
ဗုဒ္ဓဘာသာဝင်လို့ ကိုယ့်ကိုယ်ကိုခံယူထားသူတွေ အတွက် ကိုယ်တွေ့နှင့်ယှဉ်သောအတွေ့ အကြုံလေးတွေဝေမျှ ချင်ပါတယ်။
ကျွန်တော်နားလည်ထားချက်အရဆိုရင် ဗုဒ္ဓ ဘုရားရှင်ဟာ ဿာသနာတစ်ခုထူထောင်တယ် ဘာသာတစ်ခု တည်ထောင်တယ် လို့အများသိထားကြပေမယ့် ဒီထက်ပိုလေးနက်သော အကြောင်း အရာတွေ ရှိပါတယ် ဘုရားဟောသုတ္တံတွေ မှာ ပါလေ့ရှိသော ဆုံးမစကားများအရ ဘုရားရှင်အရင် ပွင့်တော်မူပြီးသော နောင်တော် ဘုရားတို့သည်လည်း ထိုသို့ဟောတော်မူအပ်သည်ဖြစ်သည် ဟုထည့်သွင်းဖေါ်ပြထားခြင်းမျိုးရှိပါတယ် ဆိုလိုရင်း ကတော့ ဗုဒ္ဓဘုရားဟောတရားများသည် ယခုမှ တီထွင်ဟောကြားခြင်း မျိုးမဟုတ်ပဲ ကမ္ဘာတိုင်းကမ္ဘာတိုင်းပွင့်တော် မူခဲ့သည့် ဘုရားရှင် အဆက်ဆက် ထပ်တူထပ်မျှ ဟောဖေါ်ညွန်ပြဆို ဆုံးမထားခဲ့သော အဆုံးအမများလို့ ဆိုလိုခြင်ြး ဖစ် ပါသည်။
ဘာကြောင့်ထပ်တူညီရသလဲဆိုသော အကြောင်းပြချက် ရှိပါတယ် ဘုရားရှင်တို့၏ ဆိုဆုံးမချက်များ ကျင့်ကြံအားထုတ်မှုများ သည် သာမန်လူသားတို့ကြံစီ အားထုတ် တွေးခေါ်ယုံမျှ နှင့် ရရှိလာ သော ဒဿနများ မဟုတ်ကြပဲ လောကကြီး တွင်ဖြစ်/ပျက်နေသော သဘာဝတရားကြီး၏ လျှို့ဝှက်ချက်များကို အဖန်တလဲလဲ ကျင့်ကြံဆည်းပူးဖြည့်ဆည်းအားထုတ်ခြင်းမှ တွေ့ရှိ ဖေါ်ထုတ်ထား ခြင်းဖြစ်သောကြောင့်သာ ထပ်တူ ထပ်မျှုဖြစ်နေ ရခြင်း ဖြစ်ပါသည်။
ဒါကြောင့်ဗုဒ္ဓဘာသာကိုလေ့လာလိုက်စားတော့မယ်ဆိုရင်သာမန် ဒဿနတွေကိုလေ့လာတဲ့အမြင် လောက်နဲ့စူးစမ်းမယ်ဆိုအနှစ်သာရ ကိုရှာတွေ့မှာမဟုတ်သလို ဆုံးခန်းတိုင်မှာလည်းမဟုတ်ပါဘူး ဗုဒ္ဓဘာသာမှာလည်းကျွန်တော်တို့ကျောင်းသင်ခန်းစာတွေသင်သလို စာတွေ့ လက်တွေ့ နှစ်မျိုး သင်ယူရပါတယ် လက်တွေ့မပါတဲ့စာတွေ့ဟာအမှန်တကယ်မခံစားရသလို စာတွေ့ သီအိုရီဥာဏ် ပညာ၏ထိန်းကြောင်းမှုမပါရင် လုပ်သာလုပ်ပြီး အကျိုးသက်ရောက်မှုရှိသင့်သလောက်ရှိမလာပါဘူး ဥပမာအားဖြင့် ဗုဒ္ဓဘာသာဖြစ်လာပြီဆိုရင် ကံ နှင့် ကံ၏အကျိုး ကိုယုံကြည် ရမယ်ဆိုတာ အားလုံး အလွယ်တကူသိနိုင်ကြပါတယ် ကံ နှင့် ကံ၏အကျိုးလို့ဆိုလိုက်တာနဲ့ အားလုံးက ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် ကိုယ်ပြုသောကံကိုယ်သာခံ သတ္တ၀ါ တစ်ခုကံတစ်ခု စသဖြင့်ယေဘုယျဆန်သော သီအိုရီများကိုသာအပေါ်ယံကြော ကိုသာသိတတ်ကြပါတယ် တကယ်တော့အသေးစိတ်အားဖြင့် ကံ ဆိုသည်မှာအဘယ်နည်း ကံမြောက်စေရန်မည်သို့အားထုတ်ရ မည်နည်း ကုသိုလ်ကံ ကားမည်သို့ အကုသိုလ်ကံကားမည်သို့ အသေးစိတ်သိရှိထားရန်လိုအပ်ပါသည် ထို့အတူကံ၏အကျိုးပေးပုံ သည် ရိုးရှင်းလှသည်မဟုတ်ပဲ ထူးခြားဆန်းကြယ်လှသဖြင့် ဘုရားရှင်မှလွဲ လို့ကျန်ပုဂ္ဂိုလ်များကြံစည်တွေးတောရန် ခက်ခဲကြောင်းကျမ်းဂန်များမှာဆိုပါတယ် ။
သို့သော်လည်းသာမန်လူတို့နားလည်နိုင်သောကံ၏အကျိုးပေးပုံများကို သုတ္တံတွေမှာထည့်သွင်း ဟောကြားခြင်းဖြင့် ဥပမာပေးညွန်ပြခဲ့သလို အဘိဓမ္မာကျမ်းထဲမှာလည်း စိတ် စေတသိတ်တို့ အကြောင်း ဇောစိတ်များအကြောင်းအသေးစိတ်ခွဲခြမ်းစိတ်ဖြာပြကာ ကံအကျိုးပေးပုံ ပေးနည်း များကို ဟောပြခဲ့ပါတယ်။ သာမန်လူတွေတွေးနေသလိုကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုပေမယ့် ဘုရားဖူးသွားတဲ့လူတွေကားမှောက်သေတာရှိပြီး ၀က်သတ်ရောင်းတဲ့လူ အရက်ကုမ္ပဏီတွေချမ်းသာလာ တာဘာ့ကြောင့်လည်းဆိုတာမျိုးတွေသံသယ၀င်စရာဖြစ်တတ်ပါတယ်။ ကံဟာပြုပြုချင်း အကျိုးပေးနိုင် တဲ့အခြေအနေမျိုး ကိုက်ညီရန် အခွင့်အလမ်းနည်းပါတယ် ဘုရားရဟန္တာလို ပုဂ္ဂိုလ်မျိုးဈာန်ဝင်စားရာမှ ထမြောက်တဲ့အချိန်မျိုး လှုဖွယ်ဝတ္ထု၏စင်ကြယ်မှု လှုသည့်ပုဂ္ဂိုလ်သဒ္ဓါတရားအရ ဒိဌဓမ္မအကျိုးပေး တာပါ ကျန်သောပြုသည့်ကံများဟာ အခြေအနေအလိုက်ရက်လနှစ် နောင်တမလွန်တွေမှပဲ စိတ်နေ စိတ်ထား (ဇောစိတ်တွေ)ပေါ်မူ တည်ပြီးအကျိုးပေးပါတယ် အကျိုးပေးတဲ့နေရာမှာ ဆပွားအကျိုးပေး တာရှိသလိုလျော့နည်းအကျိုးပေးတာလည်းရှိပါတယ်။ ရှေ့ဘ၀ကုသိုလ်နှင့်ဒီဘ၀ကုသိုလ်ရောပြွမ်းပြီး အကျိုးပေးတာမျိုးရှိနိုင် သလို ကုသိုလ်နှင့်အကုသိုလ် အားပြိုင်ပြီးအနည်းအများကိုလိုက်ပြီး လွှမ်းမိုးမှု ရှိပြီး ခံရသက်သာတာ ပိုရတာမျိုးလည်းရှိနိုင်ပါသတဲ့။
