Quantcast
Viewing all articles
Browse latest Browse all 1811

ပန်းလှိုင်မြစ် ကမ်းနဖူးက လွမ်းဖူးသူတယောက်ပါမေ

Image may be NSFW.
Clik here to view.
Khin Mg Thant's photo.

++++++++++++++++++++++++++++++++++++
(လောက်ကိုင်ဖက်ကိုအားပါပြီးစာတွေအတော်များများရေးနေမိတဲ့ကျနော့ကို ကြည့်မြင်တိုင်တဖက်ကမ်းကဘော်ဒါကြီး ကိုတင်စိန်က ဖုန်းနဲ့လှမ်းချဲပါတယ်၊ ဟေ့ကောင် တစစ်စစ်နဲ့
စစ်တိုက်ခြင်သလောက်နောက်မှတိုက် -ငါတို့ပြောထားတာလည်း ရေးဖို့မမေ့နဲ့ဦးလို့ လှမ်း သတိပေးပါတယ်၊ ဟုတ်ပါတယ် ကျနော်လည်း လက်ပတ်နီ ကိစ်စရေးပြီးကထဲက အာရုံနောက်လာလို့ အဲ့ဒီဖက်အခြမ်းကို နည်းနည်းလေးအာရုံပျောက်နေမိပါတယ်၊လက်ပတ်နီလက်တဆုပ်လောက်အတွက်နဲ့ ဒေသခံ ကျေးရွာ (၁၁)ရွာအကျိုးနဲ့မလဲနိုင်တာမို့ ရေးသင့်တာလေးတွေပြန်ရေးပါတော့မယ်-
အဓိက အဲသည်ကြည့်မြင်တိုင်တဖက်ကမ်းမှာ သေရေးရှင်ရေးနီးပါးသတိပေးရေးရမဲ့လတ်တလော အချက်နှစ်ချက် ရှိပါတယ်၊ အဲဒါတွေကတော့

(၁) နွေရာသီရေချိုပြတ်လပ်ခြင်းပြသနာ(သည်နှစ်ပိုဆိုးပါ့မယ်၊အရင်နှစ်ထက်အပူချိန်မြင့်လာလို့ တချို့ရွာတွေဆိုအခုအချိန်ထဲက ရေပြတ်လတ်နေပါပြီ)

(၂) မိုးရာသီ ရွာတွေရေကြီးတော့မဲ့ပြသနာ(မိုးရာသီမှာ ၀ါးရုံဆိပ်၊အေးရွာ၊ဘလုပ်ညွန့်စက်ဆန်းရွာတွေ ရေကြီးနစ်မြုပ်မှုခံရတော့မဲ့အခြေအနေရှိနေပါတယ်၊အကောင်းနဲ့အဆိုးရောနေတဲ့ပန်းလှိုင်မြစ်ပိတ်တာရိုးကြီး ကြောင့်ပါ
သည်နှစ်ချက်ထဲက ရေပြသနာအတွက်ချပြဖို့Dataတွေလိုနေသေးတာမို့ပန်းလှိုင်မြစ်ပိတ်တာရိုးအကြောင်းဘဲ အရင်ရေးလိုက်ပါရစေ) 
Image may be NSFW.
Clik here to view.
Khin Mg Thant's photo.
ဘာဖြစ်လို့လည်းဆိုတော့ကျနော်ဟာပန်းလှိုင်မြစ်ကမ်းနဖူးကလွမ်းဘူးသူတယောက်မို့ပါဘဲ××××××)
ပန်းလှိုင်မြစ်ဆိုတာ မြစ်အကြီးကြီးတော့မဟုတ်ပါဘူး ဧရာဝတီတိုင်းညောင်တုန်းမြို့နယ်မဲဇလီ ရွာနားကမြစ်ဦးပေါက်ထပ်ခွဲလာတဲ့မြစ်ကြီးဧရာဝတီရဲ့မြစ်လက်တက်ငယ်လေးတခုပါ၊အရှည်(၃၄)မိုင်ကျော်ရှိပြီးရန်ကုန်တိုင်းကြည့်မြင်တိုင်မြို့နယ် စက်ဆန်းအေးရွာနားမှာ မှုလလမ်းခွဲထွက်ခဲ့တဲ့ လှိုင်မြစ်နဲ့ပြန်ပေါင်းထုပ်ခဲ့ပါတယ်၊ ကျနော်(၈)တန်းကျောင်းသားဘ၀ကကြည့်မြင်တိုင် ကမ်းနားဈေး ကဌက်ပျောဆိုင်တန်းတွေမှာကျင်လည်ခဲ့ဘူးသလို၊ကြည့်မြင်တိုင်နတ်စင်လမ်းအောက် အခုဗဟိုစံပြငါးဈေးကြီးနေရာက မော်တော်ဆိပ်မှာလည်း ပန်းလှိုင်မြစ်ဝကိုထိုင်ငေးနေခဲ့ဘူးပါတယ်၊
ဘာဖြစ်လို့လည်းဆိုတော့ စွဲလမ်းမိသူလေးက အဲသည်လမ်းကလာတတ်လို့ပါဘဲ၊သန်းသန်းမေဆိုတော့ မေ လို့ဘဲ ခေါ်ကြပါစို့

