(၁)
I have got my leave. Bid me farewell, my brothers! I bow to you all and take me departure.
Here I give back the keys of my door and I give up all claims to my house. I only ask for last kind words from you.
We were neighbors for long, but I received more than I could gave. Now the day has dawned and the lamp that lit my dark corner is out. A summons has come and I am ready for my journey.
Tagore
ကျွန်ုပ်ထွက်ခွာခွင့်ရပြီ။
ကျွန်ုပ်အားနှုတ်ဆက်ကြပါ မိတ်ရင်းဆွေမွန်
အားလုံးကို ကျွန်ုပ်နှိမ့်ချဦးညွှတ်ခဲ့
ကျွန်ုပ်၏ တံခါးသော့ကို ပြန်အပ်ပြီး
ကျွန်ုပ်၏ အိမ်နှင့်စပ်ဆိုင်မှု မှန်သမျှကိုလည်း စွန့်ခဲ့ပါသည်။
အကြင်နာစကားကိုသာ သင့်ထံမှာ
နောက်ဆုံးတောင်းဆိုပါသည်။
ကျွန်ုပ်တို့ တာရှည်မိတ်ဆွေဖြစ်ခဲ့ကြသည်။
သို့သော် ကျွန်ုပ်သည် အပေးထက်အယူများခဲ့၏။
နေအရုဏ်တက်ချေပြီ
ကျွန်ုပ်၏ မှောင်မိုက်ကျဉ်းမြောင်းသည့
မီးအိမ်ငယ်သည် ငြိမ်းပါပြီ။
ကျွန်ုပ်အား ဆင့်ခေါ်စာလည်း ရောက်ပြီ
ခရီးရှည်ချီရန် ကျွန်ုပ်သည် အသင့်….။ ။
တဂိုး
(၂)
"သူငယ်ချင်းက ဘယ်သွားမှာလဲ "
"မြစ်ကြီးနားကို "
"ဟုတ်လား ဒါဆို ရထားလမ်းဆုံးပေါ့ ကျွန်တော်က ဟိုပင်ထိ "
"ဒီက ညီလေးရော ဘယ်အထိတုန်းကွ "
"ခင်ဦးအထိပါ အစ်ကို "
"ဟာကောင်းတာပေါ့ ခရီးအတူသွားကြရတာပေါ့ဗျာ လက်မှတ်ရော ရပြီးကြပြီလားဗျ "
"ဟုတ်ကဲ့ ရပြီးကြပါပြီ "
ပြောလက်စ စကားများကိုဖြတ်လိုက်ကြပြီး
ခရီးသည်များလည်း ဟိုမှဒီမှ သွားလာနေကြသည်။
"ပေါ် ..ပူ…ပေါ် "
မကြာမီ ရထားထွက်ခွာတော့မည် ဖြစ်ကြောင်း အချက်ပေးနေပေပြီ။ ရထားသည် ဘူတာမှ တရွေ့ရွေ့ စတင်ထွက်ခွာနေပေပြီ။
"ဟူးအချိန်မီလေးပဲ "အသက် ၄၀ ကျော်ခန့်ရှိမည့် အမျိုးသားတစ်ဦး အမောတကောဖြင့် ပြေးတက် လာခြင်းဖြစ်သည်။
ပြောပြောဆိုဆို ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ခုံမှာ ၀င်ထိုင်လိုက်သည်ကို တွေ့ရသည်။ သူ့အထုတ် အပိုးတွေကို ခုံအောက်ထိုးထည့်နေသည်။ ထိုအချိန်မှာပင် အမျိုးသမီးတစ်ဦး ဘေးနား လာရပ်သည်။
"ဒါ နံပါတ် ၄၆ လား မသိဘူး "
"ဟုတ်ပါတယ် "ကျွန်တော်ပြန်ဖြေလိုက်သည်။ ကျွန်တော်က ခုံအမှတ် ၄၅။ သူက ကျွန်တော့်နှင့် အတူ ကပ်လျက် ထိုင်ရမည်ဖြစ်သည်။