ဒီနေရာမှာပြောစရာရှိပါတယ် ဗုဒ္ဓဘာသာကိုကိုးကွယ်မှ ဒီ ကံ နှင့် ကံ၏အကျိုးကိုခံစားရမှာ လား ဘာသာခြားကိုးကွယ်သူတွေရော အကျိုးမခံစားရဘူးလားမေးစရာရှိပါတယ်။ သဘာဝတရားကြီး ၏စီမံရာဖြစ်သဖြင့် သတ္တ၀ါအားလုံး (၃၁)ဘုံကျင်လည်ရာလူနတ်ဗြဟ္မာ တိရိစ္ဆာန် ပြိတ္တာအသူရကာယ် အားလုံးခံစားရပြီး အကျိုးသက်ရောက်မှုရှိပါတယ် ဗုဒ္ဓဘာသာလို့အမည်မတတ်ပဲ ကျင့်ကြံနေတဲ့လမ်း စဉ်သာဘုရားဟောနှင့် ညီခဲ့တူခဲ့လျင် အောက်ဆင့်ဗြဟ္မာ့ဘုံအထိ ဈာန်ရပုဂ္ဂိုလ်အထိရောက်နိုင်ပါတယ် နိဗ္ဗာန်ရဖို့သာ ရတနာသုံးပါးကို ကြည်ညိုသဒ္ဓါမရှိတဲ့အတွက် မဖြစ်နိုင်တာပါ။ ဆိုလိုချင်တာက သဘာဝတရားကြီး၏အကျိုးအပြစ်များ ကိုလူမျိုးဘာသာမရွေးခံစားနိုင်ကြောင်းဆိုထားခဲ့ပါတယ်။
ဗုဒ္ဓ၏ဆိုဆုံးမမှုများကိုလိုက်နာရာမှာ ကိုယ်နှုတ်နှလုံးသုံးပါး (ကာယကံ၊ ၀စီကံ ၊မနောကံ)တို့ အနက် မနောကံ (စိတ်) ကအများကြီးဦးဆောင်နေတာကိုတွေ့ရပါတယ။်ဒါ့ကြောင့်ရှေးလူကြီးများ ကစိတ် ထားတတ်ရင်မြတ်တယ် လို့ဆိုကြတာပါ။ ဒါကြောင့်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲတာပဲဖြစ်ဖြစ် မိမိပါတ် ၀န်းကျင် (မိဘဆွေမျိုး သားသမီးမိတ်ဆွေ)ကိုပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုပြုနိုင်ရင် ကျန် ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲရန်လွယ်ကူသွားတာကိုတွေ့ရပါလိမ့်မယ်။
စိတ်ပိုင်းဆိုင်ရာလက်တွေ့ကျင့်စဉ်များအနေနှင့် မေတ္တာထားခြင်း သမထအကျင့် ၀ိပဿနာ အကျင့်ကျင့်ကြံခြင်းကဲ့သို့ အကျင့်ကောင်းများများစွာရှိပါတယ် ဒါတွေလက်တွေ့ကျင့်နိုင် လာတဲ့အခါ မူလကနားလည်ထားတဲ့စာတွေ့တွေဟာလက် တွေ့ နှင့်ပေါင်းစပ်ပြီးပိုသဘောပေါက်လွယ်ပြီး ကိုယ်တွေ့ သဘောတရားများဖြစ်ပြီးဘ၀တစ်သက်တာစွဲမြဲသွားတတ်တဲ့အပြင် နောင်သံသရာအထိပါ အထုံပါရမီ အနေဖြင့်ပါသွားတတ်ပါတယ်။
