(၁)
"ဟဲ့..ဟဲ့..ခွေး..လုပ်ပါဦးဟ
ဘယ်ကနေ ဘယ်လိုထွက်လာလိုက်မှန်းမသိသ
ဒါတောင် ပုဆိုးကို ဟပ်မိသွားသေးသည်။ လူလည်း ကြောက်စိတ်ကြောင့် ချွေးတွေ ပြန်သွားသည်။
ခွေးက ပေကပ်ကပ်လုပ်နေပြီး ထွက်မသွားချင်သေး။ ခဲလုံးတစ်လုံး ကောက်ကိုင်လိုက်ပြီး ပစ်လိုက်မှ ထွက်ပြေးသွားတော့သည်။
"တောက် ဘယ်က ခွေးလည်း မသိဘူး "
"တောက် "
"ယောက်ျား ဘာတွေ ယောင်နေတာလဲ။ အိပ်မက်တွေ မက်ပြန်ပြီထင်တယ် "
အိပ်မက်လား။ တော်သေးတာပေါ့ အိပ်မက်ပေမို့။
ခွေးကိုက်ခံရလျှင် ကံနိမ့်လို့ဟု ရှေးလူကြီးသူမများက ဆိုကြသည်။ ယခု အိပ်မက်ဆိုတော့ ကံတစ်ဝက် နိမ့်လေသလား ကိုယ့်ကိုယ်ကို တွေးရင်း မလုံမလဲဖြစ်မိသည်။ ကံနိမ့်ပြီဆိုကတည်းက ကိုယ်လုပ်ထားသည့် မကောင်းမှုတစ်ခုခုက အကျိုးပေးဖို့ အစဖော်တာ မဟုတ်ပေလား။
(၂)
"ဘုန်းကြီး ကြွလာပြီ "
ဌာနရှိ လူကြီးတစ်ချို့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည
ထို့နောက် ဦးပဉ္ဇင်းမှ လူကြီးတစ်ချို့ကို ဘေးလွယ်အိတ်လေးထဲက ပစ္စည်းခပ်သေးသေးတစ်ချို့ကို
"တပည့်တော်ကိုလည်း စွန့်ကြဲပါဦးဘုရား "
ဦးပဉ္ဇင်းက လက်ထဲထည့်ပေးလိုက်သည်ကို တွေ့ရသည်။ ဦးပဉ္ဇင်း ပြန်ကြွသွားပြီးနောက် ပစ္စည်းရလိုက်သည့် သူက ကျွန်တော်တို့ကို ပြသသည်။ ပစ္စည်းလေးက တော်တော်သေးသည်။ အဖြူရောင်။ ဓာတ်လုံးဟုလည်း ဆို၏။ တယုတယသေချာကိုင်ရင်း ဘုရားစင်ပေါ်ထားရမည်ဟုလည်း ဆိုသည်။
ဓာတ်လုံးဆိုသည်ကို ကျွန်တော်ကြည့်မိသည်။ ဓာတ်လုံး ရလိုက်သည့် လူကြီးများ ရာထူး တက်မည်လော၊ စီးပွားတက် မည်လော၊ နေရာမြဲမည်လောဟု မေးခွန်းတို့ ခေါင်းထဲဝင်လာရင်း "သြော် ငါတော့ ဒီဓာတ်လုံးလေး မရလိုက်လို့ စီးပွားလည်း တက်စရာမရှိ၊ ရာထူးလည်း တက်စရာမရှိတော့ပြီလား "ဟု တွေးမိသည်။
တကယ်လည်း တက်စရာ ဘာမှမရှိ။ ဒီအဆင့် ဒီလစာအပြင် အခြားစီးပွားရေးလည်းမရှိ၊ အောက်ဆိုက် ဆိုသည်ကား အနေသာကြီး ဒီတော့ ၀င်လာမစဲ တသဲသဲကား အလုပ်တွေပင်ရှိလိမ့်မည်။ ကံဖေးမလို့ ထီကလေး၊ ချဲကလေး ယောင်လို့များပေါက်မိလျှင်ေ
(၃)
"လောကကြီး ပျက်စီးတော့မည် "
"လောကကြီး ပျက်စီးတော့မည် "
"လောကကြီး ပျက်စီးတော့မည် "
အသံနက်ကြီး။ ကြောက်မက်ထိတ်လန့်ဖွယ် အော်ဟစ်သံကြီး။
