
အပိုင်း(၄၄)၊အခန်း(င)နှင့်(နောက်ဆုံးပိုင်း)။
မြန်မာနိုင်ငံထဲကိုဒုတိယအကြိမ်ကျူးကျော်ခြေကုပ်ဝင်ယူထားတဲ့ကူမင်တန်ရဲ့မိုင်းပါလျှိုးဌာနချုပ်ကိုတိုက်ခိုက်ချေမှုန်းပြီးတဲ့နောက်ပိုင်းမှာသူတို့တပ်ဖွဲ့တွေ လာအိုနယ် ထဲဆုတ်သူဆုတ်၊ ထိုင်းမြောက်ပိုင်းထဲဝင်သူဝင်၊ ရှမ်းပြည်နယ် အတွင်းပိုင်းကိုပြေး သူပြေးနဲ့ ဖရိုဖရဲတပ်ပျက်သွားပါတော့တယ်။ ဒါပေမဲ့-လုံးဝလက်လျော့သွားတာတော့ မဟုတ်ပါဘူး။ မတ်လထဲမှာဘဲ ထိုင်းကိုရောက်သွားတဲ့တပ်ဖွဲ့တွေကို မြန်မာနိုင်ငံ ထဲကိုပြန်မောင်းသွင်းခဲ့ပြီးတိုင်းရင်းသားသူပုန်တွေ နဲ့ပေါင်းစည်းစေခဲ့ပါတယ်။
အဲဒီ ၁၉၆၁ ခုနှစ်ထဲမှာဘဲ အာဏာရ ဖဆပလအစိုးရအနေနဲ့ ဗုဒ္ဓဘာသာကိုနိုင်ငံ
တော်ဘာသာအဖြစ်ပြဌာန်းခဲ့တဲ့ကိစ္စ နဲ့ကချင်ပြည်နယ်ဘက်က ဖီမော်၊ေ၈ါ်လန်၊ ကန်ဖန်နယ်-စတဲ့နယ် ၃နယ်ကိုတရုပ်ပြည်နဲ့မြေအလဲအထပ်လုပ်ခဲ့တဲ့ ကိစ္စတွေ လုပ်ခဲ့တာကြောင့် အဲဒီကိစ္စတွေအပေါ်မကျေနပ်တဲ့ ကချင်ကျောင်းသားတစုက KIO(ကချင်လွတ်မြောက်ရေးအဖွဲ့)ဆိုပြီး သူပုန်အဖွဲ့သစ်တခုစတင်ထူထောင်ခဲ့ တယ်။ သူတို့တွေကအရင်ကရှိခဲ့ပေမဲ့ အင်အားသိပ်မကြီးဘဲ KNDO(ကရင်သူ ပုန်)ရဲ့အောက်မှာရှမ်းပြည်မြောက်ပိုင်းအတွက် ဆက်ကြေးကောက်တာဝန်ခံ အဆင့်သာရှိနေခဲ့တာပါ။
တော်ဘာသာအဖြစ်ပြဌာန်းခဲ့တဲ့ကိစ္စ နဲ့ကချင်ပြည်နယ်ဘက်က ဖီမော်၊ေ၈ါ်လန်၊ ကန်ဖန်နယ်-စတဲ့နယ် ၃နယ်ကိုတရုပ်ပြည်နဲ့မြေအလဲအထပ်လုပ်ခဲ့တဲ့ ကိစ္စတွေ လုပ်ခဲ့တာကြောင့် အဲဒီကိစ္စတွေအပေါ်မကျေနပ်တဲ့ ကချင်ကျောင်းသားတစုက KIO(ကချင်လွတ်မြောက်ရေးအဖွဲ့)ဆိုပြီး သူပုန်အဖွဲ့သစ်တခုစတင်ထူထောင်ခဲ့ တယ်။ သူတို့တွေကအရင်ကရှိခဲ့ပေမဲ့ အင်အားသိပ်မကြီးဘဲ KNDO(ကရင်သူ ပုန်)ရဲ့အောက်မှာရှမ်းပြည်မြောက်ပိုင်းအတွက် ဆက်ကြေးကောက်တာဝန်ခံ အဆင့်သာရှိနေခဲ့တာပါ။

