Quantcast
Viewing all articles
Browse latest Browse all 1811

ပြည်တွင်းသောင်းကျန်းမှုအစ၊ ဘယ်က? (၁)

Image may be NSFW.
Clik here to view.
Lay Lwin Maf's photo.

အပိုင်း(၄၄)၊အခန်း(ခ)။

နောက်တခါ-အမေရိကန်ကမြန်မာကိုစစ်ပစ္စည်းအချို့လက်ဆောင်ပေးအပ်ခဲ့တယ် ဆိုရာမှာမြန်မာလွပ်လပ်ရေးရပြီးစ၊အဲဒီအချိန်က ကမ္ဘာ့ကုလသမဂ္ဂမှာအခြေအတင် ဖြစ်နေတဲ့ ကိုရီးယားစစ်ပွဲနဲ့ပါတ်သက်လို့ ဆုံးဖြတ်ချက်(၉)ခုရှိ တဲ့အနက်(၇)ခုကို မြန်မာကအမေရိကန်အလိုကျလိုက်ပါထောက်ခံပေးပြီး ကျန်အဆို(၂)ခုကိုကြားနေ မဲပေးလိုက်တာလည်း အကြောင်းတခုအပါအ၀င်ဖြစ်ပါတယ်။


(ဒါပေမဲ့ ၁၉၅၁ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့မှာချမှတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ဆုံးဖြတ် ချက်အရ တရုပ်နိုင်ငံဟာ ကိုရီးယားစစ်ပွဲမှာကျူးကျော်ရန်စသူဖြစ်တယ်ဆိုတဲ့အဆိုကို ကျတော့ မြန်မာကအတိအလင်းကန့်ကွက်ရင်း အနောက်နိုင်ငံတွေရဲ့ ဗိုလ်ကျလွှမ်း မိုးမှုကိုဆန့်ကျင်ပြခဲ့ပြန်ပါတယ်)။

တရုပ်အမျိးသားရေးပါတီ(Chinese Nationalist Party) ခေါ် တရုပ်ဖြူကူမင်တန် (Kuomington) တွေအနေနဲ့ တရုပ်ပြည်ကို ၁၉၁၆ ခုနှစ်လောက်ကထဲကအုပ်ချုပ် လာခဲ့ရာမှာ အရင်းရှင်စနစ်အခြေခံခဲ့မှုကြောင့်ပြည်သူတွေကြား ဆင်းရဲချမ်းသာ ကွာ ဟလာပြီး နောက်ဆုံးမှာ မော်စီတုံးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီရဲ့ပစ္စည်းမဲ့တော် လှန်ရေးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။

ဒီလိုနဲ့ပြည်သူတွေထောက်ခံတဲ့ကွန်မြူနစ်တွေစစ်ပွဲအလီလီနိုင်ပြီးမြို့ရွာပြည်နယ်သိမ်းပိုက်လာလိုက်တာ တရုတ်ဖြူ ကူမင်တန်တပ်ဖွဲ့တွေတဆုတ်တည်း ဆုတ်ခွာလာ ရင်း တောင်ပိုင်း ယူနန်ပြည်နယ်ကိုရောက်လာခဲ့ရတယ်။ တောင်ပိုင်း ယူနန်နယ် ဟာ တောတောင်သစ်တောထူထပ်ဖုံးလွှမ်းပြီး စစ်ရေးစစ်ရာအရတိုက်ခိုက်ဘို့ခက်ခဲ တဲ့အပြင် ယူနန်နယ်သားတွေကိုယ်တိုင် ကူမင်တန်တပ်ထဲမှာအများအပြားရှိနေ တာကြောင့် ကွန်မြူနစ်တပ်ဖွဲ့တွေ မြို့တော် ကူမင်းထဲကိုချက်ချင်း မ၀င်ရောက်နိုင်ခဲ့ ပါဘူး။ တဖြည်းဖြည်းချင်းသာအောင်နိုင်ခဲ့ပါတယ်။
Image may be NSFW.
Clik here to view.
Lay Lwin Maf's photo.
တရုပ်ပြည်မကြီးထဲမှာ ကူမင်တန်တပ်တွေအပေါ်အနိုင်ရရှိလာခဲ့တဲ့တရုပ်ကွန်မြူနစ် ပါတီအနေနဲ့၁၉၄၉ ခုနှစ်အောက်တိုဘာလ(၁) ရက်နေ့မှာ လွပ်လပ်သောတရုတ် ပြည်သူ့သမ္မတနိုင်ငံအဖြစ်ကြေငြာတဲ့အခါ မြန်မာအစိုးရကဦးဆုံးအသိအမှတ်ပြုခဲ့ တဲ့အတွက် ကွန်မြူနစ်မဟုတ်တဲ့နိုင်ငံတွေထဲက ပထမဆုံးသော အသိအမှတ်ပြုနိုင် ငံဖြစ်လာခဲ့ပါတယ်။ (ဒါကို တရုတ်အစိုးရမမေ့သင့်ပါ)။

