Quantcast
Viewing all articles
Browse latest Browse all 1811

ရာဇ၀င်ထဲမှာ တဖက်ကမ်းတွေကိုထားခဲ့(၁)



+++++++++++++
တကယ်တော့အခုလို လောက်ကိုင်မှာ တပ်မတော်သားတွေ အသက်တွေပေးပြီး အရေးတကြီးတိုင်းပြည်အန်တ၇ာယ်တွေ ကျားကုတ်ကျားခဲ ကာကွယ်နေတဲ့အခိုက်မှာ တခြားအကြောင်းအရာတွေ၊သာရေး မာရေးတွေ မရေးခြင်ပါဘူး၊
ကိုယ်ရေးသမျှ စစ်သည်တွေအတွက်နှလုံးသွေးကဖြစ်လာတဲ့ အားပေးစကားတွေဘဲဖြစ်စေခြင်တာပါ။
ဒါပေမဲ့စိတ်မကောင်းလို့ မရေးမဖြစ်ရေးလိုက်၇တာ- ရဲဘော်တို့ရေခွင့်လွှတ်ပါ၊


ညနေ(၆)နာရီလောက်ကဒဂုံမြောက်မှာရှိနေတုံးကြည့်မြင်တိုင်မှာမီးလောင်နေတယ် ကြားရပါတယ်။ရင်ထဲပူသွားမိပါတယ်၊လတ်တလော အိမ်ပြန်ဆောက်နေလို့ကြည့်မြင်တိုင်မှာမနေဘဲ တခြားရောက်နေပေမဲ့တကယ်တော့ကျနော်ကကြည့်မြင်တိုင်သားပါ၊နောက်လည်းကြည့်မြင်တိုင်မှာနေမှာပါ၊စမ်းချောင်းမှာမွေးခဲ့ပေမဲ့(၅)တန်းကထဲကကြည့်မြင်တိုင် အထက(၃)(အရင်ဝါကျုံး၊ နောက်ဒေသကောလိပ်(၃)မှာ နေခဲံ့ပြီး)ဒေသကောလိပ်တွေဖွင့်ဖို့ကျနော်တို့ကျောင်းကြီးကိုသိမ်းတော့မှ စမ်းချောင်းက၊ကြံတောစတိတ်ခေါ် အလောင်းစည်သူကျောင်း၊အထက(၁)ကိုပြောင်းတက်ခဲ့ရတာပါ၊အဲ့ဒီကျောင်း ကလည်းမခေပါဘူး၊ ကျနော်(၈)တန်းမှာ သိပ်ပံသင်တာ ဆရာဦးဝင်းဖေ(ကဗျာဆရာမောင်စွမ်းရည်)ဖြစ်ပြီးစာရေးကြီးဦးကြီးမြင့်ကကျနော့ဦးလေးသူငယ်ချင်း စာပေသမားကြီးပါ၊


