ရုံးဖွင့်ရက်တွေမှာ မရေးအား မရေးနိုင်ခဲ့လို့အပိုင်း - (၅) နဲ့ တပိုင်းနားခဲ့ရပါတယ်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ယခင် IFL ခေါ် ကျောင်းမှာ ဆရာမကြီး ဒေါ်စိန်စိန်မြင့် ဆရာကြီးဦးအေးမင်းတို့ရဲ့ ကောင်းမွန်စံနစ်ကျတဲ့ သင်ကြားမှု အောက်မှာ
ဆရာတော်ဦးသုမန B.A ရဲ့ စာအုပ်အဝါ E. W Holton ရဲ့ စာအုပ်အစိမ်းတွေနဲ့
Self-study လုပ်ခဲ့ရတဲ့ ဖိုးသက်အဖို့တော့ တတ်ယောင်ကားတော်တော်များများနဲ့
သောက်တလွဲ အတော်များများကို အချိန်မီစနစ်တကျ ပြုပြင် ရေးသား ပြောဆိုနိုင်ခဲ့ပါတယ်။
IFL Language Lab ကလည်း အဲဒီ 1988 လောက်မှာ တစ်ခုထည်းသော အကောင်းဆုံးမို့ အချိန်အားရနေတဲ့ ဖိုးသက်အဖို့ရာမှာတော့ ခွေးပြေးရင်း "မလိုင်"ဟပ်မိတာပေါ့ဗျာ! စစ်တွေရေတပ်စခန်းအင်အားနဲ့ လာတက်တာမို့ ဌာနချုပ်နဲ့ ရစလ(၁၅) က တခါတရံခိုင်းတဲ့ တပ်ကိစ္စလေးတွေကလွဲရင် ရန်ကုန်တပ်ကလူတွေလို နေ့လည် Class မရှိရင် သံလျက်စွန်းပြန်ပြီး တပ်အလုပ်လုပ်ရတာမျိုးလည်း ဖိုးသက်မှာမရှိလေတော့ "အဟောဝတ အော်! ချမ်းသာစွ"ဖြစ်ခဲ့ရတဲ့ ကာလတွေပေါ့ဗျာ...
နှစ်ပေါင်းများစွာကွဲကွာနေပြီး အခုမှ Facebook ကျေးဇူးနဲ့ပြန်တွေ့ကြရတဲ့ အကိုကြီး Udavid Brangshawng ရေးတဲ့ Comments ထဲကလို The Days at IFL never escape from my heart, especially to you the Navy Personnel လို့ သတိတရရေးရလောက်အောင် ဖိုးသက်တို့ရေတပ်အုပ်စုက လူလည်းများ သွက်လည်းသွက်လက် ဆိုတော့ လူချစ်လူခင်များကြတာပေါ့ဗျာ။ ဖိုးသက်အနေနဲ့လည်း အကိုကြီး ဦးဒေးဗစ်ရဲ့ Comments ကို ဂရမ်မာမှန်မှန်နဲ့ပြန်ရေးရမယ်ဆိုရင် Neither do I လို့ရေးရလောက်အောင် ဖိုးသက်ကလည်း ဘယ်တော့မှမမေ့ခဲ့ပါဘူးလေ။
သင်တန်းကာလအတောတွင်း မြန်မာ့ရုပ်မြင်သံကြားလို ဝင်ထွက်ရခက်တဲ့ ဌာနတွေ လေ့လာလည်ပတ်ခွင့် ရခဲ့သလို အင်ဂျင်နီယာအများစု လာတက်ကြတဲ့ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ သစ်လုပ်ငန်းက အကိုကြီးတွေနဲ့လည်း အဖွဲ့ကျလို့ အပြင်မှာ သောက်ပွဲစားပွဲတွေ ကျင်းပ ပုဆိုးမနိုင် ပုဝါမနိုင် အကိုကြီး ဦးဟင်္သာစပါယ်ကို အလုံအိမ်ပြန်ပို့နဲ့ ပျော်စရာအတိပြီးတဲ့ Memorable good old days တွေပါပဲခင်ဗျာ။
သင်တန်းက (၃)လမို့သာပဲဗျို့။ (၆) လောက်သာဆိုရင် ဠင်းတနားမဲ့ ဘုရားကိုတည်မိတဲ့ဘုရားဒကာမ ဟာ အခုဘွားတော်တောင် မဟုတ်လောက်ဘူးဗျ။ ဒီအကြောင်းတွေကိုတွေးမိတိုင်း "ကိုသန်းဆွေ! ရှင် ရုတ်ရုတ်ရက်ရက်တော့မလုပ်နဲ့ နော် ကျမသူငယ်ချင်းက ရိုးရိုးအအလေး! "ဆိုတဲ့ Section B က B.E ညီမတစ်ယောက် စကားနားထောင်ခဲ့မိတာ အခုတော့ အဲဒီရိုးရိုးအအလေးပဲ ဒုက္ခနဲ့ လှလှနဲ့ တွေ့နေရပြီး
လွှမ်းမိုးရဲ့ သီချင်းလေး " x xxx xxx ဘာဖြစ်လို့ပါကွယ်"ဆိုရင်း လွမ်းမိုးစွေနေမိသူမှာတော့
အကောင်းဆုံးမိတ်ဆွေ(Best Friend) ဆုသာ ရရှိခဲ့လို့ ကံကောင်းသွားလျက် ယခုအခါ ကြီးပွားချမ်းသာ ကိုယ်ကျန်းမာ ဖြင့် တခါတခါ တယ်လီဖုန်းလေးပြောရင်း ဝေယျာဝစ္စ လေးများပေါ်မှသာ တွေ့ဆုံကူညီ ပေးနိုင်ပါတော့ကြောင်း။
လွှမ်းမိုးရဲ့ သီချင်းလေး " x xxx xxx ဘာဖြစ်လို့ပါကွယ်"ဆိုရင်း လွမ်းမိုးစွေနေမိသူမှာတော့
အကောင်းဆုံးမိတ်ဆွေ(Best Friend) ဆုသာ ရရှိခဲ့လို့ ကံကောင်းသွားလျက် ယခုအခါ ကြီးပွားချမ်းသာ ကိုယ်ကျန်းမာ ဖြင့် တခါတခါ တယ်လီဖုန်းလေးပြောရင်း ဝေယျာဝစ္စ လေးများပေါ်မှသာ တွေ့ဆုံကူညီ ပေးနိုင်ပါတော့ကြောင်း။
"တခါတုန်းက IFL မှာ"တွေ့ဆုံခဲ့ကြသူ မိတ်ဆွေအပေါင်းကို ဤ Post ဒီအပိုင်း-(၆) ဖြင့်
သတိတရ မှတ်တမ်းတင်အပ်ပါကြောင်း...
( ခဏ break နော် အပိုင်း(၇) ကျရင် အမေရိကန်သံရုံးမှာ ECL Exam ဖြေဆိုရပုံကို
ဗဟုသုတ အလို့ငှာ ဆက်လက် တင်ပြ ပေးပါမယ်
တင်က သေးသေးလေးမို့မဆိတ်ကြဖို့ ကြိုတင်တောင်းပန်ထားရကြောင်း..ပါခင်ဗျ...)