Quantcast
Viewing all articles
Browse latest Browse all 1811

သွေးနဲ့၇င်းတဲ့မြေ (၁၃)



ဗိုလ်ချုပ်မောင်လှသည် အခြေအနေအားသုံးသပ်ချက်ဆွဲကြည့်သည်။

ရန်သူသည်မိမိတို့အားပထ၀ီအငိုက် လူအငိုက် သတင်းအငိုက်ဖမ်းကာ မိမိအားချေမှုန်းခြင်းဖြစ်သည်။

သာမန်စခန်းသိမ်းတိုက်ပွဲတိုက်ဖော်ခြင်းသက်သက်မဟုတ်ပဲနယ်မြေသိမ်း စစ်ဆဆင်ရေးတစ်ရပ်ဆင်နွဲခြင်းဖြစ်သည်။

မြိုကပြဒေသများတွင်၈၈ အရေးကြီးအရှိန်မြင့်နေစဉ် ဗကပများမိုင်းယမ်း ဒေသအားအကြီးအကျယ်
ထိုးစစ်ဆင်နေချိန် တိုက်ခိုက်ရေးတပ်မအချို့ မြို့ပေါ်ရောက်နေချိန် တပ်မ (၄၄)နှုင့် တပ်မ(၆၆) တပ်လဲလှယ်စဉ်ကလ စသည်စသည်များသည် အကြောင်းတိုက်ဆိုင်ခြင်းသက်သက်မဟုတ်

တပ်လဲလှယ်မှုကာလမပြီးစီးမီ တိုက်ပွဲနှင့်ရင်ဆိုင်ရချိန်တွင် တပ်များ အုပ်ချုပ်မှု ရှုပ်ထွေးကုန်သည်။
တပ်မ(၄၄)တပ်များက တပ်မ(၆၆)ကွပ်ကဲမှုအောက်ရောက်သည့်တပ်ကရောက်ဖြစ်ကုန်သည်။

ဗိုလ်ချုပ်မောင်လှသည် ခေါင်းဆောင်မှုလျော့ရဲနေသည်ကိုသုံးသပ်မိသည်။အဆိုးဆုံးမှာအုပ်ချုပ်ထောက်ပံ့မှု 

နိုဝင်ဘာလ(၁၀)ရက်နေ့တွင် ဘားအံသို့ရောက်ရှိပီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဥာဏ်လင်း(စတသ-၁) တပ်မ(၄၄)တပ်မမှူး တပ်မ(၆၆)တပ်မမှုးတို့နှင့်တွေ့ဆုံကာအသေးစိတ်ညှိနှိုင်းသည်။

နိုဝင်ဘာလ(၁၄)ရက်နေ့တွင် ရှမ်းရွာသစ်သို့ရောက်ရှိကာ တိုက်ပွဲဝင်တပ်မှုးများအား
အသေးစိတ်ညွှန်ကြားသည်။

ဒီတိုက်ပွဲမှာစစ်ရေးသက်သက်မဟုတ်ဘူးနိုင်ငံရေးပါတယ် ဒီမဲသဝေါကျရင် ကမ္ဘာသိကြေငြာလိမ့်မယ် ရှုံူးလို့မဖြစ်ဘူး တပ်မတော်ရဲ့သိက္ခာနိုင်ငံရဲ့သိက္ခာ ကျခံလို့မဖြစ်ဘူး
ခင်ဗျားတို့နဲ့အတူတူကျုပ်စစ်မြေပြင်မှာရှိမယ်နိုင်အောင်တိုက် လိုတာအကုန်ဖြည့်ပေးမယ် မနိုင်လို့ကတော့ကျုပ်လဲထွက်စာတင်မယ်ခင်ဗျားတို့လဲထွက်ဖို့ပြင်

ဗိုလ်ချုပ်လှသည်မိမိကိုယ်ကိုပါအမိန့်ပေးလိုက်ခြင်းပင်တည်း

တိုက်ပွဲသည် ရန်သူ့ဘက်တွင်အကဲသာနေဆဲ ခလရ(၇၈)နှင့် (၈၁)၏ တန်ပြန်တိုက်စစ်သည်မအောင်မြင် ထို့ောကာင့်တပ်မ(၄၄)၏ ခမရ(၇)သည်
အဆိုပါတပ်များ၏ ရင်ဆိုင်ခြေကုပ်များတွင်ဝင်ရောက်အားဖြည့်ကာ ပွိုင့် ၁၇၇၈ အားရင်ဆိုင်
ထားရသည်။