အရင်က ရန်ကုန်ပုသိမ်လမ်းဆိုတာ အခုလိုဂျောင်းဂျောင်းပြေးကားမောင်းလို့မရသေးပါဘူး ၊လှိုင်သာယာဆိုတာတောင်မပေါ်သေးတဲ့မြို့ပါ၊ကျနော်မှတ်မိတာကတော့၁၉၈၅လောက်မှလှိုင်သာယာမြို့သစ်ဖေါ်တယ်ထင်ပါတယ်၊ဖေါ်ကာစကတော့ ၂၆.၀၁စတုရန်းမိုင်သာရှိပေမဲ့အခုကတော့မကလောက်တော့ပါဘူး၊
အဲသည်တော့ညောင်တုန်း၊မြန်အောင်၊ဟင်္သာတ၊အဖျောက်၊ဆကာကြီး၊ဓနုဖြူဒေသကလူတွေအတွက်ပန်းလှိုင်မြစ်ကိုအဓိကထားကြရပါတယ်၊အဲသည်ဖက်ကကုန်သည်တွေကိုလည်းအဲသည်မြစ်ကြောင်းလမ်းကနေရန်ကုန်ကိုကုန်တင်ပို့ကြရပါတယ်၊အထူးသဖြင့်ရန်ကုန်မှာအသုံးပြုနေတဲ့ စားသုံးနေကြတဲ့ အုန်းသီးဌက်ပျောသီးအားလုံးဟာ အဲ့သည့်လမ်းကြောင်းက၀င်ပါတယ်၊ကြည့်မြင်တိုင်ကမ်းနားဈေးဟာလည်း အဲသည်အချိန်က အုန်းဌက်ပျောဒိုင်တွေနဲ့စည်ကားခဲ့ပါတယ်၊(အခုတော့ အုန်းဌက်ပျောပွဲရုံတန်းက ကြည့်မြင်တိုင်ဈေးကြီး လမ်းနဲ့ဗားကရာလမ်းတလျောက်ကမ်းနဖူးမှာ စံနစ်တကျလေးတည်ခဲ့ပါပြီ၊ပန်းလှိုင်မြစ်ကောသွားတော့ အုန်းဌက်ပျောတွေလည်းသဘောင်္စီးမရတော့ဘူးပေါ့)
Image may be NSFW.
Clik here to view.
Khin Mg Thant's photo.

