……………
လက်စွဲတော် ကင်မရာလေးနှင့် အသံဖမ်းစက်ကိုယူပြီး သင်္ကြန်ကာလ ဦးဦးဖျားဖျားသတင်းရယူဖို့
နှစ်ယောက်လုံးအတော်ချောသည်ဟ
"အဟမ်း..အဟမ်း.."ကျွန်တော် ချောင်းဟပ်သံပေးလိုက်တော့ နှစ်ဦးသား လှည့်ကြည့်သည်။
ဗျူးချင်သည့် ၀ါသနာကပေါ်လာပြီး မေးလိုက်သည်။
"ညီလေးတို့ ဘာလုပ်နေတာလဲကွ"
ကောင်မလေးက နှုတ်ခမ်းစူလိုက်သည်။ ကောင်လေးက ဘုကြည့်ကြည့်သည်။ အေးပေါ့ ဒါမျိုးက ဘာလုပ်နေပါတယ်လို့ ပြောလို့ကောင်းသည့် အရာမှ မဟုတ်တာလေ။
"ဘာလုပ်လုပ်ပေါ့ နေပါဦး ခင်ဗျားက ကျုပ်ကိုများ ညီလေးဘာလေးနဲ့ ကျုပ်ကိုများ ဘာထင်နေလဲ "
"ဟုတ်ပါ့ သမီးတို့ကို ဘာထင်နေလဲမသိဘူးနော် ချစ်ကြားကိုကို "
အလိုလို ဘာတုန်းဟ။ ချစ်ကြားကိုကိုတဲ့။ ဒီအခေါ်အဝေါ်ကြားဘူးပေါင်။ ပို့စ်မော်ဒန်အခေါ်ဖြစ်မည် ထင်ပါရဲ့။
"ဟို ဘာမှ မထင်ပါဘူး။ ကိုယ့်ထက် ငယ်တယ်ထင်လို့ ညီလေးလို့ခေါ်တာပါကွယ် "လေပြေလေးသွေး လိုက်ရသည်။ သတင်းထူးလိုချင်တာကိုး။ သူတို့ကိုကြည့်တော့ သင်္ကြန်ကာလကြီးမှာ ဟန်းဖုန်းနဲ့၊ လက်တော့ပ် ဖြင့် တွေ့လိုက်ရ၍ အထူးအဆန်းဖြစ်လို့နေသည်။ ရေစိုပြီ့း ပျက်သွားမှာ မကြောက်ဘူးထင်ပါရဲ့။
"ခင်ဗျားတို့တွေ ဘယ်လောက်တောင် အကုသိုလ်တွေ များနေလဲမသိဘူး။ သိကြားမင်းကို သိကြားမင်း မှန်း မသိဘူး "
"ဒါဆို ညီလေးက..အဲ…အသင်က သိကြားမင်းပေါ့ "
"ဟုတ်တယ် မင်းတို့ တောင့်တလွန်းလို့ ကိုယ်ထင်ပြရတာကွ "
"ဒါဆို အိမ်သာ ဆောက်ခိုင်းဖို့လား "
"တယ်..ငါ့ကိုများ နောက်တီးနောက်တောက်လာလုပ်နေ
ကျွန်တော်က ဘေးကကောင်မလေးကို လက်ညှိုးညွှန်ရင်း ပြောသည်။
"သင်က သိကြားမင်းဆိုတော့ သူလေးကရော"သိကြားမင်းက ဘုကြည့်ကြည့် ပြန်သည်။
"ငါ့ကို မေးဖို့လာတာလား သူ့ကိုမေးမှာလား "
"ကျွန်တော် မေးမှာကို ဘယ်လိုလုပ်သိသလဲ "
"ငါ့ကို စော်ကားတာများပြီနော် သိကြားမင်းပါဆိုနေ "
"ဟီး …. မေ့သွား လို့ပါ"
သိကြားမင်းက ဟိုကြည့်ဒီကြည့်လုပ်နေသည်။ ကျွန်တော်လည်း သူကြည့်နေသည့် နေရာကိုကြည့်တော့ လူတွေတဖြည်းဖြည်နှင့် များလာသည်ကိုတွေ့ရသည်။ ဒီနေရာမှာ ဗျူးနေလို့မဖြစ်။ တော်ကြာလူတွေ ၀ိုင်းလာ လိမ့်မည်။ ကျွန်တော်တွေးနေတုန်းရှိသေး