ညနေပိုင်းဆိုရင်မြေနီကုန်းညဈေး အခုဒဂုံစင်တာနေရာက စာအုပ်အဟောင်းဆိုင်မှာ စာအုပ်ရောင်းသေးတယ်၊အဲဒီကျောင်းက ကျနော်တို့ထက် စီနီယာကျတာကတော့ အခု MPCက ဦးလှမောင်ရွှေ ပါ၊ စတသ(၂၂)ကကျနော်တို့နဲ့အတူနေ လူပျိုခေါင်းကြီး ကိုလှမြင့်ရွှေလည်း ကျနော်တို့ကျောင်းထွက်လို့ နောက်မှ သူငယ်ချင်းတွေပြောလို့ကြားရပါတယ်၊တတပ်ထည်းမှာခုတင်ဘေးခြင်းကပ်အကိုကြီးနဲ့နေလာခဲ့ပေမဲ့၊အလောင်းစည်သူကျောင်းအကြောင်းတခွန်းမဟခဲ့ရပါဘူး၊သူရော ကျနော်ရောစမ်းချောင်းသားဆိုတာ တပ်ကထွက်ပြီးဘူတာရုံမှပြန်ဆုံမှ တရပ်ထည်းသားဆိုတာသိခဲ့ရတာပါ၊အထက(၁)စမ်းချောင်းကအရမ်းကောင်းပေမဲ့ ကြည့်မြင်တိုင်ကျောင်းကိုသာ ပြောင်းခြင်နေတဲ့ကျနော်ဟာ၉တန်းမှာတော့ အမေလိုဆရာမဒေါ်တင်မိုးဧ (စာရေးဆရာမ မိုးငြိမ်းဧ(ကွယ်လွန်)ကို အတင်းအပူကပ်လို့ အထက(၃)ကြည့်မြင်တိုင် ကိုပြန်ပြောင်းလာခဲ့ပါတယ်၊နောက်အဲ့ဒီကျောင်းကဘဲ(၁၀) တန်းအောင်ခဲ့ပါတယ်၊နောက်ကြည့်မြင်တိုင်သူနဲ့ဘဲ အိမ်ထောင်ကျလို့ ကြည့်မြင်တိုင်မှာ နေလိုက်တာအခုတသက်ပါဘဲ၊ 

ဒါကြောင့်ကျနော် ဟာကိုယ့်ကိုယ့်ကိုယ်ရွှေတိုင်သားလုံးလုံး သတ်မှတ်ထားကြပါတယ်၊ ရွှေတိုင်ညွန့်နေခဲ့တဲ့အရပ်ကရွှေတိုင်သန့် ပေါ့့ဗျာ-၊ကြည့်မြင်တိုင်မှာလည်း မသိသူမရှိသလောက်ပါဘဲ၊ ဇော်ဝင်းထွတ်တို့အမေ အန်တီထား က အုန်းပင်လမ်းမှာ ၊ပြောရ၇င်ဇော်ဝင်းထွတ်တောင်အထက(၃)ကြည့်မြင်တိုင်မှာတက်ဖူးသေးတယ်၊နောက်မှ တီတီစီ ပြောင်းသွားတာ၊အဲသည်လမ်းထိပ်မှာလည်း အခုနိုင်ငံခြားရောက်နေတဲ့ အဆိုတော် သီရိညွန့်ကနေတယ်သူ့ညီဝမ်းကွဲတွေက ကျနော့သူငယ်ချင်းတွေ။ အဲ့သည်အိမ်ဘေးက ဆရာဘိန်းဆရာလှ ခလေးဆေးတိုက်ကြီးက အသားမဲသလောက်သဘောဖြူလွန်းတဲ့ ဆရာမဒေါ်သေးသေးတင်(ခေါ်)ဒေါ်သိန်းသိန်းတင် က ကျောင်းကဆရာမ။ ပြောရ၇င်တော့ ကြည့်မြင်တိုင်တပိုင်းလုံး ကုန်သွားတော့မယ် သံချပ်မင်းသားကြီး ကိုခင်မောင်ဆွေဆိုလည်း ထ(၃)ထွက်ဘဲ၊ကျော်ထူး၊ဧရာ ရွှေတိုင်သားတွေ အများကြီးမှ အများကြီး ဒီမိုကရေစိအရေးမှာဆိုလည်းရှေ့ကထွက်ခဲ့တဲ့သူငယ်ချင်းတွေ အများကြီး ထောင်ကထွက်ပြီးမကြာခင်သေသွားရတဲ့ ၈စကန့်ငြိမ်စာအုပ်ထဲက သုတအောင် ဆိုတတန်းထည်း၊ တခုံထည်းနေခဲ့တာ၊ နောက် Yangon Time ,Flower news နေလ ဘာသာရေးဂျာနယ်တွေရဲ့ခေါင်းကိုင်ဖခင်ကြီး အယ်ဒီတာချုပ်ကြီးနွယ်ဦးလှိုင်ဆိုလည်း တတန်းထည်းသား သူငယ်ချင်း၊နောက်အခုစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၊အခုထိထောင်ထဲကမထွက်ရသေးဘူးထင်တဲ့ စသုံးလုံးညွှန်ချုပ် ကိုထွန်းလှအောင် အလုပ်သင်(၈)တို့ဟာလည်းဝါကျူးံကျောင်းသားဟောင်းတွေပေါ့၊ 