ကျနော့ရဲ့မေ ဟာအဲသည်ညောင်တုန်းဖက်ကပါ၊သူ့အဖေအမေတွေက မော်တော်တွေလည်းရှိသလို၊အုန်းဌက်ပျောဒိုင်လည်းလုပ်ပါတယ်၊သူတို့အမျိုးတွေက ကြည့်မြင်တိုင်နတ်စင်လမ်းဖက်မှာ နေပါတယ်၊ကျောင်းကတော့ ကျနော်နဲ့အတူ အထက(၃)ကြည့်မြင်တိုင်ရယ်ပေါ့၊ဘာမှန်းမသိ သူငယ်ချင်းတွေမြှောက်ပေးလို့မောင်ပန်းမွှေးကဗျာလေးကူးရေးပြီးရည်းစားဖြစ်လာခဲ့ပါတယ်၊ပြတ်သွားတဲ့အထိ လက်တောင်မကိုင်ခဲ့ရပါဘူး၊ ဒါပေမဲ့ အချစ်ဦးဆိုလားအဲ့သည်ရောဂါကြီးကအတော်ဆိုးတာပါဘဲ ငယ်ရွယ်တဲ့ဘ၀အသိပေါ့လေ၊သောကြာ နေ့ညနေသဘောင်္နဲ့သူတို့မိသားစု ညောင်တုန်းပြန်သွားရင် ကမ်းနားကနေခိုးကြည့်လိုက်မှ စားဝင်အိပ်ပျော်ဆိုသလို၊ပြန်လာမဲ့ရက်ရောက်ရင်လည်း မော်တော်ဝင်မလာမခြင်း ကမ်းနားကနေဖင်ဂဏှာမငြိမ် ပန်းလှိုင်မြစ်ဝှကို မှန်းမြော်နေမိပါတယ်၊ ဒါကြောင့်ကျနော်ပြောပါတယ်၊ပန်းလှိုင်မြစ်ကမ်းနဖူးကလွမ်းဘူးပါတယ် မေ လို့။


ကျနော့ရဲ့မေ ကနည်းနည်းတော့အကြွားသန်တယ်ဗျ၊ အဲ့သည်အချိန်က ရုပ်ရှင်မင်းသား ကျော်ရဲအောင်ပေါ်ကာစပေါ့၊
ကျော်ရဲအောင် က ဌက်ပျောသီး အုန်းသီးရောင်းတယ်၊သူတို့အမျိုးလို့ပြောတာဘဲ ပန်းပင်ကြီးလမ်း အောက်ကမ်းနားထိပ်က ဆိုင်ကကျော်ရဲအောင်ဆိုင်ဆိုပြီးပြတယ်၊ကျနော်တော့ ကျော်ရဲအောင်ဆိုင်လာတာတခါမှ မတွေ့ပါဘူး၊ဟဲ့ နင်ပြောတဲ့ကျော်ရဲအောင်က တခါမှမတွေ့ပါလားဆိုတော့၊ကျနော့ကိုငတုံး မင်းသားဖြစ်မှတော့ ဌက်ပျောသီးရောင်းတော့မလားတဲ့။အခုမှ သူပြောတာသဘောပေါက်တော့တယ် မင်းသားဖြစ်တော့ ဘယ်ဌက်ပျောသီးရောင်းစားတော့မှာလည်း --အင်းတောင်းစားတဲ့သူရှိရင်တော့အလကားကျွေးခြင်ကျွေးမှာပေါ့လေ၊
နောက်ကျနော်ကသူ့ကိုမေးတယ် နင့်ပုံက အသားဖြူဖြူတရုပ်ပုံ၊ကျော်ရဲအောင်က ညိုညိုဘယ်လို အမျိုးတော်တာလည်းဆိုတော့ မသိဘူး အမေတို့ပြောတာဘဲ တော်တယ်ဆိုတော်လိုက်ပေါ့တဲ့၊
အင်း ဒါကြောင့်ကျနော်လည်း ကျနော့ရဲ့မေ ကကျော်ရဲအောင်အမျိုးလို့ဘဲ မှတ်ထားလိုက်ရတော့ပါတယ်၊