"ဒီနေရာမှာ တအားရှုပ်လာလိမ့်မယ်။ တစ်ဆိုင်ဆိုင်သွားရအောင် "
"သိကြားမင်းက ဘယ်ဆိုင်သွားချင်လို့တုန်း ဘီယာလောက်ပဲ ကောင်းမယ်ထင်တယ် "
"ဒီကောင်များပြီ ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန
နတ်သမီးလေးက စက်ကိုပိတ်လိုက်သည်။ ဆံပင်ကို သပ်တင်လိုက်ရင်း ပြောသည်။
"ချစ်ကြား သွားရအောင် တော်ကြာ မူးမူးရူးရူးနဲ့ သမီးကိုလာဆွဲနေဦးမယ် "
သွားရအောင်ဆိုတော့ ကျွန်တော်ဦးဆောင်ပြီး လူရှင်းရာ ဆိုင်တစ်ဆိုင်သို့ ဦးဆောင်ခေါ်လာခဲ့သည်။ ဆိုင်၌ထိုင်လိုက်ပြီး စားစရာသောက်စရာများကို မှာလိုက်သည်။
"ငါတို့က မစားဘူးနော်"
"၀မ်းသာပါတယ်ဗျာ ပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်လဲ တစ်ယောက်စာပဲပါတာဗျ။ ဒီလို အလိုက် သိပြီး မစားမသောက်ဘဲ နေနိုင်တဲ့ နတ်လို လူကြီးတွေ အဲလေ လူတွေနဲ့ များများတွေ့ပါစေဗျာ "
"ကဲ မောင်ရင် စကားများမနေနဲ့ ဗျူးစရာရှိတာ မြန်မြန်ဗျူး ကျုပ်တို့ အလုပ်တွေအများကြီး ရှိသေးတယ်"
သူပြောမှပင် အသံဖမ်းစက်ကို ထုတ်ပြီး သေချာစစ်ရသည်။ အသံဖမ်းခလုတ်ကို နှိပ်ပြီး ဗျူးခြင်းကို စတင် လိုက်သည်။
"သိကြားမင်းအနေနဲ့ လူ့ပြည်ကို ဆင်းသက်လာတာ ပျော်ပါသလားခင်ဗျာ "
"ဟ အပျော်လာတာ မဟုတ်ဘူးကွ ကောင်းတဲ့သူတွေ မှတ်သားဖို့ မကောင်းတဲ့သူတွေကို ဘယ်လို ဆုံးမမယ်ဆိုတဲ့ Plan ကိုသိစေချင်လို့ ဆင်းလာတာကွ "
ကျွန်တော် အံ့သြသွားသည်။
"ခင်ဗျာ ဘယ်လို ကျွန်တော်ကြားဖူးတာက မကောင်းတဲ့သူတွေကို ခွေးသားရည်ပုရပိုက်နဲ့ မှတ်တာမဟုတ်ဘူးလား ခင်ဗျ"
"အေး ဟိုးယခင် သိကြားမင်းလက်ထက်က ခွေးသားရည်ပုရပိုက်နဲ့ပေါ့။
"ဒါဆို ဘယ်လိုလုပ်မှာတုန်း"ကျွန်တော် ကြားဖြတ်ပြောလိုက်သည်။
"ရှင်ကလဲ ရှည်သကိုး။ အဲ စကားပြောတာ စကားကို ဆုံးအောင်နားထောင်ဦးပေါ့ "
အိုး ချိုလိုက်သည့် အသံလေး။ စိတ်ထဲတွေးပြီး ငေးကြည့်မိသည်။ သိကြားမင်းကတော့ တယ်ပြီး ပါးနပ် လှသည်။
"ကဲ ကဲ ဒီကိုအာရုံစိုက် လူ့ပြည်မှာ လူတွေက အားအားရှိတိုင်း မွေးပြီး သန်းပေါင်းများစွာဖြစ်လာတယ်
