မင်းကွန်းမှာ ကျွန်မကမွေးစားညီမ တော်ထားတဲ့ ကလေး၂ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ ကလေးတစ်ယောက်က ပြောပါတယ်…… "အမ အမ အဲ့ဒီမှာ အမညီမ လှိုင်ယမင်းဓါတ်ပုံနဲ့ ကြော်ငြာထားတာ တွေ့လားးး??""ဟယ် ဟုတ်သားပဲ။ အမက တူပါတယ် လို့တော့ထင်သားးး ငါ့ညီမက တိုင်းသိပြည်သိ တယ်လီနောရဲ့ ကြော်ငြာမော်ဒယ်ဖြစ်နေတာကို
"ဟီးဟီးးး အဲ့လိုကြော်ငြာမယ်မှန်းကို မသိတာအမရဲ့။ သမီးက ပါးစပ်ကြီးဖြဲပြီးးး ရယ်နေတုန်း ရိုက်သွားတာ လှလည်းမလှဘူးး။"
"လှလို့ကြော်ငြာဘုတ်မှာ သုံးတာပေါ့ ညီမလေးရဲ့။ ဒါနဲ့ မော်ဒယ်ကြေး ဘယ်လောက်ရလိုက်တုန်းးး???"
"သုံးထောင်ပေးသွားတယ်မမ။"
"ဟယ်!!!! တဂယ်။""တကယ်ပေါ့မမရဲ့။"
"တယ်လီနော ဆင်းမ်ကဒ်လေးနဲ့ နှစ်သောင်းတန် ဟန်းဆက်လေးရော ပေးမသွားဘူးလားကွယ်။"
"ဘယ်ကလာ ပေးမှာလဲ။ သမီးကမှ သုံးထောင်ရသေးတယ်။ သမီးနဲ့ အတူတူ တွဲရိုက်တဲ့ အမေကြီးဆို တစ်ပြားမှတောင်မရဘူးးး အလကားရိုက်ယူသွားတာ။" (ခုချိန်ထိလည်း ကလေးတို့ မိသားစုက ဆင်းမ်ကဒ်နှင့် ဟန်းဆက်မဝယ်နိုင် မကိုင်နိုင်ရှာသေးပါ။)
"အဲ့အမေကြီးလည်း ကောင်းကောင်းသိပါတယ် ဘယ်သူပါလိမ့်။"
"ခြင်္သေ့ကြီးနားမှာ ဈေးရောင်းတဲ့ အမေကြီးလေ။ အမကလည်း မသိဘူးလားးး။""အေးအေးးး သိပြီ။"
ကျွန်မတို့ ၂၀၀၃ခုနှစ် ဖန်ဂရန်ရာဇီရေခဲတောင် သွားတက်တုန်းက ဒေသခံ ရဝမ်နဲ့ လီဆူးတွေက ပြောပြလိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို မဆီမဆိုင် ပြေးသတိရလိုက်ပါတယ်။ ဂန္တဝင်တွင်တဲ့ ရေခဲတောင်အကြောင်း ရိုက်ကူခဲ့တဲ့ စူပါမင်းသားနဲ့ စူပါ ဒါရိုက်တာတို့ အကြောင်းတွေပါ။ အဲ့တုန်းက အဲ့ဒီရုပ်ရှင်အဖွဲ့သားတွေ ပြန်သွားခါစ ပူပူနွေးနွေးအချိန်ပေါ့။ အထမ်းသမားတွေက တယောက်တစ်ပေါက် ဝိုင်းပြောပါတယ်……
"ငါတို့ကို အထမ်းခတွေ မပေးဘဲ ထွက်သွားတာလေ။ အဲ့ဒီဒါရိုက်တာပေါ့။"
"အထမ်းခက နေ့တွက်နဲ့ရှင်းပေးရတာလေ။ မပေးတော့ ငါတို့က ဝိုင်းတောင်းရော။ အတင်းတောင်းတော့ သူတို့ကမခေါ်ဘဲ မင်းသားမင်းသမီး ကြည့်ချင်လို့ ငါတို့က ဇွတ်လိုက်သယ်ပေးတာမို့ မပေးဘူးတဲ့လေ။ "
"အဲ့တော့ငါတို့လည်း ပစ္စည်းတွေရော လူတွေပါ ထားပစ်ခဲ့ပြီး ပြန်လာခဲ့လိုက်တယ်။ သိပ်ယုတ်မာတာပဲ။"
"အဲ့တော့ သူတို့က သီးသန့်အထမ်းသမားတွေ ထပ်ခေါ်တယ်လေ။ အဲ့ဒီအထမ်းသမားတွေကိုလည်း ပိုက်ဆံမပေးပြန်ဘူး။ နောက်ဆုံးးး လေယာဉ်ကွင်းထဲထိ လိုက်ဆွဲထားပြီး ပိုက်ဆံမပေးရင် မပြန်ရဘူးးး ဆိုပြီး လုပ်ရတယ်ဟေ့။ နင်တို့မြေပြန့်က ဗမာတွေ ဆိုးချက်ကတော့။"