ပြိုကွဲသွားတဲ့ကူမင်တန်တပ်ဖွဲ့တွေထဲကတချို့၊ KIA ထဲကိုပါရောက်သွားခဲ့ကြတဲ့ အတွက်အင်အားတိုးလာခဲ့တာပါ။ ထို့အတူ KNDO ထဲကိုလည်း ကူမင်တန် တပ်တွေရောက်ရှိသွားပါတယ်။ သင်တန်းနည်းပြအဖြစ်ရော တိုက်ခိုက်ရေး တပ်သားတွေအနေနဲ့ပါပူးပေါင်းခဲ့တာပါ။ တချို့ဆိုရင် ပြည်တွင်းက ဗကပနဲ့ပါ ဆက်သွယ်ပြီး လက်နက်ထောက်ပံ့မှု တွေကအစ လုပ်ခဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်လောက်မှာတက်လာတဲ့ အမေရိကန်သမ္မတ John F. Kennedy က မြန်မာ-တရုပ်နယ်စပ်မှာ ကူမင်တန် တပ်တွေရှိနေတာကိုမလိုလားကြောင်း တရုပ်ဖြူအစိုးရကိုအကြောင်းကြားတဲ့အတွက် အင်အား ၂၀၀၀လောက်ကို အဖြစ်သဘောပြန်လည်ရုပ်သိမ်းပြခဲ့ပေမဲ့ တဖက်လှည့်နဲ့အခြားလေယာဉ်တွေငှားပြီး အဲဒီအင်အားလောက်ကိုဘဲ လာအိုနိုင်ငံထဲ ပြန်လည်စေလွှတ်ခဲ့ပါတယ်။
ဒီအထဲကအတော်များများ မြန်မာထဲကိုပြန်ရောက်လာခဲ့ပြန်ပါတယ်။ နောက်ပိုင်းမှာ အဲသလိုရှိနေတဲ့ ကူမင်တန်တွေကိုထိုင်ဝမ်အစိုးရကတာဝန်မယူတော့ဘူး ဆိုပြီးကြေငြာခဲ့တဲ့အတွက် အင်အား(၆၀၀၀)လောက်ကိုအမေရိကန်ထောက် လှမ်းရေးအဖွဲ့ CIA ကဘဲဆက်လက်တာဝန်ယူခဲ့ပါတယ်။ သူတို့ အကြောင်းပြ ချက်က ကွန်မြူနစ်ဝါဒ အရှေ့တောင်အာရှကိုမပြန့်ပွားအောင်လို့ဆိုပြီးပေါ့ဗျာ။

အဲသည်အချိန်ကစလို့မြန်မာ-တရုပ်နယ်စပ်မှာရှိတဲ့ကူမင်တန်တပ်ဖွဲ့တွေဟာ တရုပ်ပြည်အပေါ် စစ်ဆင်တိုက်ခိုက်မှု ကိစ္စတွေသိပ်မလုပ်ကြတော့ဘဲ မြိုးမြိုးမျက်မျက်အမြတ်အစွန်းရမဲ့ လက်ရင်းလက်ငုတ်လုပ်ငန်းဖြစ်တဲ့ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုကိုသာဇောက်ချလုပ်ကိုင်ရင်း CIA အတွက်သတင်းစုဆောင်းရေး တာဝန်ကိုသာအဓိက လုပ်ကိုင်ခဲ့ကြပါ တော့တယ်။(ဒါကြောင့် နောက်ပိုင်းမှာ တပ်မတော်ကလားရှိုး၊ကွတ်ခိုင်၊သိန္ဒီ၊တန့်ယန်းနယ်ဖက်တွေမှာ ထိုင်ဝမ် ထောက် လှမ်းရေးသူလျှိုတွေကို မကြာခဏဆိုသလိုဖမ်းဆီးမိနေခဲ့တာပါ)။
