ဘဝတလျှောက် ကိုယ်ခက်ခဲစွာ ဖြတ်သန်းလာခဲ့ရ ... မပြည့်မစုံနဲ့ ကြိုးစားလာခဲ့ရတော့ "ပညာ -Not only Education but also the Knowledge you learnt and got- သည်သာ အဓိက"လို့မြင်လာပြီး ကလေးများကို စောစီးစွာပဲ ကောင်းမွန်စွာ ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။
ဒီနေရာမှာကြားဖြတ်ပြီး ဘွားတော် မဒမ်ဖိုးသက် အကြောင်း နည်းနည်းပြောပါရစေ။
1980 က B.E ပြီးလာသူဟာလည်း ပညာလိုလားသူဖြစ်လို့ 1981မှသည်1985 လောက်အထိ
အထက်မှာပြောခဲ့တဲ့ IFL မှာ Diploma in Japanese Course ကို ညနေရုံးဆင်းချိန်တွေမှာ အချိန်ပိုင်း (၄)နှစ် တက်ခဲ့ပါတယ်။ အချိန်ပြည့်သမားတွေက(၂)နှစ်ပါ ဘွဲ့တစ်ခုခုရပြီးမှတက်ရတာပါ။
အဲဒီအချိန်တုန်းကတော့လည်း -1989 လောက်မှာငါတော့ဂျပန်သွားရနိုင်ကောင်းပါရဲ့-လို့ ဘယ်တွေးမိလဲဗျာ
ဒါပေမဲ့( ဖိုးသက်ရေးတင်ခဲ့တဲ့"ကျေးဇူးရှိခဲ့ဘူးသူများ" Post ကို Wall ထဲမှာပြန်လည်ဖတ်ရှု
ကြည့်ကြပါ) UN: World Health Organization ကပေးတဲ့ Fellowship Scholar ဆုရလို့ ဂျပန်မှာ သုံးလ သင်တန်းသွားရတော့ ဂျပန်စကားကို ကောင်းမွန်စွာ ပြောဆိုနိုင်ရုံမက စာကိုပါ ( ခန်းဂျိ လို့ခေါ်တဲ့ ဗူးသီးငါးပေါင်းကြော် စာလုံးတွေပါ ) သူက ရေးတတ်နေတော့ ဟိုက ဂျပန်နည်းပြတွေက သူ့ရဲ့
CV ကြည့် စကားပြောဆိုကြည့်ပြီး ဆေးဝါးထုတ်လုပ်ရေးစက်များ အကြောင်း Engineering Subject တစ်ခုလုံးကို Japanese ဘာသာ Japanese စကားနဲ့ပဲသင်တန်းပေးခဲ့ပါတော့တယ်။
စဉ်းစားကြည့်ကြ ပေါ့ဗျာ မြန်မာပြည် လာသင်တန်းတက်တဲ့ ဂျပန်မတစ်ယောက် ဗမာလို လိပ်ပတ်လည်အောင် ပြောဆိုရေးသားနိုင်ပြီဆိုရင် ဘယ်လောက် လူချစ်လူခင်များမလဲ? အနေအစားချောင်မလဲ? လေ!
ဘွားတော်လည်း IFL က သင်ထားတဲ့ ပညာ ပြီးတော့ သွားခါနီးသူ့ဆရာဆီက Intensive Short-term Course က ပညာတွေနဲ့ပဲ အနေအစားချောင်ချောင် မိတ်ဆွေသူငယ်ချင်းပေါပေါများများနဲ့ ဂျပန်မြို့ တော်တော်များများကို သွားလာလည်ပတ်နိုင်ခဲ့ပါတယ်။ ဒါဟာလည်း အမျော်အမြင်ရှိရှိ Language သင်ကြားခဲ့ခြင်းရဲ့
နောက်ဆက်တွဲ အကျိုးဆက်များသာဖြစ်ပါတယ်ခင်ဗျာ...
ဒီနေရာမှာ Japanese Diploma ရသူတိုင်း ဂျပန်မသွားရတာမှန်ပေမဲ့ သွားဖို့ရာကြုံလာတဲ့အခါ ရောက်ဖို့ရာကြုံလာတဲ့အခါ သင်ကြားတတ်မြောက်ထားတဲ့ ပညာတွေဟာ များစွာကျေးဇူးပြုနိုင်ပါကြောင်း လေ့လာသင်ယူဆဲ လူငယ်အပေါင်းနဲ့ မိမိတို့ရဲ့ ကလေးတွေကိုပြုစုပျိုးထောင်ပေးရအုံးမဲ့ ငယ်ရွယ်သူ
မိဘအပေါင်းကို ဖိုးသက်က စေတနာစကားပြောလိုတာပါ။
တဆက်ထည်းမှာ ဘေဘီဖိုးသက်တို့ ငယ်စဉ်ကထည်းက ဖိုးသက်ပြောနေကျ စကားလေးတွေကိုပဲ
Quote လုပ် ကိုးကားပြီး ခဏနားပါရစေ။ "ပါကြီးတို့ကတော့ သမီးတို့ကို ပညာရေးနဲ့ ပတ်သက်ပြီး
အတတ်နိုင်ဆုံး လက်နက်မျိုးစုံတပ်ဆင်ပေးထားမယ်။ ဘယ်လက်နက်က ဘယ်အချိန်မှာ
အသုံးဝင်လာလေမလဲတော့ ပါကြီးတို့လည်းမသိဘူး။ မသုံးလိုက်ရတဲ့ လက်နက်တွေလည်းရှိနိုင်တယ်။
ဒါပေမဲ့ မိဘနှစ်ယောက်စလုံးရဲ့ ဘဝအတွေ့အကြုံတွေအရ "ပညာသည်သာ ရေရှည်တည်တံ့ရာ (ခေတ်စကားနဲ့ပြောရင် Sustainable ) ရတနာတပါး(Treasure )"မို့ တပ်ဆင်ပေးတဲ့ လက်နက်တွေကိုတော့ လေးလံလိုက်ထာရယ်လို့ ပစ်မချကြပါနဲ့။
မင်းတို့ပါကြီး ဝက်ပုတ်ရွာမှာ မွေးဖွား ကြီးပြင်းလာပြီး မိုင်ပေါင်းတစ်သောင်းကျော် ခရီးနှင်လို့ Atlantic Ocean အနောက်မြောက်ခြမ်းမှာ Sea training ဆင်းခဲ့ရတာ New York City ကကြယ်ငါးပွင့် Hotel Marriot မှာတည်းပြီး Liberty Statue ရုပ်ထုကြီးရဲ့ နဖူးစည်းမှန်ပေါက်ကနေ Hudson River ရှုခင်းတွေကြည့်ခဲ့ရတာ မင်တို့အမေ
ဥက္ကလာသူ အူလည်လည် ဂျပန်ပြည်အနှံ့ ခရီးဆန့်နိုင်ခဲ့တာ အားလုံးဟာ ပညာအခြေခံပေါ်မှာပဲ ဖြစ်တည် တည်ဆောက်ခဲ့ရတာကို မမေ့ကြပါနဲ့ "
ပါပါး ဖိုးသက်!
(နောက်ဆုံးအပိုင်း - (၉) မှာ BC နဲ့ KMD သင်တန်းတွေအကြောင်း ရေးသားပြီး ဒီ Series ကို နိဂုံးချုပ်ပါမယ်ခင်ဗျား...)
Than Swe Thet