Image may be NSFW.
Clik here to view.
Khin Mg Thant's photo.
ရီစရာတွေပြောမိနေတာ၊တကယ်တော့ ဘာမှန်းမသိ ညာမှန်းမသိရည်းစားဖြစ်ခဲ့ပြီး ကျနော်တို့အထက(၃)ကျောင်းကို ဒေသကောလိပ်(၃)လုပ်မယ်ဆိုတော့ ကျနော်ကမိဘတွေရှိရာ စမ်းချောင်းမြို့နယ်က အလောင်းစည်သူ ကျောင်း၊ကြံတောစတိတ် ခေါ်တဲ့ အထက(၁)စမ်းချောင်းကိုပြောင်းခဲ့ရပါတယ်၊အဲဒီကျောင်းမှာတက်ရင်း မေ့ကိုစွဲလမ်းစိတ်နဲ့ဘဲ၊ကျောင်းပြေးလို့တနည်း ၊အချိန်ခေါက်လို့တဖုံနဲ့ သူရှိရာ ကြည့်မြင်တိုင်ကျောင်းကို
သွားနေမိပါတယ်၊အရင်လိုဘဲ ပန်းလှိုင်မြစ်ကမ်းနဖူးမှာ လွမ်းလွန်လွန်းလို့ လိမ့်လိမ့်လူးနေခဲ့ပါတယ်၊ အဲ့ဒါရဲ့အကျိုးဆက်ပထမရိုချက်ကတော့ ကျနော် ရှစ်တန်းစာမေးပွဲကိုဗုန်းကနဲကျတော့တာပါဘဲ၊အစိုးရစစ်ဆိုတော့ ဘယ်သူမှလည်းမကယ်နိုင်တော့ပါဘူး၊နောက်နှစ်ကျနော် (၈)တန်း ၊မေ(၉)တန်းတက်တဲ့အချိန်မှာတော့ ကျနော့အတွက်နောက်တခါရလာတဲ့ရိုက်ချက်ကတော့ စာမေးပွဲကျတဲ့ကျနော့ကိုမေက အဆက်ဖြတ်လိုက်ခြင်းပါဘဲ၊


ဖြတ်စာထဲမှာတော့- နင်ငါ့စီလာနေလို့ စာမေးပွဲကျပြီ၊ အဲသည်တော့နင်ငါ့စီမလာနဲ့တော့၊ နင်နဲ့ငါနဲ့ပြတ်ပြီ၊ နင်စာမေးပွဲအောင်အောင်ဖြေပါ၊နင် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်မှ ငါ့ကိုလာတောင်းပါ၊---အဲသည်လိုစာလေးရေးပြီးဖြတ်ခဲ့တာပါဘဲ။ အစကတော့တကယ်ဘဲငါစာမကျက်မှာစိုးလို့စေတနာနဲ့ဖြတ်ခဲ့တာဘဲ သည်လိုမြင်ခဲ့ပါတယ်၊နောက်မှဘယ်ဟုတ်မလဲ ကျနော်ကသူ့ထက်အတန်းငယ်သွားပြီ ကြိုးလည်းမကြိုးစားဘူး
ခွေးဖြစ်မဲ့ကောင်လို့ထင်သွားမိပါလိမ့်မယ်၊မကြာခင်မှာဘဲ သူနဲ့အတန်းတူ ကျနော့သူငယ်ချင်းတယောက်နဲ့ ရည်းစားဖြစ်နေကြောင်းသိရတော့တာဘဲ၊ 