ဗာရာဏသီပြည်၏ ပြည့်ရှင် ဥသီနကမင်းကြီးက နန်းမြို့ပတ်ပတ်လည် တံခါးများကို ပိတ်စေသည်။ တံခါးမှူးများ တံခါးများပိတ်လိုက်သည်နှင့်
ခွေးဟောင်သံကြီးကြောင့် လူအပေါင်းတို့သည် ကြောက်လန့်တကြား ပြေးလွှားကြကုန်သည်။
မင်းကြီးလည်း သတိကိုထိန်းချုပ်ပြီး သေလွန်တံခါးကို ဖွင့်ကြည့်သော် မုဆိုးတစ်ဦးနှင့် ခွေးနက်ကြီး တစ်ကောင်ကို တွေ့မြင်လိုက်ရသည်။
"အို- မုဆိုးကြီး သင့်ခွေးနက်ကြီးသည် အဘယ့်ကြောင့် ဟောင်သနည်း "
"မြတ်သောမင်းကြီး၊ ဆာမွတ်သောကြောင့် ဟောင်သည် "ဟုပြော၏။
ထိုအခါ မင်းကြီးက နန်းတော်တွင်းရှိ ထမင်းများ၊ ဆင်စာ၊ မြင်းစာတို့ကို ခွေးနက်ကြီးအား ကျွေးစေသည်။ ခွေးနက်ကြီးကို တစ်လုတ်တည်းဖြင့် ဟပ်၍ စားသည်။
စားပြီးသည်နှင့် ဆက်၍ ခွေးနက်ကြီးက ဟောင်ပြန်သည်။
မင်းကြီးက တိုင်းပြည်တစ်ခုလုံးရှိ ရသမျှသော ထမင်းတို့ကို ကျွေးစေပြန်သည်။ ခွေးနက်ကြီးက စားပြီး ဆက်ဟောင်ပြန်သည်။
မင်းကြီးက "ဤခွေးနက်ကြီးသည် ခွေးအစစ်မဟုတ်၊ မုဆိုးသည် မုဆိုးအစစ် မဟုတ်တန်ရာ "ဟု တွေးမိသည်။
"အို မုဆိုးကြီး ဤခွေးနက်ကြီးသည် အဘယ်ကြောင့် ဟောင်သနည်း "ဟုမေး၏။
"မြတ်သောမင်းကြီး ဤခွေးနက်ကြီးသည် ထမင်း၊ သားငါး ကို စားလို၍ ဟောင်သည်မဟုတ်၊ လူသားကို စားလို၍ ဟောင်၏ "
"မုဆိုးကြီး၊ သင့်ခွေးနက်ကြီးသည် လူမြင်သမျှကို စားလိမ့်မည်လော "
"မင်းကြီး ဤခွေးနက်ကြီးသည် ရန်သူကိုသာ စားလိမ့်မည် "
"အဘယ်သူသည် ခွေးနက်ကြီး၏ ရန်သူဖြစ်သနည်း၊ ငါ့ကို ပြောပါလော့ "ဟု ဆို၏။
(၄)
အမှန်တကယ်ကား မုဆိုးကြီးသည် ဘုရားလောင်း သိကြားမင်းဖြစ်ပြီး ခွေးနက်ကြီးသည် အရှင်အာနန္ဒာ လောင်းလျာ မာတလိနတ်သားပင်ဖြစ်သည်။
ကဿပဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး အချိန်ကြာမြင့်ပြီးနောက် ဗာရာဏသီပြည် ဥသီနကမင်း အုပ်စိုးစဉ် ကာလတွင် ရဟန်းတို့သည် အကျင့်သီလပျက်ယွင်းလာခြင်း၊
နတ်ပြည်သို့ နတ်သားသစ်တို့ ရောက်မလာသဖြင့် နတ်ပြည်သည် ခြောက်ကပ်နေ၏။ သိကြားမင်းသည် နတ်သား နတ်သမီးအသစ်တို့ ရောက်မလာသည့် အကြောင်းအရင်းကို ကြည့်ရှူလေသော် ရဟန်းရှင်လူများ အကျင့်ပျက်စရိုက်ဆိုးများ လွှမ်းမိုးနေသည့်အတွက် ငရဲပြည်၌သာ တိုးပွားနေသည်ကို မြင်တွေ့ရသည်။
