးခဲ့တာကို အားကျမိတာပေါ့။
ဒါတွေကိုရေးတော့ အဇာတသတ်ဆရာတင်မှားပြီလို့ ဆိုကြမှာပါပဲ။ ဘယ်သို့ပင်ဆိုစေ ကျွန်တော်ကတော့ အားကျမိတဲ့ အချက်တွေထဲမှာ အားကျနိုင်လောက်တဲ့အထိ ဖြစ်နိင်အောင် ကြိုးစား သွားရမှာပါပဲ။
သံသရာဆိုတာ အရှည်ကြီးလေ။ ကျိန်းသေတာက ဒီတစ်ဘ၀နဲ့ ပြတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးလို့ ထင်ပါတယ်။ ဒီတော့ သံသရာမှာ ကောင်းကောင်းနေ၊ ကောင်းကောင်းစားချင်မိတာပါ။
ရှေးကကောင်းလို့ ခုကောင်းတယ် မဟုတ်လား။ ခုကောင်းနေချိန်မှာ ဆက်ကောင်းအောင် ကြိုးစားဖို့ အဘက သင်ပေးတယ်။ ခုကောင်းမှလည်း နောင်ကောင်းအောင် အဘက ပြသွားတယ်။ ခုမကောင်းရင် နောင်မကောင်းတာက ကျိန်းသေလို့ သက်သေပြနေရဲ့မဟုတ်လား။ (ကြည့်လေ..သေပြီဆိုရင်တောင်
ဒီတော့ ရှေးဘ၀ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ယခုဘ၀ ကောင်းခြင်း၊ ဆိုးခြင်းကို ပြသခဲ့တဲ့ နှစ်ဘ၀စာ အဘရွှေထဲက ကျွန်တော်အားကျမိတဲ့အချက်လေ
(ဝေဖန်အကြံပြုသူများအား…အထူ
********
မောင်ပိုင်
၁၀-၁-၂၀၁၅။
(စာမရေးဖြစ်တာကြာပြီ ၂၀၁၅ ကို
အဘရွှေနဲ့ စဖွင့်လိုက်တယ်..ဒန် ..တန့်..တန့်)