အဲ့သည်လိုမစိမ်းကားကြီးမေရဲ့သစ်စိမ်းချိုးအချိုးခံရပြီးတဲ့အခါမှာတော့ကျနော့အမြင်တွေအများကြီးပြောင်းလဲသွားခဲ့ပါတယ်၊၈တန်းစာမေးပွဲကိုလည်းထူးချွန်ချွန်ဘဲအောင်မြင်ခဲ့ပါတယ်၊(၉)တန်းနှစ်မှာတော့ အဲသည့်မေ ရှိတဲ့ကျနော့ရဲ့မိခင်ကျောင်း အထက(၃)ကြည့်မြင်တိုင်ကိုရအောင်ပြန်ပြောင်း ခဲ့ပါတယ်၊ သူတို့က(၁၀)တန်းကျနော်က (၉)တန်းပေါ့၊အဲသည်မှာ မေနဲ့တွဲနေတဲ့ကျနော့သူငယ်ချင်း ကျောင်းကြီးလမ်းအောက်ထိပ်က ညွန့်ရှိန်က ကျနော့ကိုအားတုံ့အားနာရှိသလောက်၊ကျနော့ချစ်ရသူ မေ ကတော့ခပ်တည်တည်ပါဘဲ၊မတူမတန်သလိုပေါ့လေ၊ အဲသည်နောက်တော့ (၁၀)တန်းမှာသူတို့နှစ်ယောက်စလုံး ကျပါလေရော၊ကျနော်က(၉)တန်းအောင်တော့ အမှတ်ကောင်းပြီး ၁၀တန်းမှာ A တန်းမှာ တက်ရတယ်၊အဲ့ဒီမေကလည်း Aတန်းမှာဘဲ ပြန်တက်ရတယ်၊ ကျနော့မှာ့မခံခြင်စိတ်ဖြစ်နေတော့ အတန်းထဲမှာ မေးသမျှစာရအောင်ကြိုးစားတယ်၊သူ့ထက်သာအောင်ပေါ့
သည်လိုနဲ့ ၁၀တန်းဖြေပြီးအောင်စာရင်းတွေထွက်လာတော့ ကျနော်အောင်တယ်၊ညွန့်ရှိန်အောင်တယ်၊မေ ကျတယ်၊ 


အဲ့သည်နှစ်မှာဘဲ ကျနော် ရန်ကုန်တိုင်းကျောင်းပေါင်းစုံ အမျိုးသားနေ့ကဗျာပြိုင်ပွဲမှာ ပထမ ဆုရတယ်၊ ကျောင်းက ၁၀တန်းအောင်လို့ရော ကဗျာဆုရလို့ရော ထူးချွန်ကျောင်းသား ဂုဏ်ပြုပွဲမှာ ကျနော့ကိုမေ စကားလာပြောတယ်၊  အဲသည့်အချိန်မှာ ညွန့်ရှိန်နဲ့လည်းပြတ်သွားပြီထင်တယ်၊ကျနော့ကိုမေက ဂုဏ်ယူပါတယ်တဲ့ -နင်ကြိုးစားအောင် ငါလုပ်ခဲ့ရတာပါတဲ့- နင့်အတွက်တံခါးအမြဲဖွင့်ထားပါ့မယ်တဲ့၊ ကျနော်လည်းပြန်ပြောလိုက်ပါတယ်၊ကျေးဇူးတင်ပါတယ်မေ လို့၊တကယ်လည်းမေ့ကိုကျေးဇူးတင်ပါတယ် အဲသည်အချိန်ကထည်းက ရှုံးနိမ့်ခြင်းရဲ့အရသာကို ကျနော်နက်နက်နဲနဲ ခံစားခဲ့ရတာမို့နောက်ပိုင်း ဘယ်စာမေးပွဲမှ ကျနော်မကျခဲ့တော့ပါဘူး၊ဒါပေမဲ့ စိတ်ထဲကတော့ပြောမိပါတယ်၊ ကျေးဇူးတော့တင်ပါတယ်
ဒါပေမဲ့-ပန်းလှိုင်မြစ်ကမ်းစပ်မှာတော့မလွမ်းတတ်တော့ဘူးမေ----လို့ပါ----။