"သြော် သူက သိကြားမင်းရဲ့ အတွင်းရေးမှူးမလေးလား လှတယ်နော် ခုလိုတွေ့ရတာ ၀မ်းသာပါတယ် နောက်နှစ်တွေမှာလဲ လာလည်ဖို့ ဖိတ်ခေါ်ပါတယ် "
ပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်း ပေးလိုက်သည်။ သိကြားမင်းက ကျွန်တော့် လက်ကိုဖြတ်ခနဲ ရိုက်လိုက်ပြီး"များနေပြီနော် ထပြန်သွားလိုက်မယ် "
"ဒီလိုတော့ မလုပ်ပါနဲ့ မေးပါ့မယ်။ သိကြားမင်းတို့ဆီ ကွန်ပျူတာက ဘယ်လိုရောက်နေတာလဲ "
"ခေတ်နဲ့အညီ ငါတို့လဲ ပြောင်းလဲရတာပေါ့ကွ လူ့ပြည်တောင်တိုးတက်သေးတာ ငါ့တို့ဆီလည်း ဒီထက် အဆပေါင်းများစွာ တိုးတက်အောင်လုပ်ရတာပေါ့ "
"ဒါဆို ဘိလိယက်ခုံတွေ၊ ဂေါက်ကလပ်တွေ ရှိလား၊ ကိုရီးယားကားရော ကြည့်လားဟင် "
"ကြည့်မလား ရှိမလားကွ၊ မင်းတို့ဆီက ချောတယ်ဆိုတာ ငါ့တို့ဆီက အနိမ့်ဆုံးသူလောက်တောင် ရှိတာ မဟုတ်ဘူး။ ဟုတ်တယ်မလား ချစ် နန္ဒာသဇင်သက်မွန်ရွှန်းလဲ့မှုန
"ဟုတ်တာပေါ့ ချစ်ကြားကိုကိုရဲ့ "
သူ့ဟာနှင့်သူတော့ အဟုတ်သားဟ။ ဟိုရောက်ဒီရောက်နှင့် စကားလမ်းကြောင်းလွှဲသွားသည်။
"မင်းတို့ကြားဖူးတယ်မဟုတ်လား
"ကြားဖူးပါတယ် ခပ်ငယ်ငယ်က လူကြီးသူမတွေ ပြောပြတာလေ "
"အေးကွာ ငါလဲ ကျောက်ဖျာပေါ်ထိုင်တာကြာတော့
"ဒါဆို "မေးမလို့ပြင်တုန်း သိကြားမင်းက လက်ကာပြရင်း
"မမေးနဲ့ သိတယ်။ ကောင်းတဲ့သူတွေ ကယ်တင်ဖို့ခက်လိမ့်မယ် မဟုတ်လား။ ဒါကြောင့် တစ်ခုခုဖြစ်ရင် အချက်ပေးနိုင်နိုင်တဲ့ ဒီအဆင့်မြင့် ဖူဂျီဆပ်ပြာ အဲ..ယောင်လို့ System တွေ တပ်ဆင်ထားတယ်။ ဒါ့အပြင် မင်းတို့ လူ့ပြည်ကို ငါသိကြားမင်း ဒေါ့ကွန်းကနေ အမြဲကြည့်ပြီး Information တွေ ယူနေတာ၊ မင်းလဲ ကြည့်နေ ပေါ့ကွာ "
သူပြောလိုက်မှ သတိရမိသည်။ စကားရပ်ပြောစဉ်က သူ့အတွင်းရေးမှူးမလေးကို သိကြားမင်း ပြော လိုက်သည့် စကားဖြစ်သည်။
"ဟိုလေ ခုနတုန်းက ကျွန်တော့်ကို မမှတ်နဲ့ဆိုတော့ ကျွန်တော်က မကောင်းတဲ့ အထဲမှာ ပါနေပြီပေါ့နော် "
"အေးပေါ့ကွ မင်းက လူကြီးကို လာနောက် အဲ..သိကြားမင်းကိုမှ လာနောက်နေ၊ စောကားနေတာကိုးကွ "
"ဟဲ အဲဒီလိုတော့ မလုပ်ပါနဲ့ "
ကျွန်တော် ပြောစဉ်ဝယ် သိကြားမင်းခါးတွင် ချိတ်ထားသည့် ဖုန်းက မည်လာသည်။
"ချစ်ကြားရေ ဖုန်းလာနေတယ်..ချစ်ကြားရေ..