အခြားတဖက်မှာလည်းထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိနေတဲ့ ကူမင်တန်မျိုးဆက်တွေနဲ့ ပူးပေါင်းပြီးဘိန်းကုန်ကူးရင်း တိုင်းရင်းသားသူပုန်အဖွဲ့အားလုံးကို လက်နက်ရောင်း ချကာ သီးခြားလွတ်မြောက်နယ်မြေထူထောင်ရေးကြွေးကျော် သံနဲ့သိမ်းသွင်းလာ ခဲ့ရာမှာယခင်ကရိုးသားစွာနေထိုင်လာခဲ့ကြတဲ့ရှမ်းစော်ဘွားတွေအထိကိုသိမ်းသွင်းဖျက်ဆီးသွား ခဲ့ကြပါတယ်။(နောက်ပိုင်းမှာ အဲဒီစော်ဘွားတွေကိုဖမ်းဆီး ဖျက်သိမ်း ခဲ့ရာကနေ ရှမ်းသူပုန်ထပ်မံ ပေါ်ပေါက် ခဲ့ရပြန်ပါတယ်)
အတိုချုံးပြောရရင်၁၉၆၂ခုနှစ်မတ်လထဲမှာ တပ်မတော်ကနိုင်ငံတော်အာဏာကို ထိမ်းသိမ်းလိုက်တဲ့အခါ ဗ.က.ပ သာမကတိုင်းရင်းသားသူပုန်အဖွဲ့တွေ အားလုံးမဟာမိတ်တွေဖွဲ့ပြီးအစိုးရကိုပြောင်ပြောင်တင်းတင်းတိုက်ခိုက် လာရာကနေ ယနေ့ထိပြည်တွင်းသောင်းကျန်းမှုသက်ဆိုးရှည်ကုန်ကြတာပါ။
လွပ်လပ်ရေးမရခင်ကာလ(၁၉၃၉)တုန်းက ဗ.က.ပ(ဗမာပြည်ကွန်မြူနစ်ပါတီ)ကို စတင်ဦးဆောင်လှုပ်ရှားခဲ့သူတွေက သခင်အောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)နဲ့ သခင်စိုးတို့ဖြစ်ပါတယ်။(အဲဒီတုန်းက အိန္ဒိယကွန်မြူနစ်ပါတီကိုမှီးခဲ့ပြီး ကိုလိုနီသူ့ကျွန် ဘ၀ဆိုတော့လည်း ရုန်းကန်ဘို့ရာပစ္စည်းမဲ့အာဏာရှင်ဆိုတဲ့ဒီစနစ်တခုသာ အကောင်းဆုံးလို့ ယူဆချင်ယူဆခဲ့ပေမပေါ့)။

ဒါပေသိအဲဒီကွန်မြူနစ်စနစ်ကြီးက ကြမ်းတမ်းလွန်းတယ်လို့ယူဆတာကြောင့် နောက် ပိုင်းမှာ ခေါင်းပုံဖြတ်ခြင်းကင်းသော ဆင်းရဲသားကောင်းစားရေးအတွက် ဆိုတဲ့ဆိုရှယ်လစ်ဇင်ဘက်ကိုယိမ်းခဲ့ကြပုံရပါတယ်။ ၁၉၄၇ခုနှစ်နောက်ပိုင်း လွပ်လပ်ရေးမရခင်လေးတင်မှာဘဲ ဗ.က.ပ နှစ်ခြမ်းကွဲသွားပြီးခေါင်းဆောင်တွေ အဖြစ် သခင်စိုး(အလံနီ)နဲ့သခင်သန်းထွန်း(အလံဖြူ) တို့ဖြစ်သွားခဲ့ကြပြန်ပါတယ်။ (သခင်သန်းထွန်းနဲ့ သခင်အောင်ဆန်းတို့က ဆွေမျိုးတော်စပ်ကြတယ်လို့လည်းဆိုပါတယ်)
