Quantcast
Viewing all articles
Browse latest Browse all 1811

ငါးဖလံက ပြောင်းပြန်

Image may be NSFW.
Clik here to view.
Kyine Lian's photo.

ငါးဖလံကပြောင်းပြန် တရားသောစစ် နဲ့ ကျွန်တော့်သူငယ်ချင်းဗိုလ်ချုပ်အောင်စိုး

ပြည်ပသင်တန်းတခုမှာ အတူတက်ခဲ့ဘူးတဲ့ ရှန်ဟိုင်းဇာတိ ဟောက်ဆု နဲ့ဒီနေ့အလုပ်သွားရင်းမ
မျှော်လင့်ပဲ ဆန်ဖရန်စစ္စကိုမြို့တနေရာမှာ ဆုံမိကြတော့ အပြန်အလှန်ဝမ်းသာအားရ နှုတ်ဆက်ခဲ့ကြတယ်။ 


သူက ရုတ်တရက်  "မင်းတို့နိုင်ငံမှာ internal war ဖြစ်နေတာသိလား"တဲ့။ 
ကျွန်တော်လည်း အံ့သြပြီး "မင်းနေတဲ့နေရာနဲ့ အဝေးကြီး မင်းကဘယ်လိုလုပ်သိနေတာလည်း"ဆိုတော့ 
"ငါ့ဦးလေးက ယူနန်မှာ နေတာကွ။သူပြောပြလို့သိတာ အဲဒါ ငါတို့ဘက်က special forces တွေအင်အား ၂၀၀၀၀ မင်းတို့နယ်စပ်မှာ နေရာယူထားပြီးပြီ"တဲ့။
"ဟ မင်းတို့က ဘာလို့ အဲလောက်အများကြီး နေရာယူထားတာလည်း  ဒို့နိုင်ငံထဲဝင်တိုက်မလို့လား။ ဒါမှမဟုတ်ကိုးကန့်တွေကို ကူဘို့လား"ဆိုတော့ 
"မဟုတ်ပါဘူး မင်းတို့ဘက်က အရပ်သားတွေနဲ့ တပ်တွေဝင်လာရင် ကာကွယ်ရအောင်လို့ပါ"တဲ့။

(သူ့ကိုယ်သူတရုတ်ဝန်ကြီးချုပ်အောက်မေ့နေလားမသိဘူး။)

ငါးဖလံကပြောင်းပြန် သူခိုးလူလူဟစ်တဲ့အပေါက်ပြောနေလို့  စိတ်ချဉ်ပေါက်လာတာနဲ့ 
"မင်းတို့နိုင်ငံကကောင်တွေ ဒို့ဘက်ဝင်ချင်သလိုဝင်၊ လုပ်ချင်ရာလုပ်၊ ခိုးချင်သလိုခိုးနေတာတော့
မပြောဘူး။ ဒို့်ဘက်က မင်းတို့ထဲဝင်ပြေးမဲ့ ကောင်တွေက မင်းတို့နိုင်ငံကဝင်လာတဲ့ ကောင်တွေပဲ
ဖြစ်မယ်"လို့ပြန်ပြောလိုက်တော့ သူကအလိုက်ကမ်းဆိုးမသိ "မင်းကဘယ်ဘက်ကို ထောက်ခံလည်း
အစိုးရဘက်ကလား၊ opponent troup ဘက်ကလား"တဲ့။

တခွန်းဘဲပြန်ပြောလိုက်တယ်
"ဟေ့ကောင်  မင်းတို့ဘက်က မြှောက်ပေးထားတဲ့ ဘိန်းစားတွေကို တိုက်နေတဲ့တပ်မှူးကြီးက
ငါ့ငယ်သူငယ်ချင်းကွ"လို့ပြန်ပြောလိုက်တော့မှ မျက်နှာပျက်ပျက်နဲ့ "ဆောရီးပါ မင်းစိတ်အနှောက်အ
ယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်"တဲ့။