ဖုန်းသံတော့ မိုက်သဟ။ သိကြားမင်းက ဖုန်းကို ဖွင့်လိုက်ပြီး နားထောင်သည်။
"ပြော မာတလိ ပြော၊ အေး..အေး..အေး အဲဒီအတိုင်းပဲလုပ်၊ …ကောင်းပြီ အရေးကြီးရင် ထပ်ဆက်.. ဒါပဲ "ဖုန်းပိတ်ပြီး ခါးကြားပြန်ထည့်သည်။
ကျွန်တော်လည်း ၀သီအတိုင်း နောက်မိပြန်သည်။ "သိကြားမင်းလဲ ခုမှဖုန်းကိုင်နိုင်တော့တယ်
"တယ်..ဒီကောင်တော့ စိတ်မော၊ လူမော အဲ နတ်မောရတဲ့အထဲ "
"စပ်စုတယ် မထင်ပါနဲ့ ဗျူးတာပေါ့နော်။ ဘာကိစ္စတွေကြောင့် ဒီလောက်မောနေရတာလဲ "
"ဒီလိုကွ ငါ့တို့ဆီကို ရောက်လာတဲ့သူတွေက နည်းတယ်လေ။ အဲဒီတော့ လူတွေလည်း ကောင်းကောင်း နေထိုင်အောင်၊ နတ်ပြည်လည်း အင်အားများလာအောင်လို့ သိကြားမင်းဒေါ့ကွန်းနဲ့ သိကြားမင်း facebook ကနေ ကြော်ငြာမယ်၊ နတ်ပြည်ကို လာရင် လုံးချင်းအိမ်ရာတွေပေးမယ်၊ ရေမီးအစုံပေါ့၊ နတ်သမီး အချောလေးတွေနဲ့လဲ ပျော်ခွင့်ရမယ်ပေါ့ကွာ "
ကျွန်တော်လည်း စိတ်ဝင်စားသွားပြီး "ကံစမ်းမဲရော မပါဘူးလားဟင် "
"တယ် "သိကြားမင်းရွယ်လိုက်သဖြင့် ကျွန်တော် ဇက်ပုလိုက်မိသည်။
အချိန်အတော်လေးလင့်လာသည်မို
"သိကြားမင်းအနေနဲ့ ဒီလို အကြမ်းဖက်မှုတွေ၊ ဆိုးသွမ်းမှုတွေ ပြည့်နှက်နေတဲ့ လူ့ပြည်ကြီးကို ဘယ်လို ဆုံးမပြီး ကောင်းတဲ့လူတွေကို ဘယ်လိုမြှင့်တင် ပါမလဲခင်ဗျာ"
"အေး ငါလဲ အဲဒါပြောမလို့ပဲ။ ခု ပြောမယ့် အစီအစဉ်တွေက အရေးကြီးတယ်ကွ။ မင်းက တခြားသူတွေ ကို ပြောပြ လက်ဆင့်ကမ်းပေါ့ကွာ "
"ဟုတ်ကဲ့ပါဗျာ"
"ချစ်ရေ ..ငါ့တို့ရဲ့ ပရိုဂရမ်တွေကို ဖွင့်လိုက်ဦး "
အတွင်းရေးမှူးမလေးက ကွန်ပျူတာကို ဟိုနှိပ်ဒီနှိပ်လုပ်ပြီး ကွန်ပျူတာကို ရွှေ့ပေးလိုက်သည်။ သိကြား မင်းက ခဏကြည့်ပြီး ကျွန်တော့်ဘက်ကို ကွန်ပျူတာ လှည့်ပြသည်။