လူတို့ ကိုယ်ကျင့်တရား ပျက်လေသော် လောကကြီးလည်း ပျက်စီးလေတော့မည်။ သာသနာလည်း ပျက်စီးပေတော့မည်။ လူအပေါင်းတို့ကို ခြိမ်းခြောက်ပြီး သာသနာအနှစ်တစ်ထောင်ဆက်လက် ကြာရှည်အောင် ကြံဆောင်မှ တင့်မည်ဟု ဆုံးဖြတ်ပြီး သိကြားမင်းက မုဆိုးကြီးအယောင်၊ မာတလိအား ခွေးနက်ကြီး အယောင် ဆောင်စေပြီး လူ့ပြည်သို့ ဆင်းသက်လာခြင်းပင် ဖြစ်တော့သည်။
(၅)
"မြတ်သောမင်းကြီး ရဟန်းယုတ်တို့သည် ဦးခေါင်းကို တုံးလျက် သပိတ်ကိုဆွဲကာ ကိုယ်ဝတ်ဒုကုဋ်ကို ၀တ်ရုံ၍ လယ်ယာတို့ကို ထွန်လိမ့်မည်၊ ထိုအခါ ခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"မြတ်သောမင်းကြီး ရဟန်းယုတ်တို့သည် ဦးခေါင်းကို တုံးလျက် သပိတ်ကိုဆွဲကာ ကိုယ်ဝတ်ဒုကုဋ်ကို ၀တ်ရုံ၍ သာသနာအတွင်း၌ နေ၍ အစားကောင်းကိုစား၊ ယာဉ်ရထား အကောင်းစားကိုစီး၊ အိမ်ရာ၊ နေရာ အသုံးအဆောင် အကောင်းစားများဖြင့် ကာမဂုဏ်တို့ကို ခံစားကြလိမ့်မည်။ ထိုအခါ ဤခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"ရဟန်းယုတ်တို့သည် ကြွေးမြီးချေးငှား တောင်းရမ်းကြလိမ့်မည်၊ ထိုအခါ ခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"ပညာရှိကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ကျမ်း၊ ဟ၀ိတ္တိကျမ်း၊ ယဇ်ပူဇော်သောကျမ်းတို့ကို သင်၍ ယဇ် ပူဇော်ခကိုယူပြီး ယဇ်ပူဇော်ကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"လူတို့သည် မိမိတို့၌ ပစ္စည်းဥစ္စာပေါကြွယ်ကြပါလျက်
"အသက်အရွယ်ကြီးရင့်သော မိအို ဖအို အရွယ်တို့အား လူငယ်တို့က အသင်တို့သည် မိုက်မဲကြကုန်၏ဟု ပြောဆိုကြလိမ့်မည်၊ ထိုအခါ ခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"ဆရာမယားကိုလည်းကောင်း၊ အဆွေခင်ပွန်းမယားကိုလည်းကော
"တိုင်းပြည်ကို စောင့်ရှောက်ရမည့် အ၀တ်ဖြူပုဏ္ဏားတို့သည် လက်နက်တို့ကို ကိုင်ဆောင်၍ လမ်းခရီး၌ လုယက်ခြင်းကို ပြုကြလိမ့်မည်၊ ထိုအခါ ခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"ဖြူစင်သော အရည်အဆင်းနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးစွာ ရှိပါလျက် စီးပွားဥစ္စာကို မရှာ၊ မိန်းမများကို ကျူးလွန်လျက် အချစ်ပျက်ခြင်းကို ပြုကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