နောက်တခြားပြောမကောင်းတဲ့ နေရာမှာထိပ်ဖြစ်နေတဲ့၊ ခုအမည်ထုတ်ပြောမသင့်သေးတဲ့ သူငယ်ချင်းတွေလည်းများတယ်၊ ပြောခြင်တာက ကျနော်ကကြည့်မြင်တိုင်မှာမမွေးပေမဲ့(ဂျင်မခါနာ့အလုံမှာမွေးပေမဲ့)ရွှေတိုင်ကိုချစ်တဲ့ ရွှေတိုင်သားစစ်စစ်ဆိုတာပြောခြင်တာပါ၊ အခုမီးလောင်တယ်ကြားတော့ ကိုယ့်အိမ် လတ်တလောမရှိတော့ပေမဲ့ ကြည့်မြင်တိုင်ကိုအပြေးလေးပြန်မိတယ်၊ဟိုရောက်တော့ စိတ်ထဲပိုဝမ်းနည်းသွား ရပါတယ်၊ အဲဒါက တကယ်လောင်နေတဲ့နေရာကကြည့်မြင်တိုင်တဖက်ကမ်းက ရွာလေးတွေပါ၊ အများသူငါလိုဘဲ ကြည့်မြင်တိုင် ကမ်းနားဈေးကူးတို့ကနေလှမ်းကြည့်မိပါတယ်၊ မြစ်ရေပြင်ကြီးတခုလုံးမီးအရှိန်ဟပ်ပြီးရဲရဲတောက်လို့၊ဘ၀တွေဘ၀တွေ အများကြီးကြေမွကုန်ပါပြီ၊ လွန်ခဲ့တဲ့အပတ်ကဘဲ မိတ်ဆွေကြီးကိုတင်စိန်ဖိတ်လို့ဝါးရုံဆိပ်၇ွာ အလှုသွားရင်း သည်မီးလောင်ရာဗလုပ်ညွန့်ရွာကူးတို့ဆိပ်ကတက်၊ဆိုင်ကယ်ကယ်ရီ ရ၀၀ကျပ်နဲ့ဌားပြီး ၀ါးတီးသွားဆွဲခဲ့ရတာပါ၊ အခုတော့အကုန်ပြောင်နေပါပြီ၊တော်တော်နဲ့မီးဆွယ်ကျိုးမယ်မထင်ပါဘူး၊မီးသတ်ကားတွေလည်းချက်ခြင်းမရောက်နိုင်ဘူး၊ရန်ကုန်ကနေဘုရင်နောင့်တံတား၊အဲသည်ကနေ ပန်းလှိုင်မြစ်ကူးတံတားတွေကူးပြီး တွံတေးဖက်ကလှည့်သွားရမှာပါ၊တွံတေးက မီးသတ်တွေလည်း ဆိပ်ကြီးခနောင်တိုလမ်းကပတ်သွားရမှာပါ၊ 