အဲသည်ကထဲကမေ့ထားခဲ့တဲ့ပန်းလှိုင်မြစ်ဟာ ကျနော် ဗိုလ်သင်တန်းတက်တော့ ပြန်ဆုံရပါတော့ တယ်၊
စာအုပ်ထဲမှာပါ .. ၁၉၈၃ အလုပ်သင်ဗိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၃)တက်တော့ သီရိကျော်ထင်တပ်ခွဲစာကြည့်တိုက်ကော်မတီ အဖြစ်သူငယ်ချင်းတွေက ၀ိုင်းရွေးကြတယ်၊ အဲသည်မှာသူငယ်ချင်းဗိုလ်လောင်းတွေ ကိုနေ့စဉ် စာဖတ်နိုင်ဖို့စာကြည့်တိုက်ထိုင်ပေးရင်း ကျနော်လည်း စာတွေဖတ်ဖြစ်ပါတယ်၊အများအားဖြင့်တော့ အပုံလိုက်အတွဲလိုက်ရှိနေတဲ့ စစ်ပညာဂျာနယ်တွေပါဘဲ၊ အဲသည်ကစစ်ပညာဂျာနယ်တအုပ်မှာ မြူဆွယ်ကျုံးသွင်းတိုက်ခိုက်ခြင်း ဆိုတဲ့ စစ်နည်းဗျူဟာအကြောင်းရေးထားတာမှာ ပန်းလှိုင်မြစ်ကပါလာပြန်ပါတယ်၊ ပန်းလှိုင်မြစ်ပေါ်မှာ မြောင်းမြစား လောက်ဖျားရဲ့တပ်တွေကို လဂွန်းအိမ်အောင်မြင်ခဲ့တဲ့အကြောင်းပါ၊မွန်ဘုရင် ရာဇဓိရာဇ် ကိုယ်တိုင်စစ်ဗျူဟာဆွဲပြီး တိုက်ခဲ့တဲ့တိုက်ပွဲတခုပါ၊ ရာဇဓိရာဇ်က အင်အားကြီးမားတောင့်တင်းပြီး အခိုင်အမာနေနေတဲ့မြောင်းမြစားရဲ့တပ်တွေကိုမြူဆွယ်ကျူံးသွင်းဖို့ ပန်းလှိုင်မြစ်ထဲမှာ ကြိုတင်ပြီးမြောတိုင်တွေနဲ့ညောင့်ချွန်တွေစိုက်ပါတယ်၊ လ၈ွန်းအိမ်ရဲ့လှေတပ်ကိုသုံးနေကျတိုက်လှေကြီးတွေအစား လှေပေါ့လှေငယ်တွေနဲ့လေ့ကျင့်စေပါတယ်၊
ညောင့်တွေကြားက၀င်လမ်းထွက်လမ်းတွေကို လဂွန်းအိမ်တပ်ကိုမှတ်သားပြီးအ၀င်အထွက်လေ့ကျင့်ပါတယ်၊
ရေထရက်၊ရေတက်ချိန် ရေကျချိန်တွေကိုမှတ်သားပါတယ်၊အဲသည်ညှောင့်ခင်းထားတဲ့ပန်းလှိုင်မြစ် ရဲ့ဘေးဘယ်ညာကမ်းနဖူးမှာတော့ ခြေလျင်တပ်တွေကိုကင်းပုန်းဝပ်ထားစေပါတယ်၊ကမ်းတက်ခြုံခိုပေါ့လေ၊
မြောင်းမြစားကပုသိမ်မြို့မှာ နော်ရထာ၊သမိန်ပြဂြင်၊လောက်ရှိန်ဆိုတဲ့ စစ်သူကြီးတွေနဲ့ စစ်သူရဲတသောင်းနဲ့ခံနေတယ်လို့ ဆိုပါတယ်၊
Image may be NSFW.
Clik here to view.
Khin Mg Thant's photo.

