၁၃၀၀ပြည့် အရေးတော်ပုံ။ သခင်ကိုယ်တော်မှိုင်း သခင်အောင်ဆန်းတို့  ဦးစီးတဲ့ တို့ ဗမာအစည်းအရုံးရဲ့ ဦးဆောင်မှု အောက်မှာအလုပ်သမား၊လယ်သမား၊ ကျောင်းသားနဲ့ သပိတ်အဖွဲ့ အားလုံးစနစ်တကျ ခေါင်းဆောင်မှုအဆင့်ဆင့်နဲ့ အရေးတော်ပုံအစအဆုံးလှုပ်ရှားခဲ့ကြတယ်။ ခေါင်း ဆောင်မှု ကောင်းကောင်းနဲ့ အရေးတော်ပုံ ကို အသက်သွင်းပေးခဲ့ကြပြီး အဆုံးသတ်ရမယ့် အချိန်မှာ ဗဟိုခေါင်းဆောင်တွေက သပိတ်မလှန်ချင်တဲ့ ခေါင်းဆောင်တွေ ကို နားလည်အောင် ဆွေးနွေး စည်းရုံးပြီး အစိုးရနဲ့ အပေးအယူ လုပ် အဆုံးသတ်နိင်ခဲ့တယ်။
၈၈ အရေးတော်ပုံ ။ မွေးချိန်တန်လို့ မနေနိင်ဘဲ မွေးခဲ့ ရပေမယ့် ကျွမ်းကျင်တဲ့ လက်သည်မရှိဘဲ တွေ့ ရာလက်သည်နဲ့ မွေးခဲ့ရလို့ သားပျက်သားလျောမယ့်ပုံဖြစ်နေပါတယ်။အစိုးရအပေါ်မကျေနပ်တဲ့ လူထုအုံကြွမှုပေါ်ပေါက်လာ ပေမယ့် ခေါင်းဆောင်မရှိခဲ့ဘဲ အရေးတော်ပုံအရှိန် ကောင်းချိန်ရောက်မှ ခေါင်းဆောင်ရှာတင်ခဲ့ရသလို ခေါင်းဆောင်တွေဟာလည်း ပုံရိပ်တစ်ခု အ နေနဲ့ သာ ပေါ်လွင်ခဲ့ပြီး အနှစ်သာရရှိရှိ ခေါင်း ဆောင် မှု မပေးနိင်ခဲ့တာ တွေ့ ရပါတယ်။ လူထုက အဆင်သင့်ဖြစ်ပြီး ခေါင်းဆောင်အဆင်သင့်မရှိတဲ့ဟန်ချက်မညီတော်လှန်ရေးဖြစ်ပါတယ်။(၃)လအတွင်း ရွေး ကောက်ပွဲလုပ်ပြီးအာဏာလွှဲပြောင်း မယ်ဆိုတဲ့ သမ္မတ ဒေါက်တာမောင်မောင်ရဲ့  ကမ်းလှမ်းချက်ကို လက်မခံဘဲ ကြားဖြတ်အစိုးးရ ချက်ချင်းတောင်းဆိုခြင်း၊လုံခြုံရေးတာဝန်ယူနေတဲ့  တပ်တွေကိုအမျိုးမျိုး ရန်စရာကနေ၀င်ရောက်စီးနင်းခြင်း၊ဆူပူလုယက်အကြမ်းဖက်မျိုးစုံကိုမထိန်းနိင်ခြင်း တွေဟာ ညံ့ဖျင်းတဲ့ လက်သည်ကြောင့် သားမွေးဖို့ ထက်မိခင်အသက်တောင်မနဲပြန်လုယူရ မယ့် ကိန်း ဆိုက်နေပါပြီ။
