ဖိုးသက် ငါးနှစ်သားအရွယ်1961လောက် ရွာအလယ်တန်းကျောင်းမှာ ဝလုံးတန်းစတက်တာက စခဲ့တဲ့
ဒီစာတစ်ပုဒ်ဟာ 2003-2004/ 2005 လောက် အငယ်ကောင် ဂျူနီယာဖိုးသက် BC ခေါ်
British Council မှာ Flyer ပြီးတဲ့ အချိန်ထိ အနှစ်လေးဆယ်ကျော်ကြာမြင့်ခဲ့တာမို့
အပိုင်း ကိုးပိုင်း ခွဲခဲ့ရတာလည်း များတယ်လို့တော့မဆိုနိုင်ပါဘူးလေ...
ဘေဘီဖိုးသက် ကို ခြောက်တန်း ခွန်နစ်တန်း ( 2000 ပြည့်နှစ် အစောပိုင်း ကာလများ ) ထည်းက ကမ်းနားလမ်း ဗြိတိသျှသံရုံးမှာဖွင့်လှစ်သင်ကြားနေတဲ့ BC ခေါ် British Council မှာ Young Learners English Course မှာ စ, ထားပါတယ်။ ကျောင်းချိန် မထိခိုက်အောင် Saturday နဲ့ Week-days ညနေပိုင်းတွေမှာ ရွေးထားရတာပေါ့ ။
YLEC ကခုတော့မသိဘူး ။ ထိုစဉ်က Starter ,Mover , Flyer ဆိုပြီး သုံးပိုင်းပါဝင်ပါတယ်။ အဲဒီသုံးပိုင်းကိုမှ Levels တွေထပ်ခွဲထားပါတယ်။
သင်တန်းကြေးကို FEC or USD နဲ့ ပေးရပါတယ်။ မဒမ်ဖိုးသက် BPI က အလုပ်မထွက်ခင်ကတော့ အပြင်က ငွေဝယ်ရပါတယ်။ နောက်ပိုင်း သူ Sakura Tower မှာ အလုပ်လုပ်တော့ FEC ရလို့ သူ့လစာရယ် လိုရင် အတွင်းက လုပ်ဖော်ကိုင်ဖက်တွေဆီက ပေါက်ဈေးနဲ့ ဝယ်ပြီး ကျောင်းထားရပါတယ်။
မောင်နှမနှစ်ယောက်က သုံးနှစ်ကြီးသုံးနှစ်ငယ်ဆိုတော့ BC မှာသိပ်ပြီး Overlap မဖြစ်လိုက်ပေမဲ့ အငယ်ကို စောထားပြီး အကြီးက Advanced Course တချို့ဆက်တာရှိလို့ ငွေရော လူတွေပါ ပင်ပန်းရတဲ့
အခါမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေကလည်း တက်ရမဲ့အချိန်ကာလထက် ပိုမနေခဲ့ရတာကြောင့် နှစ်ယောက်စလုံးဟာ (၈)တန်း အောင်ပြီးချိန်မှာ YLEC ရဲ့ Starter Mover Flyer သုံးဆင့်ကိုပြီးနေပါပြီ။
ဒါကလည်း(၉)တန်းနဲ့ မက်ထရစ်( ဆယ်တန်း) မတက်မီ အချိန်ကိုက် "ဖြတ်"လိုက်ချင်တာကြောင့်
အချိန်တွက်ပြီး ထားခဲ့တာပါ။
ဒီကြားထဲမှာ IT သင်တန်းတွေ ကွန်ပြူတာသင်တန်းတွေ ပေါပေါများများမဖွင့်သေးတဲ့Softwares
တွေကလည်း ခုခေတ်လို User friendly မဖြစ်သေးတဲ့ Handphone ဆိုရင်လည်း Cellular 09 99 ***** လို
နံပါတ်နဲ့ မည်းမည်း လေးလေးလံလံကြီးတွေ အမည်းအသေးလေးတွေ သုံးခဲ့ရတဲ့ 2000 ကျော်စ ကာလ
ကထည်းက ဘေဘီဖိုးသက်ဆိုရင် KMD မြေနီကုန်းမှာ သင်တန်းလည်းတက် စက်လည်းအချိန်ပိုင်းသုံး ဆိုတာတွေ လုပ်နေပါပြီ။ အငယ် ဂျူနီယာဖိုးသက်ကတော့ ရှေ့က အစ်မ နမူနာရှိနေပြီမို့ သိပ် မ "တွန်း"ရပါဘူး...သူကတော့ ယောင်္ကျားလေးမို့ Gamer လည်းဖြစ်ပါတယ် ...။
(မှတ်မိသေးတယ် ဆယ်တန်းအောင်ပြီးစ ကာလ CV အကြမ်းမှာ- ရေးစရာကလည်း မရှိသေးတော့ Master Gamer : :Level ဘယ်လောက်ဆိုလားပဲ - ဖြည့်ထားတာ အမှတ်မထင် တွေ့ခဲ့ရတယ်...)
