Quantcast
Viewing all articles
Browse latest Browse all 1811

အနာဂတ် မြန်မာ့ပင်လယ်ပြင် လုံခြုံရေး

Image may be NSFW.
Clik here to view.
Linn Thu's photo.
============

ဘင်္ဂလားဒေရှ်နိုင်ငံဟာ ဧရိယာစတုရန်းမိုင်ပေါင်း ၆ဝ၁၅၅ မိုင် ကျော်ရှိတဲ့ မြန်မာနိုင်ငံက ရှမ်းပြည်နယ်နီးပါးခန့်သာ ကျယ်ဝန်းပေမဲ့ လူဦးရေကတော့ မြန်မာနိုင်ငံထက် သုံးဆကျော်ရှိပါတယ်.. နိုင်ငံ့ဧရိယာရဲ့ သုံးပုံနှစ်ပုံခန့်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေအနည်းငယ်ပဲ အမြင့်ရှိလို့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု့ ကြောင့် ခြိမ်းခြောက်ခံနေရတဲ့ နိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်..


ဒါ့အပြင် လူဦးရေ အဆမတန်ပေါက်ဖွားမှု့ .. နိုင်ငံ့အတွင်း အလုပ်အကိုင် ရှားပါးမှု့ .. သဘာဝဘေးဒဏ် မကြာခနခံစားရမှု့ တို့ကြောင့် နိုင်ငံကို စွန့်ခွာပြီး ရွှေ့ပြောင်းနေထိုင်သူတွေလဲ များလာပါတယ်.. ဒါဟာ ဘင်္ဂလားဒေရှ်နိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်ရတဲ့ နိုင်ငံတွေအတွက် ကျိန်စာတစ်ခုလို ဖြစ်လာနေပါတယ်..

အိန္ဒိယနိုင်ငံကတော့ နယ်စပ်စည်းရိုးကို သေချာကာရံပြီး အပြင်းထန်ဆုံး လုံခြုံရေးစည်းမျဉ်းများနဲ့ နိုင်ငံနယ်နမိတ်ကို ကာကွယ်ထားပါတယ်.. အိန္ဒိယ ရေပိုင်နက်အတွင်းမှာဆိုလဲ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ ဖြတ်သန်းခွင့် မပေးပါဘူး.. ဒီတော့ ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ ကမ္ဘြာ့ပင်ပထွက်ပေါက်အဖြစ် နတ်မြစ်ဝထိပ် ဒေသဟာ အရေးပါလာပါတယ်..

ဒီနေရာကနေပဲ မှောင်ခို ကုန်စည်စီးဆင်းမှု့ သာမက တရားမဝင်လူကုန်ကူးရာ နေရာဒေသအဖြစ် အခြေစိုက်ရာ ဖြစ်လာပါတယ်.. ဒီဒေသကနေတဆင့် မြန်မာ့ပင်လယ်ကမ်းရိုးတန်းနဲ့ အနီးဆုံးပင်လယ်လမ်းကြောင်းကို အသုံးပြုပြီး ကမ္ဘာ့ အနှံ့ ကို သွားလာ နေကြပါတယ်..

ဘင်္ဂလီဒုက္ခသည်များ အများစု သွားရောက်ခိုလှုံရာ နိုင်ငံများအတွက်လဲ အချိန်ကြာလာတဲ့အမျှ ဝန်ထုပ်ဝန်ပိုးလို ဖြစ်လာနေပါတယ်.. ဒီနိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်တဲ့ သြတြေးလျနိုင်ငံကတောင် မြန်မာ့ပင်လယ်ပြင် လုံခြုံရေးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ နှစ်ပေါင်း ၄ဝ အတွင်း စစ်ရေးဆက်ဆံမှု့ ကိုပြန်လည်စတင်လိုက်ပါပြီ..