အလတ်ချောင်းရွာက သူငယ်ချင်းကိုလှမ်းမေးတော့ ဒလက မီးသတ်ကားတွေတော့ ပတ်ဝင်လာပြီပြောပါတယ်၊ ဒါနဲ့မိတ်ဆွေကြီးကိုတင်စိန်ဖုန်းကိုလှမ်းခေါ်လိုက်ပါတယ်၊ဖုန်းဝင်သွားပါတယ် ဟလို ဆိုတဲ့ ကိုတင်စိန်အသံကြားရပြီး ကျနော်က ဟလိုတောင်မလုပ်ရသေးဘူး ဟေ့ကောင် နောက်မှဆက် သည်မှာမီးတောထဲရောက်နေတယ်---ဟေ့ရေပိုက်ဟိုဘက်ထိုး၊မီးချိတ်သမား အမိုးတွေဆွဲချ၊ ခလေးတွေချီပြီးပြေးတော့၊ ဟိုအဖွားကြီး ကျောက်ပြင်ကြီးထမ်းပြီး ဟိုပြေးရမလို သည်ပြေး၇မလို သံယောဇဉ်င်္များမနေနဲ့ မီးက ကပ်နေပြီပြေးတော့ ပြေးတော့ စတဲ့ ဖုန်းမပိတ်မိဘဲအမောတကောအော်ဟစ်မီးသတ်နေတဲ့ ကျနော့မိတ်ဆွေကြီး ကိုတင်စိန်ရဲ့ဝေဒနာအသံတွေ ကြားနေရပါတယ်၊ဒါကြောင့်ကိုကဘဲဖုန်းကိုအလိုက်တသိပိတ်လိုက်ပါတော့တယ်၊ရင်ထဲမှာတော့ပူလို့ပေါ့၊


တကယ်တော့ သည်ကြည့်မြင်တိုင်တဖက်ကမ်းက ရွာလေးတွေဟာ ၀ါးရုံဆိပ်ရွာက NLDရပ်ကျေးစည်းရုံးရေးမှုး ကိုမောင်ကြီးပြောသလိုပြောရရင် ကျနော်တို့ကြည့်မြင်တိုင်တဖက်ကမ်းက ရွာတွေဟာ တဖက်ကမ်းဆိုတဲ့အတိုင်း တဖက်ကန်းနေရတာပါ စာရေးဆရာ၊ ကြာလေလေတဖက်မက စုံလုံးကန်းတော့မှာပါ တဲ့ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးကလည်း ပါလီမန်ခေတ်ကထက် နည်းနည်းလေးသာတယ်ဆိုရုံလေး၊ အညာက ပြည်ခိုင်ဖြိုးရွာတွေ ခရိုင်ခြင်းဆက် လမ်းလောက်တောင်မကောင်း၊ ရွာထဲဆိုကားမောင်းဖို့မပြောနဲ့ ဆိုင်ကယ်တောင် မိုးတွင်းဆိုဆင်းတွန်းသွားရတယ်၊ ရေကောင်းရေသန့်မရှိ အထက်တန်းကျောင်းမရှိတော့ ဦးမြငါးစင်ကခလေးတွေလို ရန်ကုန်ကိုသမာန်နဲ့နေ့စဉ်ကူးပြီးကျောင်းတက်ရတယ်၊မတတ်နိုင်တဲ့မိဘကများလေတော့ မူလတန်း အလယ်တန်းနဲ့ တင် စာသင်ခန်းကနေဂျောင်းရပြီ၊ အများစုကလေးတွေက သည်ဖက်ကူးပြီး ကမ်းနားကငါးဈေးကြီးမှာ ယောကျားင်္လေးက ငါးထမ်း၊ မိန်းကလေးက ငါးခြစ် သည်လိုပျံကျ အလုပ်တွေလုပ်ရတယ်။ 