အမျိုးသမီးက သူယူဆောင်လာသည့် ပစ္စည်းတွေကိုနေရာတကျထားသည်။
ရထားကြီးက ပုံမှန် ခုတ်မောင်း၍ နေပေသည်။ ကျွန်တော် အပြင်သို့ ငေးကြည့်ရင်း အတွေးတို့ လွှင့်ပျံ လာပါသည်။
(၃)
လူ့ဘ၀သည် သံသရာဆိုသည့် စက်ဝန်းထဲတွင် လည်ပတ်ပြေးနေသော နေရာလေးတစ်ခု၊ ဘ၀လေး တစ်ခုပင် ဖြစ်လေသည်။
ရခဲလှစွာသော လူဆိုသည့် လက်မှတ်တစ်ခုကို ကျွန်တော်ရရှိလိုက်ပါသည်။ ကျွန်တော် လက်ရှိ ဘ၀ တစ်ခုအနေဖြင့် စတင်ခရီးနှင်ရပေတော့မည်။ ကျွန်တော့်နည်းတူ လက်မှတ်ကိုယ်စီကိုင်ဆောင်ထာ
ကျွန်တော်ကိုယ်တိုင်သည်ပင်လ
မှန်ကန်သော မဂ်လမ်းဖြင့် နိဗ္ဗာန်ခရီးသို့ သွားဖို့ ဘာတွေ ပြင်ဆင်နေပါသနည်း။
လူ့ဘ၀သည် ရခဲလှပါသည်။ ရရှိလာသော လူ့ဘ၀တွင် ကိုယ်တကယ်ရောက်လိုသော ခရီးပန်းတိုင်ကို ကိုယ်တိုင်လျှောက်ရပါလိမ့်မ
အသိဥာဏ်ရှိသော လူသားတစ်ဦး၏ အသိအတွေးသည် တဏှာဝဲဂယက်အတွင်းသာ တစ်ရစ်ဝဲလည်လည်ရှိနေပါက အဆင့်ဆင့်၊ အဘုံဘုံ၊ အပြည်ပြည်မှာ ဒုက္ခ(ဆင်းရဲ)ခရီးကိုသာ လည်ပတ်သွားနေ ကြရဦးမည်ဖြစ်သည်…သြော် ဒီခရီးတွေကိုဖြင့် သွားကြဦးမည်လား…။
(၄)
သွားရပေဦးမည်။ ဒီခရီးအတွက် ဒီရထားစီးမှ သွားရပေဦးမည်ပေါ့။
"ညီလေးက ဘယ်သွားမှာလဲ "ရှေ့ခုံမှ အမျိုးသားက ကျွန်တော့်အားမေးသည်။ သူ့ဘေးနေရာခုံက လစ်ဟာဆဲ။
"မြစ်ကြီးနားထိပါ "
"ဟာ အတော်ပဲပေါ့ ကိုယ်လဲမြစ်ကြီးနားအထိကွ။ ဒီမှာ ခုံတောင်နှစ်နေရာစာ ၀ယ်ထားတာ၊ ဒီလမ်းက သွားရတာမလွယ်ဘူး။ ပင်ပမ်းတယ်၊ ရှေ့ဘူတာတွေဆို ရထားကြပ်တော့မှာ"စကားပြောရင် လက်ထဲမှာ မုန့်ကိုကမ်းပေးသည်။
"ညီလေးစားဦးလေ ဟိုအစ်မရော စားပါဦးလား "
ကျွန်တော်က လက်ကာရင်း "စားအစ်ကို ကျွန်တော်စားလာခဲ့ပြီးပြီ ကျေးရှင်တင်ပါတယ် "
"စားပါ မောင်လေး "ထိုသူမှ အမျိုးသမီးအား ဆက်ပြောသည်။
"အစ်မက ဘယ်သွားမှာလဲ "
"နမ္မားအထိပါ "အမျိုးသမီးက စကားနည်းပုံရသည်။ ဒီလိုနှင့် တိတ်ဆိတ်သွားပြန်သည်။
ရထားတွေပေါ်ကို ဝေ့ကြည့်မိသည်။ တချို့ အပြင်ကိုငေးနေကြသည်။ တချို့ စာအုပ်ဖတ်နေကြပြီး တချို့ကတော့ အုပ်စုလိုက် စကားဖောင်ဖွဲ့နေကြသည်။
တစ်ခုံမှာတော့ ခပ်ရွယ်ရွယ် ကောင်လေးနှင့် ကောင်မလေး။ ရုပ်ရည်သန့်သန့်လေးတွေ။ ကောင်မလေး ကကောင်လေးပုခုံးပေါ် ခေါင်းမှီထားသည်။ အတွဲတွေလား..ကြင်စဦးဇနီးမေ