သြစတြေးလျတော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီး Jon Dudley ကို စစ်သံမှူးအဖြစ် ခန့်အပ်လိုက်ပြီး မကြာခင်ရက်ပိုင်းကပဲ မြန်မာနိုင်ငံမှာ တာဝန်များ စတင်ထမ်းဆောင်နေပါပြီ.. ဒါ့ အပြင် သြတြေးလျနိုင်ငံရဲ့ အဆင့်မြင့် စစ်သင်္ဘောတစ်စင်းဟာလဲ နှစ်ပေါင်း (၅၀) အတွင်း ချစ်ကြည်ရေး ခရီးစဉ်အဖြစ် မြန်မာ့ရေပိုင်နက်ထဲ ရောက်ရှိလာခဲ့ပါတယ်..

သြစတြေးလျနိုင်ငံဟာ ပင်လယ်ရေလမ်းခရီးကနေ ဝင်ရောက်လာမဲ့ ခိုးဝင်ဘင်္ဂလီတွေကို လုံးဝလက်သင့်ခံမှာ မဟုတ်ဘူးလို့ တရားဝင် ကြေငြာထားတဲ့ နိုင်ငံဖြစ်ပါတယ်.. ပြဿနာရင်းမြစ်ဖြစ်နေတဲ့ ဒီပင်လယ်လမ်းကြောင်းကို ထိမ်းချုပ်နိုင်ရေးအတွက် နှောင်ကြိုးကင်းစွာနဲ့ ပူးပေါင်းလာတဲ့ ဒီဆက်ဆံရေးကိုတော့ ကြိုဆိုရမှာပါ..

ဘင်္ဂလားပင်လယ်ပြင် လုံခြုံရေးအတွက် အကြောင်းပြုပြီး ခြေလှမ်းပြင်နေတဲ့ အမေရိကန်နဲ့ တရုတ်လို နိုင်ငံကြီးတွေအတွက်ကတော့ သူတို့အကျိုးစီးပွားရေးများလည်း ပါဝင်နေနိုင်တာမို့ လိမ္မာပါးနပ်စွာ ဆက်ဆံရမှာ ဖြစ်ပါတယ်..

ဒီအခြေအနေတွေ အားလုံးကို အိန္ဒိယနိုင်ငံကလဲ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး ဒီလကုန်ပိုင်းလောက်မှာ မြန်မာ့ရေတပ်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦး လိုက်ပါမဲ့ အိန္ဒိယနိုင်ငံနှင့် နှစ်ဖက်ရေတပ် ချစ်ကြည်ရေးခရီးစဉ်ကလဲ စိတ်ဝင်စားစရာ ကောင်းနေပါတယ်..

၂ဝ၁၃ခုနှစ် နှစ်စပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အင်အားအကြီးဆုံး ရေတပ်စစ်ရေး လေ့ကျင်မှု့ အပြီး မြန်မာနိုင်ငံ လေကြောင်းရန်ကာကွယ်ရေး စစ်အခြေစိုက်စခန်းများကို အမ်းတောင်ကြောတလျောက်မှာ နေရာယူပြင်ဆင်လာနေတယ်လို့ အာရှ စစ်ရေးလေ့လာ သုံးသပ်သူတွေက ဆိုပါတယ်.. ဒါကြောင့် ဘင်္ဂလီအရေးဟာ လူမှု့ ရေးပြဿနာ တစ်ရပ်တင်မက စစ်ရေးအမြင်နဲ့ပါ ဖြန့်ကျက်ကာကွယ်ရမဲ့ အရေးကိစ္စအဖြစ် ရောက်ရှိလာခဲ့ပါပြီ..

၁၂.၁.၂ဝ၁၄ ရက်နေ့က ဘင်္ဂလားဒေရှ့် နိုင်ငံမှာ ရွေးကောက်ပွဲနိုင် ရှိတ်ဟာဆီနာအစိုးရအဖွဲ့ရဲ့  ကျမ်းသစ္စာ ကျိန်ဆိုပွဲပြုလုပ်ခဲ့ပါတယ်.. အတိုက်အခံပါတီက သပိတ်မှောက်ခဲ့တဲ့အတွက် မဲဆန္ဒနယ်တွေမှာ အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒါဟာ ဒုတိယ သက်တမ်းအဖြစ် ထမ်းဆောင်ရခြင်း ဖြစ်ပါတယ်..

