တီထွင်ခြင်း ၊ ဖန်တီးခြင်း နဲ့ လေ့လာခြင်း ၊ တည်ဆောက်ခြင်း မှာ မတူညီတဲ့သဘောသဘာဝတွေရှိတယ်ထင်တယ် ။
ကမ္ဘာကျော် တွေ အတော်များများ ဟာ systematic education ကို အတော်များများဆန့်ကျင်ကြတယ်။ ဘာကြောင့် လဲ လို့ ကြည့်ကြည့်တဲ့ ခါ သူတို့ ဟာ တီထွင်သူတွေ ၊ ဖန်တီသူတွေ ဖြစ်နေတတ်ကြတယ် ။ အနောက် နိုင်ငံတွေမှာတော့ ပညာရေးလို့ အစပြု ရမှာ ရောမခေတ် က ဆိုဖစ်ကျောင်းတွေ ဖြစ်မယ်ထင်တယ် ။ အဲဒီ ခေတ်က ပညာရေးဟာတွေးတာ ... စိတ်ကူးဥာဏ်တွေ ကွန့်မြူးတာ ၊ တီထွင်တာ ၊ ဖန်တီးတာတွေ ကို လွတ်လွတ်လပ်လပ်လုပ်ကြတာ ။ အဲဒီကနေ မှ နည်းနိသျ အသစ်တွေ ထွက်လာတယ် ။
ကမ္ဘာကျော် တွေ အတော်များများ ဟာ systematic education ကို အတော်များများဆန့်ကျင်ကြတယ်။ ဘာကြောင့် လဲ လို့ ကြည့်ကြည့်တဲ့ ခါ သူတို့ ဟာ တီထွင်သူတွေ ၊ ဖန်တီသူတွေ ဖြစ်နေတတ်ကြတယ် ။ အနောက် နိုင်ငံတွေမှာတော့ ပညာရေးလို့ အစပြု ရမှာ ရောမခေတ် က ဆိုဖစ်ကျောင်းတွေ ဖြစ်မယ်ထင်တယ် ။ အဲဒီ ခေတ်က ပညာရေးဟာတွေးတာ ... စိတ်ကူးဥာဏ်တွေ ကွန့်မြူးတာ ၊ တီထွင်တာ ၊ ဖန်တီးတာတွေ ကို လွတ်လွတ်လပ်လပ်လုပ်ကြတာ ။ အဲဒီကနေ မှ နည်းနိသျ အသစ်တွေ ထွက်လာတယ် ။
အဲဒီနည်းတွေတိုင်းမှာ အားသာချက် ၊ အားနည်းချက်တွေ ရှိလာတယ် ။ ဟိုးအရင်ကလူတွေ တီထွင်ခဲ့ တဲ့ နည်းလမ်းတွေပေါ်မှာ ထပ်ပိုးပီး လောကသဘာဝတွေကို အဖန်ဖန်အခါခါရှာဖွေ ဆန်းစစ်ခြင်း ၊ လေ့လာခြင်း ဆိုတဲ့ research တွေ လုပ်ကြတယ် ။ ဘယ်နည်းကတော့ ဘယ်နေရာမှာ အားနည်းတယ် ။ ဘယ်နည်းကတော့ဘယ်နေရာမှာအားသာ တယ် ။
တချို့ တီထွင်ဖန်တီးမှု ပါရမီရှိနေသူ တွေကတော့ အဲဒီ ကနေတဆင့် တက်ပြီး ကိုယ်ပိုင်အသစ်တွေ ဖော်ထုတ်နိုင်ကြတယ် ။
ခပ်စောစော က အွန်လိုင်းမှာ ဟိုဖတ်ဒီဖတ် လျှောက်ဖတ်ရင်း us education forum တစ်ခုမှာ သူတို့ဆီကပညာရေးနဲ့ပက်သက်ပြီးဆရာတွေ၊ ကျောင်းသားတွေ ဆွေးနွေးကြတာ တွေဖတ်ရတယ် ။ သူတို့ နိုင်ငံ ပညာရေးစနစ် ဟာ transform လုပ်ဖို့ အချိန်တန်နေပြီတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ခုနောက်ပိုင်း ကမ္ဘာ့အတော်ဆုံးဆိုတဲ့ လူတွေထဲမှာ တရုတ် ၊ ဂျပန် ၊ ကိုးရီးယား ၊ အန္ဒိယ စတဲ့ နိုင်ငံက ကလေးတွေ ဟာနေရာယူလာကြပြီ တဲ့ ။ မကြာတော့သော ကာလမှာ သူတို့ နိုင်ငံ ပညာရေးအဆင့်တန်းဟာ အောက်ကိုကျတော့မယ် တဲ့ ။ သူတို့ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဟာ ပညာရေးနဲ့ ပက်သက်လို့ reform process ကိုလုပ်ရင်း ..ဒုံရင်းက မတက်နိုင်ကြတော့ဘူးတဲ့ ။ ဒါကြောင့် reform မလုပ်ပဲ transform သာလုပ်ရမယ်တဲ့။