ကွန်မြူနစ်စနစ်ရဲ့အရိပ်ကလည်းရှည်လျားတာကြောင့် ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ မွန်၊ ရခိုင်၊ ပလောင်၊ လားဟူ -ဒေသတွေအထိရောက်ရှိပြန့်နှံ့ခဲ့တဲ့အတွက်လွပ်လပ် ရေးရတဲ့အခါ အဲဒီဒေသတိုင်းမှာ သူပုန်အဖွဲ့အစည်းတွေအသီး သီးထူထောင်ဖြစ် သွားခဲ့ကြပါတယ်။(အင်္ဂလိပ်ကလည်း သူအုပ်ချုပ်စဉ်ကာလအတွင်း ကချင်၊ ကရင်၊ ချင်း၊ ရှမ်း၊ ဂေါ်ရ ခါး -အစရှိတဲ့အမည်ခံသေနတ်ကိုင်တပ်ရင်းတွေရည်ရွယ်ချက်ရှိရှိ ကြိုတင်ဖွဲ့စည်းပေးထားခဲ့တဲ့အတွက် လွတ်လပ် ရေးရလို့တိုင်းရင်းသား အသီးသီး သူပုန်ထတဲ့အခါ ပိုမိုလွယ်ကူသွားစေခဲ့ပါတယ်)။ အပိုဆောင်းအနေနဲ့မူဂျာဟစ်ဆိုတဲ့ မူဆလင်သူပုန်အဖွဲ့သစ်တခုကိုတောင် ဘင်္ဂလားနယ်စပ်ဘက်မှာ အဆစ်ဖွဲ့ဖြစ်သွား ခဲ့သေးသပေါ့။
သူပုန်အဖွဲ့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့အတူတူပါဘဲ၊့ ဗမာအစိုးရလက်အောက် မှာ မနေဘဲလွပ်လပ်သော သီးခြားနယ်မြေအသီးသီးထူထောင်ရေးဘဲပေါ့။ (ဒါတောင်ဖ.ဆ.ပ.လအစိုးရက နိုင်ငံတော်သမ္မတအဖြစ် စ၀်ရွှေသိုက်၊ မန်းဝင်းမောင်တို့ကို ခန့်အပ်ပေးထားခဲ့ပါသေးတယ်)
၁၉၅၆ခုနှစ်နဲ့၁၉၅၇ခုနှစ်မှာဦးနုနဲ့ဗိုလ်ချုပ်နေ၀င်းတို့ကိုယ်တိုင် တရုတ်ပြည်ကို ချစ်ကြည်ရေးခရီးစဉ်အသီးသီးသွား ရောက်ခဲ့ပြီးခေါင်းဆောင်မော်စီတုန်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ကြတဲ့တိုင် တရုတ်အနေနဲ့ ဗ.က.ပ တွေကိုသာကြိတ်ပြီး အားပေးအား မြှောက်ပြုခဲ့တာကြောင့် ၁၉၆၅ခုနှစ်မှာ ဗ.က.ပအများအပြားတရုတ်ပြည်ကိုသွားပြီး စစ်ရေး၊ နိုင်ငံရေး သင်တန်းတွေတက်ရောက်ခဲ့ရတဲ့အတွက် ပီးကင်းပြန်အများ အပြားနေရာယူလာခဲ့ပါတယ်။
သခင်စိုးရဲ့အလံနီကွန်မြူနစ်ပါတီ(ဆိုဗီယက်ရုရှသြဇာခံ)က ၁၉၇၀ခုနှစ်မှာ လက်နက်စွန့်အလင်းဝင်ပြီး တရားဝင် ပါတီထောင်ကာနိုင်ငံရေးဆက်လုပ်ခဲ့ပေမဲ့ သခင်သန်းထွန်းဦစီးတဲ့ အလံဖြူကွန်မြူနစ်ပါတီ(တရုပ်သြဇာခံ)ကတော့ တပ်မတော် ကိုဆက်လက်တိုက်ခိုက်ရင်းတောထဲမှာကျန်ခဲ့ပါတယ်။ (သခင်သန်းထွန်း၁၉၆၈ ခုနှစ်၊ ပဲခူးရိုးမ တောတွင်းမှာလုပ်ကြံခံရမှုကြောင့်သေဆုံးခဲ့ရပြီး သခင်စိုးကတော့ ၁၉၈၉ခုနှစ် ရန်ကုန်မှာရိုးရိုးကွယ်လွန် ခဲ့ပါတယ်)