"ကဲ ကြည့် ဒီပုံတွေက တို့စီမှာ ဆောက်နေတဲ့ လက်နက်ထုတ်စက်ရုံတွေပဲ။ အဲဒီလက်နက်ကို ၀ရဇိန် မိုးကြိုးလက်နက်လို့ ခေါ်တယ်။ မင်းတို့စီမှာရှိတဲ့ အနုမြူလက်နက်ထက် အဆများစွာ ပြင်းတယ်။ အသံထက် အဆပေါင်းများစွာ မြန်တယ်။ ရေဒါဖမ်းလို့မမိဘူး။ ဒါပေမယ့် လူအများစုမသေဘူး။ ပစ်ခတ်ခံရတဲ့သူပဲ သေတယ်။ ထိတဲ့သူဟာ လုံးဝပြာအဖြစ် ပြောင်းလဲသွားမယ်။ ငရဲလည်း ခံရမယ်။ တော်ယုံနဲ့ မကျွတ်တော့ဘူး "
ကျွန်တော် ကြက်သီးမွေးညှင်းများပင် ထသွားမိသည်။
"ဒီလက်နက်တွေကို ကြိုတင်ထုတ်လုပ်နေပြီ။ ဒါက မကောင်းတဲ့သူတွေကို ဒဏ်ခတ်ဖို့ပေါ့ကွာ။ ကောင်း တဲ့သူတွေကတော့ ဒီဘ၀မှာ ပစ္စည်းဥစ္စာချမ်းသာချင်လည်း ချမ်းသာမယ်။ ချမ်းသာချင်မှလည်း ချမ်းသာမယ်။ ဒါပေမဲ့ စိတ်ချမ်းသာနေပြီး အနာရောဂါကင်းမယ်။ နောက်နောင်ဘ၀တွေအထိ ပစ္စည်းဥစ္စာရော၊ စိတ်ရော ကိုယ်ပါ ချမ်းချမ်းသာသာနေရမယ်။ ကဲဘာများ မေးချင်သေးလဲ "
"ဟုတ်ကဲ့ မကောင်းတာတွေကို ဘယ်လို ရှောင်ကျဉ်ရမလဲ"
"ဟ ဒါက ဗုဒ္ဓတရားတော်တွေမှာ ဟောကြားထားတာတွေရှိနေတာပဲ။ ရိုသေထိုက်သူကို ရိုသေ၊ သောက်စားမူးယစ် ရမ်းကားမှုကင်းရမယ်၊ လိမ်လည်လှည့်ဖျားတာ၊ သူများဥစ္စာခိုးတာ၊ မတရားအနိုင်ကျင့်ယူတာ၊ သူများသားမယား၊ သမီးပျိုကို စော်ကားဖျက်စီးတာ စတဲ့ အကုသိုလ်တွေကို ဖယ်ရှားပြီး ဘုရားတရားတော်နဲ့ အညီ မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားပေါ့ကွာ "
"ဟုတ်ကဲ့ ခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် သိကြားမင်းနဲ့ အတွင်းရေးမှူးမလေးကို အထူး ကျေးဇူးတင်ပါတယ် "
"ဟေ ငါကတော့ ထားပါတော့ကွာ ငါ့အတွင်းရေးမှူးလေးက ဘာမှလဲ မမေး၊ မပြောရဘဲ ကျေးဇူးတင် ရတာတုန်း"
"အဲ ဟိုဒင်း..ဟို..နားထောင်ပေးတ