"ဟိုရုပ်ရှင်မင်းသားဆိုရင် သူပိုင်တဲ့ ရုပ်ရှင်ရိုက်စက်ကြီးကို ငှားခကိုက သိန်း၃၀ရတယ်တဲ့။ ငါတို့ကို တစ်ရက် တစ်ထောင့်ငါးရာကျပ် ပေးရတာကိုကြတော့ မပေးချင်ဘူးတဲ့ဟယ်။"
"ငင်!!!!!တဂယ်လားဗျာ။"
"နင်မယုံရင် ငါတို့ သင်းအုပ်ဆရာတွေကိုလည်း မေးကြည့်။ ပူတာအိုက နင်တို့ဘုန်းကြီးကျောင်းလည်
ကျွန်မလည်း ပူတာအိုပြန်ရောက်တော့ တကယ်ကို လိုက်ပြီးမေးကြည့်တယ်။ ပူတာအိုက လူတွေက ဟုတ်မှန်ကြောင်း ပြောပြကြပြန်ပါတယ်။ ခရီးစဉ်က ပြန်ရောက်တော့လည်း မဂ္ဂဇင်းတစ်အုပ်မှာ ရေခဲတောင်ဇာတ်လမ်း ရိုက်ကူးတဲ့ အကယ်ဒမီ မင်းသမီးတစ်ဦးက အထမ်းသမားတွေ ပြန်သွားပြီး သူတို့တွေတင် တောထဲမှာ ဒုက္ခရောက်နေခဲ့လို့ မျက်ရည်တောင်ကျရကြောင်း အင်တာဗျူးဖြေတာ ဖတ်လိုက်ရတော့ ကြားခဲ့ရတဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်မိလိုက်ပါတယ်။
ကဲကဲ လိုရင်းကို ပြန်ဆက်ရရင်တော့ ပညာမတတ် ဗဟုသုတမကြွယ်သလို ကိုယ့်အခွင့်အရေးကိုယ် တောင်းရမှန်းလည်းမသိ၊ ယူရမှန်းလည်းမသိဘဲ ကူညီပါအုံးပြောတိုင်း ကူညီပေးလိုက်တဲ့ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပေါ် လုပ်ခလစာ ခေါင်းပုံဖြတ်တယ်လို့ ထင်မိလို့ ရေးတာပါ။ ကာယကံရှင်တွေက ပိုက်ဆံမတောင်းတာတော့ အမှန်ပါပဲ။ တောင်းရကောင်းမှန်းလည်း မသိကြဘူးလေ။ ဒါပေမယ့် ပေးရင်လည်း လိုချင်ယူချင်ကြရှာမှာပါပဲ။
ဗမာတွေ ဗမာတွေ …… လူလည်ကျလို့ နာမည်ပျက်တော့လည်း ဗမာပဲ။ အ လို့ခံရတော့လည်း ဗမာပဲ။ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတော့လည်း ဗမာပဲ။ မြန်မာပြည်အလည်ပိုင်းက ရေကာတာတွေ ဆည်တွေ ဆောက်သမျှ လျော်ကြေးမရဘဲ ဖယ်ပေးရတာလည်း ဗမာတွေပဲ။ ထုတ်ယူသွားတဲ့ လျှပ်စစ်မီး တစ်ပွင့်မှ မသုံးရတာလည်း ဗမာတွေပဲ။ တောရွာတွေမှာ အဘိုးဘွားနဲ့ မြေးတွေပဲ ကျန်ခဲ့ပြီး လူလတ်ပိုင်းတွေ ခါးပြတ်ပြီး ရပ်မြေခြားမှာ အောက်ကျနောက်ကျ အလုပ်မှန်သမျှ လုပ်နေရတာတွေလည်း ဗမာတွေပဲ။ လုပ်ခလစာကောင်းတဲ့ နိုင်ခြားကုမ္ပဏီကြီးတွေ၊ INGOs တွေမှာ အလုပ်လိုချင်တိုင်းးး တိုင်းရင်းသား မဟုတ်လို့ ဗမာမို့ နောက်ချန်ခံရတာလည်း ဗမာပဲ။ လူနည်းစု ဘာသာဝင်တွေကို အခွင့်ရေးပေးရမှာမို့ စကော်လာဆုတွေ ရာနှုန်းနည်းနည်းပဲ ခံစားခွင့်ရတာလည်း ဗမာပဲ။ သြော်…… ဗမာဗမာ "နာမည်ကြီးပျက် ထမင်းငတ်နေတဲ့ လူမျိုးကြီးအမည်ခံ အထည်ကြီးပျက်"ဘဝကို ရောက်မှန်းမသိရောက်နေကြရရှာ
နေထက်ထက်အောင်