"မျက်ဝါးထင်ထင် မြင်ပါလျက် လှည့်ပတ်တတ်ကုန်သော အတုအယောင်ကြံစည်၍ လှည့်ပတ်ခြင်း၊ ယုတ်မာသော အကြံအစည်ဖြင့် ကြံစည်ခြင်းတို့ကို ပြုကြသောအခါ ဤခွေးနက်ကြီးသည် ငါ၏ လက်မှ လွတ်လိမ့်မည် "
(၆)
"မရလို့ပါဗျာ ရရင် လုပ်ပေးပါတယ် "
"လုပ်ပါဗျာ ကျွန်တော်အရေးကြီးနေလို့ပါ၊
ကျွန်တော် ဘယ်လိုပင်ပြောပြော မရ။ လူကြီးက ခရီးသွားသည်ဟု ဆို၏။ ပြီးတော့ နည်းလမ်းတကျ မဟုတ်၍ မရဟု ဆိုသည်။ ထို့ကြောင့် ဘယ်ပုံစံတွေလိုအပ်သလဲ၊ ဘယ်ထောက်ခံချက်တွေ လိုအပ်သလဲ ဟုမေး ပင်မေးသော်ငြား ထိုသူက ခေါင်းသာ သွင်သွင်ခါနေတော့သည်။
ကျွန်တော်လည်း စိတ်ပျက်ပျက်နှင့်ပင် ရုံးအပြင်သို့ လှမ်းထွက်ခဲ့တော့သည်။
"ဘယ်လိုလဲဆရာ အဆင်မပြေဘူးမလား "
လူက စိတ်ညစ်နေရသည့်အထဲ အိတ်ဆွဲထားသည့် လူငယ်တစ်ဦးက ကျွန်တော့်ထံလာပြီး မေးသည်။ ကျွန်တော် ပြန်မဖြေဖြစ်။
"ကဲပါဆရာရယ် စိတ်ညစ်မနေပါနဲ့ ကျွန်တော်လုပ်ပေးပါ့မယ် ပွဲစားခလေးသာ မစပါ "
ကျွန်တော် မယုံသလိုကြည့်လိုက်သည်။ ကိုယ်တိုင်ဝင်လုပ်ခဲ့သည်ပင်
"ကဲဆရာ ထပ်ဆောင်းလေးပေးလိုက် ဟုတ်လား၊ စိတ်ချ ရစေရမယ်၊ ဒီကသာ ခဏစောင့် "
ကျွန်တော်လည်း ရုံးရှေ့ရှိ လက်ဖက်ဆိုင်တွင် ထိုင်စောင့်နေလိုက်သည်။ အချိန်ပင် မကြာလိုက် ပွဲစား ပြန်ထွက်လာသည်။
"ရော့ ဆရာ၊ ဒီမှာ အစုံလိုက်၊ အကုန်ပါတယ် သေချာစစ်သာယူပေတော့ "
"ဟ ဒီလိုဆိုတော့ မြန်သားလား "
"ဆရာက အမြန်ကြေးလေးမှ မလုပ်တာကိုး "
"အမြန်ကြေး ဟုတ်စ "
လူငယ်က အ ရန်ကော ဟူသောအကြည့်ဖြင့် ကြည့်နေသဖြင့် ကျွန်တော်လည်း လှည့်ထွက်ခဲ့ တော့သည်။
(၇)
"မြတ်သော မင်းကြီး ငါသည် မုဆိုးမဟုတ်၊ သိကြားမင်းတည်း၊ ဤရှင် လူအပေါင်းတို့သည် ပျက်စီးနေကုန်၏။ ထို့ကြောင့် ငါလာခဲ့သည်၊ ရှင်၊ လူ၊ ရဟန်းတို့သည် တရားစောင့်ကုန်လော့၊ ဤနေ့မှစ၍ တရားမစောင့်သောသူကို ခွေးနက်ကြီးဖြင့် စားစေမည်"
ဆုတ်ယုတ်နေသော သာသနာတော်ကို နောက်ထပ်တစ်ဖန် အနှစ်တစ်ထောင် တည်ရစ်အောင် ချီးမြှောက်ခဲ့၍ သိကြားမင်းနှင့် မာတလိနတ်သားတို့သည် တာဝတိံသာသို့ ပြန်သွားကြတော့၏။
(၈)
သိကြားမင်းကြီး ကြည့်နေပြီလော။ ခွေးနက်ကြီး အဆင်သင့် ဖြစ်နေပြီလော။
ခွေးနက်ကြီး လွတ်လိမ့်မည်လော။
---------------
မှီငြမ်း - ဦးလှခင်(ဆန်းညွှန့်ဦး)၏ ငါးရာ့ငါးဆယ်နိပါတ်တော်
(သိကြားမင်း၏ ခွေးနက်ကြီးဝတ္ထု )၊
(၄၆၉၊ မဟာကဏှဇာတ်)၊
မေတ္တာဖြင့်
မောင်ပိုင်
၂၁-၅-၂၀၁၅