နတ်သမီးလေးက လှပစွာပြုံးလိုက်သည်။
"သိကြားမင်းအနေနဲ့ နောက်ဆုံး ဘာများပြောချင်ပါသေးလဲ"
"အေးကွာ နောက်ဆုံးပြောချင်တာကတော့ အပူမီးတွေ တောက်လောင်နေတဲ့ လူ့ပြည်မှာ နေရတာ အားမရလို့ ထပ်ပြီး မီးတွေရဲ့အပူကို ခံချင်တယ်၊ ဒုက္ခမျိုးစုံခံချင်တယ်၊ ဒါ့အပြင် ဆွေတွေမျိုးတွေ အများကြီးရှိတဲ့ နေရာမှာမှ ပျော်ချင်တယ်ဆိုရင်တော့ ငရဲပြည်သွား၊ ဇိမ်ကျကျနဲ့ နတ်သမီးလေးတွေနဲ့ နေချင်တယ်ဆိုရင်တော့ ဒီကိုလာဖို့ ကောင်းမှုကုသိုလ်တွေ လုပ်ပါလို့ ပြောခဲ့ချင်ပါတယ် "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "
အသံဖမ်းစက်ကို ပိတ်ပြီး အိတ်ထဲထည့်သည်။ စားပွဲထိုးလေးကို ခေါ်ပြီး ငွေရှင်းလိုက်သည်။
"ကဲ တို့လဲ သွားတော့မယ် "ပြောပြောဆိုဆို နှစ်ယောက်သား လက်တွဲပြီး ထွက်သွားသည်။ တော်တော်လှမ်းလှမ်းရောက်မှ ကျွန်တော်ပြေးလိုက်သွားသည်။
"ခဏ ..ခဏ နေပါဦးဗျ "သိကြားမင်းက လှည့်ကြည့်ရင်း မေးသည်။
"ဟ ဘာဖြစ်လို့လဲကွ"
"ခုန စကားစပြတ်သွားလို့လေ။ ကျွန်တော့် နာမည်ကို မှတ်မမှတ် သိချင်လို့ပါ"
"ပြောပြီးပြီပဲ မင်းကောင်းရင်မှတ်မယ်၊ မကောင်းရင် မမှတ်ဘူးပေါ့ကွာ"
"ကဲပါကွာ..မင်းက မင်းသိသမျှကို ပြန်ဝေငှမယ်။ လူတွေကို ကောင်းမှုလုပ်ဖို့ တိုက်တွန်းမယ်ဆိုတော့ မင်းကို မှတ်သွားပါ့မယ်ကွာ "
သိကြားမင်း စကားလည်းဆုံးရော
"ဟေး…"လို့ အော်ပြီး ၀မ်းသာအားရ ပြေးထွက်လာခဲ့သည်မှာ သူတို့ကိုပင် လှည့်မကြည့်ဖြစ်တော့ပါ။
*********
မောင်ပိုင်
၁၅-၂-၂၀၀၃(စနေနေ့)၊ သံတောင်မြို့တွင် ရေးသားခဲ့သောစာအား
၁၀-၄-၂၀၁၄ ရက်နေ့တွင် ပြန်လည် ပြုပြင်ရေးသားခဲ့ခြင်းဖြစ်ပ
အဟောင်းလေးပါပဲ
ခါတော်မှီပြန်တင်လိုက်တာ...
** မြန်မာ့နှစ်သစ်မှာ ကောင်းမှုများ တိုးပွားနိုင်ပါစေ **