ကျွန်တော်တို့ ဖတ်တဲ့ သတင်းစာတွေ ၊ စာအုပ်တွေထဲမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၊ ပညာရေးပြုပြင်ပြောင်းလဲမှု ... Reform process စသဖြင့်သာတစ်လျှောက်လုံးကြားလာရတာ ။ Transform process လုပ်ရမယ်လို့ ကြားရတဲ့ ချိန်မှာ အဲဒီမှာ ကျွန်တော် စဉ်းစားစရာတွေဖြစ်သွားတယ် ။
နောက်လျှောက် ဖတ်ကြည့်မိတော့ ... ပြောင်းလဲ ခြင်း မှာ ၃ မျိုး ရှိတယ်တဲ့ ။ reform , conform , transform တဲ့ ။ Reform ဆိုတာကတော့ မြန်မာပြည်က ကတ္တရာ လမ်း အပေါက်လေးတွေ ဖာသလိုပေါ့ ။ ပျက်စီး ယိုယွင်းနေတဲ့ နေရာလေးတွေကို ဖာထေးတာမျိုး ၊ အားနည်းနေတဲ့ နေရာလေးတွေ လိုက်ဖြည့်တာမျိုး ပေါ့ ။ အားသာချက်က အရေးကြီးတဲ့ နေရာတွေမှာ risk နည်းတယ် ။ အင်တိုက်အားတိုက်သုံးဖို့ မလိုဘူး ။ ခွန်အား ၊ စွမ်းအင်ကိုလိုသလိုချွေတာနိုင်တယ် ။ အားနည်းချက်ကတော့ ဒီနေ့လေးဖာပီးလိုက် ၊ နောက်တနေရာက ထက် ပြဲ လိုက် ...ပုဆိုးစုတ်လိုပဲ ။ ပြီးဆုံးတယ်ဆိုတ ခပ်ရှားရှားပဲ ။
နောက် conform ဆိုတာကတော့ .... လူငယ်တွေ ၊ ရပ်ပါစတိုင်လ် ၊ ပန့်ခ် စတိုင် ၊ အီမိုစတိုင်ဆိုပီးလိုက်လုပ်တာမျိုး ။ ဖက်ရှင်တစ်ခုခု ၊ မော်ဒယ်တစ်ခုခု ကို ယူပြီး အဲဒါနဲ့တူအောင် လိုက်လံ ပြောင်းလဲ တာမျိုး ။ စင်္ကာပူလိုဖြစ်အောင်လုပ်မယ်ဆိုတာ အဲဒါ conform လုပ်တာ မျိုးပဲ။
သူ့မှာအားသာချက်က သိပ်အများကြီးစွန့်စားစရာမလိုဘူး ကိုယ့်ရှေ့မှာ လုပ်ပြပီးသားလူကရှိပြီးသား ။ အားနည်းချက်ကတော့ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်မယ် ။
နောက်တစ်ခုကတော့ transform ။ ပိုးတုံးလုံးကောင်လေးဘ၀ ကနေ လိပ်ပြာဘ၀ ပြောင်းလဲသွားတဲ့ ဖြစ်စဉ်မျိုး ကို transform process လို့ခေါ်တာ ။ အရင်ဘ၀ နဲ့ အခုဘ၀ ဟာ ဘာမှ မဆိုင်တော့လောက်အောင်ပြောင်းလဲသွားတာမျိုး ။ Transformer ဇာတ်ကားထဲ က ကားကနေ စက်ရုပ်ကြီး ပြောင်းလဲ သွားတာမျိုး ။ တစ်ခုတည်း ၊ တစ်ယောက်တည်းပေမဲ့ ဘာဆိုဘာမှ မဆိုင်တော့သလိုဖြစ်သွားတာမျိုးပေါ့ ။ အားသာချက်ကတော့ အခု ပြောင်းလိုက် မနက်ဖြန်အသစ်ဖြစ် ။ မြန်ဆန်တယ် ။ အတိတ်က အဆိုးတွေ ကို ပြည်ဖုံးကားချခဲ့နိုင်တယ် ။ အားနည်းချက်ကတော့ ...ပထမ အဲလို transform လုပ်နိုင်လောက်တဲ့ ခွန်အားတွေလိုတယ် ။ အဲဒီ ခွန်အားပြည့်ပြည့်စုံစုံမရှိရင်လမ်းတစ်ဝက်မှာတင် ပျက်ဆီးခြင်းဆိုက်တယ် ။ risk များတယ် ။ ဒီအခြေနေတစ်ခုက ပြောင်းလဲလိုက်လို့ နောက် အခြေနေတစ်ခုမှာ ကောင်းပါ့မယ်ဆိုတဲ့ အာမခံချက်မျိုးမရှိဘူး ။
နားဦးမယ် ...နောက်မပျင်းရင်ဆက်ရေးတာပေါ့ ...
ရုပ် ဆိုး