ဆက်၍ လှည့်ပတ်ကြည့်နေမိသည်။ စာဆိုများတင်စားသည့် အလှပဆုံးသော မြင်ကွင်းတစ်ခုဖြစ်သည့် မိခင်က သူ့သားငယ်ကို ရင်ခွင်ထဲထည့် ပွေ့ချီချော့သတ်လျက် နို့ရည်တိုက်ကျွေးနေသည်။ ငေးနေမိစဉ် နောက် ကျောဘက်ခုံမှ စကားသံ ကြားရသည်။
"အရှင်ဘုရားက ဘယ်ကကြွလာတာလဲ ဘုရား"
"ပြင်ဦးလွင်ကပါ ဒကာ "
ဒီရထားတစ်တွဲပေါ်မှာ ရဟန်းသံဃာများလည်း ပါလာသည်ကိုး။ ဘ၀တွေကို အစုံအလင်ပင်။ အကြည့်များကို ရပ်လိုက်ပြီး အိပ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေမိသည်။
တံတားပေါ်ဖြတ်သံကြားမှ အပြင်ကို ခေါင်းပြူကြည့် မိသည်။ သြော် ခုမှ စစ်ကိုင်းတံတား။ စစ်ကိုင်းမြို့ သည်လှပနေပေသည်။ စစ်ကိုင်းတောင်ရိုးသည်လည်း စေတီအဆူဆူတို့ဖြင့် ကျက်သရေရှိလှပေသည်။
ရထားဥသြ ဆွဲသံကြားရသည်။ စစ်ကိုင်းဘူတာ ရောက်တော့မည်။ သြော် ..ဘူတာတစ်ခုသို့ ရောက်ပေ တော့မည်။
(၅)
ဘူတာတစ်ခုရောက်ပြန်ပါပြီ။ သို့မဟုတ် မှတ်တိုင်တစ်ခုသို့ ရောက်ပါပြီ။
ဘ၀ မှတ်တိုင်တစ်ခုသို့ ကျွန်တော်ရောက်ရှိပြီ။ ကိုယ်ရောက်နေသည့် မှတ်တိုင်လေးတွင် ကိုယ့်အမည် သည်ကျန်နေခဲ့မည်လား။ ရောက်ရှိလာ ထွက်ခွာရင်းနှင့်ပင် လွင့်ပြယ်ခံရတော့မည်လား။
ခရီးရှည်သို့ သွားသူသည် လမ်းခုလတ် ခရီးများကို ဖြတ်ကျော်ရပေမည်။ လမ်းခုလတ် ဒီသက်တမ်း လေးတွင် နေ နေရသည့် ကျွန်တော်တို့အဖို့ ဘ၀ရည်မှန်းချက်ပန်းတိုင်ကို
မည်သို့ပင်ဆိုစေ ကိုယ်သွားမည့် ပန်းတိုင်သည် ငြိမ်းချမ်းခြင်း၊ အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ အနှစ်သာရ ပြည့်ဝခြင်းတို့ ရရှိမှသာလျှင် မိမိလျှောက်လှမ်းသည့်ခရီး၊ မိမိရောက်ရှိမည့် ပန်းတိုင်ခရီးသည် တန်ဖိုးရှိပါလိမ့်မည်။
ကိုယ်ရည်ရွယ်ရာ ပန်းတိုင်သို့လည်း မရောက်မချင်း၊ ရှေ့ဆက်ချီတက်ရပါမည်။ နားသင့်သည် အချိန်တွင် နားရုံမျှအပ ရပ်နေလို့မဖြစ်ပေ။ ပန်းတိုင်းသို့လျှောက်ရာ လမ်းခုလတ်တိုင်းတွင်လည်း ကိုယ့်အမည်၊ ကိုယ့်စရိုက်၊ ကိုယ့်အကျင့်၊ ကိုယ့်အပြုအမူ၊ ကိုယ့်စိတ်နေသဘောထားတို့သည်
" Care your name on hearts , and not on marble "
"သင်၏ အမည်ကို နှလုံးသားများထဲတွင်သာ ကမ္ဗည်းထိုးပါ။ ကျောက်ပြားပေါ်၌ မရေးထွင်းပါနှင့် "
ကျွန်တော်သည် ၂၉ နှစ်ဆိုသည့် ခရီးများကျော်လွှားခဲ့ပေသည်။
(၆)
ဘူတာတစ်ခုမှ ရထားစတင်ထွက်ခွာပြီ ဆိုသည်နှင့် ခရီးသည်များ ပြန်လည်ငြိမ်သက်သွားကြပြန်သ
"သား ဟင်းယူသွားဦးမလား။ ဟင်း..လုပ်ပေးထားမယ်လေ .."