စိတ်အနှောက်အယှက်ဖြစ်ရုံမကဘူး။ ဒေါသတွေ အလိပ်လိုက်တက်တယ်။ လွန်ခဲ့တဲ့ (၅၂) နှစ်က
ဂုတ်ထိပ်တံတားကြီးကို ခေါင်းတင်မွေးလာတဲ့ ကျုပ်အတွက် ရှမ်းပြည်နယ် မြောက်ပိုင်းဟာ ဇာတိ
ချက်မြှူပ် ဘူမိနက်သန်ပဲ။ မွေးကတည်းက အဲဒီနေကြာပန်းတံဆိပ်နဲ့ ရင်းနှီးကျွမ်းကျင်ခဲ့တာ။ ဂုတ်ထိပ်
တံတားကြီးအောက်က တောထဲမှာ (၈) တန်းကျောင်းသားဘဝကတည်းက လုံခြုံရေးစခန်းချနေတဲ့
ရမခ လက်အောက်ခံ ခလရ (၂၂)  နဲ့ (၂၃) က ဒုတပ်ကြပ်သန်းဝင်း၊ တပ်ကြပ်မောင်မြင့် (နောင်အရာရှိဖြစ်သွား)နဲ့ လက်ဖြောင့်တပ်သား မာဂမ်တို့က ဗိုလ်သင်တန်းဖြေဘို့ ရည်ရွယ်ချက်ရှိတဲ့ ကျုပ်ကို ဂျီသရီးနဲ့ ကာဘိုင်ပစ်နည်းတွေ လက်တွေ့သင်ပေးခဲ့တာ။ 

အဲဒီတုန်းက ကိုသန်းဝင်းတို့ ကိုမာဂမ်တို့ တံတားပေါ်လုံခြုံရေးသွားယူပြီး ဂျူတီချိန်းလို့ပြန်ဆင်းလာရင် ရထားအဖြတ်မှာ ခရီးသွားပြည်သူတွေ စေတနာအပြည့်နဲ့ ပစ်ချပေးခဲ့တဲ့ စာအုပ်တွေ၊ မုန့်တွေ၊ ကြက် အမဲ
ဆီပြန်ထမင်းထုပ်တွေ အများကြီးသယ်ပြီး ပြန်ဆင်းလာတာ တွေ့ဘူးတယ်။ ကျွန်တော်တို့ကို ကျွေးလို့
ဝါးကျည်တောက်နဲ့ ဟန်းကောဖုံးထဲထည့်ပြီး အဝအပြဲစားခဲ့ရတာလည်း မမေ့ဘူး။


တဆက်တည်းပဲ အရှေ့ မြောက်တိုင်းတိုင်းမှူးဖြစ်တဲ့ ကျွန်တော့်သူငယ်ချင်း
ဗိုလ်ချုပ်အောင်စိုးအတွက်လည်း အခုဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေ အမြန်ဆုံးပြီးပြတ်အောင်မြင်
အောင်ကွပ်ကဲ တိုက်ပွဲဝင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ မုချအောင်မြင်မယ်လို့လည်း
ယုံကြည်တယ်။ သူဟာ အင်မတန် စစ်သားကောင်းပြီသပြီး လူသားဆန်တဲ့ လက်အောက်ငယ်သား
အားလုံးကရင်ထဲက ချစ်ခင်လေးစားခြင်းခံရတဲ့ တပ်မှူးကြီးတယောက်ပါ။ အင်မတန်လည်း နှိမ့်ချ
နေထိုင်တတ်သူဖြစ်ပါတယ်။ 

ကျွန်တော့်မွေးဇာတိဖြစ်တဲ့ နောင်ချိုမှာ သားအဖနှစ်ယောက် သာသနာ့ဘောင်သွားဝင်ပြီး အပြန်မှာ သူကျောင်းအုပ်ကြီးလုပ်နေတဲ့ တပ်မတော်အင်ဂျင်နီယာကျောင်းကိုဝင် နှုတ်ဆက်တော့ သူက ရုံးပိတ်ရက်ကြီး တုပ်ကွေးမိလို့ ဆေးရုံတက်နေရတဲ့ သူ့ဗိုလ်လောင်းလေးတွေကို ဇနီးနဲ့အတူ ဆန်ပြုတ်အာဟာရ သွားတိုက်နေသတဲ့။ အမြန်ပြန်လာမယ်လို့လည်း အိမ်ကိုဖုံးဆက်ပြီး ပြောရုံမက ပြန်ရောက်တော့လည်း ဇနီးမောင်နှံနှစ်ယောက်စလုံးက စောင့်နေရတဲ့ ကျွန်တော်တို့သားအဖကို အားနာကြောင်း အတပ်ထပ်ပြောလို့ ကိုယ်ကပြန်အားနာခဲ့ရတယ်။ 