အလုပ်လုပ်ရင်း ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျ၊ခလေးရ ၊မပြေလည်တော့ ငါးထမ်း ငါးခြစ်ပြန်လုပ်ရ၊ကလေးကို ခနော်နီခနော်နဲ့တဲလေးတွေမှာအိမ်နီးနားခြင်းကိုအပ်ထား၊တခါတရံ ကလေးကဆော့ရင်း ရေစပ်မှာဆိုတော့ ပြုတ်ကျသေ၊ ဒုတ်ခတွေအနန်တနဲ့ဝေဒနာရွာလေးတွေပါ၊သည်ရွာလေးတွေမှာ ကျနော်တို့သူငယ်ချင်းမိတ်ဆွေတစု တတ်နိုင်သမျှလေးစုပြီး လူမှုရေးလုပ်နေတာကြာပါပြီ၊ နွေဆိုအဲသည်ဒေသ ၇ွာလေးတွေက ရေရှားတယ်၊ ရေငန်ကချောင်း(၃)ချောင်းကနေတိုးတော့ သောက်ရေအ၇မ်းရှားတယ်၊ ရေတူး၇င်လည်း ရေငန်ဘဲထွက်လို့ မိုးအခါမှာ ရေကန်ကြီးတွေနဲ့ရေကိုလှောင်ပြီး တနှစ်ပတ်လုံးတရွာလုံး ဝေမျှသုံးရတယ်၊ အများအားဖြင့် မလောက်ကြဘူး၊ ကျနော်တို့မိတ်ဆွေသူငယ်ချင်းတွေ နွေဆို ကြည့်မြင်တိုင်အရှေ့ဖက်ကနေသမာန်တွေဌား ရေပုံးတွေတင်ပြီးသောက်ရေ ရွာတွေလိုက်ဝေရတယ်၊ 

အရင်နှစ်တွေက အခုအချိန် ကန်ရေ၇သေးတယ်၊ အခုနှစ်တော့ ပိုဆိုးမယ်ထင်ပါတယ်၊ အပူချိန်တက်လာလို့လား၊ မိုးနည်းလို့လားမသိဘူး၊ ဒေသထဲကရွာတွေ အတော်များများမှာ ကန်တွေရေခန်းနေပြီ၊ သည်နှစ်တော့ အလှုရှင်မိတ်ဆွေတွေကို တော်တော်များများ စုရဦးမယ်ထင်ပါတယ်၊ ကိုယ်တွေကလည်းခရိုနီ။ ခရိုပြာတွေမဟုတ်တော့ ချင့်ချင့်ချိန်ချိန် လှုကြရပါတယ်၊ တကယ်တော့ ဆင့်ပါးစပ်နှမ်းပက်သလို တောင်မရှိပါဘူးဗျာ၊ 


နောက် ရွာတွေမှာ စာကြည့်တိုက်လေးတွေ ဖွင့်နိုင်အောင်ကြိုးစားတယ်၊ ကျနော်တို့သူငယ်ချင်းတွေ စာအုပ်စုလှုတယ်၊ ကလေးတွေ ကျောင်းဖွင့်ချိန် မတတ်နိုင်တဲ့ကလေးတွေ ကျောင်းအပ်ပေးတယ်၊ ခဲတံ့စာအုပ်ဝယ်လှုတယ်၊ အခုနွေရာသီလည်းရွာက ဘုန်းကြီးကျောင်းတွေမှာ ယဉ်ကျေးလိမ်မာ သင်တန်းတွေဖွင့်ရင် အထောက်အကူပေးဖို့၊ စေတနာ့ဝန်ထမ်းဆရာလေးတွေနဲ့ အားဖြည့်ပေးဖို့၊စိတ်ဓါတ်မြင့်တင်ရေး သဘောလေးတွေပါ ပုံပြောသလို subject တခုအနေနဲ့ ၀င်သင်ပေးဖို့မိတ်ဆွေတွေ တိုင်ပင်ထားကြပါတယ်၊ 

