Image may be NSFW.
Clik here to view.
Clik here to view.

ဧည့်လမ်းညွှန်လုပ်တော့ နေရာအနှံ့က လူမျိုးပေါင်းစုံနှင့် တွေ့ကြုံ ရပါတယ်။ ဂန္ဓာရုံက ကလေးလေးတွေဆိုရင် ကျွန်မကိုခင်ကြပါတယ် "ဟို ဂိုက်မကြီး လာတယ်တော့။ အမ မနက်ဖြန်ရော လာအုံးမှာလားးး"ဆိုပြီး နှုတ်ဆက်ကြလေ့ရှိပါတယ်။ အရိုးပျော့သလိုလို အာဟာရပြတ်သလိုလို ဖြစ်နေတဲ့ လသားအရွယ် ကလေးကို ဘာကျွေးလဲ မေးတော့ လက်ဖက်ရည်ကို နို့ဗူးနဲ့ ထည့်တိုက်တယ်လို့ ပြောပြပါတယ်။ ကျွန်မကလည်း လက်ဖက်ရည်အစား နွားနို့တိုက်သင့်ကြောင်း ရှင်းပြသလို ဒေသန္တရဆေးခန်းကိုသွားဖို့နှင့် ပိုလီယိုကာကွယ်ဆေး တိုက်သင့်ကြောင်းတွေလည်း ရှင်းပြပါတယ်။ ဒီအတွက်လည်း ဒေသန္တရဆေးခန်းတွေဟာ ပိုက်ဆံမယူကြောင်း အခမဲ့ကုပေးကြောင်းတွေလည်း ပြောပြပါတယ်။ ကလေးအတွက် နွားနို့ဖိုးလည်း ပေးပါတယ်။
ဒါပေမယ့် နွားနို့ဝယ်မတိုက်သလို ဆေးခန်းလည်း သွားမပြပါဘူး။ ကျွန်မမှာ သတင်းပေးတွေရှိလို့ အကုန်ပြန်သိရသလို ထူးခြားမှုလက္ခဏာ တစုံတရာမပြတဲ့ ပျော့ခွေယိုင်နေမြဲ ကလေးရဲ့ ပုံစံကလည်း သက်သေခံနေပါတယ်။ ကျွန်မကလည်း တွေ့တာနဲ့ ကလေးကို ဒေသန္တရဆေးခန်း ပြမပြ အမြဲမေးပါတယ်။ ပြီးတော့ "ဒီအရွယ်မှာသာ သူတို့ချီပိုးထားနိုင်တာဖြစ်ကြောင်းးး အရွယ်ရောက်ပြီး ကြီးလာလျှင် ဒီကလေးကို ဘယ်သူမှ မပြု စုချင်တော့ဘူး ဆိုတဲ့အကြောင်းးး မိန်းကလေးဖြစ်နေတဲ့အတွက် အန္တရာယ်လည်းကြီးကြောင်းးး ကလေးဘဝရှေ့ရေးကို ငဲ့ညှာပြီး ဆေးကုပေးသင့်ကြောင်းးး အကယ်၍များ ဒေသန္တရဆေးခန်းက ပိုက်ဆံတောင်းရင်လည်း ကျွန်မက ထုတ်ပေးပါမယ် ဆိုတာတွေပါ"တွေ့တိုင်းရှင်းပြပါတယ်။ဒီတော့ သူတို့က ရှိုးတို့ရှန်းတန်းနဲ့ "မအားးးလို့"ဆိုတာပဲ ပြောပြီး ကျွန်မနားလည်း မလာရဲတော့သလို ခပ်ဝေးဝေးကပဲ ရယ်ပြလေ့ရှိပါတယ်။