မောရလီတောင်ကြောတွင် ခမရ(၃) ခလရ(၇၅)နှုင့် ခလရ(၇၆) တို့သည်လည်း ရန်သူ အင်အား၁၀၀၀ခန့်၏ ၀ိုင်းပတ်မှုကိုခံထားရဆဲ--------

မောရလီတွင်အခြေအနေဆိုးနေဆဲ ကဆာနလီတောင်ကြောကြီးပေါ်မှ ရန်သူသည်ပွိုင်ံ ၁၆၀၁မှဆင့်ခြေကုပ်ယူကာ အပြင်းအထန်တိုက်သည်။ တချိန်တည်းမှာပင်ပွိုင့် ၈၆၅ အားလက်နက်ကြီးများ RPG များဖြင့် ဆက်တိုက်ပစ်သည်။ေ၇ှ့တန်း ကွပ်ကဲမှု ဌာနချုပ်ဖြစ်သော ပွိုင့် ၈၆၅ တွင်လုံခြုံရေးယူထားသော ခလရ(၈၂)မှစစ်သည်များ ထိခိုက်ကုန်သည်။

ပွိုင့် ၈၆၅ နှင့်ရှမ်းရွာသစ်ကြားတောက်လျောက် လူအားဖြင့်လူနာသယ်ပို့ရသည် အသွားတွင်လူနာသယ်အပြန်တွင် ခဲယမ်း ရိက္ခာသယ်ရသည်။လမ်းတလျောက်ရန်သူကချုံခိုတိုက်သည် မိုင်းဆွဲသည် ပိတ်ဆို့သည်
လုံးဝခရီးမတွင် ။

ဗိုလ်ချုပ်မောင်လှသည် ခေါင်းဆောင်မှုအားနည်းချက်ကိုသုံးသပ်ကာချက်ချင်းပင်စိတ်ဓာတ်ကျနေသောအရာရှိများ
ဆက်လက်တိုက်ပွဲဝင်လိုစိတ်မရှိတော့သောအရာရှိများအား ပြန်ပို့စေသည်။ တပ်ရင်းမှူး အသစ်များ အားရဟတ်ယာဉ်ဖြင့်ခေါ်ယူကာခေါင်းဆောင်မှုအားသွေးသစ်လောင်းသည်။

ရှမ်းရွာသစ်နှင့် ပွိင့် ၈၆၅ ဆက်သွယ်ရေးလမ်းကောင်းဖို့ကအဓိကကျသည် ရှမ်းရွာသစ်ဆီသို့ ရဟတ်ယာဉ်ဖြင့် ရိကွာခဲယမ်းပို့ ကာအပြန်တွင် လူနာသယ်သည် ရှေ့တန်းကွပ်ကဲမှု ပွိုင့် ၈၆၅ သို့ ရဟတ်ယာဉ်မဆင်းနိုင် ထို့ကြောင့်ရှမ်းရွာသစ်အထိ လူအားဖြင့်သယ်ရသည် ခရီးမတွင် လမ်းတွင်လူနာပို့ရင်း မိုင်းနင်းသဖြင့်လူနာထပ်တိုးရသည်မှာအများအပြား------

ထို့ကြောင့် ရှမ်းရွသြစ်မှပွိုင့် ၈၆၅ဆက်သွယ်ရေးလမ်းအားချက်ချင်းပင်ကားလမ်းဖောက်ခိုင်းသည်။
BE တပ်မှစစ်သည်များနေ့ည မရွေးအားချင်းစက်ကြီးများဖြင့် ဖောက်သည်။လမ်းလုံခြုံရေးအတွက်
ရတခမှစစ်ဗျူဟာတစ်ခု ချကာ ရန်သူ့ဖြတ်တောက်ရေး ဖြစ်သောဂျော်ဖြူတပ်ဖွဲ့ များအား မောင်းထုတ်သည်။

ထိုကာလအတွင်း ရှေ့တန်းတပ်များသည် မိမိတို့ခြေကုပ်များအားခိုင်မြဲအောင်ကြိုးစားကာ
ရန်သူ့တိုက်စစ်ကိုထိန်းချုပ်သည်။ လက်ရွေးစင် အဖွဲ့ငယ်များဖြင့်တန်ပြန်တိုက်စစ်လုပ်ကာ
ခြေကုပ်များအားချဲ့သည်။ရန်သူကတော့လက်နက်ကြီးမိုးရွာနေတုံး-----------

(ဇာတ်သိမ်းပိုင်းဆက်ရန်)

(ကြယ်နီ)

Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...