ဒါတွေပြောပြနေတာ စေတနာရှင်။ မေတာရှင်ကြီးတွေဖြစ်ခြင်လို့၊ ကိုယ်တွေလုပ်ခဲ့တဲ့ အလုပ်တွေဂုဏ်ဖေါ်ခြင်လို့ မဟုတ်ပါဘူး၊ အခုဟာက မြွေပူရာကင်းနှောက်၊ နှုရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ မြေနိမ့်ရာလှံစိုက်၊ ရေနစ်သူဝါးကူလို့ထိုး၊ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို၊ ငတ်ပါတယ်ဆိုမှ မီးပါလောင်ရတဲ့အဖြစ် ၊အရင်ဘ၀တွေက ပစ်စန်တရစ်များ ဖြစ်ခဲ့လေလားမသိပါ။ အရင်က ကျနော်တို့မိတ်ဆွေသူငယ်ချင်းတစု တတ်နိုင်သမျှလေးနဲ့ ဖြန့်ခွဲလှုဒါန်းခဲ့ပေမဲ့ အခုလိုမီးလောင်သွားတော့ ကျနော်တို့ထမ်းနိုင်တဲ့ ၀န်ထက် အများကြီးကျော်သွားပါပြီ၊ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတွေစီက အလှုခံခြင်လို့ရှည်ရှည်ဝေးဝေး ရှင်းပြနေတာပါ၊ 

ခုနကတော့ ကိုကျော်သူရဲ့ နာရေးကူညီမှုကားတွေ ရောက်လာကူညီနေသလို ခရိုင်အုပ်ချုပ်ရေးမှုး အပါအ၀င် တာဝန်ရှိတဲ့ အဖွဲအစည်းတွေကလည်း တညလုံးမအိပ်မနေ မီးဘေးသင့်မိသားစုတွေကို နေရာချထား နှစ်သိမ့်ပေးနေတယ်လို့ သိရပါတယ်၊ ကျနော်ကတော့ ရေကြောက်တော့ မနက်မှဘဲလှေနဲ့ကူးတော့ပါမယ်၊ တကယ်ပြောရမယ်ဆိုရင် တဖက်နဲ့တဖက်မီတာ(၈၀၀)လောက်ပေ၂၅၀၀အကွာက လှမ်းအော်ရင် ကြားရတဲ့ ကြည့်မြင်တိုင်တဖက်ကမ်းကနေ မကူးနိုင်မကယ်နိုင် ထိုင်ကြည့်နေရတဲ့ ဘ၀ဟာ အတော်ဆိုးပါတယ်၊ တကယ်တော့ သူတို့လည်း မဟာရန်ကုန်မြို့တော်သူမြို့တော်သားတွေပါဘဲ၊ ခေတ်အဆက်ဆက် ဘာလို့များသူတို့ဒေသကို ရာဇ၀င်ထဲမှာ ထားခဲ့ကြတာလည်း ကျနော်မတွေးတတ်ပါဘူး၊ ထိန်ကုန်းရွာက NLD ခေါင်းဆောင် ကိုဇော်ဝင်းဗိုလ် ကလည်း သည်လိုပြောပါတယ် "စာရေးဆရာ ခင်ဗျားတို့မြို့သားတွေက ကျနော်တို့ရွာတွေကို နောက်ဆို ရှေးဟောင်းရွာတွေဆိုပြီးပြစားဖို့ ကျောက်ခေတ်သံခေတ်မှာဘဲ ထားထားခဲ့တာလားဗျာတဲ့။ ကျနော့ကို ဂျူဗလီဟောမှာ ဗိုလ်ချုပ်တို့အာဇာနည်ရုပ်အလောင်းတွေထားခဲ့တုံးက ဗိုလ်ချုပ်အလောင်း ထည့်ခဲ့တဲ့ ခေါင်းကြီးအခု ထိသိမ်းထားတယ်ဆိုတဲ့ ဘုန်းကြီးကျောင်းကို လိုက်ပြတုံးကပြောတာပါ။