ဧည့်လမ်းညွှန်အချို့က ဒီလိုသနားအောင်လုပ်ပြစားနေတဲ့ တချို့သော ချို့တဲ့သူတွေကို ရှောင်ပြီးးး အမှန်တကယ်လည်း စီးပွားရေးမှာ မပြေလည် ဖြစ်နေတယ်၊ ဒါပေမယ့် သားသမီးကိုလည်း ချစ်ခင်စောင့်ရှောက်ဖို့ ကြိုးစားနေတယ်၊ ပညာရေးဘက်လည်း အလေးပေးရမှန်းသိတယ်၊ ကလေးတွေကလည်း ကျောင်းဆင်းချိန်တွေ ကျောင်းပိတ်ရက်တွေမှာ ပြည်တွင်းပြည်ပ ဧည့်သည်တွေကို ဈေးလိုက်ရောင်းရင်း ပိုက်ဆံရှာနေတယ်…… ဆိုတဲ့ အမျိုးအစားထဲက ကလေးတွေကို ကိုယ့်လုပ်အားခထဲကနေ တတ်နိုင်သလောက် ထောက်ပံ့စောင့်ရှောက် ပေးကမ်းလေ့ ရှိပါတယ်။ ဒါကို သူတို့လောက အခေါ်အရ "မွေးစားတယ်"တဲ့။ "သူက ဘယ်ဂိုက်အမကြီးရဲ့ မွေးစားသမီး သူကတော့ ဘယ်ဂိုက်ရဲ့ မွေးစားညီမလေ"ဆိုတာတွေ ရှိကြပါတယ်။ သူတို့တွေက မွေးစားကလေး မရှိသေးတဲ့ ဆြာကြီးThetnaing Linn ကိုလည်း သူတို့ကို မွေးစားပါလို့ ခဏခဏ ပြောလေ့ရှိပါတယ်တဲ့။ လူပျိုသိုးကြီးကလည်း အသဲမာပါတယ်။ "အပူတွေမလိုချင်လို့ကို မိန်းမမယူဘဲနေပါတယ်ဆိုမှတဲ့အသဲနုတဲ့ ကျွန်မကတော့ မွေးစားညီမ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က အိရွှေဇင်ပါ နောက်တစ်ယောက်က လှိုင်ယမင်းပါ။ ကျွန်မက ဘာမှ များများစားစားပေးတာမျိုး မရှိခဲ့ပါဘူး။ အိရွှေစင်၁၀တန်းမို့ သူလိုအပ်နေတဲ့ အထူးထုတ်နဲ့ မေးခွန်းဟောင်းတွေ ဝယ်ပေးတာမျိုးလောက်ပါ။ လှိုင်ယမင်းကိုလည်း စာအုပ်နှင့် ကျောင်းသုံးပစ္စည်းလေးတွေ၊ အင်္ကျံ ၊ကလစ်အလှလေးတွေ ဒါမျိုးလေးလောက်ပဲ ပေးတာပါ။ ဒါကိုပဲ သူတို့က ဝမ်းသာပြီး ကျွန်မက သူတို့ရဲ့ မွေးစားအမ ဖြစ်သွားရတော့တာပါပဲ။
ဘာလိုအပ်လည်း မေးတိုင်း ကလေးတွေက ဘာမှမတောင်းဘဲ ခေါင်းပဲခါပြကြပါတယ်။ ပေးရင်တော့လည်း ယူကြပါတယ်။ ဒီနှစ်တော့ လှိုင်ယမင်းက "အမ တခြားဟာတွေ ဝယ်ဝယ်လာတာထက်စာရင် အမညီမလေး မတော်တော့တဲ့ ကျောင်းစိမ်းလေးတွေ ပေးပါ့လားးးး။"လို့ ပြောပါတယ်။ ကျွန်မက နားရက်မရှိသေးတော့ ဈေးမပါတ်ရသေးလို့ ဝယ်မပေးရသေးပါဘူး။ ပြီးခဲ့တဲ့ အပါတ်ကတော့ နားရက်များသွားလို့ ဈေးဝယ်ထွက်ဖြစ်ပါတယ်။ မနေ့က(9Feb;2015) ညီမလေးလှိုင်ယမင်းဖို့ လက်ဆောင်တွေ ယူသွားဖြစ်ပါတယ်။ Coral Ying Ying ကလည်း အမညီမအတွက် ဆိုပြီးးးး ၈၀ပါ ဗလာစာအုပ်၃ဒါဇင် ဘောလ်ပန်၂ဒါဇင် ခဲတံ၂ဘူး လက်ဆောင်ထည့်ပေးလိုက်ပါတယ်။ Saw Thiri ကလည်း ကျောင်းစိမ်းဝတ်စုံ တစ်စုံ လက်ဆောင်ပေးလိုက်ပါတယ်။ ကျွန်မကတော့ ကျောင်းစိမ်းလုံချည်၂ထည် အင်္ကျံဖြူတစ်ထည် လက်ဆောင်ပေးခဲ့ပါတယ်။
ဒါမျိုးလေးတွေလုပ်တတ်တာကို "မင်းက ကယ်တင်ရှင်ကြီးလား"
လို့ မေးတဲ့လူလည်း ရှိပါတယ်။ ကျွန်မက ခုချိန်ထိ ဘယ်သူ့မှ မကယ်ဘူးသေးပါဘူး။ အဲ့လောက်လည်း အရည်အချင်း မရှိပါဘူး။ ဒါမျိုးလေးတွေလုပ်တာလောက်ကိုလည်း ပရဟိတ လုပ်တယ်လို့ ပြောလို့မရပါဘူး။ ဒါဟာ ကိုယ်ချင်းစာတရားတစ်ခုကို အခြေခံတဲ့ ဝင်ငွေခွဲဝေဖြန့်ဖြူးမှု တစ်ခုကို လုပ်ရုံသက်သက်လေးပါ။ မှတ်မှတ်ရရ ကျွန်မ၉တန်းကျောင်းသူအရွယ်က ဖေဖေနှင့်အတူတူ မျက်ပါးရပ်ဘုရားပွဲကို ပွဲဈေးလျှောက်ကြည့်ပါတယ်။ ကောက်ညှင်းကျည်တောက် ဝယ်ကြတော့ တစ်ချောင်းကို ၅၀၀ကျပ်လို့ ပြောပါတယ်။ ဖေဖေက ၃ချောင်းဝယ်ပါတယ်။ ကျွန်မက ကန့်ကွက်ပါတယ်။
လို့ မေးတဲ့လူလည်း ရှိပါတယ်။ ကျွန်မက ခုချိန်ထိ ဘယ်သူ့မှ မကယ်ဘူးသေးပါဘူး။ အဲ့လောက်လည်း အရည်အချင်း မရှိပါဘူး။ ဒါမျိုးလေးတွေလုပ်တာလောက်ကိုလည်း ပရဟိတ လုပ်တယ်လို့ ပြောလို့မရပါဘူး။ ဒါဟာ ကိုယ်ချင်းစာတရားတစ်ခုကို အခြေခံတဲ့ ဝင်ငွေခွဲဝေဖြန့်ဖြူးမှု တစ်ခုကို လုပ်ရုံသက်သက်လေးပါ။ မှတ်မှတ်ရရ ကျွန်မ၉တန်းကျောင်းသူအရွယ်က ဖေဖေနှင့်အတူတူ မျက်ပါးရပ်ဘုရားပွဲကို ပွဲဈေးလျှောက်ကြည့်ပါတယ်။ ကောက်ညှင်းကျည်တောက် ဝယ်ကြတော့ တစ်ချောင်းကို ၅၀၀ကျပ်လို့ ပြောပါတယ်။ ဖေဖေက ၃ချောင်းဝယ်ပါတယ်။ ကျွန်မက ကန့်ကွက်ပါတယ်။
Image may be NSFW.
Clik here to view.
Clik here to view.

