Quantcast
Viewing all articles
Browse latest Browse all 1811

နိုင်ငံရေးလား တော်လှန်ရေးလား အပိုင်း (၁/၂)


 (တစ်)

*******
တောင်အာဖရိကနိုင်ငံ ပေါင်းစည်းထူထောင်ရေးလုပ်တဲ့ အခါမှာ အာဏာရလူဖြူအနည်းစုက နောင်ဖွဲ့မဲ့ အစိုးရအဖွဲ့မှာ သူတို့လည်း ပါဝင်မှ ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။


တောင်အာဖရိကနိုင်ငံရဲ့ သမိုင်းခေတ်အဆက်ဆက်မှာ လူဖြူတွေဟာ လူမဲတွေကို ဖိနှိပ်ခဲ့ပြီး လာမည့် အစိုးရအသစ်မှာလည်း ဒီလူဖြူတွေ ပါဝင်လာဦးမယ်လို့ ဆိုနေတော့ အဖိနှိပ်ခံခဲ့ရတဲ့ လူမဲတွေဟာ လက်မခံဘဲ ဒီမိုကရေစီအရ ရွေးကောက်ပွဲလုပ်မယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

ထိုကဲ့သို့ ရွေးကောက်ပွဲလုပ်လာပါက လူနည်းစုဖြစ်လေတဲ့ လူဖြူတွေဟာ ရှုံးနိမ့်မယ်ဆိုတာ ကြိုပြီးသိနေကြပါတယ်။
ထိုကဲ့သို့ ရှုံးနိမ့်မှုရဲ့ နောက်ဆက်တွဲ ရလာဒ်ဟာ သူတို့ အာဏာလက်မဲ့ဖြစ်ပြီး နောက်တက်လာမဲ့ အာဏာရ လူမဲအစိုးရရဲ့ သမိုင်းလက်စားချေမှုကို လူဖြူတွေဟာ ကြောက်ရွံ့  နေခဲ့ပါတယ်။

အဲဒီတော့ လက်ရှိအာဏာရထားနေတဲ့ လူဖြူတွေဟာ မပေးဘူးတော့ မဟုတ်ဘူး ပေးမယ်။
ဒါပေမဲ့ (၁၀၀) ရာနှုံးပြည့်တော့ ဘယ်လိုမှ မပေးနိုင်ဘူး။
အစိုးရအသစ် လက်ထက်မှာ သူတို့အပေါ် လက်စားချေမှုတွေ မရှိနိုင်အောင် အစိုးရသစ်အထဲမှာ သူတို့တွေလဲ ပါဝင်မယ် ဆိုပြီး လူဖြူတွေဘက်က တင်းခံနေခဲ့ပါတယ်။
ဒီလိုနဲ့ ဆွေးနွေးပွဲဟာ ရှေ့ဆက်လို့မရနိုင်အောင် တန့်နေခဲ့ပါတယ်။

အဲဒီအချိန်မှာ နောင်တစ်ချိန်မှာ ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်လာမဲ့ လူမဲခေါင်းဆောင် မင်ဒဲလားဟာ ခင်ဗျားတို့ လူဖြူတွေဟာ PR စနစ်အရ အချိုးကျပါဝင်ခွင့် ရနိုင်ပါတယ်လို့ ပြောဆိုခဲ့လို့ ဆွေးနွေးပွဲဟာ ရှေ့ကို ဆက်လို့ရသွားခဲ့တာပါ။

ဆိုတော့ကား ...
နိုင်ငံရေးဆိုတာ အပေးအယူ သဘောတရားပါ။
(၁၀၀) ရာနှုံးပြည့် လိုချင်ရင်တော့ တော်လှန်ရေး လုပ်မှဘဲ အဆင်ပြေမှာပါ။


(နှစ်)

အဲဒီလိုနဲ့ တောင်အာဖရိကမှာ အစိုးရအသစ်ဖွဲ့စည်းဘို့ ပြသနာဖြစ်နေကြတဲ့ လူဖြူတွေနဲ့ လူမဲတွေဟာ PR စနစ်အပြင် ထပ်ဆင့် သဘောတူညီမှုတွေ လုပ်ခဲ့ကြပါတယ်။

တက်လာမဲ့ အစိုးရအသစ်ရဲ့လက်ထက်မှာ ယခင်က လူဖြူမျိုးနွယ်စုတွေနဲ့ လူမဲမျိုးနွယ်စုတွေ တစ်ဘက်နဲ့ တစ်ဘက် ဖမ်းဆီးသတ်ဖြတ် တိုက်ခိုက်ခဲ့တာတွေ အားလုံးကို လုံးဝ အရေးမယူဘို့ ဆိုတဲ့ နှစ်ဦးနှစ်ဘက် သဘောတူညီမှုအထိ ရရှိခဲ့ကြပါတယ်။