လှေ(၅၀၀)ကျော် (၆၀၀)လေက်နဲ့စစ်ပြင်ထားတဲ့ မြောင်းမြစစ်သူကြီးလောက်ရှိန်ဟာ ပန်းပင်အရပ်မှာ တပ်ချပြီးနေပါတယ်၊ လဂွန်းအိမ်က သတ်မှတ်ထားတဲ့အချိန်မှာ-လှေငယ် (၂၀လောက်နဲ့လောက်ရှိန်ရေတပ်ကြီးကို ၀င်တိုက်ပါတယ်၊လဂွန်းအိမ်မှာအင်အားနည်းတာကိုအထင်သေးပြီးအမှုန့်ခြေဖို့လောက်ရှိန်တပ်က စစ်လှေတွေ တလကြမ်းလိုက်ပါတယ်၊လ၈ွန်းအိမ်ရဲ့လှေငယ်တွေဟာပန်းလှိုင်မြစ်အတိုင်းမှုလ ပြင်ဆင်တဲ့လမ်းအတိုင်း ပြေးပါတယ်၊ လောက်ရှိန်ကဒလကြမ်းလိုက်ပါတယ်၊လဂွန်းအိမ်က ညှောင့်တိုင်တွေကြားက မှတ်သားထားတဲ့ ရေလမ်းကြောင်းအတိုင်း ပြေးပါတယ်၊လမ်းကြောင်းမသိတဲ့ လောက်ရှိန်ရဲ့ရေတပ်ကြီးဟာ လဂွန်းအိမ်နောက်လိုက်ရင်းမှ ပန်းလှိုင်မြစ်လယ်မှာ ညှောင့်တွေနဲထိပ်တိုက်တိုး လှေဝမ်းတွေကွဲတော့မှ သူတို့မြူဆွယ်ကျူံးသွင်းတိုက်ခိုက်ခံလိုက်ရကြောင်းသိခဲ့ရပါပြီ။


သည်အချိန်မှာတော့သူတို့နောင်တဟာအချိန်လွန်သွားခဲ့ပါပြီ၊တချိန်ထဲမှာဘဲရေကျချိန်နဲ့တိုးပြီးလောက်ရှိန်ရဲ့လှေတွေဟာညှောင့်တိုင်တွေပေါ်တင်လို့ရှေ့တိုးမရ နောက်ပြန်ဆုတ်လို့မလွယ်နဲ့မြစ်အတွင်းကသတ်ကွင်းထဲမှာ အထင်းသားဖြစ်နေပါပြီ၊ဖရိုဖရဲဖြစ်နေပါပြီ၊သည်အချိန်မှာ ကမ်းတဖက်ပုန်းအောင်းနေတဲ့ ရာဇဓိရာဇ်တပ်တွေစီက မြှားမိုးရွာချတာခံလိုက်ရပါပြီ၊တဖက်ကမ်းက မြှားတွေနဲ့ပစ်လို့ တဖက်ကမ်းကို အသက်လုပြေးတက်ခဲ့တဲ့ လောက်ရှိန်ရဲရေတပ်သားတွေခင်မျာလည်း အသက်ဘေးကမလွတ်ခဲ့ပါဘူး၊ 


သည်မှာဘက်ကမ်းမှာအသင့်ခြုံခိုစောင့်နေတဲ့ရာဇဓိရာဇ်ရဲ့ခြုံခိုတပ်တွေရဲ့ဒါးသွားတွေကြားအသက်ပေးခဲ့ရပါတော့တယ်၊
ဒါကတော့သမိုင်းကြောင်းမှာထင်ရှားခဲ့တဲ့ ပန်းလှိုင်မြစ်ပေါ်က တိုက်ပွဲဖြစ်စဉ်ရယ်ပါ၊ ရာဇဓိရာဇ် အရေးတော်ပုံကျမ်းထဲမှာတော့ ပန်းလှိုင်မြစ်မကြီးကိုညွှန်းခဲ့ပေမဲ့ စစ်ပညာဂျာနယ်ဖတ်ရချိန်တုံးကတော့
ကျနော်လွမ်းခဲ့ရဖူးတဲ့ပန်းလှိုင်မြစ်ကမ်းနဖူးလေးကိုဘဲပြန်မြင်ယောင်မိနေပါတော့တယ်၊


(အဓိကရေးခြင်တာထက်ရှည်သွားလို့ နောက်တပိုင်းကိုညမှဆက်တင်ပြပါရစေခင်ဗျားကျေးဇူးတင်ပါတယ်မိတ်ဆွေများ------)


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>