"ဈေးကနေ မေမေဝယ်လာတာမှ တစ်ချောင်း၂၀၀ကျပ်ပါ မေမေကလည်း သိရက်သားနဲ့ ဘေးကနေဒီတိုင်းကြည့်နေတယ် ဈေးလည်းမဆစ်ပေးဘူးးး။ ဖေဖေဝယ်တာကိုလည်းဘာလို့ မတားတာလဲ"ဆိုပြီး ဂျီကျပါတယ်။ "
ဖေဖေက ကျွန်မကို မျက်နှာထားတင်းတင်းနဲ့ကြည့်ပြီး တိတ်တိတ်နေဖို့ အချက်ပြပါတယ်။ ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ ဖေဖေက ကျွန်မကို အလေးအနက်ထားပြီး ရှင်းပြခဲ့ပါတယ်။
"သမီးးး ဝင်ငွေခွဲဝေဖြန့်ဖြူးမှု ဆိုတာကို သိလားးးး လူတွေတစ်ယောက်နဲ့ တစ်ယောက် ဝင်ငွေရရှိမှုခြင်းရောတူတယ်လို့ ထင်လားးး ဖေဖေက ကောက်ညှင်းကျည်တောက်၃ချောင်းဝယ်လိုက်တော့ ပိုက်ဆံဘယ်လောက် ကုန်သွားလဲ? ၁၅၀၀ ဟုတ်တယ်နော်။ ဟိုအမျိုးသမီး ဘယ်လောက်မြတ်သွားလဲ?? သမီးပြောတဲ့ ၂၀၀ဈေးနဲ့ တွက်ကြည့်လိုက်အုံးးး တစ်ချောင်း၃၀၀နဲ့ ၉၀၀ မြတ်မသွားဘူးလားးး။ အဲ့ဒီလို ၉၀၀ ပိုပေးလိုက်ရတော့ ဖေဖေတို့ မိသားစုအတွက် ထူးခြားနစ်နာသွားတာ ဘာရှိလဲ??? ဘာမှမရှိဘူးးး။ ဒါပေမယ့် ရသွားတဲ့ ဟိုဘက်မိသားစုမှာတော့ ထူးခြားမှု ရှိတယ်သမီးးး။ အကယ်၍ သူတို့က လူလည်ကျတဲ့ပုံမျိုးနဲ့ ရိုက်စားလုပ်ပြီး ၂၀၀တန် ကောက်ညှင်းကျည်တောက် တစ်ချောင်း ၁၅၀၀/၂၀၀၀ မျိုးနဲ့ ရောင်းကြည့်ပါလားးး ဈေးတောင်မဆစ်ဘဲ လှည့်ထွက်ခဲ့မှာပဲ။ ဖေဖေ့ တစ်ရက်ဝင်ငွေ ဘယ်လောက်ရှိတုန်းးးး ??? ဖေဖေ့ထက် အဆများစွာ ဝင်ငွေကောင်းတဲ့သူတွေလည်း လောကမှာ အများကြီးပဲ။ စောစောက ပွဲဈေးတန်းလို နေရာမျိုးမှာ ဈေးရောင်းတဲ့ ဈေးသည်တွေလို ဝင်ငွေနည်းပါးသူတွေလည်း အများကြီး ရှိတယ်။ အမ်ပသီ ဆိုတဲ့ ကိုယ်ချင်းစာတရားလေးထားပြီး ကိုယ့်လောက်ဝင်ငွေမကောင်းတဲ့ သူတွေဆီကို ကိုယ့်ဝင်ငွေထဲကနေ ထိုက်သင့်တဲ့ ခွဲဝေမှုတစ်ခု လုပ်ပေးဖို့ ဝန်မလေးရဘူးးးသမီးရဲ့။ နောက်ကိုမှတ်ထားးးး လမ်းဘေးဈေးသည်တွေဆီကနေ ဘယ်တော့မှဈေးမဆစ်နဲ့။ မတန်ဘူးဆိုတဲ့စကားမပြောနဲ့။ မှတ်မိပြီလားးးး။"
အဲ့ဒီကစပြီးးးး ကျွန်မဟာ ဝင်ငွေခွဲဝေ ဖြန့်ဖြူးမှု ဆိုတာလေးကို အမြဲခေါင်းထဲထည့်ထားပြီးးး သင့်တော်တဲ့ပမာဏနဲ့ သင့်တော်တဲ့ လူတွေဆီကို အလျဉ်းသင့်သလို ခွဲဝေပေးနေခဲ့မိပါတယ်။ အဲ့ဒီအလေ့အထလေး ရလာကတည်းက ကပ်စီးနည်းတဲ့ စိတ်ဓါတ်လေးတွေလည်းးး တဖြည်းဖြည်းခြင်း လျော့ပါးပျောက်ကွယ် သွားပါတယ်။
နေထက်ထက်အောင်