အဲသလို တဖက်က ကွန်မြူနစ်တရုပ်နိုင်ငံကိုအသိအမှတ်ပြုခဲ့တာကြောင့် နောက် တနေ့မှာဘဲ ဖော်မိုဆာမှာရှိတဲ့ တရုပ်ဖြူချန်ကေရှိတ်အစိုးရက မြန်မာကိုသံတမန် အဆက်အသွယ်ဖြတ်တောက်လိုက်ပါတော့တယ်။ ဒီကနေ့ထိပြန်မဆက်တော့ပါဘူး။

မြန်မာအနေနဲ့ တရုတ်ပြည်မကြီးအစိုးရကိုအသိအမှတ်ပြုခဲ့ပေမဲ့လည်း သံတမန် အဆက်အသွယ်ကိုတော့ နေ့ချင်းညချင်းမလုပ်သေးဘဲ နောက်ထပ် ၈-လအကြာ၊ ၁၉၅၀ ခုနှစ် ဇွန်လ ၈-ရက်နေ့ကျမှ စတင်ထူထောင်ဖြစ်ခဲ့ပါတယ်။ ဒါကိုကြည့် ရင် နိုင်ငံတခုခုနဲ့သံတမန်ဆက်ဆံရေးထူထောင်ကြတဲ့အခါ ကမ္ဘာ့နိုင်ငံရေးအခြေ အနေ၊ အချိန်အခါနဲ့ချိန်ထိုးကြည့်ဘို့လိုအပ်ကြောင်းနဲ့ဇွတ်တရွတ် ဂမူးရှူးထိုးလျှောက် လုပ်၊ လျှောက်ပြောလို့မရဘူးဆိုတာ သိသာနိုင်ပါတယ်။

(၁၉၈၃-ခုနှစ်မြောက်ကိုရီးယားနဲ့သံအဆက်ဖြတ်ခဲ့တာရော၊ ပြန်လည်ဆက်သွယ်ခဲ့ တာကိုပါချင့်ချိန်စဉ်းစားကြည့်ကြပါ)

တဖက်မှာမြန်မာပြည်တွင်းသောင်းကျန်းမှု အခြေအနေဟာလည်း လွပ်လပ်ရေးရ ချိန်နောက်ပိုင်း ဗမာ့သေနတ်ကိုင် တပ်ရင်း(၄)ရင်းလောက်နဲ့စုဖွဲ့ကာကွယ်တိုက် ခိုက်နှိမ်နင်းခဲ့တာကြောင့် ချုပ်ငြိမ်းမလိုဖြစ်ခဲ့ပြီးမှ ပြည်ပအနှောက်အယှက်၊ ပယော ဂတွေကြောင့် တဖြည်းဖြည်းပြန်လည်တိုးလာခဲ့ပါတယ်။ KNDO လှုပ်ရှားမှုကို အသင့်အတင့် တွန်းလှန်ထိန်းချုပ်နိုင်ခဲ့ပေမဲ့ လုံးဝပျောက်ကွယ်အောင်တော့ မဆောင်ရွက်နိုင်ပါဘူး။
Image may be NSFW.
Clik here to view.
Lay Lwin Maf's photo.
ဒီအခြေအနေကနေ မြွေပူရာကင်းမှောင့်ဖြစ်လာရတာက တရုပ်ပြည်ထဲမှာကူမင်တန် တရုတ်ဖြူ (KMT, Kuomington or Chinese Nationalist) တပ်ဖွဲ့တွေ စစ်ရှုံးပြီးေ တာင်ဖက်ကိုဆုတ်ခွာလာရာကနေ မြန်မာပြည်မြောက်ပိုင်းတခွင် ခြေကုတ်ယူ လှုပ်ရှားခဲ့တဲ့အချိန်ကစလို့ ပိုမိုရှုပ်ထွေးလာခဲ့တာပါ။

တကယ်တမ်းမြန်မာပြည်ထဲကိုတရားဝင်ဆုတ်ခွာလာတာမဟုတ်ဘဲ၊ ကူမင်တန်တပ် ရင်း ၂ ရင်းတောခိုသွားကြောင်းကြေငြာပြီးမှ တရားမ၀င် ၀င်ရောက်ခြေကုတ် ယူခဲ့ ကြတာပါ။ (အလားတူဘဲ၊ ဗကပခေတ်တုန်းကလည်း တရုပ်တပ်နီတော်တွေ တပ်မ ၂ ခုစာလောက်တောခို ကြောင်းကြေငြာပြီးဗကပလက်အောက်ချှိုဝင်ကာ မြန်မာ့တပ် မတော်ကိုရင်ဆိုင်တိုက်ခဲ့ကြပါသေးတယ်)