"ရတယ်အမေ မယူတော့ပါဘူး "
"ဟိုမှာ စားရသောက်ရတာ အစဉ်ပြေပါ့မလား "
"ပြေပါတယ် အမေ။ ခရီးကဝေးတော့ သယ်ရတာမလွယ်ဘူး "
"အေးပေါ့ကွာ ယူမနေပါနဲ့။ စားသောက်မကောင်းလဲ ၀ယ်စားပေါ့။ အနေအထိုင်တော့ ဆင်ချင်နေ။ ကျန်းမာရေးဂရုစိုက်၊ နေရာဒေသ၊ ရာသီဥတုအပြောင်းအလဲဆိုတော့ "
"ဟုတ်ကဲ့ပါ အဖေ"
အတွေးကို ပြန်စုစည်းလိုက်သည်။
မိဘဆိုသည်မှာ သားသမီးအတွက် အမြဲစိတ်ပူနေတတ်သည်။ ကျွန်တော်တို့သာ အတွေးရောက်ချင်မှ ရောက်တတ်သော်လည်း သားသမီး နေထိုင်ကောင်းရဲ့လား၊ အစားအသောက်အဆင်ပြေရဲ့လားဟု တွေးနေတတ်ပြီး မေတ္တာပို့လွှတ်နေတတ်ပါသည်။
မိဘတို့သည် အသက်တွေကြီးရင့်လာပြီဖြစ်သေ
"အဖေနှင့် အမေကျန်းမာပါစေ "
အတွေးနှင့် မေတ္တာပို့သမိသည်။ စိတ်အာရုံများသည် လက်ရှိသို့ ပြန်လည်ရောက်ရှိလာပြန်သည်။ ဈေးသည်များသည် ဟိုမှဒီမှ အတွဲကူး၍ ရောင်းချနေကြရသည်။ ရောင်းချမည့် ၀န်စည်စလှယ်နှင့် ကြပ်ညှပ်နေ သည့် ခရီးသည်များကြားမှာ သွားလာရင်း ရောင်းရသည်ကို ကြည့်ရသည်ပင် မလွယ်လှချေ။
ဘ၀တစ်ခု၏ စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်နေကြရသည်။ မည်သူမျှ လောဘမီး၊ မောဟမီး မသတ်နိုင်ကြသေး။ ကိုယ့်ဝမ်းမီးငြိမ်းရေးအတွက
ဝမ်းမီးငြိမ်းရေးအတွက် ကြိုးစားရင်းပင် တခြားသောမီးတွေက ကူးဆက်လောင်နေတတ်ပြန်သည်။ သူတစ်ပါး ဘ၀မီးတွေကို စဉ်းစားရင်း ကိုယ့်ခန္ဓာကိုယ်သည်ပင် ပူလာချေသည်။ ရေးဘူးထုတ်ပြီး ရေသောက် လိုက်ရသည်။ ရင်ထဲ၊ ၀မ်းထဲတော့ ခဏမျှ အေးချမ်းသွားသည်။
အပူကို ငြိမ်းစေရန်အတွက် အအေးဆိုတာရှိမည်။ လူတွေအတွက်၊ သတ္တ၀ါတွေအတွက် မေတ္တာရေးအေး၊ ဓမ္မရေအေး ရှိပေသည်။ ကိုယ်တိုင် ယူငင်တတ်၊ သုံးဆောင်တတ်ဖို့သာ အရေးကြီးပေသည်။
(၇)
ဆည်းဆာ..ညနေဆည်းဆာ။ ထိုလှပသော ညနေဆည်းဆာနှင့် အပြိုင် တစ်ရာက်တာ ခရီးအတွက် ကျွန်တော်တို့ လိုက်ပါနေသည် တကား။