အခုတော့ သည်ရွာလေးတွေခမျာမှာ ရာဇ၀င်ထဲတောင် ထားမရဘဲ မီးလောင်ပြင်ဖြစ်ခဲ့ရပါပြီ၊ အိမ်တွေလူတွေ ကြပ်သိပ်နေကြတာကြောင့် မပြောကောင်းမဆိုကောင်း သေကြကြေကြဦးမှာပါ၊ အဲ့သည် ရာဇ၀င်ထဲမှာ ကျန်ခဲ့တဲ့ ရွာကလေးတွေက ကလေးတွေ အရင်တလ ကျနော်တို့ရောက်တုံးမုန့်တွေဝေပေးရင်း ရိုက်ခဲ့တဲ့ဓါတ်ပုံလေးတွေ မိတ်ဆွေတို့ကြည့်ဖို့တင်ပေးလိုက်ပါတယ်၊ ဘယ်လောက်ဆင်းရဲနုံခြာတဲ့ ဘ၀တွေလည်းဆိုတာတော့ မျက်မြင်သာကြည့်ပါတော့ဗျာ၊


မနက်တော့ ကျနော်တို့သူငယ်ချင်းတစု အစောလှေနဲ့ကူးပါမယ်၊ လတ်တလော နှစ်ယောက်သုံးယောက် စုလိုက်တာ(၁၀)သိန်းရပါပြီ၊ သူငယ်ချင်းတွေလည်း ထပ်ခေါ်ထားပါတယ်၊ သူတို့လည်း ထပ်ထည့်ကြမှာပါ၊ လောလောဆယ် လှမ်မေးတော့၊ အခုညစာ ထမင်းထုပ်အဆင်ပြေတယ်၊ မနက်လည်း ၀ါးရုံဆိပ်ရွာက ချက်ပို့မယ်ပြောပါတယ်၊ ဒါကြောင့် ငွေသက်သက်သာ လိုအပ်တဲ့နေရာမှာ သုံးဖို့သွားလှုပါမယ်၊ ပျက်စီးဆုံး၇ှုံးမှုအခြေအနေကြည့်ပြီး ဆန်၊ဆီ၊ဆား အ၀တ်အထည်တွေ ထပ်လှုသွားပါ့မယ်၊ဒါကြောင့် ရာဇ၀င်ထဲမှာ ကျန်နေတဲ့ မီးသင့်ခံမိသားစုတွေကို မိတ်ဆွေတွေလည်း တတ်စွမ်းသမျှလှုဖို့ ဖိတ်ခေါ်ပါတယ်၊ 


ငွေ၊စားစရာ အ၀တ်အထည် တွေ လှုဒါန်းပေးပါ၊ ကျနော်တို့ တာဝန်ယူလှုပေးပါမယ်၊ အလှုရှင်တွေကိုလည်း အတိအကျ ကျေညာပေးပါ့မယ်၊ ကိုယ်တိုင်လိုက်ပါ ကိုယ်ထိလက်ရောက် လှုဒါန်းခြင်ရင်လည်း ဆောင်ရွက်ပေးပါ့မယ်၊ အဲသည့်ဒေသက ပြော၇မယ်ဆိုရင် နာဂစ်ကထဲက အလှုရှင်တွေနဲ့ အကျိုးပေးတယ်လို့ မပြောရက်ရက်နဲက ပြောထွက်ရပါတော့တယ်၊ အများစုက အလှုရှင်တွေဆောက်ပေးတဲ့ ၀ါးအိမ်သေးသေးလေးတွေနဲ့ နေရဆဲပါ၊ နာဂစ်က ဘ၀တွေ ခြေမွခဲ့သလိုဘဲ အခုလည်း မီး ကခြေမွခဲ့ပြန်ပါပြီ၊ 


အခုဓါတ်ပုံလးတွေတင်လိုက်ပါတယ်မနက်ကျရင်အဲ့သည်နေရာလေးတွေမီးလောင်နေတာလည်းထပ်တင်ပါဦးမယ်၊၀ိုင်းဝန်းလှုဒါန်းကြပါဦး ဖေ့ဘုတ်တခွင်ကဒါနရှင်များခင်ဗျား---------------------------------------------------------


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>