ကူမင်တန်တွေထဲမှာအများစုပါတာက ယူနန်ပြည်နယ်သားတွေပါ။ ဒါပေမဲ့ထူးထူး ခြားခြားနောက်ထပ်ပါဝင်လာတာက တရုပ်ပြည် အနောက်မြောက်ပိုင်းကဟွီးမွတ် ဆလင်(Hui Muslim)တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ပါဝင် ဖွဲ့စည်းထားတဲ့ ကွန်မင်တန်တပ်တွေမြန်မာမြောက်ပိုင်းနယ်စပ်ကိုဆုတ်ခွာလာရင်း အဲဒီတောင် တန်းဒေသတွေမှာ နေထိုင်တဲ့ ဒေသခံ ကချင်၊ရှမ်း၊ကရင်-စတဲ့လူမျိုးစုတွေနဲ့ မဟာ မိတ်စာချုပ်ချုပ်ဆိုကာ စီးပွားရေးနဲ့မူးရစ်ထုတ် လုပ်/ကုန်ကူးတဲ့ကိစ္စတွေမှာပါ ပါဝင် ပါတ်သက်လာစေခဲ့တာပါ။ (အဲဒီတုန်းက စခဲ့တဲ့မူးရစ်ဆေးဝါးထုတ်လုပ်တဲ့ အလေ့ အထက အခုထိစွဲကျန်သွားပါတော့တယ်)

တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့ကူမင်တန်တွေကိုတိုက်ခိုက်အနိုင်ရတာမို့ အောင်မြေချဲ့ထွင်ရင်း(လိုက်စစ်ဆင်ရင်း) ကိုးကန့်၊၀ဒေသတွေအထိသူ့တပ်တွေစေ လွှတ် တိုက်ခိုက်ခဲ့ပါတယ်။ တဖက်မှာ ကိုရီးယားစစ်ပွဲကရှိနေသေးတာ ကြောင့် ရှေ့ကို ဆက်မတိုးမလိုက်ဖြစ်ခဲ့ပါဘူ။

ကိုးကန့်၊၀ဒေသထဲကိုဝင်တာတောင်မှ မြန်မာကချက်ချင်းကန့်ကွက်လို့ အလျင်အမြန် ဆုတ်ခွာပေးခဲ့ပါတယ်။ အဲသည်အချိန်က တရုပ်-မြန်မာနယ်နိမိတ်အတိအကျမသတ် မှတ်ရသေးပါဘူး။ (အဲသလိုဆုတ်ခွာရင်း နောက်ချန်ထားခဲ့တဲ့ကွန်မြူနစ်ရဲဘော်ေ တွကကိုးကန့်၊ ၀နယ်မြေထဲမှာနေထိုင်ရင်း ၆၀-ခုနှစ်လွန် ဗကပလှုပ်ရှားမှူတွေပေါ်ေ ပါက်လာတဲ့အခါ အမာခံကေဒါတွေဖြစ်ကုန်ပြန်ပါတယ်)

ကူမင်တန်တပ်ဖွဲ့တွေကို General Limi ကခေါင်းဆောင်ပြီး ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်-စသဖြင့် နေရာအမျိုးမျိုး ရွှေ့ပြောင်းပြီးဌာနချုပ်ဖွင့်လှစ်ကာ သူ့တပ်ဖွဲ့ေ တွကိုတော့ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းမောဒေသတွေအထိဖြန့်ခွဲချ ထားခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်ဆန်းရောက်တဲ့အခါ သူ့အောက်မှာ အင်အား (၃၀,၀၀၀) လောက်ရှိနေ တဲ့အတွက်မြန်မာ တပ်တွေနဲ့ရင်ဆိုင်ရင်း မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို တဖြည်းဖြည်းချိန်းချောက်လာပါတော့တယ်။

