1987 နှောင်းပိုင်း IFL မှာ ကျောင်းစ, တက်လို့ တစ်ပတ်လောက်ပဲရှိသေးတယ် ၇၅ကျပ်တန် ၃၅ကျပ်
၂၅ ကျပ်တန်တွေ အားလုံး တရားမဝင် ငွေစက္ကူ ကြေညာလိုက်ပါတယ်! ဖိုးသက်က
ဆင်းရဲသူမို့အများကြီး "မိ"မသွားပေမဲ့ ၃၅ကျပ်တန် လောက်အထိ အောက်ဆင်းဖြတ်လိုက်တော့ တတိုင်းပြည်လုံး "ဂန့်"သွားကြတဲ့အထဲမှာ ဖိုးသက်လည်းပါတာပေါ့ဗျာ။
အဲဒီသင်တန်းက အစိုးရဝန်ကြီးဌာန အသီးသီးက နိုင်ငံခြားသွားဖို့ ရွေးချယ်ခံထားရတဲ့ Scholar Candidates တွေအတွက် အထူးဖွင့်ခဲ့တဲ့ သင်တန်းပါ မှတ်မှတ်ရရပြောရင်- အယင်က ကုန်သွယ်ရေး ဒုဝန်ကြီးဟောင်း ရေတပ်က ဗိုလ်မှူးချုပ်လောင်း ဒုမှူးကြီး တစ်ယောက်ရယ် ကွယ်လွန်သွားပြီဖြစ်တဲ့ တရခမှူး ဗိုလ်မှူးချုပ်(ငြိမ်း) စိုးမြင့်ဖြစ်လာမဲ့ ဒုမှူးကြီးရယ် အခု သမ္မတရုံးဝန်ကြီး တစ်ယောက် ဖြစ်နေတဲ့ ဦးစီးချုပ်( ရေ) ငြိမ်း
(ထိုစဉ်က စီနီယာဗိုလ်မှူး ) ရယ် အယင်အစိုးရအဖွဲ့က သက်တော်ရှည်ဝန်ကြီးတစ်ယောက်ရဲ့ ဇနီး စက်မှု(၁)
က စီနီယာ အင်ဂျင်နီယာ အစ်မကြီးနဲ့ အထည်ချုပ်စက်ရုံက BE ဘွဲ့ရ စီနီယာအစ်မကြီးတွေရယ် MRTV ကTelecast
ခေါ် သတင်းကြေညာသူ အချောလေးတစ်ယောက်ရယ် စီမံ/စီးပွားက (နောင် အိမ်နီးနားချင်းဖြစ်လာမဲ့) B.Com ဘွဲ့ရ အစ်ကိုကြီးရယ် အခုFacebook ပေါ်မှာပြန်တွေ့ရတဲ့ Udavid Brangshawngဆိုတဲ့ ဆောက်လုပ်ရေးက ကချင်လူမျိုး အစ်ကို နဲ့တစ်တန်းပဲကြီးတဲ့ ဒေါ်သူရယ် ကို Maung Maung Layရဲ့ မဟေသီ နံမည်ကြီးအဆိုတော်နံမည်နဲ့ ညီမရယ် စိုက်ပျိုးရေးက MNT ခေါ် အပျိုကြီးပိန်ပိန်လေးတစ်ယောက်ရယ် SSN ခေါ်ရုပ်ရှင်လုပ်ငန်းက ဝတုတ်တုတ်အပျိုလေး တစ်ယောက်ရယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ကိုမျိုးတင့်ရယ် ဆောက်လုပ်ရေးကပဲ (နောင်မှာ MD အထိဖြစ်သွားတဲ့ ကျောက်ဆည်သား UKMS လို ) အစ်ကိုကြီးတွေရယ် လသာ သမဝါယမ ကထင်ပါရဲ့ ကလု ကလု အင်ကလု(include) လို့ထစ်ထစ်ငေါ့ငေါ့ပြောတတ်တဲ့ အစ်မတွေရယ် Burma Navy က အစောကပြောခဲ့တဲ့ Royal Navy သင်တန်းသွားတက်တော့မဲ့ EO ဗိုလ်ကြီးဇင်ယော်ထန်းသီးနဲ့ ဗိုလ်ကြီး ဗူးသီးစပါယ်ရယ် Deck Officer အခု UNDP ရုံးချုပ်မှာ CSOလုပ်နေတဲ့ဗိုလ်ကြီးရထားအာလူးတယောရယ် ကိုပြုံးရဲ့ညီ အခုဆုံးပါးသွားရှာပြီဖြစ်တဲ့ ဗိုလ်ကြီးအာလူးကမာကမာရယ် ဗိုလ်ချစ်လို့ လူသိများတဲ့ ဆုံးသွားပြီဖြစ်တဲ့ ချစ်ဆန်းထွန်းရယ်။
အီဖေကိုယ် ဖိုးသက် စတဲ့ ဌာနပေါင်းစုံက အရာရှိတွေဟာ Section A နဲ့ Section B
နှစ်ခန်းထားဖို့အတွက် Placement Test စစ်ပြီးခွဲလိုက်ရာမှာတော့ ဒီအကောင်းစားလေးက
Section A မှာပါလာပြီး ဟို အပျိုနှစ်ယောက်ကို"ဆရာကြီး"လုပ်ဖို့ဖြစ်လာပါလေရော! ပိုပြီးထူးခြားတာက ဖိုးသက်ရဲ့ RITက အင်္ဂလိပ်စာ ဆရာမကြီးဒေါ်စိန်စိန်မြင့် ကို အဲဒီClass တွေမှာ Lecturer အဖြစ်နဲ့ပြန်တွေ့ရလေတော့ ဖိုးသက်နဲ့ ဗိုလ်ချစ်တို့က "ပါလေရာသူတို့ချည်း"ဖြစ်နေတော့တာပေါ့ဗျာ။
တပြည်လုံးသိနေသူနဲ့ ကျောင်းတက်ရာမှာလည်းတတွဲတွဲ Class နားတော့လည်း (အခု ဦးတေဇ ပြိုင်ကားတွေအများကြီး ထည့်ထားတဲ့) အင်းယားလမ်းထောင့်က ခြံဝင်းထဲမှာမုန့်ဟင်းခါးအတူတူသွားစား ဘော်ဒါတွေထဲမှာ လူပျို ရယ်လို့ ရှားရှားပါးပါး ဖိုးသက်နဲ့ ဆိပ်ကမ်းအရာရှိလေးသာ ရှိတာမို့
ဆရာမကြီးကိုယ်တိုင်က Eligible Bachelors ဘွဲ့ ပေးထားရသူ ဖိုးသက်တစ်ယောက် ဘယ်လောက် "အခွက်ပြောင်ခဲ့တဲ့ အကြောင်း "အခု Post မှာပါသူတွေကိုသာ မေးကြည့်ကြပါ ပြောရင်း IFL: ELP Course က ဆရာကြီးဦးအေးမင်း(မိုးကောင်းလမ်း ကျောက်ကုန်း ရန်ကင်းမြို့နယ်)နဲ့နှစ်ထပ်ကွမ်းဆရာမကြီး ဒေါ်စိန်စိန်မြင့် ကျေးဇူးရှင်ဆရာများကို "ဒုက္ခပေးခဲ့သူ"ဖိုးသက်က(ဟိုတစ်ယောက်က ဆုံးသွားရှာပြီမို့)
ဤPost လေးများဖြင့် သတိတရ ကန်တော့ပန်း ဆင်အပ်ပါကြောင်း... ...
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ... ...
Than Swe Thet