ဒါပေမဲ့ တော်တာက ကျောင်းစာတော့ မထိခိုက်ခဲ့ပါဘူး... ကလေးတွေမှာလည်း ကျောင်း ကျူရှင် BC IT ချာလပတ်ရမ်းနေပြီး မိဘတွေမှာလည်း အပို့အကြို အရွှေ့ အပြောင်း ဇယားဆွဲကာ အားလုံးပင်ပန်းခဲ့ကြပါတယ်။
ဒါတွေကို ပြောနေရတာက အမြင်ကျယ်ကျယ် ထားရှိကြအောင် ရေရှည်မျော်မှန်းထားအောင်
အဓိက Message ပေးလိုရင်းဖြစ်ပြီး ကြွားဝါချင်လို့မဟုတ်ပဲ ငယ်ရွယ်သူ မိဘများ ပညာသင်ကြားလေ့လာဆည်းပူးဆဲ တူ/တူမများ အားကျကြအောင် ပြင်ဆင်နိုင်အောင် ဗဟုသုတဖြစ်အောင် ရေးသားရခြင်းဖြစ်ပါတယ်။
Success Stories တွေရဲ့ နောက်မှာ ကြီးမားတဲ့ ပေးဆပ်ရမှုတွေ ကြိုးစားရုန်းကန်ရမှုတွေ ဘာဖြစ်လာမယ်မှန်း မသိနိုင်ပါပဲ ရင်းနှီးမြုပ်နှံခဲ့ရမှုတွေ အများကြီးရှိခဲ့ကြောင်း ပြောလိုရင်းပါ။ သမီးတို့ကို BC ထားတုန်းက နားမလည်နိုင်ခဲ့တဲ့ မိခင် သူငယ်ချင်း တစ်ယောက် နောင်အခါလွန်တော့မှ (ငွေကြေးအရာမှာ ဖိုးသက်တို့ထက် များစွာတတ်နိုင်ပေမဲ့) မထားဖြစ်ခဲ့တဲ့ သင်တန်းများ ပြင်ဆင်မှုများအတွက် နောက်ကျကျန်နေပြီဖြစ်တဲ့ သူ့သားသမီးတွေ အကြောင်း ပြောရင်း နှောင်းနောင်တရခဲ့တာကိုလည်း နားနဲ့ဆတ်ဆတ် ကြားခဲ့ရဘူးပါတယ်။
ဒီစာတွေကိုရေးသားဖြစ်အောင် ဖတ်ရှု အားပေးခဲ့ကြသော Like ပေးပြီး အသိပေးကြသော Share လုပ်ခဲ့ကြသော Blog ထဲကူးယူခဲ့ကြသော FB မိတ်ဆွေများအားလုံး
အထူးသဖြင့် Seaman Nayminthu,
Udavid Brangshawng , Khin Winmay , Aung Thurein Htun , Thett Maung,Maung Maung Lay, Maung Maung Myint , ကို AungKyaw Myint, Yan Naing Win စတဲ့ သူငယ်ချင်းများ တူတော်မောင်များ အကိုများကို ကျေးဇူးတင်ပါတယ်
နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ... ...
Than Swe Thet