သခင်သန်းထွန်းသေဆုံးခဲ့ပြီးနောက် ပဲခူးရိုးမထဲမှာခြေကုပ်ယူထားတဲ့ ဗ.က.ပ စခန်းတွေတပ်မတော်ရဲ့ဖြတ်(၄) ဖြတ် နည်းဗျူဟာနဲ့စစ်ဆင်ခဲ့တာကြောင့်တခုပြီး တခုကျဆုံးလာတဲ့အတွက် တရုပ်နယ်စပ်ပန်ဆန်းကိုရွှေ့ပြောင်းသွားပြီး သခင်ဗသိန်းတင်၊ဗိုလ်ချုပ်ကျော်ဇောတို့ဦးဆောင်လှုပ်ရှား ခဲ့ပါတယ်။ ၁၉၈၉ခုနှစ်မှာ လက်အောက်ခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေတော်လှန်ပုန်ကန်တာကြောင့် သမိုင်းဝင်ဗကပအဖွဲ့ကြီးလုံးဝပြိုကွဲသွားခဲ့ရပါတော့တယ်။(ဒါပေမဲ့မြို့ပေါ်မှာတော့ ယနေ့ထိမြေအောက် လှုပ်ရှားသူယူဂျီအကြွင်းအကျန်တွေကျန်ရှိနေဆဲပေါ့)
သည်လိုနဲ့ကချင်၊ ကိုးကန့်၊ ၀၊ ပလောင်၊ လားဟူ၊ အခါ၊ ရှမ်းဆိုပြီးတသီးတခြားစီ သူပုန်အဖွဲ့တွေဖြစ်လာခဲ့ရသပေါ့ဗျာ။ တပ်မဟာ (၈၁၅)ရဲ့အဖွဲ့ခေါင်းဆောင်စိုင်း လင်း(ကိုးကန့်ခေါင်းဆောင်ဖုန်ကြားရှင်ရဲ့သားမက်)(ခေါ်)တရုတ်နာမည် Lin Mingxian နဲ့သူ့ရဲ့လက်ထောက်ဖြစ်သူ ကြည်မြင့်(ခေါ်)တရုတ်နာမည် Zhang Zhiming တို့ဟာ ယူနန်ပြည် နယ်၊ ကူမင်းအခြေစိုက် တရုပ်တပ်နီတော်ရဲ့ စစ်သည်ဟောင်းတွေဖြစ်ပါတယ်။(အခုတော့သူတို့အားလုံး ဗမာအဖွဲ့မပါဘဲ သူတို့အချင်းချင်းအရှေ့မြောက်ဒေသမှာ ပြန်ပေါင်းထုတ်ပြီး တပ်မတော်ကို တန်ပြန်တိုက်စစ် ဆင်နေကြလေရဲ့)
အမှန်တော့ ပြည်တွင်းသောင်းကျန်းမှုပြဿနာအားလုံးရဲ့ဇစ်မြစ်ကိုရှာကြည့်ရင် လွပ်လပ်ရေးရခါစကာလ ဖ.ဆ.ပ.လအဖွဲ့ကြီးအတွင်းအချင်းချင်းမညီညွတ်မှု၊ အထူးသဖြင့် ဗ.က.ပရဲ့ရန်မီးကိုစောစီးစွာမချေမှုန်းနိုင် ခဲ့တဲ့တပ်မတော်ရဲ့အင်အား ချိနဲ့မှု၊ တရုတ်နယ်စပ်နဲ့ရှမ်းပြည်ကိုခြေကုပ်ယူလှုပ်ရှားခဲ့ကြတဲ့ကူမင်တန်နဲ့ အမေရိ ကန်ထောက်လှမ်းရေးအဖွဲ့တို့ကိုမတွန်းလှန်နိုင်ခဲ့တဲ့တပ်မတော်ရဲ့အားနည်းချက်တွေကြောင့်လို့ဘဲဆိုရမှာပါ။