စက်တင်ဘာ (၁၈)ရက်နေ့ မှာ ဆန္ဒပြပွဲ တွေ လုယက်သတ်ဖြတ်မှုတွေ အရှိန်မပျက်ဖြစ်နေဆဲ ကျိုက္ကဆံကွင်း ထဲမှာ တော့တိတ်ဆိတ်ငြိမ်သက်နေပါတယ်။ညနေပိုင်း သူငယ်ချင်း နှစ် ယောက် အရပ်ဝတ်နဲ့ ကျိုက္ကဆံကွင်း အပြင်ဖက် အုတ်ခုံမှာထိုင်ပြီး ဆန္ဒပြ အဖွဲ့ တွေ ကို ငေးကြည့် နေ ကြပါတယ်။ ဘေးမှာထိုင်နေတဲ့ လူနှစ်ယောက်က “ဒီကောင်တွေအာဏာသိမ်းလည်းဘယ် နှစ်ရက်ခံမှာလဲ” ဆိုတဲ့ ပြောသံကြားရလို့  နှစ်ယောက်သား ကွင်းထဲကို အမြန်ပြန်ခဲ့ပါတယ်။
တပ်ရင်းမှုးနဲ့  အမိန့် အဖွဲ့ တွေ စစ်ရုံးကို ချီတက်သွားကြပြီး တပ်တွေကတော့ အဆင်သင့်ပြင် စောင့်နေကြ ရပါတယ်။ ညဖက်တပ်ရင်းမှုး အဖွဲ့ ပြန်ရောက်လာတော့ အရာရှိအားလုံး ခေါ်ပြီး အခြေအနေရှင်းပြပါတယ်။ နိင်ငံတော်တာဝန်ကို တပ်မတော်ကယူလိုက်ပြီဖြစ်ကြောင်း ညမထွက်ရအမိန့်  ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ ဒီည သက်ဆိုင်ရာနယ်မြေအလိုက် လမ်းကြောင်းပိတ်ဆို့ မှုတွေကို ရှင်းလင်းရာမှာ နှောင့် ယှက်သူတွေကို အထက်ဌာနက ပစ်ခတ်ခွင့် ပေးပြီးဖြစ်ကြောင်း၊ ဒါပေမယ့် အခုမှ စတာဖြစ်လို့  ဒီညမှာတော့ မသိသေးတဲ့ သူတွေ ရှိနိင်လို့  အတတ်နိင်ဆုံး ထိန်းသိမ်းပစ်ခတ်စေလိုကြောင်း မှာကြားပြီး သက်ဆိုင်ရာ လမ်းကြောင်း အလိုက် ယာဉ်တန်းတွေနဲ့ ချီတက်ရပါတော့တယ်။
လမ်းတလျှောက် ပိတ်ဆို့ တားဆီးထားတဲ့ အတားအဆီးမျိုးစုံ ဆင်းဖယ်လိုက် ရှေ့ မှာ တစ်ခုထပ်တွေ့ လိုက်နဲ့ ကားပေါ်ပြန်တက်ရတာ မရှိသလောက်ပါဘဲ။ နှောင့်ယှက်တဲ့ သူတွေ မတွေ့ ရလို့  ပစ်ခတ်တဲ့အထိ မဖြစ်ဘဲ လမ်းအတားအဆီးတွေဖယ်ရင်း တာမွေအ၀ိုင်းအထိ ရောက်လာပါတယ်။ တာမွေ အ၀ိုင်းမှာတော့ ရုပ်ရှင်ရုံထဲက ခုံတန်းတွေ အပါအ၀င် အတားအဆီးမျိုးစုံ ထူထူထပ်ထပ် ချထားတဲ့ အပြင် အတားအဆီးတွေနောက်မှာ လူတွေပါ အော်ဟစ်ဆူညံနေကြတဲ့ အသံတွေ ကြားနေရပါတယ်။ ရုပ်ရှင်ရုံဘက်ခြမ်း အတားအဆီးတွေ ဖယ်ရှားချိန်မှာ ဂျင်ဂလိတွေ လေးခွတွေ ကျောက်ခဲ အုတ်ခဲတွေ မျိုးစုံနဲ့ စတင်ပစ်ခတ်တာ ခံရပါတော့တယ်။