အရုဏ်ဦးဆည်းဆာသည် နေ့သဏ်မွေးဖွားခြင်းအတွက် သတိပေးနေသလို ညနေဆည်းဆာသည် နေ့တစ်နေ့ကို ခွဲခွာရန် ကြိုတင်အရိပ်အယောင်ပြနေခြင်
"အဟွတ်..ဟွတ်..အဟွတ် "
ချောင်းသံကြားရသည်။ ဘေးတိုက်တစ်ဘက်ခုံမှ အသက် ၇၀ ကျော် ၈၀ ခန့်ရှိမည့် အဘွားအိုတစ်ဦး၏ အသံ ဖြစ်သည်။ သမီးဖြစ်ဟန်ရှိသည့် အမျိုးသမီးမှ ဆေးလူးပေးသည်ကို တွေ့ရသည်။ အဘွားအိုသည် ဇရာနှင့် ဝေဒနာ(ရောဂါ) ကို ကြံ့ကြံ့ခံနေသည်။ ချောင်းထိုးဆိုးပြန်သည်။
"အဟွတ်..အဟွတ် "
ကျွန်တော့်ဘေးနားရှိ အမျိုးသမီးက သူ့အိတ်ထဲမှ ပစ္စည်းထုတ်ယူပြီး အဘွားအိုထံ ကမ်းပေးသည်။
"အဘွား ဒီဆေးလေးသောက်လိုက်ပါ။ ကျွန်မ အမေတုန်းကလည်း ဒီဆေးနဲ့ သက်သွားတာ။ အဘွား ဆောင်ထားလိုက်ပါ "
အဘွားအိုဘေးမှ အမျိုးသမီးက လှမ်းယူသည်။
"ကျေးဇူးပါပဲ အစ်မရယ်။ အမေချောင်းဆိုးရင် တော်တော်ဆိုးတယ်။ ဆရာဝန်ကျမပြချင်ဘူး။ "
"ဒီလိုပါပဲကွယ် ရာသီဥတုက အေးလာတာကိုး။ အသက်ကြီးလာရင် မလွယ်ဘူး။ ဖြစ်တတ်ပါတယ် "
"ကျေးဇူးတင်ပါတယ်ကွယ် "အသံတုန်တုန်ဖြင့် ကျေးဇူးတင်ကြောင်း အဘွားကပြောသည်။
"ရပါတယ်အဘွား "
ရှေ့မှ အမျိုးသားနှင့် စကားပြောဖြစ်သည်။ ထို့ဖြင့် ကျွန်တော်တို့ သုံးဦး စကားပြောရင်း မိတ်ဖွဲ့ဖြစ်ကြ သည်။
ကိုယ်မသိသေးသော အကြောင်းအရာ၊ ကိုယ်မသိသေးသော ဘ၀တွေကို သိလိုက်ရသည်။ ဒီကမ္ဘာကြီးမှာ ဘ၀တွေသည် မည်မျှများပြားလိုက်သနည်း။ သူတို့မှတဆင့် သိလိုက်ရသော အကြောင်းအရာတို့ သည်တန်ဖိုးရှိလှသည်။ စိတ်ဝင်စားစရာ ကောင်းလှသည်။
ဒီရထားကြီးပေါ်တွင်ပင် လူအမျိုးမျိုး၊ ဘ၀အထွေထွေ ပါလာကြပေမည်။ ရထားကြီးကို ဦးဆောင်မောင်း နှင်သူ မီးရထားဆရာများ၊ အထက်တန်းလွှာများ၊ ဈေးသည်များ၊ ကျောင်းဆရာ၊ ဆရာဝန်၊ စာရေးစာချီ ဘ၀စုံအောင် ပါနေပါလိမ့်မည်။