လက်တွေ့ကျင့်စဉ်များထဲမှမေတ္တာထားပုံအကြောင်းအကျဉ်းမျှဆွေးနွေးလိုပါတယ် မေတ္တာ သည်ပေးလို့ယူလို့ရသော အကောင်အထည်မရှိ ပါဘူး အကျင့်ကောင်းတစ်ခုဖြစ်ပါတယ် မေတ္တာ ကထားချင်တဲ့အချိန်ကျမှ ထားလိုက်ပြီးကျန်တဲ့အချိန်မေ့ထားလို့မရပါဘူး မေတ္တာထားချင်သော ယုံကြည်သဒ္ဓါ စိတ်ရှိတယ်ဆိုရင် မေတ္တာထားတတ်အောင် ကျင့်ကြံနေထိုင်မှသာလျှင် မိမိထားသောမေတ္တာစိတ်ကို သတ္တ၀ါများက ခံစားသိရှိပြီးတုန့်ပြန်ကြမှာဖြစ်ပါတယ် ခန္ဒသုတ်ပရိတ်ရွတ် လျင်မြွေအန္တရာယ်ကင်း တယ်ဆိုတာ သတ္တ၀ါတွေကိုမေတ္တာ ထားတာသိလို့ သတ္တ၀ါတွေက ရန်မပြုတဲ့သဘောပါ။ မေတ္တာ ပွားများချင်သူများအတွက် ကျင့်ကြံရမယ့် လိုက်နာရန်အချက်များ ကတော့ မေတ္တာသုတ်ပရိတ်တော် ထဲမှာပါ ပါတယ် ထားပုံထားနည်း (ထားရှိရမယ့်ပုံစံလည်း)ပါ ပါတယ်။ပြည့်စုံရမည့်အချက်များကတော့ အကျိုးစီးပွား၌လိမ္မာရာ၏ ဖြောင့်မတ်ရာ၏ ကောင်းစွာဖြောင့်မတ်ရာ၏ ပညာရှိတို့၏ဆုံးမနာယူလွယ် ရာ၏ နူးညံ့သိမ်မွေ့ရာ၏ အမူအရာ မကြမ်းတမ်းစေရာ၏ မာန်မာနမထားရာ၏ ရောင့်ရဲလွယ်ရာ၏ သူတစ်ပါးတို့ကပြုစုလွယ်မွေးမြူလွယ်ရာ၏ ကိစ္စနည်းစေရာ၏ အသက်မွေးမှုပေါ့ပါးစေခြင်းရှိရာ၏ မျက်စေ့စသောက္ကနြေ္ဒတည်ငြိမ်မှုရှိရာ၏ ရင့်ကျက်သောပညာရှိရာ၏ ဆွေမျိုးများ၌သံယောဇဉ်ထားလွန်းခြင်းမဖြစ်စေရာ၏ မေတ္တာထားပုံထားနည်းကတော့ အကျယ်မပြောတော့ ပါဘူး အကြမ်းမျဉ်းကတော့ မိမိရင်မှဖြစ်သော တစ်ဦးတည်းသောသားကိုမေတ္တာ ထားပုံမျိုးကျန်သူတွေ အပေါ်ကိုထားနိုင်ရင် အတိုင်းထက်အလွန်ပါတဲ့။
ဒါကအမြည်းသဘောမျိုးဆွေးနွေးကြည့်တာပါ တကယ် အသေးစိတ် သိချင်ရင် သာသနာရေးဝန် ကြီးဌာနက စိစစ်ပြီး သာ ဿနာတော်ထွန်းကားပြန်ပွါးရေးဦးစီးဌာနက ထုတ်ဝေသော ဗုဒ္ဓဘာသာကောင်း တစ်ယောက် စာအုပ်ကိုလေ့လာစေချင်ပါတယ်။ဒီစာအုပ် ကပိတက္ကဋ်သုံးပုံနှင့် ညီအောင်စိစစ် သုတ်သင်ပြီးသားဖြစ်တဲ့အတွက် ၀ိဝါဒမကွဲပဲ လိုက်နာနိုင်တဲ့ စာလုံးပေါင်းသတ်ပုံကျမ်းနှင့်အလား သဏ္ဍာန်တူ ပါတယ် ။
ဒါကြောင့်ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်ချင်သူများဟာ မိမိကိုးကွယ်ရာဘာသာ တရား ၏အနှစ်သာရများကို ခံစားနိုင်ကြ စေရန်အတွက် သာမန်အသိလောက်နှင့် လမ်းတစ်ဝက် တွင်ရပ်မနေ ပဲ လမ်းဆက်လျှောက်ပြီး ထဲထဲဝင်ဝင်လေ့လာခြင်းဖြင့် အသီးအပွင့် များခံစားရ စေရန်တိုက်တွန်းချင် ပါတယ်။
Wunnaphe Thaw