ဒေသခံ ရှမ်းနဲ့ကချင်အုပ်စုငယ်တွေကိုဦးဆောင်စည်းရုံးလာနိုင်တဲ့အတွက် ခေတ်မှီ စစ်လက်နက်တွေတပ်ဆင်ပေး ရင်း မြန်မာအစိုးရကိုတန်ပြန်တိုက်ခိုက်စေကာ လွပ်လပ်သောသီးခြားနယ်မြေထူထောင်ဘို့စတင်လှုပ်ရှားခဲ့ပါတယ်။
သူ့တို့တပ်ဖွဲ့တွေကိုထိုင်ဝမ်မှာရှိတဲ့ချန်ကေရှိတ်အစိုးရနဲ့အမေရိကန်CIA ထောက်လှမ်းရေးအဖွဲ့တို့က လက်နက်/ရိ က္ခာ/ပစ္စည်း/ငွေကြေးအပြည့်အစုံ ထိုင်းနိုင်ငံက ဘန်ကောက်/ဇင်းမယ်မြို့တို့ကတဆင့် တံဆိပ်တပ်ဆင်မထားတဲ့ အမေရိကန်လုပ် C-46,C-47လေယာဉ်တွေနဲ့တောက်လျှောက်ထောက်ပံ့ပေးနေခဲ့တာပါ။(တကယ်က အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA က Free China Relief Association ဆိုတဲ့ NGO အဖွဲ့ကိုထိုင်းထဲမှာ တရားဝင်ထူ ထောင်ပြီး အမေရိကန်လေယာဉ်တွေ ကိုငှားရမ်းကာ တရုပ်ပြည်ကနေမြန်မာထဲကိုထွက်ပြေး လာတဲ့ထိုင်ဝမ် ဒုက္ခသည်ေ တွကို စားနပ်ရိက္ခာကူညီပေးသယောင်ပြပြီး စစ်လက်နက်ပစ္စည်းတွေချပေးနေခဲ့ တာပါ)

အဲဒီအချိန်က ထိုင်းနိုင်ငံရဲ့ရဲချုပ်ကိုယ်တိုင်က CIA အဖွဲ့ဝင်ဖြစ်ပြီး ကူမင်တန်တပ် ဖွဲ့တွေဆီပို့ရမဲ့ လက်နက်ခဲယမ်း မှန်သမျှကို သူကိုယ်တိုင်ဘဲတာဝန်ယူပို့ဆောင်ေ ပးနေခဲ့ပါတယ်။ မြန်မာတပ်မတော်တပ်ဖွဲ့တွေက ရှမ်းပြည်မှာ တရုတ်ဖြူကိုတွန်း လှန်တိုက်ထုတ်ပေမဲ့ နောက်ကွယ်က အမေရိကန်နဲ့ထိုင်းတို့ ကျောထောက်နောက်ခံ ပြုနေ တဲ့အတွက်ထိထိရောက်ရောက်မရှင်းလင်းနိုင်တာကြောင့် ၁၉၅၃ခုနှစ်မှာ မြန်မာအစိုးရက တရုတ်ဖြူအရေးနဲ့ပါတ် သက်ပြီး အထောက်အထားပေါင်းမြောက် များစွာနဲ့အတူ ကုလသမဂ္ဂကိုတိုင်တန်းခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာလည်း ကွန်မြူနစ်တရုပ်ပြည်ကထိုင်ဝမ်နေရာကိုအ စားထိုးဝင်ရောက် နေရာယူပြီးဖြစ်တဲ့အတွက် တရုတ်ဖြူတပ်တွေမြန်မာနိုင်ငံထဲ ကထွက်ခွာပေးဘို့တင်လိုက်တဲ့အဆိုဟာ အနိုင်ရပြီးဆုံးဖြတ် ချက်ချနိုင်ခဲ့ပါတယ်။ (ဒါတောင်မှ ဆုံးဖြတ်ချက်ထဲမှာတရုတ်ဖြူကူမင်တန်လို့တိုက်ရိုက်နံမည် မတပ်နိုင်ဘဲ ပြည်ပ လက်နက်ကိုင်အဖွဲ့များလို့ သာဖော်ပြနိုင်ပါတယ်။ အမေရိကန်ရဲ့စနက်ေ ကြာင့်ပါ)

ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ဆုံးဖြတ်ချက်၊ CIA ရဲ့ဖိအားပေးမှုတွေကြောင့် မကြာမီ General Li Mi ရဲ့တပ်တွေ မြန်မာပြည်ထဲကနေဆုတ်ခွာ သွားတယ် လို့ကြေငြာခဲ့ပေမဲ့ တကယ်တမ်းအားလုံးထွက်မသွားကြဘဲ ကိုယ်ယောင် ဖျောက် ထား တဲ့ကူမင်တန်တပ်ဖွဲ့ဝင်အများအပြား ကချင်ပြည်နယ်မှာရော ရှမ်းပြည်နယ် ထဲမှာပါ ဖြန့်ခွဲချန်ထားရစ်ခဲ့ ပါတယ်။(မြန်မာ့တပ်မတော်ကလည်း အင်အားချိနဲ့တော့ လိုက်ပြီးမချေမှုန်းနိုင်ပါဘူး။ အဲသည်အင်အားချည့်နဲ့ခြင်းရဲ့ ဒါဏ်ကို အခုထိ နလံမထူနိုင်တော့ဘဲ တသက်လုံးခံကြရပါတော့တယ်)

အပိုင်း(၄၄)၊အခန်း(ဂ) သို့ဆက်ရန် -->

(ဗဟုသုတအဖြစ်သာ)

(လေးလွင်)




Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...