တစ်တွဲထဲမှာပင် အိမ်ပြန်သူ၊ တာဝန်အရသွားလာနေရသူ၊ ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ စသည့် ဘ၀အထွေထွေသည်လည်း ပါဝင်မည်မှာ အမှန်ပင်။
ထိုဘ၀အထွေထွေတို့တွင် ပျော်စရာဘ၀များ၊ စိတ်ပျက်စရာဘ၀များ၊ အားကြရသည့် ဘ၀များ၊ နောက်ထပ်မလိုချင်တော့သည် ဘ၀များ စသည် စသည့် ရသမျိုးစုံသော ဘ၀တွေ ပျော်ဝင်နေကြမည်။
ဒါသည်ပင်လျှင် လူ..သို့မဟုတ်..၃၁ ဘုံသား ဘ၀တွေပင် မဟုတ်ပါလော..။
(၈)
ဘ၀မှာ နေဖို့ထက် သေဖို့ခက်သည်။ အသက်ရှင်စဉ်ကာလအတွင်း နေဖို့အတွက် ကြိုးစားရင်း ကြိုးစားရင်း တချို့သေသွားကြသည်။ တချို့ နေဖို့ နေရလည်းရ သေလည်းသေသွားကြသည်။ တချို့မှာ မိမိ နေရာ ဘယ်ဆီမှာပင်မသိသေးခင် သေသွားကြရသည်။
သေဖို့အတွက် အသင့်မဖြစ်လိုက်ရ။ သေဖို့အတွက် အသင့်မပြင်လိုက်ရ။
ဘ၀တစ်ခုရလာသည်နှင့် သေခြင်းသည်ကား ကပ်ပါလာစမြဲ။ သေရေးကောင်းဖို့အတွက် နေစဉ်ကာလ အတွင်း နေရေးကောင်းရမည်။ အနေကောင်းမှသာ အသေကောင်းမည် မဟုတ်ပါလား။
ကျွန်တော်လည်း ယခုအချိန်သေလို့မဖြစ်သေး။ သေဖို့ အဆင်သင့်မဖြစ်သေ။ သေခြင်း၏ တခြားတစ်ဘက်လားရာ ဒီအချိန်သေးသည်အခိုက် သိပ်၍ကောင်းလှမည်မဟုတ်။
ကျင့်ခဲ့သည့်တရားဘာဝနာ၊ ပြုလုပ်ခဲ့သည့် ကောင်းမှု၊ ဆေက်တည်ခဲ့သည် သီလတို့သည် ဘ၀နှင့်ယှဉ် လျှင် မြင်ပင်မမြင်ရ။ ဒီအတွက် လားရာသည် ကောင်းလိမ့်မည်ဟု မမျှော်မှန်းနိုင်။
ထို့ကြောင့် တစ်ဆင့်ထက် တစ်ဆင့် ဒါန၊ သီလ၊ ဘာဝနာတို့ကို မြင့်သထက် မြင့်အောင် ပြုလုပ်သွားဖို့ လိုသေးသည်။ အဆုံးမသိသော စက်ဝန်းအတွင်းတွင် ဘ၀တိုနိုင်သလောက် တိုအောင်ကြိုးစားရင်း တစ်ချိန်၌ ရပ်တံ့သွားအောင် ပြုလုပ်ရပါပေမည်။
သို့မှသာ လူဖြစ်လာရသော ဘ၀သည် မြတ်ပါပေလိမ့်မည်။ ဘ၀အဓိပ္ပါယ်မှန်ကန်ပါလိမ့်မည
အပိုင်း(၂)ဆက်ရန်…….
******
မောင်ပိုင်
၁၈-၁၀-၂၀၀၅ ရက်နေ့တွင်
ရေးသားခဲ့သော စာအား ပြင်ဆင်ဖြည့်စွက်
ရေးသားခြင်းဖြစ်ပါသည်။