ခမ်းနားကျယ်ဝန်းတဲ့ သင်တန်းကျောင်းကြီးနဲ့ ဌာနတွေကို အရာရှိတယောက်နဲ့ အသေးစိတ်လိုက်ပြခိုင်းပြီး တာဝန်တွေနဲ့ မအားလပ်တဲ့ သူငယ်ချင်းကို နှုတ်ဆက်ပြီးပြန်ခဲ့တော့ မြို့ထဲအဝင် အားကစားကွင်းနားရောက်မှ နောက်က မီးတဝင်းဝင်းထိုးလိုက်လာတဲ့ ဆိုင်ကယ်တစီးက အတင်းကျော်ရပ်ပြီး 
"အဘက မီအောင်လိုက်ပေးပါဆိုလို့ နောက်ကနေ မီးထိုးပြီးလိုက်လာတာ စိတ်မရှိပါနဲ့ ခင်ဗျ"ဆိုပြီး သူ့
ကျောင်းက နည်းပြအရာရှိတယောက်နဲ့ သူကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ ကျောင်းတံဆိပ်လက်ဆွဲ
အိတ်ရယ်၊ ကျောင်းပြက္ခဒိန်ရယ်၊ တပ်မတော်နည်းပညာတက္ကသိုလ် နှစ်လည်မဂ်ဂဇင်းစာအုပ်လေး
ရယ် ခုထိအမြတ်တနိုးသိမ်းထားပါတယ်သူငယ်ချင်း ....


အဲဒီအပြင် ရန်ကုန်က အထင်ကရ ဟိုတယ်ကြီးတခုမှာ သူ တပ်မ (၃၃) တပ်မမှူးဘဝက ဆုံကြတော့ သူ့
ကိုယ်ရေးအရာရှိသာသာ အဆင့်နဲ့ တပ်ကထွက်လာတဲ့ ကျွန်တော့်ကို လူရှေ့ မှာ သူက အရင်ဦး
အောင် salute ပေးတယ်ဗျာ။ တပ်ကထွက်ပြီးကတည်းက လူရှေ့ သူရှေ့ မှာ salute လုပ်လေ့
မရှိတဲ့ ကိုယ့်ကိုယ်ကိုတောင် အပြစ်မြင်မိပြီး သူငယ်ချင်းကို အားနာမိခဲ့တာအမှန်ပါ။ 

တပ်ထဲမှာသူ့ရဲ့လူကြီးဆန်မှုနဲ့  စစ်သားကောင်းပီသမှု၊ တပည့်တွေရဲ့ ရင်ထဲနှလုံးထဲက အမှန်တကယ်ချစ်ခင်လေး
စားခံရမှုတွေကို သူနဲ့လက်တွဲခဲ့တဲ့ ရဲဘော်ရဲဘက်တိုင်း သိကြပါတယ်။ ရန်ကုန်မြို့ သာကေတ အထက်
တန်းကျောင်းက အောင်မြင်ခဲ့ပြီး ဒီနေ့အချိန်ထိ လောဘသက္ကာရကင်းစွာနဲ့ ရိုးသားစွာတာဝန်ထမ်း
ဆောင်နေတဲ့ သူငယ်ချင်း ဦးဆောင်တိုက်နေတဲ့ တရားသောစစ်ပွဲအောင်မြင်ပါစေ။ 
ငါချစ်တဲ့ပြည်နယ်နဲ့ ဒို့နိုင်ငံတော်ကိုကာကွယ်နိုင်ပါစေ။ Who dares Win ပါသူငယ်ချင်း။
လေးစားစွာဖြင့်


၂၅၇၈(အောင်ဆန်းတပ်ခွဲ)






Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...