အဲဒီအချိန်မှာသာ တောင်အာဖရိကဟာ ယခင်က လုပ်ရပ်တွေကို သင်ပုန်းချေမှု မပြုနိုင်ခဲ့ရင် ယနေ့ခေတ် တောင်အာဖရိကလို ဖြစ်လာမှာမဟုတ်သလို လူဖြူတွေ ဘက်ကလည်း ယနေ့အထိ အာဏာမလွဲဘဲ အာဏာကို ယနေ့အထိ ဆုပ်ကိုင်ထားနေမှာပါ။

မြန်မာနိုင်ငံမှာလည်း သွားလေသူအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ယခင်အစိုးရလက်ထက်မှ လုပ်ဆောင်ချက်များအား မည်သည့်နည်းဖြင့်မျှ အရေးမယူရ ဆိုတဲ့ အချက်ကို ထဲ့သွင်းရေးဆွဲခဲ့ပြီး စည်းချက်ကျကျ ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီလိုအခြေအနေမှာ အတိုက်အခံတပ်ပေါင်းစုဟာ ရွှေညာဏ်တော်စူးရောက်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး အသစ်ရေးဆွဲရေး ဆိုပြီး လူထုကို လှုံ့ ဆော်နေခြင်းဟာလည်း နောက်ပြန်ဆွဲ သမိုင်းဖေါ်ကာ အရေးယူမခံရအောင် စနစ်တကျ ခွာစစ်ဆင်ပြီး ထွက်ခွာသွားလေတဲ့ သွားလေသူ အစိုးရကို အာဏာပြန်လာသိမ်းစေဘို့ အထူးဖိတ်ခေါ် နေတာနဲ့ အလားတူနေကြပါတယ်။

ကျနော်တို့ဒေသတွင်း ကမ္ဘောဒီးယားနိုင်ငံ ပြန်လည် တည်ထောင်ရေးလုပ်တဲ့အခါမှာ နောက်တက်လာတဲ့ အစိုးရတွေထဲမှာ လူသတ်ကောင်လို့ စွတ်စွဲခံရသူ ခမာနီတွေ အများကြီး ပြန်လည်ပါလာခဲ့ပါတယ်။
အဲဒီခေတ်အခါက ကန်ပူးချားအတိုက်အခံတွေဟာ ခမာနီတွေ နောက်တက်လာမဲ့ အစိုးရအဖွဲ့ထဲကို ပြန်လည်ပါလာလို့ လက်မတွဲချင်ဘူးဆိုရင် သူတို့တွေဟာ ဆက်ပြီး တိုက်ခိုက်ကြဘို့ဘဲ ရှိပါတယ်။

သို့ပေသော်လည်း ပြည်တွင်းစစ်ကိုရပ်တန့်ချင်နေတဲ့ ကန်ပူးချားအတိုက်အခံတွေဟာ တိုင်းပြည်မျက်နှာကို ထောက်ထားပြီး လူသတ်ကောင် ခမာနီတွေကို လက်ခံ ရပါတော့တယ်။

အဲဒီလိုနဲ့ ကန်ပူးချားအတိုက်အခံတွေဟာ မြို့ပေါ်မှာ ခမာနီတွေ ကားကြီးတွေစီးပြီး သွားလာနေတာကို လက်ပိုက်ကြည့်ပြီး ဘယ်လိုမှ လက်စားချေ အရေးယူမှု မပြုနိုင်ခဲ့ကြပါဘူး။
နာက်ထပ်ဆယ်စုနှစ်တစ်ခ အကြာမှသာ ခမာနီတွေကို အရေးယူနိုင်ကြတာပါ။

အဲဒီလိုပါဘဲ...
မြန်မာပြည်မှာလည်း ဗိုလ်ချုပ်မှုးကြီး အာဏာရလာတဲ့ အခါမှာ ၁၉၉၄ အမျိုးသားညီလာခံမှာ အနာဂါတ် မြန်မာ့နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်သည် ပါဝင်ရေးဆိုပြီး တောင်းဆိုခဲ့ပါတယ်။
အဓိကပြသနာကတော့ NLD ပါတီ ရာနှုံးပြည့် အာဏာရ ခဲ့ရင် လက်စားချေမှုပြုမှာ မခံနိုင်ကြလို့ပါ။

နောက်တစ်ချက်ကတော့ !!!

ဆက်လက်ဖေါ်ပြပါမည် ။



Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>