အစိုးရအဖွဲ့နဲ့ အတိုက်အခံပါတီကြား သူဖြူရင် ငါမဲ.. မတည့်ကြပေမဲ့ ပြီးခဲ့တဲ့ အစိုးရအဖွဲ့ဟောင်းကာလက ( October / 2013 ) လွှတ်တော်အတွင်းမှာ တင်ပြလာတဲ့ အစီရင်ခံစာ တစ်ခုကိုတော့ ကန့် ကွက်သူမရှိ ထောက်ခံခဲ့ကြပြီး ကတ်ဘိနက်ကလဲ စီမံချက်တစ်ခုအဖြစ် အမြန်ဆုံး အတည်ပြုပေးခဲ့ပါတယ်..

ဒီစီမံချက်ကတော့ ``၂ဝ၁၅ ခုနှစ်မှာ နယ်စပ်ဒေသတွေမှာ ရှိတဲ့ ရိုဂျာဒုက္ခသည်ဆိုသူတွေကို မြန်မာနိုင်ငံအတွင်းကို ပြန်လည်ပို့ဆောင်ပေးပြီး စခန်းများကို အပြီးပိတ်သိမ်းမဲ့..´´ စီမံချက်ပါ.. ပို့ဆောင်မဲ့နည်းလမ်းတွေကိုတော့ တရားဝင် လမ်းကြောင်းကော.. တရားမဝင် လမ်းကြောင်းများကပါ ပို့ဆောင်ဖို့ ဆွေးနွေးခဲ့ကြတာကို သိရပါတယ်..

မြန်မာအစိုးရကို တရားဝင် တောင်းဆိုသွားမှာ ဖြစ်ပြီး ကုလသမ္မဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကိုပါ အကူအညီတောင်းခံ သွားမယ်လို့လဲ သိရပါတယ်.. ၂ဝ၁၅မှာ ဘယ်သူနိုင်သည်ဖြစ်စေ ပထမဆုံး တွေ့ကြုံရမဲ့ စိမ်ခေါ်မှု့ တစ်ခုလို စောင့်ကြိုနေပါတယ်...

ကတ်ဘိနက်က အတည်ပြုပေးပြီး တစ်ပတ်အကြာမှာပဲ နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် ဒီဒေသတွေကို ကွင်းဆင်းကြည့်ခဲ့ပါတယ်.. လွှတ်တော်မှာ တင်ပြခဲ့စဉ်က လူအရေအတွက်ဟာ သောင်းဂဏန်းပဲ ရှိပေမဲ့ လက်တွေ့ မြင်ခဲ့ရတာက သုံးသိန်းမှ ငါးသိန်းအထိ ရှိနေပြီး ဒီထက်လဲ ပိုနိုင်တယ်လို့ ပြောသွားပါတယ်.. လူဦးရေစာရင်း ကောက်ယူခြင်းကို ဒီနှစ်ထဲမှာ အပြီးသတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်..

ကျွန်တော်တို့တစ်တွေ လုပ်သင့်လုပ်ထိုက်တာ တွေကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် လုပ်ကြမယ်ဆိုရင် လက်မတင်ကလေး အချိန်မှီနိုင်ပါသေးတယ်.. ရေရှည်ကာကွယ်နိုင်မဲ့ ဗျူဟာမျိုး ချမှတ်ဖို့ လိုပါတယ်.. အရင်လို အချင်းချင်း ဆက်ငြင်းခုန်နေကြမယ်.. မိုးပြိုမှာကို တွေးကြောက်တတ်ရန်ကော.. လို့ မသိလိုက် မသိဘာသာ ဆက်နေကြအုံးမယ်ဆိုရင်တော့ သိပ်မဝေးတဲ့ အနာဂတ်တစ်ခုမှာ ဖြေရှင်းရခက်ခဲတဲ့ ပြဿနာကြီးတစ်ခုအဖြစ် နောက်မျိုးဆက်တွေ အတွက် အမွေဆိုးတစ်ခုအဖြစ် ကျန်ရစ်ခဲ့တော့မှာပါ....။


Credit - Min Nay Myo


Viewing all articles
Browse latest Browse all 1811

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>