ဒီကနေ့ထိမြန်မာနိုင်ငံထဲမှာ တိုင်းရင်းသားတွေနဲ့သွေးနှောထားတဲ့ ကူမင်တန် တရုတ်ဖြူတပ်ဖွဲ့လက်ကျန်မျိုးဆက် တွေအများကြီးရှိနေဆဲပါ။ တချို့ဆိုမန္တလေး၊ ရန်ကုန်မြို့ကြီးတွေထိရောက်နေပါတယ်။ ထို့အတူထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်ခရိုင်ထဲမှာလည်းသူတို့မျိုးဆက်တွေအများအပြား ရှိနေပါသေးတယ်။ (ဇင်းမယ်နားမှာအခုထိ တောင်ပေါ်မြို့ တည်ပေးထားပါတယ်။ အဲဒီမြို့ဟာသာယာ လွန်းလို့ဆိုပြီး အာရှရဲ့ဆွစ်ဇာလန်လို့တောင် ခိုင်းနှိုင်းတင်စားထား လိုက်ပါသေး သဗျား)။

ဒီလိုနဲ့ဟိုးအရင်ကထဲကသူတို့ဘိုးဘေးတွေစတင်ရင်းကျွမ်းကျင်လာခဲ့တဲ့ ဘိန်းစိုက်ပျိုးမှု၊ မူးရစ်ဆေးဝါးထုတ်လုပ်မှု နဲ့ကချင်ပြည်နယ်က ကျောက်စိမ်းမှောင်ခို ကုန်သွယ်မှုတွေကိုဆက်လက်လုပ်ကိုင်ရင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုသွေးထိုးလှုံ့ဆော်လက်နက်တပ်ဆင်ပေးကာ တပ်မတော်ကို ဆက်လက်တိုက်ခိုက်အန်တုနေသလို မြန်မာနိုင်ငံကိုတနေ့နေ့မှာ မပြိုပြိုအောင်ဖြိုခွဲဘို့ကြံစည်နေကြဆဲဖြစ်ပါတယ်။
(၁၉၆၃ခုနှစ်မှာဘိန်းဘုရင်ဖြစ်လာ တဲ့ခွန်ဆာခေါင်းဆောင်တဲ့ လွယ်မော်ကာ ကွယ်ရေးအဖွဲ့ကိုဖွဲ့စည်းပေးခဲ့ရာကနေ ဒီကနေ့ ယွက်ဆစ်ခေါင်းဆောင်တဲ့ SSA.Southအဖွဲ့ဖြစ်လာတာကိုတော့နောက်မှပြောကြတာပေါ့)
နောက်ဆုံးအနေနဲ့ ဒီကနေ့ပြည်တွင်းအခြေအနေဟာအစိုးရအဆက်ဆက် သာပြောင်းလာတယ်၊သောင်းကျန်းသူအဖွဲ့တွေပေါများပြီး စီးပွားရေး ကမောက်ကမ ဖြစ်နေတာတောင် အခုချိန်ထိခေါင်းဆောင်တွေကြားသွေးကွဲဆဲ၊ အာဏာလုဆဲ၊ တိုင်းရင်းသားတွေကြားညှိနှိုင်းလို့မရဆဲ၊ ညီညွတ်မှုမရှိဆဲ၊ အချင်းချင်းတိုက်ခိုက်ဆဲ၊ ဆဲ-ဆဲ-ဆဲ- နေဆဲလို့ပါခင်ဗျား။
(ဗဟုသုတအဖြစ်သာ)
(ရွှင်လန်းနိုင်ပါစေ- လေးလွင်)